မာတိကာသို့ ခုန်သွားရန်

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

ဝီကီပီးဒီးယား မှ
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
 မြန်မာအစိုးရအဖွဲ့အစည်း
National Defence and Security Council
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းခြင်း၃၁ မတ် ၂၀၁၁; ၁၅ နှစ် အကြာက (၂၀၁၁-၀၃-31)
အဖွဲ့အစည်းအမျိုးအစားကောင်စီ
ဌာနချုပ်နိုင်ငံတော်သမ္မတရုံး
ဌာနအကြီးအမှူးများမင်းအောင်လှိုင်၊ နိုင်ငံတော်သမ္မတ
မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (အတိုကောက်: ကာလုံ) (အင်္ဂလိပ်: National Defence and Security Council အတိုကောက် NDSC) သည် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားအဆင့် လုံခြုံရေးကောင်စီ တစ်ခုဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန်ရှိအဖွဲ့အစည်း ဖြစ်သည်။[] ကောင်စီကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[][] အဖွဲ့ဝင် ၁၁ ဦးအနက် ၅ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည်။[][] တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အစီရင်ခံရသည်။[] ကောင်စီကို မြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၂၀၁ အရ ဖွဲ့စည်းခြင်း ဖြစ်သည်။[]

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။

  1. နိုင်ငံတော်သမ္မတ
  2. ဒုတိယသမ္မတ
  3. ဒုတိယသမ္မတ
  4. ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
  5. အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
  6. တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
  7. ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
  8. ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး
  9. နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး
  10. ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး
  11. နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး
    ဤဆောင်းပါးသည်
    မြန်မာနိုင်ငံ၏
    နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

    တစိတ်တဒေသ ဖြစ်သည်
     မြန်မာနိုင်ငံ မုခ်ဝ

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၃/၂၀၂၅) ကို ကျင်းပခဲ့ပြီး၊ ယင်းအစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကောင်စီအဖွဲ့ဝင်များအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကဲ့သို့သော အထူးဖိတ်ကြားခံရသူများလည်း တက်ရောက်ခဲ့ကြသည်။[]

အစည်းအဝေးတွင် ပုဒ်မ ၄၂၆ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အာဏာလွှဲအပ်သည့်အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာပြီးနောက်၊ ပုဒ်မ ၄၂၇ (က) အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ကာလုံမှ ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။[]

ပုဒ်မ ၄၂၇ (ခ) အရ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးနောက် အဖွဲ့အစည်းများ ဖွဲ့စည်းသည်အထိ အာဏာကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံးပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကိုမူ သင့်လျော်သည့် အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို လွှဲအပ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ ပုဒ်မ ၄၂၉ အရ ကာလုံသည် အမိန့်ကို ပယ်ဖျက်သည့်နေ့မှစ၍ ၆ လအတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်ကြောင်းနှင့် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ထို့ကြောင့် ကာလုံသည် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်နှင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ ဆက်လက်လည်ပတ်နိုင်ရန် အစိုးရအဖွဲ့၊ တရားစီရင်ရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အုပ်ချုပ်မှုဆိုင်ရာ ပြင်ဆင်ဖွဲ့စည်းမှုများ

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် မြန်မာနိုင်ငံကို ဆက်လက်အုပ်ချုပ်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ဖြင့် ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရရှိသော ကာလုံတွင် ယခင်က ရုံးအဖွဲ့မရှိခဲ့သော်လည်း ယခုအခါ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ဟူသော ရာထူးနှစ်ခုဖြင့် ရုံးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် ကြေညာခဲ့ပါသည်။ ထို့အပြင် ကာလုံရုံး ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်အား ခန့်အပ်ခဲ့ပါသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ကိုလည်း ယခင်စစ်ကောင်စီအဖွဲ့ဝင်ဟောင်းများအပါအဝင် ၁၅ ဦးဖြင့် ပြန်လည်ခန့်အပ်ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဦးသန်းစိုး ဦးဆောင်ကာ ၁၄ ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အုပ်ချုပ်ရေးအာဏာ သုံးရပ်လုံးကို ကာလုံကနေ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရဖွဲ့စည်းခြင်း၊ တရားသူကြီးများ ခန့်အပ်ခြင်း၊ ပြည်နယ်နှင့် တိုင်းဦးစီးမှူးများ ခန့်အပ်ခြင်း စသည်တို့ကို ကာလုံရုံး၏ အမိန့်များအဖြစ် ကြေညာခဲ့သည်။

အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲများ

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခြောက်လသက်တမ်း ဇူလိုင် ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးနောက်၊ အဆိုပါကောင်စီကို ထပ်မံသက်တမ်းတိုးမပေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဖွဲ့အစည်းအသစ်များ ဖွဲ့စည်းခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၃/၂၀၂၅ ဖြင့် "ပြည်ထောင်စုအစိုးရအဖွဲ့" အသစ်ကို ဖွဲ့စည်းပြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) ညိုစောကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။[]

အမိန့်အမှတ် ၄/၂၀၂၅ ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဥက္ကဋ္ဌနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။[]

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကာလုံတွင် ယခင်က ရုံးအဖွဲ့မရှိခဲ့သော်လည်း အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ရာထူးနှစ်ခုဖြင့် ရုံးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကာလုံရုံး ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်အား ခန့်အပ်ခဲ့သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ကိုလည်း ယခင် စစ်ကောင်စီအဖွဲ့ဝင်ဟောင်းများအပါအဝင် ၁၅ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့အတူ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဦးသန်းစိုး ဦးဆောင်ကာ ၁၄ ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

အရေးပေါ်နှင့် စစ်အုပ်ချုပ်ရေး ကြေညာချက်များ

[ပြင်ဆင်ရန်]

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြေညာထားသည့် အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင်မူ အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးတို့ကို ပြန်လည်ကြေညာခဲ့သည်။[၁၀]

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၅) ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များတွင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၂/၂၀၂၅) ဖြင့် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်အရ အဆိုပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်းလိုက်ပါသည်။ ထိုလုပ်ပိုင်ခွင့်နှင့်တာဝန်များကို ကာကွယ်ရေးဦးစီးချုပ်က မိမိကိုယ်တိုင် သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးအား လွှဲအပ်ဆောင်ရွက်စေနိုင်ကြောင်းလည်း ဖော်ပြထားသည်။ ဤအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်မည်ဖြစ်သည်။[၁၁]

အာဏာသုံးရပ် လွှဲပြောင်းခြင်း

[ပြင်ဆင်ရန်]

၂၀၂၁ တပ်မတော်အာဏာသိမ်းမှုနောက်ပိုင်း ရယူခဲ့သည့် အာဏာသုံးရပ် ကျင့်သုံးခြင်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃/၂၀၂၆ ဖြင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအား ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီး သည့်အချိန်မှစ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ကျင့်သုံးလျက်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲပြောင်းပေးအပ်လိုက်သည်။ [၁၂]

ဦးမင်းအောင်လှိုင်အစိုးရလက်ထက်

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃/၂၀၂၆ ဖြင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအား ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီး သည့်အချိန်မှစ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ကျင့်သုံးလျက်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲပြောင်းပေးအပ်လိုက်သည်။ [၁၂]

ထိုနောက် နိုင်ငံတော်သမ္မတရုံး ကြေညာချက်အမှတ် ၂/၂၀၂၆ ဖြင့် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပြီး။ [၁၃]ပထမဆုံး ကာလုံအစည်းအဝေး ကို ၂၀၂၆ ခုနှစ်၊ဧပြီ ၂၁ ရက် တွင် ပြုလုပ်ခဲ့သည်။[၁၄]

စဉ် ရာထူးအမည်
၁။ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်
၂။ ဒုတိယသမ္မတ ၁ဦးညိုစော
၃။ ဒုတိယသမ္မတ ၂ဒေါ်နန်းနီနီအေး
၄။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးခင်ရီ
၅။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးအောင်လင်းဒွေး
၆။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦး
၇။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး ကျော်စွာလင်း
၈။ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး ထွန်းအောင်
၉။ နိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေ
၁၀။ ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ
၁၁။ နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်

ယာယီသမ္မတ (တာဝန်) မင်းအောင်လှိုင်၏ အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် ပေါ်ပေါက်လာသော အဖွဲ့ဖြစ်သည်။ အ​ရေး​ပေါ်အ​ခြေအ​နေကာလအား (၆) လ သက်တမ်းထပ်မံတိုးပေးခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးကြောင့် ယာယီသမ္မတ (တာဝန်) ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံ လွှဲပြောင်းရာမှတဆင့် ပေါ်ပေါက်လာသော အဖွဲ့လည်းဖြစ်သည်။

ရာထူးအမည်
နိုင်ငံတော် သမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ-(တာဝန်))[၁၅]
ဒုတိယသမ္မတ ၁လစ်လပ်
ဒုတိယသမ္မတ ၂လစ်လပ်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ် (၁၆.၃.၂၀၂၆ ထိ)
ဦးခင်ရီ (၁၆.၃.၂၀၂၆ - ၁၀.၄.၂၀၂၆)
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးအောင်လင်းဒွေး (၁၈.၃.၂၀၂၆ - ၁၀.၄.၂၀၂၆)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၃၀.၃.၂၀၂၆ ထိ)
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၃၀.၃.၂၀၂၆ - ၁၀.၄.၂၀၂၆)
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း(၃၀.၃.၂၀၂၆ ထိ)
ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၃၀.၃.၂၀၂၆ - ၁၀.၄.၂၀၂၆)
ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်း(၃.၈.၂၀၂၃ - ၁၈.၁၂.၂၀၂၄)
ဗိုလ်ချုပ်ကြီး မောင်မောင်အေး (၁၈.၁၂.၂၀၂၄ - ၁၀.၄.၂၀၂၆)
ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် (၃.၈. ၂၀၂၃ - ၃၁.၁.၂၀၂၅
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် (၃၁.၁.၂၀၂၅ - ၂၇-၁-၂၀၂၆)
ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် (၂၇-၁-၂၀၂၆ - ၁၀.၄.၂၀၂၆)
နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ
နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် (၁.၂. ၂၀၂၁ - ၃၁.၁. ၂၀၂၅)
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် (၃၁.၁.၂၀၂၅ - ၁၀.၄.၂၀၂၆)

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး

[ပြင်ဆင်ရန်]
  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ရှိသော ကာလုံတွင် ယခင်က ရုံးအဖွဲ့ မရှိခဲ့သော်လည်း ယခုအခါ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ဟူသော ရာထူးနှစ်ခုဖြင့် ရုံးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် ကြေညာခဲ့သည်။
စဉ် အမည် ရာထူး တာဝန်သက်တမ်း ရင်းမြစ်
၁။ ဦးအောင်လင်ဒွေး အမှုဆောင်ချုပ် ၃၁ ဇူလိုင် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆ [၁၆]
၂။ ဗိုလ်ချုပ်ကြီး ရဲဝင်ဦး တွဲဖက်အမှုဆောင်ချုပ်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင်နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်ကို နစက ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် ခေါင်းဆောင်မှုဖြင့် ဖွဲ့စည်းလိုက်သည်။ [၁၇]

စဉ် အမည် ရာထူး တာဝန်သက်တမ်း
၁။ ဦးစောထွန်းအောင်မြင့် အဖွဲ့ခေါင်းဆောင် ၃၁ ဇူလိုင် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆
၂။ ဦးသိန်းညွန့် အဖွဲ့ဝင်
၃။ ဦးခင်မောင်ဆွေ
၄။ အေးနုစိန်
၅။ စောဒန်နီယယ်
၆။ ဒေါက်တာ ဗညားအောင်မိုး
၇။ ဒေါက်တာ မောင်မောင်နိုင်
၈။ ဦးရွှေကြိမ်း
၉။ ဦးရန်ကျော်
၁၀။ ဦးဝဏ္ဏမောင်လွင်
၁၁။ မန်းငြိမ်းမောင်
၁၂။ ဒေါ်ဒွဲဘူ
၁၃။ ပိုးရယ်အောင်သိန်း
၁၄။ ဒေါက်တာမှုထန်
၁၅။ ဒေါက်တာဘရွှေ
၁၆။ ခွန်စံလွင်

ထုတ်ပြန်သည့် အမိန့်များ

[ပြင်ဆင်ရန်]

နိုင်ငံတော် အခြေအနေ ကြေညာချက် (၃၁ ဇူလိုင် ၂၀၂၅)

[ပြင်ဆင်ရန်]

အောက်ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်များကို ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

စဉ် ခေါင်းစဉ် ရင်းမြစ်
၁။ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၅ - အရေးပေါ်အခြေအနေ ကြေညာခြင်း [၁၈]
၂။ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၂/၂၀၂၅ - စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်း [၁၉]
စဉ် စစ်အုပ်ချုပ်ရေးအမိန့်များ ရင်းမြစ်
၁။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁ /၂၀၂၅ [၂၀]
၂။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊​ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၂/၂၀၂၅ [၂၁]

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်များ

[ပြင်ဆင်ရန်]

အောက်ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်များကို ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်များ
စဉ် အမိန့်အမှတ် ခေါင်းစဉ် ရင်းမြစ်
၁။ ၁/၂၀၂၅ နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်အား ပယ်ဖျက်ခြင်း [၂၂]
၂။ ၂/၂၀၂၅ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်တာဝန်ပေးခြင်း [၂၃]
၃။ ၃/၂၀၂၅ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း [၂၄]
၄။ ၄/၂၀၂၅ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း [၂၅]
၅။ ၅/၂၀၂၅ ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း [၂၆]
၆။ ၆/၂၀၂၅[မှတ်စု ၁] အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်း [၂၇]
၇။ ၇/၂၀၂၅ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် [၂၈]

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်များ

[ပြင်ဆင်ရန်]

အောက်ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်များကို အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်များ
အမိန့်အမှတ် ခေါင်းစဉ် ရင်းမြစ်
၁။ ၁/၂၀၂၅ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း [၂၉]
၂။ ၂/၂၀၂၅ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း [၃၀]
၃။ ၃/၂၀၂၅ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း [၃၁]
၄။ ၄/၂၀၂၅ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း [၃၂]
၅။ ၅/၂၀၂၅ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း [၃၃]
၆။ ၆/၂၀၂၅ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း [၃၄]
၇။ ၇/၂၀၂၅ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း [၃၅]
၈။ ၈/၂၀၂၅ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း [၃၆]
၉။ ၉/၂၀၂၅ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း [၃၇]
၁၀။ ၁၀/၂၀၂၅ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း [၃၈]
၁၁။ ၁၁/၂၀၂၅ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း [၃၉]
၁၂။ ၁၂/၂၀၂၅ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဦးစီးအဖွဲ့များ ဖွဲ့စည်းခြင်း [၄၀]
၁၃။ ၁၃/၂၀၂၅ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း [၄၁]
၁၄။ ၁၄/၂၀၂၅ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်း [၄၂]
၁၅။ ၁၅/၂၀၂၅ စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း [၄၃]
၁၆။ ၁၆/၂၀၂၅ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း [၄၄]
အမိန့်အမှတ် ၁၇-၂၂ ကို မထုတ်ပြန်ထား။
၁၇။ ၂၃/၂၀၂၅ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း [၄၅]
၁၈။ ၂၄/၂၀၂၅ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း [၄၆]
၁၉။ ၃၆/၂၀၂၅ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း [၄၇]
၂၀။ ၃၇/၂၀၂၅ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း [၄၈]

ပြဋ္ဌာန်းသည့် ဥပဒေများ

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံးပြီး အောက်ပါ ဥပဒေများကို ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေများ
ပြဋ္ဌာန်းနှစ် ဥပဒေအမှတ် ဥပဒေအမည် နေ့စွဲ ရင်းမြစ်
၂၀၂၅ ၁/၂၀၂၅ ၂၀၂၅ ခုနှစ်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂၀၂၅-၈-၁ [၄၉]
၂/၂၀၂၅ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၅-၈-၁၁ [၅၀]
၃/၂၀၂၅ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၅-၉-၂၁ [၅၁]
ဥပဒေအမှတ် ၄-၁၆ ကို တရားဝင် မထုတ်ပြန်ထား။
၁၇/၂၀၂၅ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း ၂၀၂၅-၁၂-၃၁ [၅၂]
၂၀၂၆ ၁/၂၀၂၆ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ၂၀၂၆-၁-၂၄ [၅၃]
၂/၂၀၂၆ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ၂၀၂၆-၁-၂၈ [၅၄]
၃/၂၀၂၆ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ ၂၀၂၆-၂-၃ [၅၅]
၄/၂၀၂၆ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၆-၂-၃ [၅၆]
၅/၂၀၂၆ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ၂၀၂၆-၂-၄ [၅၇]
၆/၂၀၂၆ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၆-၂-၁၇ [၅၈]
၇/၂၀၂၆ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၆ ခုနှစ်) ၂၀၂၆-၂-၁၇ [၅၉]
၈/၂၀၂၆ သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၆-၂-၂၄ [၆၀]
၉/၂၀၂၆ အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂၀၂၆-၂-၂၆ [၆၁]
၁၀/၂၀၂၆ နေပြည်တော်ကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၆-၃-၄ [၆၂]
၁၁/၂၀၂၆ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၆-၃-၄ [၆၃]
၁၂/၂၀၂၆ ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၆-၃-၇ [၆၄]
၁၃/၂၀၂၆ ယစ်မျိုးဥပဒေ ၂၀၂၆-၃-၇ [၆၅]
၁၄/၂၀၂၆ မျိုးစေ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၆-၃-၇ [၆၆]
၁၅/၂၀၂၆ မြေဩဇာဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၆-၃-၇ [၆၇]
၁၆/၂၀၂၆ ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ၂၀၂၆-၃-၁၃ [၆၈]
၁၇/၂၀၂၆ အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေ ၂၀၂၆-၃-၁၄ [၆၉]
၁၈/၂၀၂၆ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ၂၀၂၆-၃-၁၅ [၇၀]
၁၉/၂၀၂၆ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ ၂၀၂၆-၃-၁၇ [၇၁]
ဥပဒေအမှတ် ၂၀-၅၀ ကို တရားဝင် မထုတ်ပြန်ထား။
၂၀၂၆ ၅၁/၂၀၂၆ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၆-၄-၂ [၇၂]
၅၂/၂၀၂၆ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၆-၄-၃
၅၃/၂၀၂၆ အပင်ပိုးမွှားကာကွယ်သည့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၂၆-၄-၃ [၇၃]

ယာယီသမ္မတ ဦးမြင့်ဆွေ၏ အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေမှ ဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖြစ်သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ကျင်းပသော ပထမဆုံး အစည်းအဝေး၌ ယာယီသမ္မတ ဦးမြင့်ဆွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာ (၃)ရပ်ကို လွှဲပြောင်းပေးခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျင်းပသော ဒုတိယမြောက် အစည်းအဝေး၌ ယာယီသမ္မတ ဦးမြင့်ဆွေက အ​ရေး​ပေါ်အ​ခြေအ​နေကာလအား (၆)လ သက်တမ်းထပ်မံတိုးပေးခဲ့သည်။[၇၄]ထို့​နောက် အ​ရေး​ပေါ်ကာလသက်တမ်းကို (၆)လ တစ်ကြိမ်စီသက်တမ်း တိုးမြှင့်ခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအကြောင်းပြချက်ဖြင့် တာဝန်မှ အနားပေးခဲ့သည်။ ထို့အတွက်ကြောင့် ယာယီသမ္မတ ဦးမြင့်ဆွေဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွင် ဒုတိယသမ္မတ (၂) နေရာ လစ်လပ်သွားသည်။

ရာထူးအမည်
နိုင်ငံတော် သမ္မတဦးမြင့်ဆွေ (ယာယီ)
ဒုတိယသမ္မတ ၁
ဒုတိယသမ္မတ ၂ဦးဟင်နရီဗန်ထီးယူ (၁.၂.၂၀၂၁ - ၂၂.၄.၂၀၂၄) [၇၅] [၇၄]
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ်[၇၄]
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလစ်လပ်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ကာကွယ်ရေးဝန်ကြီး
ပြည်ထဲရေး ဝန်ကြီး
  • ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် (၁.၂.၂၀၂၁ - ၃.၈.၂၀၂၃)
  • ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် (၃.၈.၂၀၂၃ - လက်ရှိ)
နိုင်ငံခြားရေး ဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်

သမ္မတ ဦးဝင်းမြင့်လက်ထက် အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]
ရာထူးအမည်
နိုင်ငံတော် သမ္မတဦးဝင်းမြင့်
ဒုတိယသမ္မတဦးမြင့်ဆွေ
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးမန်းဝင်းခိုင်သန်း
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)
ကာကွယ်ရေးဝန်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး
ပြည်ထဲရေး ဝန်ကြီး
နိုင်ငံခြားရေး ဝန်ကြီးဒေါ်အောင်ဆန်းစုကြည်
နယ်စပ်ရေးရာဝန်ကြီးရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး)

သမ္မတ ဦးထင်ကျော်လက်ထက် အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]
ရာထူးအမည်
နိုင်ငံတော် သမ္မတဦးထင်ကျော်
ဒုတိယသမ္မတဦးမြင့်ဆွေ
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးမန်းဝင်းခိုင်သန်း
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)
ကာကွယ်ရေးဝန်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး
ပြည်ထဲရေး ဝန်ကြီးကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
နိုင်ငံခြားရေး ဝန်ကြီးဒေါ်အောင်ဆန်းစုကြည်
နယ်စပ်ရေးရာဝန်ကြီးရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး)

သမ္မတ ဦးသိန်းစိန် လက်ထက် အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]

၂၀၁၃ ဇူလိုင် ၉ ရက်နေ့အထိ ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။[၇၇][၇၈][၇၉]

ရာထူးအမည်
နိုင်ငံတော်သမ္မတဦးသိန်းစိန်
ဒုတိယသမ္မတစိုင်းမောက်ခမ်း
ဒုတိယသမ္မတ သီဟသူရ ဦးတင်​အောင်မြင့်ဦး
ဦးဉာဏ်ထွန်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)
ကာကွယ်ရေးဝန်ကြီးဝေလွင် (ဒုတိယဗိုလ်ချုပ်ကြီး)
ပြည်ထဲရေး ဝန်ကြီးကိုကို (ဒုတိယဗိုလ်ချုပ်ကြီး)
နိုင်ငံခြားရေး ဝန်ကြီးဦးဝဏ္ဏမောင်လွင်
နယ်စပ်ရေးရာဝန်ကြီးသက်နိုင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး)

ဝေဖန်မှုများ

[ပြင်ဆင်ရန်]

ကာလုံတွင် အဖွဲ့ဝင် (၁၁) ဦးရှိသည့်အနက် (၆) ဦးမှာ တပ်မတော်မှ ခန့်အပ်သူများဖြစ်သဖြင့် တပ်မတော်ဘက်က အသာစီးရနေသည်ဟု ဝေဖန်မှုများရှိသည်။[၈၀]

မှတ်စု

[ပြင်ဆင်ရန်]
  1. ဤကာလုံအမိန့်ကို ကာလုံရုံးအမိန့်ဖြင့် မထုတ်ပြန်ဘဲ၊ ကောင်စီအမိန့်ဖြင့် ထုတ်ပြန်ခဲ့သည်။ ယခင်ကောင်စီအမိန့်များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က လက်မှတ်ထိုးခဲ့သော်လည်း၊ ဤအမိန့်သည် ကာလုံရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. MacDonald၊ Adam P။ "The Tatmadaw’s new position in Myanmar politics"၊ East Asia Forum၊ 1 May 2013 27 June 2015 တွင် ပြန်စစ်ပြီး
  2. "Myanmar forms national defense, security council"၊ People's Daily၊ 1 April 2011 27 June 2015 တွင် ပြန်စစ်ပြီး Archived from the original on 29 June 2015။
  3. 1 2 Htun Aung Gyaw။ "Myanmar's constitutional crisis reaching boiling point"၊ The Nation၊ 21 February 2014 27 June 2015 တွင် ပြန်စစ်ပြီး Archived from the original on 4 March 2016။
  4. Sithu Aung Myint။ "Coalition government: just a fantasy?"၊ Myanmar Times၊ 20 May 2015 27 June 2015 တွင် ပြန်စစ်ပြီး
  5. Weiss၊ Stanley A။ "Myanmar: A nation at war with itself"၊ Myanmar Times၊ 4 March 2013 27 June 2015 တွင် ပြန်စစ်ပြီး Archived from the original on 4 March 2016။
  6. Constitution of the Republic of the Union of Myanmar Ministry of Information (September 2008)။ 27 June 2015 တွင် ပြန်စစ်ပြီး။
  7. 1 2 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂ဝ၂၅) ကျင်းပ Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
  8. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း Ministry of Information။ 31 July 2025 တွင် ပြန်စစ်ပြီး။
  9. နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
  10. ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁ /၂၀၂၅ | Ministry Of Information (in en)။ 2026-03-17 တွင် ပြန်စစ်ပြီး။
  11. ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၂ /၂၀၂၅ | Ministry Of Information 2026-03-17 တွင် ပြန်စစ်ပြီး။
  12. 1 2 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆ | Ministry Of Information 2026-04-12 တွင် ပြန်စစ်ပြီး။
  13. အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
  14. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား | Ministry Of Information (in en)။ 2026-04-22 တွင် ပြန်စစ်ပြီး။
  15. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၄)ကျင်းပ CINCDS Myanmar (၃၁ ဇူလိုင် ၂၀၂၄)။ ၃၁ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  16. အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်တာဝန်ပေးခြင်း Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
  17. အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း CINCDS။ 2025 August 2 တွင် ပြန်စစ်ပြီး။
  18. ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁ /၂၀၂၅ MOI။ 31 July 2025 တွင် ပြန်စစ်ပြီး။
  19. စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန် Myawaddy Portal။ 2025 July 31 တွင် ပြန်စစ်ပြီး။
  20. စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁ /၂၀၂၅ Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
  21. စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂၀၂၅ MOI။ 31 July 2025 တွင် ပြန်စစ်ပြီး။
  22. နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်အားပယ်ဖျက်ခြင်း MOI။ 31 July 2025 တွင် ပြန်စစ်ပြီး။
  23. အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်တာဝန်ပေးခြင်း Ministry of Information။ 1 August 2025 တွင် ပြန်စစ်ပြီး။
  24. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း MOI။ 1 August 2025 တွင် ပြန်စစ်ပြီး။
  25. နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း Myanmar Digital News။ 2025 July 31 တွင် ပြန်စစ်ပြီး။
  26. ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
  27. အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်း MOI Myanmar (၅ ဩဂုတ် ၂၀၂၅)။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  28. လွတ်ငြိမ်းချမ်းသာခွင့်အမိန့် MOI။ 14 September 2025 တွင် ပြန်စစ်ပြီး။
  29. ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း Ministry of Information။ 5 August 2025 တွင် ပြန်စစ်ပြီး။
  30. နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း MOI။ 2025 August 4 တွင် ပြန်စစ်ပြီး။
  31. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း MOI။ 5 August 2025 တွင် ပြန်စစ်ပြီး။
  32. ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း MOI။ 5 August 2025 တွင် ပြန်စစ်ပြီး။
  33. ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း MOI။ 5 August 2025 တွင် ပြန်စစ်ပြီး။
  34. ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း MOI။ 5 August 2025 တွင် ပြန်စစ်ပြီး။
  35. ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း MOI။ 5 August 2025 တွင် ပြန်စစ်ပြီး။
  36. အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး Eleven Media။ 5 August 2025 တွင် ပြန်စစ်ပြီး။
  37. မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ် Eleven Media။ 5 August 2025 တွင် ပြန်စစ်ပြီး။
  38. အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်း Eleven Media။ 6 August 2025 တွင် ပြန်စစ်ပြီး။
  39. မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး Myawaddy Webportal။ 5 August 2025 တွင် ပြန်စစ်ပြီး။
  40. နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဦးစီးအဖွဲ့များ ဖွဲ့စည်းခြင်း Myawaddy Webportal။ 5 August 2025 တွင် ပြန်စစ်ပြီး။
  41. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ် Myawaddy Webportal။ 5 August 2025 တွင် ပြန်စစ်ပြီး။
  42. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေး မြဝတီသတင်း။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  43. စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေး Myawaddy news။ 5 August 2025 တွင် ပြန်စစ်ပြီး။
  44. ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း MOI။ 5 August 2025 တွင် ပြန်စစ်ပြီး။
  45. ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း ပြန်ကြားရေးဝန်ကြီးဌာန။ 8 August 2025 တွင် ပြန်စစ်ပြီး။
  46. ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်း အစိုးရအဖွဲ့တို့တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ထပ်မံခန့်အပ် Eleven Media။ 8 August 2025 တွင် ပြန်စစ်ပြီး။
  47. မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း ပြန်ကြားရေးဝန်ကြီးဌာန။ 14 September 2025 တွင် ပြန်စစ်ပြီး။
  48. မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း MOI။ 14 September 2025 တွင် ပြန်စစ်ပြီး။
  49. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၂၀၂၅ ခုနှစ်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ MOI။ 2025-8-1 တွင် ပြန်စစ်ပြီး။
  50. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ MOI။ 2025-8-12 တွင် ပြန်စစ်ပြီး။
  51. နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြန်ကြားရေးဝန်ကြီးဌာန။ 22 September 2025 တွင် ပြန်စစ်ပြီး။
  52. မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း (in my)။ 2026-03-17 တွင် ပြန်စစ်ပြီး။
  53. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (in my)။ 2026-03-17 တွင် ပြန်စစ်ပြီး။
  54. ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ | Ministry Of Information 2026-03-17 တွင် ပြန်စစ်ပြီး။
  55. ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေပြဋ္ဌာန်း (in my)။ 2026-03-17 တွင် ပြန်စစ်ပြီး။
  56. နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ | Ministry Of Information 2026-03-17 တွင် ပြန်စစ်ပြီး။
  57. ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေပြဋ္ဌာန်း (in my)။ 2026-03-17 တွင် ပြန်စစ်ပြီး။
  58. မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း | Media Development Department 2026-03-17 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  59. "ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၆ ခုနှစ်) | Ministry Of Information" (in en)။
  60. သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း | Ministry Of Information 2026-03-17 တွင် ပြန်စစ်ပြီး။
  61. အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ | Ministry Of Information 2026-03-17 တွင် ပြန်စစ်ပြီး။
  62. နေပြည်တော်ကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ | Ministry Of Information 2026-03-17 တွင် ပြန်စစ်ပြီး။
  63. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ | Ministry Of Information 2026-03-17 တွင် ပြန်စစ်ပြီး။
  64. ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း | Media Development Department 2026-03-17 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  65. ယစ်မျိုးဥပဒေ ပြဋ္ဌာန်း | Ministry Of Information 2026-03-17 တွင် ပြန်စစ်ပြီး။
  66. မျိုးစေ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း | Ministry Of Information 2026-03-17 တွင် ပြန်စစ်ပြီး။
  67. မြေဩဇာဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း | Ministry Of Information 2026-03-17 တွင် ပြန်စစ်ပြီး။
  68. ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်း (in my)။ 2026-03-17 တွင် ပြန်စစ်ပြီး။
  69. အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေ ပြဋ္ဌာန်း (in my)။ 2026-03-17 တွင် ပြန်စစ်ပြီး။
  70. ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း | Ministry Of Information (in en)။ 2026-03-17 တွင် ပြန်စစ်ပြီး။
  71. မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ ပြဋ္ဌာန်း (in my)။ 2026-03-18 တွင် ပြန်စစ်ပြီး။
  72. ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ | Ministry Of Information (in en)။ 2026-04-03 တွင် ပြန်စစ်ပြီး။
  73. အပင်ပိုးမွှားကာကွယ်သည့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း (in my)။ 2026-04-04 တွင် ပြန်စစ်ပြီး။
  74. 1 2 3 "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) ကျင်းပ"။
  75. ORDER NO (33/2024): VP PERMITTED TO RETIRE mitv (22 April 2024)။ 22 April 2024 တွင် ပြန်စစ်ပြီး။
  76. ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒုတိယဝန်ကြီးချုပ်လေးဦး ထပ်မံခန့်အပ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနလေးခုမှ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခန့်အပ် Eleven Media Group (၁ဖေဖော်ဝါရီ ၂၀၂၃)။ ၂၁ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  77. National Defense and Security Council (NDSC) Alternative Asean Network on Burma (9 July 2013)။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 June 2015 တွင် ပြန်စစ်ပြီး။
  78. "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၉/၂ဝ၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၆ ဧပြီ ၂၀၁၁။ Archived from the original on 4 February 2019။
  79. "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ပြင်ဆင်ဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၃/၂၀၁၂)"၊ နိုင်ငံတော်သမ္မတရုံး၊ ၁၆ ဩဂုတ် ၂၀၁၂။ Archived from the original on 4 February 2019။
  80. မော်ကွန်းတင်ပြီးမိတ္တူ 19 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2020 တွင် ပြန်စစ်ပြီး။