အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

ဝီကီပီးဒီးယား မှ
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၃၁ မတ် ၂၀၁၁; ၁၂ နှစ် အကြာက (၂၀၁၁-၀၃-31)
အဖွဲ့အစည်းအမျိုးအစားကောင်စီ
ဌာနချုပ်နေပြည်တော်
ဌာနအကြီးအမှူးများဦးမြင့်ဆွေ၊ ယာယီသမ္မတ

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (အတိုကောက်: ကာလုံ)(အင်္ဂလိပ်: National Defence and Security Council အတိုကောက် NDSC) သည် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားအဆင့် လုံခြုံရေးကောင်စီ တစ်ခုဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန်ရှိအဖွဲ့အစည်း ဖြစ်သည်။[၁] ကောင်စီကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[၂][၃] အဖွဲ့ဝင် ၁၁ ဦးအနက် ၅ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည်။[၃][၄] တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အစီရင်ခံရသည်။[၅] ကောင်စီကို မြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၂၀၁ အရ ဖွဲ့စည်းခြင်း ဖြစ်သည်။[၆]

အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။

ယာယီသမ္မတ ဦးမြင့်ဆွေ၏ အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

ရာထူး အမည်
နိုင်ငံတော် သမ္မတ ဦးမြင့်ဆွေ (ယာယီ)
ဒုတိယသမ္မတ ၁
ဒုတိယသမ္မတ ၂ ဦး ဟင်နရီဗန်ထီးယူ[၇]
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်[၇]
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ လစ်လပ်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း
ပြည်ထဲရေး ဝန်ကြီး
  • ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် (၁.၂.၂၀၂၁ - ၃.၈.၂၀၂၃)
  • ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် (၃.၈.၂၀၂၃ - လက်ရှိ)
နိုင်ငံခြားရေး ဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်

၂၀၂၁ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေမှ ဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖြစ်သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ကျင်းပသော ပထမဆုံး အစည်းအဝေး၌ ယာယီသမ္မတ ဦးမြင့်ဆွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာ (၃)ရပ်ကို လွှဲပြောင်းပေးခဲ့သည်။ ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျင်းပသော ဒုတိယမြောက် အစည်းအဝေး၌ ယာယီသမ္မတ ဦးမြင့်ဆွေက အ​ရေး​ပေါ်အ​ခြေအ​နေကာလအား (၆)လ သက်တမ်းထပ်မံတိုးပေးခဲ့သည်။[၇]ထို့​နောက် အ​ရေး​ပေါ်ကာလသက်တမ်းကို (၆)လ တစ်ကြိမ်စီသက်တမ်း တိုးမြှင့်ခဲ့သည်။

သမ္မတ ဦးဝင်းမြင့်လက်ထက် အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

ရာထူး အမည်
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်
ဒုတိယသမ္မတ ဦးမြင့်ဆွေ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)
ကာကွယ်ရေးဝန်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး
ပြည်ထဲရေး ဝန်ကြီး
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်
နယ်စပ်ရေးရာဝန်ကြီး ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး)

သမ္မတ ဦးထင်ကျော်လက်ထက် အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

ရာထူး အမည်
နိုင်ငံတော် သမ္မတ ဦးထင်ကျော်
ဒုတိယသမ္မတ ဦးမြင့်ဆွေ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)
ကာကွယ်ရေးဝန်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး
ပြည်ထဲရေး ဝန်ကြီး ကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်
နယ်စပ်ရေးရာဝန်ကြီး ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး)

သမ္မတ ဦးသိန်းစိန် လက်ထက် အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

၂၀၁၃ ဇူလိုင် ၉ ရက်နေ့အထိ ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။[၉][၁၀][၁၁]

ရာထူး အမည်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
ဒုတိယသမ္မတ စိုင်းမောက်ခမ်း
ဒုတိယသမ္မတ သီဟသူရ ဦးတင်​အောင်မြင့်ဦး
ဦးဉာဏ်ထွန်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)
ကာကွယ်ရေးဝန်ကြီး ဝေလွင် (ဒုတိယဗိုလ်ချုပ်ကြီး)
ပြည်ထဲရေး ဝန်ကြီး ကိုကို (ဒုတိယဗိုလ်ချုပ်ကြီး)
နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်
နယ်စပ်ရေးရာဝန်ကြီး သက်နိုင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး)

ဝေဖန်မှုများ[ပြင်ဆင်ရန်]

ကာလုံတွင် အဖွဲ့ဝင် (၁၁) ဦးရှိသည့်အနက် (၆) ဦးမှာ တပ်မတော်မှ ခန့်အပ်သူများဖြစ်သဖြင့် တပ်မတော်ဘက်က အသာစီးရနေသည်ဟု ဝေဖန်မှုများရှိသည်။[၁၂]


ကိုးကား[ပြင်ဆင်ရန်]

  1. MacDonald၊ Adam P။ "The Tatmadaw’s new position in Myanmar politics"၊ East Asia Forum၊ 1 May 2013။ 27 June 2015 တွင် ပြန်စစ်ပြီး 
  2. "Myanmar forms national defense, security council"၊ People's Daily၊ 1 April 2011။ 27 June 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 29 June 2015။ 
  3. ၃.၀ ၃.၁ Htun Aung Gyaw။ "Myanmar's constitutional crisis reaching boiling point"၊ The Nation၊ 21 February 2014။ 27 June 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  4. Sithu Aung Myint။ "Coalition government: just a fantasy?"၊ Myanmar Times၊ 20 May 2015။ 27 June 2015 တွင် ပြန်စစ်ပြီး 
  5. Weiss၊ Stanley A။ "Myanmar: A nation at war with itself"၊ Myanmar Times၊ 4 March 2013။ 27 June 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  6. Constitution of the Republic of the Union of MyanmarMinistry of Information (September 2008)။ 27 June 2015 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ ၇.၂ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) ကျင်းပ"။ 
  8. ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒုတိယဝန်ကြီးချုပ်လေးဦး ထပ်မံခန့်အပ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနလေးခုမှ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခန့်အပ်Eleven Media Group (၁ဖေဖော်ဝါရီ ၂၀၂၃)။ ၂၁ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. National Defense and Security Council (NDSC)Alternative Asean Network on Burma (9 July 2013)။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 June 2015 တွင် ပြန်စစ်ပြီး။
  10. "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၉/၂ဝ၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၆ ဧပြီ ၂၀၁၁။ Archived from the original on 4 February 2019။ 
  11. "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ပြင်ဆင်ဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၃/၂၀၁၂)"၊ နိုင်ငံတော်သမ္မတရုံး၊ ၁၆ ဩဂုတ် ၂၀၁၂။ Archived from the original on 4 February 2019။ 
  12. https://myanmar-now.org/mm/news/1999