ဒံပေါက်

ဝီကီပီးဒီးယား မှ
ဒံပေါက်
အခြားအမည်များဘရာနီ
အဓိကသုံးဆောင်မှုနေ့လယ်စာ၊ ညနေစာ
မူရင်းနိုင်ငံအီရန်
ဖန်တီးသူမသိ
သုံးဆောင် အပူချိန်အပူ
အဓိက ပါဝင်ပစ္စည်းဆန်၊ အသား၊ အရွက်
မျိုးကွဲများဒံပေါက်ထမင်းအမျိုးမျိုးကိုကြည့်ပါ
Cookbook: ဒံပေါက်  Media: ဒံပေါက်

ဒံပေါက် (အာရပ်: دم‌پخت‎‎) ခေါ် ဘရာနီ (သို့) biriani၊ berianiသည် ထမင်းအမျိုးအစား တောင်အာရှမှ စားဖွယ် တစ်မျိုးဖြစ်ပြီး ဟင်းခတ်အမွှေး အကြိုင်များ၊ အသား အမျိုးမျိုးနှင့် အရွက် အမျိုးမျိုးဖြင့် အဓိကချက်လုပ်သည်။ အီရန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့သော်လည်း[၁]မူဆလင် ခရီးသွားများနှင့် ကုန်သည်များကြောင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ပျံ့နှံရောက်ရှိ လာခြင်းဖြစ်သည်။ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အီရန်၊ အီရတ်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ နှင့် ထိုင်း စသည့်နိုင်ငံများတွင် ဒံပေါက်မှာ လူကြိုက်များသော အစားအစားတစ်ရပ် ဖြစ်သည်။ မူရင်း ဘရာနီဟူသော အမည်မှာ ပါရှန်ဘာသာ beryā(n)(بریان) မှဆင်းသက် လာခြင်းဖြစ်ပြီး အကြော်(သို့)ပြုတ်ကြော် ဟုအဓိပ္ပါယ်ရသည်။[၂]အချို့ကမူ မချက်ခင် ကြော်ခြင်း ဟုလည်း ဆိုသည်။[၁]

အသုံးပြုသောပစ္စည်းများ[ပြင်ဆင်ရန်]

ဒံပေါက်ချက်လုပ် ရာတွင် ယေဘုယျ အသုံးပြုသော ပစ္စည်းများမှာ ဘာစ်မတီဆန်ဂီးထောပတ်ပဲစိမ်းပဲဇီရာစေ့၊ ဖာလာစေ့၊ လေးညှင်းပွင့်သစ်ကြပိုးခေါက်၊ ကရဝေးရွက်၊ နံနံပင်၊ ပူဒီနာရွက်(mint)၊ ဂျင်းကြက်သွန်နီကြက်သွန်ဖြူ တို့ဖြစ်ကြသည်။ အရည်အသွေးမြင့် ချက်လုပ်ရာတွင် ကုံကုမံ(saffron) အမည်ရှိ ဟင်းခတ်အမှမွှေးအကြိုင် ကိုအသုံးပြုသည်။ သက်သက်လွတ် မဟုတ်သော ဒံပေါက်များတွင် အသားအဖြစ် အမဲသား၊ ကြက်သား၊ ဆိတ်သား၊ သိုးသား နှင့် ပုဇွန်တို့ကိုပါ သုံးကြသည်။ ဒံပေါက်ကို ချပ်တနီး၊ မကျည်းအချဉ်ရည်၊ ဒိန်ချဉ်ဟင်း၊ အခြားအိန္ဒိယ အချဉ်ဟင်းအမျိုးမျိုး၊ ခရမ်းသီးချက်နှင့် ကြက်ပြုတ် တို့ဖြင့် တွဲဖက်စားသုံးလေ့ ရှိကြသည်။ ဒံပေါက်နှင့် pullao တို့၏ အဓိကကွဲပြားပုံမှာ၊ ထမင်းနှင့် အသုံးပြုပစ္စည်းများကို ခွဲခြားချက်ပြုတ်ခြင်းနှင့် အတူတကွ ချက်ပြုတ်ခြင်းတို့ ဖြစ်သည်။

ဒံပေါက်ထမင်းအမျိုးမျိုး[ပြင်ဆင်ရန်]

အီရန်နိုင်ငံတွင် ဒံပေါက်မှာ Isfahanမြို့ထွက် အစားအစားဖြစ်ပြီး နုပ်နုပ်စင်း ထားသည့် သိုးသားနှင့်အဆုတ်မီးဖုတ် တို့ကို အထူးပြုလုပ်ထားသည့် ဒယ်အိုးပြားဖြင့် ချက်လုပ်သည်။ ထို့အပြင် ဒံပေါက်အား "nan-e taftton"အမည်ရှိ ပေါင်မုန့်ဖြင့်ပါ တွဲဖက်စားလေ့ရှိသည်။

ပါကစ္စတန်နှင့် အိန္ဒိယ မြောက်ပိုင်းတို့ရှိ ကရာချီမြို့နှင့် လားဟိုမြို့တို့တွင် ကြက်သားဒံပေါက်မှာ အထူးရေပန်းစားသည်။[၃]အိန္ဒိယ Awadh ဒံပေါက်တွင် အာလူးပါ ပါဝင်ပြီး၊ Sindhi ဒံပေါက်မှာ ပါကစ္စတန်နိုင်ငံတဝှမ်းတွင် စားသုံးကြသည်။ အိန္ဒိယတောင်ပိုင်း မလာဘာဒေသ၏ မလာဘာကြက်သား ဒံပေါက်မှာလည်း အခြားဒေသများတွင်ပါ ကျော်ကြားသည်။ ထို့အပြင် သက်သက်လွတ်ဒံပေါက်အား Tahiriဟုခေါ်ပြီး အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံရှိ နေအိမ်များတွင် ချက်ပြုတ်စားသုံး ကြသည်။ ဘင်္ဂလားဒေ့ရှ်၊နိုင်ငံရှိ ထမင်းဆိုင်များ အားလုံးလိုလိုတွင် ကြက်သားနှင့် သိုးသားဒံပေါက် ရောင်းချကြသည်။

မြန်မာနိုင်ငံတွင် ဒံပေါက်ထမင်းကို ဘာစ်မတီဆန်အစား ပြည်တွင်းဖြစ် ဆန်ဖြင့်ချက်လုပ်သည်။ အခြားဒံပေါက်များနှင့် မတူသည့်အချက်မှာ ကြက်သားအား ထမင်းနှင့် တပါတည်း ရော၍ချက်လုပ်ပြီး သီဟိုဠ်စေ့နှင့် စပျစ်သီးခြောက် တို့ကိုလည်း အသုံးပြုခြင်း ဖြစ်သည်။ ထို့အပြင် ဒံပေါက်ထမင်းကို ကြက်သွန်သခွါးသီး၊ ခရမ်းချဉ်သီး တို့ဖြင့် ပြုလုပ်ထားသော အချဉ်သုပ် ဖြင့်တွဲဖက် စားသုံးလေ့ ရှိသည်။ မြန်မာနိုင်ငံတွင် ဒံပေါက်ထမင်းသာ သီးသန့်ရောင်းချသော ဆိုင်မြောက်မြားစွာ ရှိပြီး၊ ယင်းတို့အနက် နီလာဒံပေါက်၊ ကြက်လျှာစွန်း ဒံပေါက်တို့မှာ အထူးထင်ရှားသည်။ ထို့အပြင် အလှူပွဲ၊ ရှင်ပြု၊ ဆွမ်းကျွေး စသည့်ဘာသာရေး၊ လူမှုရေး အခမ်းအနားများတွင်လည်း ဒံပေါက်​ကျွေးသည့် ဓလေ့ရှိသည်။

ထိုင်းနိုင်ငံတွင် ဒံပေါက်မှာ ထိုင်းမူစလင် ဟင်းလျာအဖြစ် ထင်ရှားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မော်ကွန်းတင်ပြီးမိတ္တူ။ 15 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2009 တွင် ပြန်စစ်ပြီး။
  2. American Heritage Dictionary of the English Language, Oxford English Dictionary
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 6 March 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2009 တွင် ပြန်စစ်ပြီး။