ရွှေတောင်ခေါက်ဆွဲ
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
အိုဆာကာ ရွှေတောင်ခေါက်ဆွဲ သည် ပြည်ခရိုင် ၊ ရွှေတောင်မြို့ ဦးသိန်းရွှေ မှ စတင်ခဲ့သည်။ ရွှေတောင်ခေါက်ဆွဲသည် မုန့်ဟင်းခါးကိုအခြေခံပြီး ပြုလုပ်ထားသော စားဖွယ်စုံဖြစ်သည်။ ရွှေတောင်ခေါက်ဆွဲ ကို (၁၉၆၀) ခုနှစ် မှစ၍ ဦးသိန်းရွှေ ရွှေတောင်ခေါက်ဆွဲ နာမည်ဖြင့် ရွှေတောင်မြို့တွင် စတင်ရောင်းခဲ့သည်။ ထိုအချိန်တွင် ရွှေတောင်ခေါက်ဆွဲ သည် လူသိနည်းပြီး စားသုံးသူ နည်းပါးခဲ့သည်။[ကိုးကားချက်လိုသည်] (၁၉၇၀) ခုနှစ် တွင် ဂျပန်နိုင်ငံ ၊ အိုဆာကာမြို့ တွင် ပထမဆုံးအကြိမ် ကမ္ဘာ့ကုန်စည်ပြပွဲကျင်းပခဲ့သည်။[၁] ထိုကုန်စည်ပြပွဲတွင် ခေါက်ဆွဲပြိုင်ပွဲကျင်းပရာ မြန်မာနိုင်ငံ မှ ရွှေတောင်ခေါက်ဆွဲ သည် ပထမဆု ရရှိခဲ့သည်။ ရွှေတောင်ခေါက်ဆွဲ ဟုသောအမည်သည် တရားဝင် အမည်ဖြစ်ပြီး အိုဆာကာ ဟုသောအမည်သည် (၁၉၇၀) ခုနှစ် တွင် အိုဆာကာမြို့ ခေါက်ဆွဲပြိုင်ပွဲမှ ပထမဆု ရရှိခဲ့ သောကြောင့် အိုဆာကာမြို့ ကိုအစွဲပြု၍ခေါ်ဝေါ်ခြင်းဖြစ်သည်။[ကိုးကားချက်လိုသည်]
ပါဝင်ပစ္စည်းများ
[ပြင်ဆင်ရန်]ရွှေတောင်ခေါက်ဆွဲ ပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများမှာ[၂]
- ဂျုံခေါက်ဆွဲ
- ကြက်သွန်နီ
- နံနံပင်
- သံပရာသီး
- အုန်းသီး
- ပဲအကျက်မှုန့်
- ငရုတ်သီးအကြမ်းမှုန့်ကြော်တို့ဖြစ်သည်။
ခေါက်ဆွဲနှင့် တွဲဖက်စားသုံးသော ကြက်သားဟင်းညို ချက်ရန် ပါဝင်ပစ္စည်းများမှာ
- ကြက်ရင်အုံသား
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ငရုတ်သီးမှုန့်
- ဆား
- ကြက်သားမှုန့်
- ဟင်းရွက်ဆီ
ကိုးကား
[ပြင်ဆင်ရန်]- ↑ Kapur၊ Nick (2018)။ Japan at the Crossroads: Conflict and Compromise after Anpo။ Cambridge, Massachusetts: Harvard University Press။ p. 202။ ISBN 9780674988484။
- ↑ https://www.restaurantguide.com.mm/article/we-will-eat-shwetaung-noodles-at-home-during-office-holidays.html