ကမ္ဘာမကျေ
| English: Till the End of the World | |
|---|---|
| ကမ္ဘာမကျေ | |
| စာသား | ဝဏ္ဏကျော်ထင် ဝိုင်အမ်ဘီ ဆရာတင် (၁၉၃၀)နှင့် ဝဏ္ဏကျော်ထင် စိန်မြမောင် (၁၉၄၇) |
| ဂီတ | ဝဏ္ဏကျော်ထင် ဝိုင်အမ်ဘီ ဆရာတင်, ၂၀ ဇူလိုင် ၁၉၃၀ |
| အတည်ပြုခြင်း | ၂၂ စက်တင်ဘာ ၁၉၄၇ |
| အသံနမူနာ | |
ကမ္ဘာမကျေ (တီးလုံး) | |

ကမ္ဘာမကျေသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းဖြစ်သည်။ သီချင်း၏ အစပိုင်း(ခြေဆင်း) ကို မြန်မာ့ရိုးရာသံစဉ်ဖြင့် တီးခတ်ထားခဲ့သည်။ ထို့နောက် အနောက်တိုင်းဂီတသံစဉ်သို့ ပြောင်းလဲ တီးခတ်ထားသည်ကို တွေ့ရသည်။ ဤသီချင်းစာသား၊ သံစဉ်များကို ဝိုင်အမ်ဘီ ဆရာတင်[၁]ခေါ် သခင်တင် ရေးစပ်သီကုံးထားခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် စက်တင်ဘာ ၂၂ တွင် တိုင်းပြုပြည်ပြု လွှတ်တော် တတိယညီလာခံ ဆဋ္ဌမမြောက် အစည်းအဝေး မှ ကမ္ဘာမကျေ ကို နိုင်ငံတော်သီချင်း အဖြစ် အတည်ပြုခဲ့သည်။ [၂][၃]
ဝေါဟာရရင်းမြစ်
[ပြင်ဆင်ရန်]ကမ္ဘာကျေ/ကြေ (သို့) မကျေ/မကြေ ဟူသောစကားစုကို အသုံးပြု၍ မြန်မာနိုင်ငံရှိ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ စာရေးဆရာများက ခေတ်အဆက်ဆက်တွင် အသုံးပြုခဲ့ကြသည်။ မှတ်တမ်းများအရ အစောဆုံးတွေ့ရသော စကားစုမှာ ဆရာတော်ဦးဗုဓ်၏ ကဗျာသာရတ္ထသင်္ဂဟကျမ်းတွင် ရေးသားထား၍ ဤသို့နှစ်မျိုးတွေ့ရသည်။
ပွတ်ခုံပွတ်ကျေ၊ ကျေပွန်စကား၊ စားသောက်မကျေ၊ မကျေကမ္ဘာ (ယပင့်)
အစာလည်းကြေ၊ သိသိကြေက၊ ပျက်ကြေညက်ကြေ၊ ကမ္ဘာကြေ၍ (ရရစ်)
ထို့နောက်ပိုင်း မြန်မာစာ ပညာရှင်များအဖွဲ့က ကျမ်းစာများ၊ ရေးထုံးများ၊ ရှေးဟောင်းစာပေများကို နှိုင်းယှဉ်သုံးသပ်ခဲ့ကြ၍ "ကျေ" နှင့် "ကြေ" အသုံးကို ဆုံးဖြတ်ခဲ့ကြသည်။ ရုပ်ဝတ္ထုရှိသောအရာတစ်ခုခု မှုန့်၊ ညက်၊ ကျိုး၊ ကွဲသွားသောအခါ၌ ရရစ်ဖြင့် ကြေ ၊ ရုပ်ဝတ္ထုမဲ့ (သို့) ဒြပ်မဲ့သော အရာများ ပျောက်ပျက်သွားလျှင် ယပင့်ဖြင့် ကျေ ဟုရေးရန်ဖြစ်သည်။
မြန်မာစာအဖွဲ့က ဆရာကြီးဦးထွန်းတင့်သည် "ကမ္ဘာမကျေ" ဟုရေးသင့်ကြောင်း အကျိုးအကြောင်းပြ၍ပြောဆိုသည်။ နိုင်ငံတော်သီချင်း၌ပါရှိသော ကမ္ဘာဆိုသည်မှာ မြေကြီးကမ္ဘာကို ဆိုလိုခြင်းမဟုတ်နိုင်၊ အချိန်ကာလများ ကမ္ဘာပေါင်းများစွာကြာသော်လည်းလည်း မကျေမပျက် (မပျက်စီး) ဟုဆိုလိုဟန်တူသည်။ ထို့ကြောင့် ယပင့်ဖြင့် ရေးမှသာ သင့်တော်မည်ဟု ယူဆသည်။ ကမ္ဘာသည် အချိန်ကာလ (ဒြပ်မဲ့) သဘောကို ရည်ညွှန်းသည်ဖြစ်၍ ယပင့်ဖြင့်သာ ရေးသင့်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
သို့သော်လည်း ကမ္ဘာမကျေသီချင်းသည် တို့ဗမာသီချင်းကို အပြောင်းလဲပြု၍ ရေးဖွဲ့ထားခြင်းဖြစ်ကာ တို့ဗမာသီချင်းတွင် "ကမ္ဘာမကြေ" ဟူ၍ စာရေးဆရာ(များ) ကသုံးနှုန်းထားသည်။ တို့ဗမာသီချင်းစပ်ဆိုရာ၌ အဓိကရေးဖွဲ့သူမှာ သခင်တင် (ဝိုင်အမ်ဘီ) ဖြစ်ပြီး အကြံပေးသူအချို့ရှိ၍ ထိုအထဲမှ သခင်ဘသောင်း[မှတ်စု ၁]က "ယူဇနာနှစ်သိန်းလေးသောင်းအထုရှိတဲ့ ဤကမ္ဘာမြေကြီးဟာ ကြေပျက်မသွားသမျှကာလပတ်လုံး ဗမာပြည်ဟာ ငါတို့ပိုင်တဲ့ပြည်ဖြစ်သည်" ဟူ၍ အဓိပ္ပာယ်ဖွင့်ခဲ့သည်။ သို့ရာတွင် ဤစကားလုံးများသည် သခင်ဘသောင်း တီထွင်ခဲ့သောဝေါဟာရမဟုတ်ဘဲ အစောဆုံးတွေ့ရှိရသည့် မှတ်တမ်းအရ ဆရာတော် ဦးဗုဓ်ဖြစ်သည်။ ဆရာတော်က "ကမ္ဘာမကျေ" ဟု မူရင်း၌ သုံးစွဲထားခဲ့သည်။[၃] လက်ရှိ၌လည်း ဤနိုင်ငံတော်သီချင်းကို "ကမ္ဘာမကျေ" ဟူသောစကားလုံးများဖြင့်သာ တရားဝင်ပြဋ္ဌာန်းထားသည်။[၄]
လက်ရှိတရားဝင် စာသား
[ပြင်ဆင်ရန်]| သီချင်းစာသား[၅] | IPA transcription | MLC transcription |
|---|---|---|
|
|
|
သမိုင်းဝင် စာသား
[ပြင်ဆင်ရန်]၁၉၄၇ ခုနှစ် ပထမမူကြမ်း
[ပြင်ဆင်ရန်]အမျိုးသားရေး ကြိုးပမ်းစို့လေ၊ ဒို့ပြေ ဒို့မြေ၊ အရှေ့က နေဝန်းထွန်းသစ်စပုံသို့ ဒို့ဆောင်သမျှအောင်ရမည်မှာ မလွဲပေ။ ဒို့ပြေ-ဟေ့ဒိုမြေ၊ ဒို့ပြည်ထောင်စုပေ၊ ဒို့တတွေ ရဲ့ပြေ၊ ဒို့တတွေရဲ့မြေ၊ တိုင်းရင်းသားအမွေ။
𝄆 ကမ္ဘာမကြေ၊ ဗမာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ။ 𝄇 ဒါဒို့ပြေ ဒါဒို့မြေ ဒို့ကိုယ်ပိုင်မြေ၊ ဒို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ၊ ဒို့ပြေဒို့မြေ အကျိုးကို ကာကွယ် သယ်ပိုးမလေ၊ ဒို့ပြည်ထောင်စုအမွေ အဖိုးတန် ဤမြေ ဒို့တာဝန်ပေ။
၁၉၄၇ ခုနှစ် တရားဝင်စာသား (၁၉၄၈-၁၉၈၉)
[ပြင်ဆင်ရန်]တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ၊ တို့ပြည်၊ တို့မြေ၊ များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့ပြည်၊ တို့ပြည်၊ တို့မြေ၊ ပြည်ထောင်စုအမွေ၊ အမြဲတည်တံ့စေ၊ အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ
𝄆 ကမ္ဘာမကြေ၊ ဗမာပြည်၊[မှတ်စု ၂] တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ။ 𝄇 ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။ တို့ပြည် တို့မြေ အကျိုးကို ညီညာစွာတို့တတွေ ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ။
ပြင်ဆင်မှု
[ပြင်ဆင်ရန်]နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် နိုင်ငံတော်သီချင်းပါ "ဗမာ"ဟူသော စကားရပ်ကို "မြန်မာ"ဟူသည့် စကားရပ်ဖြင့် ပြောင်းလဲပြင်ဆင်ခဲ့သည်။
အခြားကြည့်ရန်
[ပြင်ဆင်ရန်]မှတ်စု
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ နန်းတော်ရှေ့ဆရာတင် - ဦးသော်ဇင် (စာမျက်နှာ-၃၉)
- ↑ လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စွဲသမိုင်း − ကျော်ငြိမ်း (၁၉၄၅ မှ ၁၉၄၈ − စာ ၇၄)
- 1 2 နိုင်ငံတော်သီချင်း - ကမ္ဘာမကျေလား၊ ကမ္ဘာမကြေလား။
- ↑ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ နိုင်ငံတော်သီချင်းဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၁၀/၂၀၁၀) ၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် (၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်)။ 9 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 September 2020 တွင် ပြန်စစ်ပြီး။
- ↑ Constitution of the Republic of the Union of Myanmar (2008) Chapter 13 State Flag, State Seal, National Anthem and the Capital. Article 439 (a). Page 176.
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Szbszig - vocal version taken from Burmese Radio Programme ()
- Yadanabon 12 March 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . - The information website about Burma features a page about the National Anthem, with a sound file taken from the "Myanmar Radio Main Programme" Interval stored in the Interval Signals Online 5 January 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . website.
- Ga Ba Majay Ba Ma Pyay (MIDI file) 29 April 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Sheet music 15 December 2003 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (from Embassy of Burma to Washington)