မုခ်ဝ:မြန်မာနိုင်ငံ

မြန်မာနိုင်ငံ(အင်္ဂလိပ်: Myanmar)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်(အင်္ဂလိပ်: Republic of the Union of Myanmar)သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။
မြန်မာနိုင်ငံသည် အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ ဘက်မလိုက်လှုပ်ရှားမှု၊ အာဆီယံနှင့် ဘင်းမ်စတက်အဖွဲ့ဝင် ဖြစ်သော်လည်း၊ တစ်ချိန်က ဗြိတိသျှအင်ပါယာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးသော်လည်း ဓနသဟာယနိုင်ငံများအဖွဲ့ဝင် မဟုတ်ပေ။ မြန်မာနိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဆွေးနွေးဘက်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ နိုင်ငံသည် ကျောက်စိမ်း၊ ကျောက်မျက် ရတနာ၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် အခြားသော သတ္တုများကဲ့သို့သော သဘာဝ သယံဇာတများဖြင့် အလွန်ကြွယ်ဝပြီး၊ မဟာမဲခေါင်ဒေသခွဲရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံး နေရောင်ခြည်စွမ်းအင် အလားအလာရှိသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကိုလည်း ပိုင်ဆိုင်သည်။ သို့သော် မြန်မာနိုင်ငံသည် မတည်ငြိမ်မှု၊ နိုင်ငံရေးအကြမ်းဖက်မှု၊ အဂတိလိုက်စားမှု၊ ညံ့ဖျင်းသော အခြေခံအဆောက်အအုံများနှင့် လူသားဖွံ့ဖြိုးတိုးတက်မှုကို အလေးမထားသည့် ကိုလိုနီခေတ်၏ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု သမိုင်းရှည်တို့ဖြင့် ကာလကြာရှည်စွာ ခံစားခဲ့ရသည်။ ၂၀၁၃ ခုနှစ်တွင် နိုင်ငံ၏ ဂျီဒီပီ (nominal) မှာ အမေရိကန်ဒေါ်လာ ၅၆.၇ ဘီလီယံရှိပြီး ဂျီဒီပီ (PPP) မှာ အမေရိကန်ဒေါ်လာ ၂၂၁.၅ ဘီလီယံ ရှိခဲ့သည်။ မြန်မာနိုင်ငံရှိ ဝင်ငွေကွာဟမှုသည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံးထဲမှ တစ်ခုဖြစ်ပြီး၊ စီးပွားရေး၏ ကြီးမားသော အစိတ်အပိုင်းကို စစ်အစိုးရ၏ ခရိုနီများက ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ ၂၀၂၁ ခုနှစ်မှစ၍ အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် လူ ၆၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး၊ လူသုံးသန်းကျော်မှာ လူသားချင်းစာနာမှုအကူအညီများ အရေးတကြီး လိုအပ်လျက်ရှိသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အဆိုအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအဖြစ် ရေတွက်ထားသူ ၁.၃ သန်းကျော်နှင့် ပြည်တွင်း၌ နေရပ်စွန့်ခွာရသူ ၃.၅ သန်း ရှိသည်။ (ဆက်လက် ဖတ်ရှုရန် ...)
ရွေးချယ်ထားသော ဆောင်းပါးများ - load new batch
- Image 1

ရန်ကုန်မြို့ (အင်္ဂလိပ်: Yangon, Rangoon) သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၊ မတ်လမှ စတင်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နအဖ (SPDC) သည်ရန်ကုန်မှ နေပြည်တော်သို့ မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း လူဦးရေ ၅ သန်းကျော်ရှိသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက်တည်ရှိနေသည်။
ရန်ကုန်မြို့၏ အခြေခံအဆောက်အဦသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အဦ အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှုအဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။ (ဆက်လက် ဖတ်ရှုရန် ...) - Image 2

၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုများ သို့မဟုတ် နွေဦးတော်လှန်ရေးသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများဖြစ်သည်။ဆန္ဒပြမှုများသည် အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ အင်တာနက်မှတစ်ဆင့် ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသောလူမှုကွန်ယက်များတွင် ဆန္ဒထုတ်ဖော်ခြင်း၊ နေ့စဉ် သံပုံးတီးခြင်း၊ ဖဲကြိုးနီလှုပ်ရှားမှု၊ အာဏာဖီဆန်ခြင်းလှုပ်ရှားမှု၊စစ်အစိုးရယန္တရားအားယိုယွင်းပျက်စီးစေခြင်း(CDM)၊ လက်သုံးချောင်းထောင်၍ စီတန်းလှည့်လည်မှု စသည်တို့ ပါဝင်သည်။ ဆန္ဒပြသူများသည် အထိန်းသိမ်းခံရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အရောင်ဖြစ်သော အနီရောင်ကို အဓိကထား၍ အသုံးပြုကြသည်။ ရှစ်လေးလုံးအရေးအခင်းကာလတွင် ထင်ရှားခဲ့သော "ကမ္ဘာမကြေဘူး"သီချင်းသည် ဆန္ဒပြသီချင်းအဖြစ် ပြန်လည်သက်ဝင်လာခဲ့သည်။ ဆန္ဒပြသင်္ကေတအဖြစ် လက်သုံးချောင်းထောင်ခြင်းကိုလည်း အသုံးပြုခဲ့ကြသည်။
ကြီးထွားလာနေသော ဆန္ဒပြမှုများကို တုံ့ပြန်ရန်အတွက် အာဏာသိမ်းခေါင်းဆောင်များသည် တန်ပြန်အစီအမံများစွာကို ဆောင်ရွက်ခဲ့ကြသည်။ အင်တာနက်နှင့် လူမှုကွန်ယက်များ ပိတ်ပင်ခြင်း၊ သတင်းအမှောင်ချခြင်း၊ ဆန္ဒပြသူများအား ပုဒ်မများတပ်ကာ ဖမ်းဆီးထိန်းသိမ်းခြင်း၊ နိုင်ငံတော်ပိုင်သတင်းဌာနများမှ ၎င်းတို့ဘက်ယိုင်းသောသတင်းများ ထုတ်လွှင့်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ရွေးကောက်ခံထားရချင်းမရှိသောပါတီများအားထည့်သွင်းချင်းနှင့် ဆန္ဒပြသူများအား အင်အားသုံးနှိမ်နင်းခြင်းများ ပါဝင်သည်။ (ဆက်လက် ဖတ်ရှုရန် ...) - Image 3
မြစ်ကြီးနားမြို့သည် မြန်မာပြည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ မြစ်ကြီးနားမြို့၏ အထက် ၂၅ မိုင်ခန့်တွင် မေခ နှင့် မလိခ မြစ်သွယ် နှစ်ခု ပေါင်းဆုံသော မြစ်ဆုံ တည်ရှိပြီး ထိုမှတဆင့် ဧရာဝတီမြစ်ကြီးအဖြစ် မြစ်ဖျားခံကာ မြန်မာပြည်တံလျား မြောက်မှတောင်သို့ စီးဆင်းသည်။ မြစ်ကြီးနားမြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၇၆ပေ တွင်တည်ရှိသည်။ ထိုသို့မြစ်ကြီး၏အနားတွင် ပေါ်ပေါက်ခဲ့သော မြို့ဖြစ်သဖြင့် မြစ်ကြီးနားမြို့ ဟုခေါ်တွင်သည်ဟု ဆိုသည်။ ရန်ကုန်မြို့ မှ ၉၁၉ မိုင်ကွာဝေးပြီး မန္တလေးမြို့ မှ ၄၈၇ မိုင် ကွာဝေးသော အေးချမ်းသာယာ လှပသည့် မြို့လေးတစ်မြို့ ဖြစ်သည်။ ဗန်းမော်မြို့မှ ၁၃၅ မိုင် နင့် ပူတာအိုမြို့မှ၂၁၈မိုင် ကွာဝေး၏။ မေခနှင့် မလိခမြစ်ဆုံမှ ၂၆ မိုင်ခန့်သာ ဝေးသည်။ (ဆက်လက် ဖတ်ရှုရန် ...) - Image 4

မြန်မာနိုင်ငံရှိ ရှေးအကျဆုံးဘုရားများထဲမှ တစ်ခုဖြစ်သည့် ဘောဘောကြီးဘုရား
မြန်မာနိုင်ငံရှိ စေတီပုထိုးများသည် များသောအားဖြင့် ဗုဒ္ဓ၏ ဓာတ်တော်များကို ဌာပနာပြုကာ တည်ထားကြသည်။ ထိုဓာတ်တော်များတွင် ဗုဒ္ဓနှင့် ပတ်သက်သည့် ဓာတ်တော်များ ပါဝင်ကြ၏။ စေတီပုထိုးများသည် မြန်မာနိုင်ငံ၏ သဘာဝအလှအပရှုခြင်းများကို ဖော်ပြနေကြသည်။ မန္တလေးနှင့် ပုဂံအပါအဝင် နိုင်ငံအတွင်းရှိနေရာအတော်များများသည် ထိုဒေသများရှိ များပြားလှသည့် စေတီပုထိုးများကြောင့် လူသိများကြသည်။ စေတီပုထိုးများတွင်လည်း ရာသီအလိုက် ဘုရားပွဲတော်များကို ပြုလုပ်ကျင်းပကြသည်။
မြန်မာနိုင်ငံရှိ စေတီပုထိုးများတွင် အာရာမ်၊ မုခ်ဟု ခေါ်သည့် ဝင်ပေါက်ထွက်ပေါက်များသည် အရပ်မျက်နှာလေးခုတွင် တည်ရှိသည်။ ထို့ပြင် စေတီတော်၏ ပတ်လည်တွင် ရင်ပြင်လည်း ရှိသည်။ (ဆက်လက် ဖတ်ရှုရန် ...) - Image 5စစ်နှင့်ဆိုင်သော ရှေးအစဉ်အဆက် မြန်မာစာပေများ တွင် 'စစ်အင်္ဂါလေးပါး'ကို အခြေတည်၍ အမြဲဆိုလေ့ရှိသည်။ စစ်အင်္ဂါလေးပါးဟူသော်ကား 'ဆင်လည်းတစ်ပါး၊ မြင်းလည်း တစ်ပါး၊ ရထားလည်း တစ်ပါး၊ ခြေသည်လည်း တစ်ပါး' ဖြစ် သည်။ ထို စစ်အင်္ဂါလေးပါးကိုပင် 'သေနင်္ဂ'ဟူ၍လည်း ခေါ် သေးသည်။ သို့ရာတွင် ထို စစ်အင်္ဂါလေးပါးမှာ ပါဠိကျမ်းများ၊ သက္ကတကျမ်းများကို မှီး၍ ဆိုခြင်းမျှသာ ဖြစ်သည်။ ထို စစ်အင်္ဂါလေးပါးအနက် 'ရထား'မှာ ရှေးနှစ်ပေါင်း ၃ဝဝဝ ခန့်ကဖြစ်သော မဟာဘာရတ ကျမ်းကြီးတွင် ဘာရတညီနောင် စစ်ထိုးခန်း စသည်တို့၌ ပါရှိသော်လည်း မြန်မာ့သမိုင်း တစ်လျှောက်၌ 'ရထားတပ်'ဟူ၍ မရှိခဲ့။ တဖန် ပါဠိကျမ်း များ၊ သက္ကတကျမ်းများ၌ 'လှေသင်္ဘောတပ်'(ရေတပ်) ပါရှိစမြဲ ဖြစ်သည်။ ထို့ကြောင့် စစ်တပ်ဖွဲ့ပုံ၊ စစ်ချီပုံ၊ ခံမြို့တည်ပုံ စသည်တို့၌ မြန်မာစစ်ကျမ်းများက ပါဠိကျမ်းများ၊ သက္ကတ ကျမ်းများကို မှီး၍ ဆိုကြသော်လည်း ရေမြေဒေသ ခေတ် ကာလအလျှောက် လက်တွေ့ မြန်မာနည်းများကို တီထွင် ကျင့်သုံးခဲ့ကြကြောင်းဖြင့် သိရသည်။
ဤတွင် မြန်မာရာဇဝင်များ၌ ဖော်ပြထားသော တကောင်းခေတ်၊ သရေခေတ္တရာခေတ်နှင့် ပုဂံပြည် အနော် ရထာမင်းစော လက်ထက် မရောက်မီသော ခေတ်များပ မြန်မာတို့၏ စစ်ဓလေ့ထုံးစံများ မည်သို့ မည်ပုံ ရှိခဲ့ကြ သည်ကိုမူ ကောင်းစွာ မသိရ။ အနော်ရထာမင်းစော လက်ထက်လောက်မှစ၍သာ နည်းနည်းချင်း သိလာရ တော့သည်။ (ဆက်လက် ဖတ်ရှုရန် ...) - Image 6ရိုဟင်ဂျာ ဟူသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် အဓိကအခြေချနေထိုင်သော အင်ဒို-အာရိယန်အုပ်စုဝင် လူမျိုးစုဖြစ်ပြီး အများစုမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တောမြို့၊ ဘူးသီးတောင်မြို့ နှင့် စစ်တွေမြို့ တစ်ဝိုက်တွင် အများဆုံး နေထိုင်ခဲ့ကြသော်လည်း ပဋိပက္ခများကြောင့် လူဦးရေ အမြောက်အမြားမှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ရိုဟင်ဂျာတို့သည် ၎င်းတို့ကိုယ်တိုင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်ကြောင်း သမိုင်းအထောက်အထားများဖြင့် တောင်းဆိုကြသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနု နှင့် သမ္မတဟောင်း စဝ်ရွှေသိုက် တို့၏ လက်ထက်တွင် ရိုဟင်ဂျာကို အသိအမှတ်ပြုခဲ့သည့် မှတ်တမ်းများရှိကြောင်း ၎င်းတို့က ကိုးကားဖော်ပြကြသည်။ သို့သော်လည်း ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရလက်ထက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ထုတ်ပြန်ပြီးနောက် ၎င်းတို့ကို တရားဝင် တိုင်းရင်းသား (၁၃၅) မျိုးတွင် ထည့်သွင်းခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ၁၈၂၃ ခုနှစ် (ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲမတိုင်မီ) ကတည်းက မြန်မာနိုင်ငံအတွင်း အခြေချနေထိုင်ခဲ့သူများကိုသာ တိုင်းရင်းသားအဖြစ် သတ်မှတ်သည်။ မြန်မာဘက်က အဆိုပါအုပ်စုသည် ကိုလိုနီခေတ်အတွင်းမှသာ ဝင်ရောက်လာသူများဖြစ်သဖြင့် တိုင်းရင်းသားစာရင်းဝင် (၁၃၅) မျိုးတွင် မပါဝင်ဟု အခိုင်အမာဆိုသည်။ မြန်မာအစိုးရက ရိုဟင်ဂျာများကို ကိုလိုနီခေတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဘက်မှ ပြောင်းရွှေ့လာသူများအဖြစ် သတ်မှတ်ပြီး "ဘင်္ဂါလီ" ဟုသာ ခေါ်ဆိုလေ့ရှိသည်။ (ဆက်လက် ဖတ်ရှုရန် ...) - Image 7

ဗိုလ်ချုပ်အောင်ဆန်း (အင်္ဂလိပ်: General Aung San)သည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်၊အမျိုးသားအာဇာနည်ခေါင်းဆောင်၊တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ စစ်သေနာပတိတစ်ဦးဖြစ်သည်။
အောင်ဆန်းသည် မြန်မာသက္ကရာဇ် ၁၂၇၆-ခု၊ တပေါင်းလဆန်း (၁)ရက် (ခရစ်သက္ကရာဇ် ၁၉၁၅-ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်) စနေနေ့ နံနက်လင်းအားကြီးချိန်တွင် နတ်မောက်မြို့၌ အဖရှေ့နေဦးဖာနှင့် အမိကုန်သည်ဒေါ်စုတို့မှ ဖွားမြင်သည်။ (ဆက်လက် ဖတ်ရှုရန် ...) - Image 8

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရ (၂၀၂၁ - ၂၀၁၅, တရားဝင်အားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ ) သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့တပ်မတော်မှ ဦးဆောင်ဖွဲ့စည်းခဲ့သော ပထမအကြိမ် စစ်အစိုးရလည်း ဖြစ်သည်။ ၎င်းသည် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသမိုင်းတွင် စတုတ္ထမြောက် စစ်အစိုးရလည်း ဖြစ်သည်။ (ဆက်လက် ဖတ်ရှုရန် ...) - Image 9
ဦးနေဝင်း (၁၀ ဇူလိုင် ၁၉၁၀၊ သို့ ၁၄ သို့ ၂၄ မေ ၁၉၁၁ – ၅ ဒီဇင်ဘာ ၂၀၀၂) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ၁၉၅၈ မှ ၁၉၆၀ အထိ၊ ၁၉၆၂ မှ ၁၉၇၄ အထိ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ၁၉၆၂ မှ ၁၉၈၁ အထိ နိုင်ငံ့အကြီးအကဲအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ သူသည် မြန်မာ့တပ်မတော်၏ ခေါင်းဆောင်အဖြစ် ၂၆ နှစ်ကြာ ဆောင်ရွက်ခဲ့သည်။ (ဆက်လက် ဖတ်ရှုရန် ...) - Image 10
ရေနံချောင်းမြို့ သည်မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည့်အပြင် ကိုလိုနီခေတ်နှင့်လွတ်လပ်ရေးခေတ်ဦးပိုင်း၌ မကွေးတိုင်းမင်းကြီးနှင့် မကွေးခရိုင်ဝန်တို့ရုံးစိုက်ရာမြို့လည်း ဖြစ်ခဲ့သည်။ဆင်ဖြူကျွန်းမြို့အရှေ့တောင်ဘက်ဓာလွယ်ခုတ်ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ မကွေးမြို့အထက် ၂၉ မိုင်ခန့် ကွာဝေးသည်။ ရန်ကုန်မြို့မှ ၃၆၃ မိုင်ကွာဝေးသည်။ ရှေးအခါက ဆိပ်သာကွန်းထောက်မြို့၊ ထိုမှတစ်ဖန် ရေနံ့သာမြို့ဟု တွင်ခဲ့၍ ထိုနောက်တွင် ရေနံချောင်းမြို့ဟု ခေါ်တွင်သည်ဟု ဆိုလေသည်။ ရေနံချောင်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄၅,၁၂၀ ဦး ဖြစ်သည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် မြို့ပြနေလူဦးရေမှာ (၄၉၉၃၈)ဦးထိ ရှိလာခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်း စတုတ္ထမြောက်အကြီးဆုံးမြို့ ဖြစ်လာသည်။ (ဆက်လက် ဖတ်ရှုရန် ...)
ဆက်စပ် မုခ်ဝများနှင့် ပရောဂျက်များ
ဓာတ်ပုံများ - load new batch
- Image 1ပုဂံအနီးရှိ ဧရာဝတီမြစ် (from မြန်မာနိုင်ငံ၏ ပထဝီဝင်)
- Image 2ဗြိတိသျှ ကိုလိုနီခေတ်အတွင်း မြန်မာနိုင်ငံရှိ သစ်တောပြုန်းတီးမှု (from မြန်မာနိုင်ငံ၏ ပထဝီဝင်)
- Image 3ထားဝယ်ရှိ ဂေါ့ဖားသားကျွန်း (from မြန်မာနိုင်ငံ၏ ပထဝီဝင်)
- Image 4၁၈၃၉ အင်းဝငလျင်ကြောင့် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လျက်ရှိသော မင်းကွန်းပုထိုးတော်ကြီး (from မြန်မာနိုင်ငံ၏ ပထဝီဝင်)
- Image 6ပုဂံမှ ယွန်းထည်များ (from မြန်မာ့ယဉ်ကျေးမှု)
- Image 7အရှေ့တောင်ပိုင်း တောင်ကုန်းများရှိ ဇွဲကပင်တောင်မှ လှမ်းမြင်ရသော ဘားအံရှုခင်း (from မြန်မာနိုင်ငံ၏ ပထဝီဝင်)
- Image 8ထိုင်း-မြန်မာ နယ်စပ်အနီးရှိ သံလွင်မြစ် (from မြန်မာနိုင်ငံ၏ ပထဝီဝင်)
- Image 10နရပတိစည်သူမင်းလက်ထက် ပုဂံနေပြည်တော် (from မြန်မာ့သမိုင်း)
အဓိက ခေါင်းစဉ်များ
ကဏ္ဍများ
နောက်ထပ် ခေါင်းစဉ်များ
|
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ဝီကီမီဒီယာ
အောက်ပါ ဝီကီမီဒီယာ ဖောင်ဒေးရှင်း ညီအစ်မ ပရောဂျက်များတွင် ဤအကြောင်းအရာအတွက် ပိုမို ထောက်ပံ့ပေးထားသည်။
-
ကွန်မွန်းစ်
အခမဲ့ မီဒီယာ တည်ရာ -
ဝီကီစာအုပ်
အခမဲ့ ကျောင်းသုံးစာအုပ်နှင့် လက်စွဲစာအုပ်များ -
ဝီကီဒေတာ
အခမဲ့ အသိပညာ ဗဟို -
ဝီကီသတင်း
အခမဲ့ သတင်းများ -
ဝီကီကိုးကား
မှတ်သားဖွယ်ရာ စကားများ စုစည်းရာ -
ဝီကီရင်းမြစ်
အခမဲ့စာကြည့်တိုက် -
ဝီကီဗာစတီ
အခမဲ့ ပညာသင်စာနှင့် ဖတ်စာများ -
ဝီကီခရီးသွား
အခမဲ့ ခရီးသွားလမ်းညွှန် -
ဝစ်ရှင်နရီ
အဘိဓာန်နှင့် ဝေါဟာရအဖွင့်ကျမ်း





























