မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ
| မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ | |
|---|---|
| အင်္ဂလိပ် အမည် | Myanmar Farmers Development Party |
| နာယက | ဦးကျော်စွာစိုး |
| ဗဟိုအလုပ်အမှုဆောင် | ဒေါ်ခင်သန်းဦး |
| တည်ထောင်ခြင်း | ၆ နိုဝင်ဘာ ၂၀၁၂ |
| ဌာနချုပ် | တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
| အဖွဲ့ဝင် | ၆,၀၀၀,၀၀၀ [၁] |
| အရောင် | အနီ |
| အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
| ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
| ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
| မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ | |
မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (အင်္ဂလိပ်: Myanmar Farmers Development Party; အတိုကောက် MFDP) သည် ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် နိုင်ငံရေးပါတီ ဖြစ်သည်။ [၂]
နောက်ခံသမိုင်း
[ပြင်ဆင်ရန်]လယ်သမားထုက ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့ဖူးခြင်းမရှိသည့် လယ်သမားပါတီ ထူထောင်ရန် တောင်းဆိုခြင်းကြောင့် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ၂၀၁၂ နိုဝင်ဘာ ၆ ရက်တွင် ပါတီဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ [၁]
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၈၆ ဦး ပါဝင်ယှဉ်ပြိုင်မည်ဟု ဆိုသည်။[၃] တစ်နေရာမှ မရခဲ့ပေ။
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၂၇) ဖြင့် ခွင့်ပြုခဲ့သည်။[၄] [၅]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ။ Vote4Myanmar။ 22 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar Times > Election 2015 > Parties > Myanmar Farmers Development Party။ 17 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2015 တွင် ပြန်စစ်ပြီး။
- ↑ The Irrawaddy - Myanmar Farmers Development Party
- ↑ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ(Myanmar Farmers’ Development Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း။ MOI Myanmar (၂၁ ဇွန် ၂၀၂၃)။ ၁၇ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့အလုပ်သမားပါတီနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကို UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးလက်ရှိတွင် မှတ်ပုံတင်ခွင့်ပြုထားသည့်ပါတီ ၂၇ ရှိလာ။ Eleven Media Group (၂၂ ဇွန် ၂၀၂၃)။ ၁၇ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
| ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |