မာတိကာသို့ ခုန်သွားရန်

ရခိုင်အမျိုးသားပါတီ

ဝီကီပီးဒီးယား မှ
ရခိုင်အမျိုးသားပါတီ
အင်္ဂလိပ် အမည်Arakan National Party(ANP)
ဥက္ကဋ္ဌဦးသာထွန်းလှ
တည်ထောင်ခြင်း မတ် ၂၀၁၄; ၁၂ နှစ် အကြာက (၂၀၁၄-၀၃-06)
ဌာနချုပ်စစ်တွေမြို့ရခိုင်ပြည်နယ်မြန်မာနိုင်ငံ
နိုင်ငံရေး သဘောတရားရခိုင်လူမျိုး အခွင့်အရေး နှင့်
ကွန်ဆာဗေးတစ် ဝါဒ
အမျိုးသားလွှတ်တော် အမတ်နေရာ
၁၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၁၃ / ၄၄၀
ရခိုင်ပြည်နယ် လွှတ်တော် အမတ်နေရာ
၂၂ / ၄၇
တိုင်းရင်းသားရေးရာဝန်ကြီးများ
၁ / ၂၉
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ရခိုင်အမျိုးသားပါတီ (အင်္ဂလိပ်: Rakhine National Party; သို့မဟုတ် Arakan National Party) သည် ၂၀၁၄ ခုနှစ်တွင် ရခိုင်ပါတီနှစ်ခု ပူးပေါင်းပြီး ပေါ်ပေါက်လာသော ရခိုင်ပြည်နယ်အခြေပြု နိုင်ငံရေးပါတီ တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရခိုင်လူမျိုးများ ကိုယ်စားပြု ပါတီဖြစ်သည်။

ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ရခိုင်လူမျိုး အခွင့်အရေး နှင့် ကွန်ဆာဗေးတစ် ဝါဒ ဖြစ်သည်။ ပါတီ၏ နိုင်ငံရေးရပ်တည်ချက်မှာ လက်ယာ ဖြစ်သည်။[] []

ပါတီကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် မှတ်ပုံတင်ခဲ့သည်။[][][] ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် (၂) မှ ရွေးကောက်ခံ ပြည်နယ်အမတ် ဦးညီပုကို ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုပြုတင်သွင်းလိုက်သည့်အတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှလွဲ၍ ကျန်ရခိုင်အမျိုးသားပါတီမှ လွှတ်တော်အမတ်အားလုံး လွှတ်တော်ကို သပိတ်မှောက်ကာ လွှတ်တော် မပြီးခင် ထွက်ခွာသွားခဲ့ကြသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့သည် ရခိုင်အမျိုးသားပါတီ အမည်ဖြင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[] ၂၀၁၃ မေလမှ စတင်ခဲ့သည့် ပါတီနှစ်ခု ပေါင်းစည်းရေးသည် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။[][][][၁၀][၁၁]

ပါတီမှတ်ပုံတင်ခြင်း

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်အမျိုးသားပါတီ (ANP) ၏ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ကြောင်း တွေ့ရှိရသဖြင့် ငြင်းပယ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ [၁၂]

ပယ်ချရခြင်းအကြောင်းရင်း အသေးစိတ်ကို တရားဝင် ဖော်ပြထားခြင်းမရှိသော်လည်း၊ ANP ဘက်မှ ဦးခိုင်ပြည်စိုးကမူ ၎င်းတို့ပါတီသည် လက်နက်ကိုင်အဖွဲ့များနှင့် ကင်းရှင်းပြီး မှတ်ပုံတင်လျှောက်ထားသူ ၂၅ ဦးလုံး ပုဒ်မ ၇ နှင့် ငြိစွန်းမှုမရှိကြောင်း ပြောကြားခဲ့သည်။ [၁၃]

သို့သော်လည်း ANP ကို မှတ်ပုံတင်ခွင့်မှ ပယ်ချထားသော်လည်း တရားဝင် ဖျက်သိမ်းကြောင်း ကြေညာခြင်းမရှိသေးသည့်အတွက် ANP မှာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ပါတီ၏ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က အတည်ပြု ပြောကြားခဲ့သည်။[၁၄]

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. https://www.reuters.com/article/us-myanmar-election-rohingya/rising-rakhine-party-looming-threat-to-myanmars-muslim-minority-idUSKCN0RV5RO20151001
  2. https://www.rnz.co.nz/national/programmes/insight/audio/201792668/insight-myanmar-a-democracy-under-construction
  3. Rakhine National Party allowed as political party | Ministry Of Information Moi.gov.mm (2014-03-06)။ 15 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-04-14 တွင် ပြန်စစ်ပြီး။
  4. Formation of Rakhine National Party approved | Ministry Of Information Moi.gov.mm။ 15 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-04-14 တွင် ပြန်စစ်ပြီး။
  5. 1 2 Arakanese Political Parties Merge to Form ANP Irrawaddy.org။ 2014-04-14 တွင် ပြန်စစ်ပြီး။
  6. ရခိုင်အမျိုးသားပါတီအမတ်များ လွှတ်တော်ကို သပိတ်မှောက်ထွက်ခွာ ဒီမိုကရက်တစ် မြန်မာ့အသံ (၂၈ မတ် ၂၀၁၆)။ ၂၈ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  7. Naw Say Phaw Waa။ "Rakhine parties formalise merger"၊ 21 June 2013 22 June 2013 တွင် ပြန်စစ်ပြီး
  8. Arakan National Party receives official recognition Bnionline.net (2014-03-19)။ 2014-04-14 တွင် ပြန်စစ်ပြီး။
  9. Mya၊ Nang (2013-10-08)။ Newly formed Rakhine National Party appoints leadership | DVB Multimedia Group Dvb.no။ 25 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-04-14 တွင် ပြန်စစ်ပြီး။
  10. Arakan alliance | DVB Multimedia Group Dvb.no (2014-03-09)။ 15 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-04-14 တွင် ပြန်စစ်ပြီး။
  11. Sittwe to host Arakan National Party’s important meeting Bnionline.net (2014-03-24)။ 2014-04-14 တွင် ပြန်စစ်ပြီး။
  12. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ချက် Ministry of Information (07/02/2024)။ 2025-7-1 တွင် ပြန်စစ်ပြီး။
  13. ANP ပါတီမှတ်ပုံတင်ခွင့် စစ်ကောင်စီပယ်ဖျက် VOA Burmese (၀၃ ဇူလိုင်၊ ၂၀၂၄)။ 2025-7-1 တွင် ပြန်စစ်ပြီး။
  14. စစ်ကောင်စီက ပယ်ချထားသော်လည်း ရခိုင်အမျိုးသားပါတီ ANP ဆက်လက် တည်ရှိနေဆဲ Western News (၉ ဧပြီ ၂၀၂၅)။ 1 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-2 တွင် ပြန်စစ်ပြီး။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/rka.html

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]