မွန်အမျိုးသားပါတီ

ဝီကီပီးဒီးယား မှ
မွန်အမျိုးသားပါတီ
ဗော် ကောန်ဂကူ မန်
အင်္ဂလိပ် အမည်Mon National Partyv
နာယကဦးနိုင်ငွေသိန်း
အထွေထွေ အတွင်းရေးမှူးဒေါက်တာမင်းစိုးလင်း
တည်ထောင်ခြင်း၁၉၉၀ (၁၉၉၀)
၂၆ ဧပြီ ၂၀၁၂ (၂၀၁၂-၀၄-၂၆)[၁](ပြန်လည် မှတ်ပုံတင်)
ဖျက်သိမ်းခြင်း၁၁ ဇူလိုင် ၂၀၁၉
ဆက်ခံမွန်ညီညွတ်ရေးပါတီ
ဌာနချုပ်မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့မွန်ပြည်နယ်
အဖွဲ့ဝင်၅၀,၀၀၀+[၂]
နိုင်ငံရေး သဘောတရားမွန်လူမျိုး အခွင့်အရေး
ဖက်ဒရယ်ပြည်ထောင်စုစနစ်
အရောင်အနီ
အမျိုးသားလွှတ်တော် အမတ်နေရာ
၁ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
မွန်ပြည်နယ် လွှတ်တော် အမတ်နေရာ
၂ / ၃၁
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

မွန်အမျိုးသားပါတီ (အင်္ဂလိပ်: Mon National Party; အတိုကောက် MNP; မွန်: ဗော် ကောန်ဂကူ မန်) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Mon National Party- MNPဟု လူသိများသည်။ မွန် ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ပါတီနှစ်ခုကို ပူးပေါင်း၍ ၂၀၁၄ ဇန်နဝါရီ ၂၆ ရက်တွင် မွန်အမျိုးသား ပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းသည်။[၃] ပါတီ၏ နိုင်ငံရေး သဘောတရားမှာ မွန်လူမျိုး အခွင့်အရေး နှင့်  ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (Mon National Democratic Front) ကို စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အား နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်အချို့ကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ သဘောမတူသည့်အတွက် မှတ်ပုံတင်ပြန်လည်ပြုလုပ်ခြင်းမရှိခဲ့ပေ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် ဧပြီ ၂၆ ရက်နေ့တွင် မွန်ဒီမိုကရေစီပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး[၁] ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ပေ။

၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာပါတီနှစ်ခုကို ပူးပေါင်း၍ မွန်အမျိုးသားပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[၂] ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အဖြစ်သို့ ပါတီနာမည်ပြောင်းလဲခဲ့ရာတွင် နိုင်သက်လွင် သည် ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။

မွန်အမျိုးသားပါတီအနေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော်တစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာသာ အနိုင်ရရှိခဲ့သည်။[၄]

ဖျက်သိမ်းခြင်း[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည့်အတွက် မွန်အမျိုးသားပါတီကို ပါတီမှတ်ပုံတင် ဖျက်သိမ်းခဲ့သည်။[၅]

ပါတီမူဝါဒ[ပြင်ဆင်ရန်]

  • အမျိုးသား တန်းတူညီမျှမှုနှင့် တိုင်းရင်သားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊
  • စစ်မှန်သည့် ဒီမိုကရက်တစ် ပြည်ထာင်စု ထူထောင်ရေး၊
  • ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေး။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Mon National Partyပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၂၁ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ မွန်အမျိုးသားပါတီ။ ၇ ရက်သတင်းဂျာနယ် (၂၉ ဩဂုတ် ၂၀၁၅)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. https://www.bbc.com/burmese/burma/2015/10/151014_2015_election_party_49
  4. https://elevenmyanmar.com/news/30193
  5. နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၁၂ ဇူလိုင် ၂၀၂၀)။ 17 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။