မဟာမြတ်မုနိဘုရား (ကျိုင်းတုံမြို့)

ဝီကီပီးဒီးယား မှ
မဟာမြတ်မုနိဘုရား
Wat Pha Jao Lung
အချက်အလက်များ
ကိုဩဒိနိတ်21°17′29″N 99°36′11″E / 21.291416°N 99.602946°E / 21.291416; 99.602946ကိုဩဒိနိတ်: 21°17′29″N 99°36′11″E / 21.291416°N 99.602946°E / 21.291416; 99.602946
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံကျိုင်းတုံမြို့ရှမ်းပြည်နယ်
ဗိသုကာ
တည်ထောင်သူစဝ်ကွမ်ကျောက်အင်းတလိုင်း
ပြီးစီး၁၉၂၆; ၉၈ နှစ် အကြာက (၁၉၂၆)

မဟာမြတ်မုနိဘုရား (Wat Phra Sao Luang ဟုလည်း သိကြ) သည် ရှမ်းပြည်နယ်ကျိုင်းတုံမြို့တွင် တည်ရှိသည့် ဘုရားတစ်ဆူ ဖြစ်သည်။ ဤဘုရားသည် မန္တလေးရှိ မဟာမြတ်မုနိဘုရား၏ ပုံစံကို ကူးယူကာ တည်ဆောက်ထားသဖြင့် ထင်ရှားသည်။

ဤရုပ်ပွားတော်ကို ၁၉၂၀ ခုနှစ်တွင် Wat Zaing Ngarm ၏ ကျောင်းထိုင်နှင့် ကျိုင်းတုံနယ် စော်ဘွား စဝ်ကွမ်ကျောက်အင်းတလိုင်း တို့က တည်ထားကိုးကွယ်ခဲ့သည်။ မန္တလေးရှိ မဟာမြတ်မုနိပုံစံတူ ရုပ်ပွားတော်ဖြစ်ပြီး ၁၉၂၁ ခုနှစ်တွင် ဦးသစ်နှင့် သူ၏ အလုပ်သမားတို့သည် သွန်းလုပ်ခဲ့ကြသည်။ ရုပ်ပွားတော်ကို ၁၉၂၆ ခုနှစ်တွင် ကျိုင်းတုံမြို့နယ်အလယ်ရှိ ကျောင်းတော်အသစ်တစ်ခုတွင် ထားရှိခဲ့သည်။[၁]

မန္တလေးရှိ ရုပ်ပွားတော်ကြီးနှင့် တူစေရန် မျက်နှာတော်ကို တစ်လလျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ မျက်နှာတော်ကို ပွတ်တိုက်ဆေးကြောခြင်းများ ဆောင်ရွက်ခဲ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Klemens၊ Karlsson (2007)။ Tai Khun Buddhism and Ethnic-Religious Identity (in en)။ 2018-10-22 တွင် ပြန်စစ်ပြီး။