မာတိကာသို့ ခုန်သွားရန်

လမ်းပြကြယ်ပါတီ

ဝီကီပီးဒီးယား မှ
လမ်းပြကြယ်ပါတီ
အင်္ဂလိပ် အမည်Guiding Star Party
ဥက္ကဋ္ဌဦးအေးမြင့်
ဆောင်ပုဒ်လူဝါဒကို အားမထားဘဲ မူဝါဒကို အားထားသည်
တည်ထောင်ခြင်း၂၀ မေ ၂၀၁၅ (၂၀၁၅-၀၅-၂၀)
ဌာနချုပ်ပဲခူးမြို့ပဲခူးတိုင်းဒေသကြီး
အဖွဲ့ဝင်၅၀,၀၀၀ ခန့်[]
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

လမ်းပြကြယ်ပါတီ (အင်္ဂလိပ်: Guiding Star Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

တောင်သူလယ်သမားများနှင့် အခြေခံပြည်သူလူထုအကျိုးကို ဆောင်ရွက်ရန် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် လမ်းပြကြယ်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ လမ်းပြကြယ်ပါတီ တည်ထောင်ရန် ၂၀၁၅ မေလတွင် ပါတီမှတ်ပုံတင်ရရှိခဲ့သည်။[]

ပယ်ဖျက်ခြင်း

[ပြင်ဆင်ရန်]

လမ်းပြကြယ်ပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 "လမ်းပြကြယ်ပါတီ" (၂၂ စက်တင်ဘာ ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၈၆၄). Retrieved on ၃၀ မတ် ၂၀၁၇.
  2. လမ်းပြကြယ်ပါတီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် 17 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ 2025-6-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-11 တွင် ပြန်စစ်ပြီး။