မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော | |
---|---|
IUCN category IV (habitat/species management area) | |
တည်နေရာ | မြင်းခြံခရိုင်၊ မန္တလေးတိုင်းဒေသကြီး |
ကိုဩဒိနိတ် | 21°25′00″N 95°47′00″E / 21.41667°N 95.78333°Eကိုဩဒိနိတ်: 21°25′00″N 95°47′00″E / 21.41667°N 95.78333°E |
ဧရိယာ | ၂၂.၅၆ km2 (၈.၇၁ sq mi) |
ပင်လယ်ရေမျက်နှာပြင် အမြင့် | ၆၅၀ ပေ |
ဖွဲ့စည်း | ၂၀၀၁ |
အုပ်ချုပ်ရေး | သစ်တောဦးစီးဌာန |
မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် နွားထိုးကြီးမြို့နယ်၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသည်။ ခရီးသွားလာရေးလုပ်ငန်းများ တိုးတက်စေရန်နှင့် ခြောက်သွေ့တော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။[၁]
တည်နေရာ
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ်၂၁°၂၅'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၄၇' နွားထိုးကြီးမြို့နယ်၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိသည်။ စတုရန်းကီလိုမီတာအားဖြင့် ၂၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား ၁၉၀၃ ခုနှစ်တွင် မင်းကုန်တောင်ရှားနှင့် ထင်းကြိုးဝိုင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ရည်ရွယ်ကြောင်း ကြေညာခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မင်းစုံတောင် ဘေးမဲ့တောအဖြစ် သတ်မှတ်တည်ထောင်ခဲ့သည်။
သဘာဝအရင်းအမြစ်များ
[ပြင်ဆင်ရန်]ဧရိယာတစ်ခုလုံးတွင် ခြောက်သွေ့တောများဖုံးလွမ်းထားပြီး၊ မြန်မာ့ဒေသမျိုးရင်း(၃)ဖြစ်သော စွေ့ငှက်(White-throated Babbler)၊ နဖားကြူး(Hooded Treepie)၊ မြန်မာဘီလုံး(Burmese Bushlark)တို့အပါအဝင် ငှက်မျိုးစိတ်ပေါင်း (၇၀)ကျော် ကျက်စားနေထိုင်ကြသည်။ ချေ(ဂျီ)၊ ကြောင်ကတိုး၊ ရှဉ့်၊ ကြွက်နှင့် လင်းနို့များလည်း ကျက်စားနေထိုင်ကြသည်။ တွားသွားသတ္တဝါ (၂၆)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၉)မျိုး၊ လိပ်ပြာအမျိုးပေါင်း (၅၀)ကျော်လည်း စစ်ဆေးစာရင်းတွင်ရှိသည်။ အဓိကအားဖြင့် မျိုးတုံးလုနီးပါးဖြစ်နေသော မြန်မာ့ဒေသမျိုးရင်း မြန်မာ့ကြယ်လိပ်များကို တွေ့ရသည်။
ခြိမ်းခြောက်နေသောအန္တရာယ်များ
[ပြင်ဆင်ရန်]တောမီးများလောင်ကျွမ်းမှုသည် မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဇီဝမျိုးကွဲများ၏ အဓိကခြိမ်းခြောက်နေသာအန္တရာယ်ဖြစ်နေသည်။ တခြားပြဿနာတစ်ခုမှာ နိုင်ငံခြားဈေးကွက်သို့တင်သွင်းရန်(အထူးသဖြင့် ဂျပန်နိုင်ငံသို့ အိမ်မွေးတိရစ္ဆာန်အဖြစ်) ကြယ်လိပ်များဖမ်းဆီးမှုဖြစ်သည်။ ရံဖန်ရံခါတွင် ဒေသခံပြည်သူများက ထင်းရရန်အလိုငှာ ထိန်းသိမ်းထားသောသစ်တောများခုတ်ယူခြင်းနှင့် တိရစ္ဆာန်စားကျက်မြေအဖြစ် အသုံးပြုခြင်းများဖြစ်သည်။
ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ
[ပြင်ဆင်ရန်]သုတေသနလုပ်ငန်းများ
[ပြင်ဆင်ရန်]ကယ်လီဖိုးနီးယားသိပ္ပံအကယ်ဒမီနှင့် ချိတ်ဆက်၍ တွားသွားသတ္တဝါနှင့် ကုန်းနေရေနေသတ္တဝါဆိုင်ရာ လေ့လာရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။
ခရီးသွားလာရေးလုပ်ငန်း
[ပြင်ဆင်ရန်]လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]ကြည့်ရှု့လေ့လာနိုင်သောအခွင့်အလမ်းများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံ မျိုးကွဲများကြွယ်ဝမှု။ သစ်တောဦးစီးဌာန။ 23 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- Report: Myanmar Protected Area (2011)