တောင်ငူ-ဟံသာဝတီခေတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တောင်ငူ-ဟံသာဝတီခေတ်သည် မြန်မာတို့၏ အထွတ်အထိပ်ရောက်သည့် ကာလများအနက်မှ တစ်ခုဖြစ်သည်။ပုဂံပျက်သုဉ်းပြီးချိန်မှ စကာ အင်းဝကိုဗဟိုပြုနေသည့် ဗမာတို့အတွက် အောက်ပြည်အရပ်မှ မွန်တို့၏ရန်စစ်၊မြောက်ဖက်မှ တစ်စတစ်စအင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ရန်စစ်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံး တစ်နယ်တစ်မင်း အုပ်ချုပ်နေသည်အထိ ပျက်စီးနေချိန်တွင် အင်းဝလက်အောက်ခံ ကေတုမတီတောင်ငူမှ မင်းကြီးညို၊သားတော် တပင်ရွှေထီး နှင့် ယောက်ဖဖြစ်သူ ဘုရင့်နောင်တို့ ကအသီးသီး အစဉ်မပျက် နိုင်ငံကိုချဲ့ထွင်ကြရာ မင်းကြီးညိုလက်ထက်တွင် အတန်အတင့် အင်အားကောင်းမွန်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း၊သားဖြစ်သူ တပင်ရွှေထီးလက်ထက်တွင် အောက်ပြည်ရှိ မွန်တို့၏ပိုင်နက် နှင့် ဘုရင့်နောင်လက်ထက်တွင် ယနေ့မြန်မာနိုင်ငံ နယ်နိမိတ်အပြင်သို့ကျော်ကာ အနောက်ဖက်တွင် မဏိပူရ မှ အရှေ့ဖက် ထိုင်းနိုင်ငံ အယုဒ္ဒယ အထိ၊မြောက်ဖက်တွင် ကချင်ပြည်နယ်မှ တောင်ဖက်ကော့သောင် အထိ ကျယ်ပြန့်လာခဲ့သည်။နောက် ကမာ္ဘဇသာဒီ နန်းတော် ကိုလည်းတည်ခဲ့သည်။သို့သော် အမြော်အမြင်ကြီးမားသည့် ဘုရင့်နောင်သည် သားတော်နန္ဒဘုရင်လက်ထက်တွင် မိမိတည်ထောင်သည့် နိုင်ငံကြီးအလွယ်တကူပြိုပျက်သွားမည့်အရေးကိုမူ ကြိုသိမသွားခဲ့နိုင်ပေ။နန္ဒဘုရင်လက်ထက်တွင် လက်အောက်ခံ နယ်စားပယ်စားများ အသီးသီးပုန်ကန်ကြပြီး နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး နှင့်တောင်ငူဘုရင်ခံ မင်းရဲသီဟသူတို့၏တိုက်ခိုက်မှုကြောင့် ကမော္ဘဇသာဒီနန်းတော်ကြီးဖျက်ဆီးခံရပြီး နန္ဒဘုရင်လည်းနန်းကျကာ တောင်ငူသို့ သုံပန်းအဖြစ်သို့ပါခဲ့ရသည်။ဘုရင့်နောင်၏ သားဖြစ်သူ ညောင်ရမ်းစား ရှင်သစ္စာ က ညောင်ရမ်းမင်းဆက်ကို တည်ထောင်ပြီး ၎င်းနှင့် ၎င်းအဆက်အနွယ်များက နိုင်ငံကိုထိန်းသိမ်းကြသော်လည်း ယခင်ကဲ့သို့ကြီးပွားမှုကိုကား မမှီတော့ပေ။

ဆက်စပ်လေ့လာရန်[ပြင်ဆင်ရန်]