ပြည်ထဲရေး ဝန်ကြီးဌာန
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း | |
---|---|
![]() | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် | ရုံးအမှတ် (၁၀)၊ နေပြည်တော် |
ဝန်ကြီးများ | ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် |
ဒုတိယဝန်ကြီးများ | ဗိုလ်ချုပ်တိုးရီ ဗိုလ်ချုပ်ဇင်မင်းထက်(ရဲချုပ်ပူးတွဲ) |
ဌာနခွဲများ |
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ပြည်ထဲရေး နှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနထားရှိသည်။ လက်ရှိ ပြည်ထဲရေးဝန်ကြီးမှာ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဖြစ်သည်။ ဒုတိယဝန်ကြီးများမှာ ဗိုလ်ချုပ်တိုးရီနှင့် ဗိုလ်ချုပ်ဇင်မင်းထက်(ရဲချုပ်ပူးတွဲ)၊ ညွှန်ကြားရေးမှူးချုပ်မှာ ဦးခိုင်ထွန်းဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်မှာ ဦးဉာဏ်လင်းထွေး ဖြစ်ပြီး လက်ထောက်အမြဲတမ်းအတွင်းဝန်မှာ ဦးမောင်မောင်မြင့် ဖြစ်သည်။
ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]
ပြည်ထဲရေး ဝန်ကြီးဌာန၏ လက်အောက်တွင်အောက်ပါ ဦးစီးဌာနများကို ထပ်မံခွဲထားသည်။ ၎င်းဦးစီးဌာနများမှာ
- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
- အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
- အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
- အကျဉ်းဦးစီးဌာန
- မီးသတ်ဦးစီးဌာန တို့ဖြစ်သည်။
ယခင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ထည့်သွင်းဖွဲ့စည်းခဲ့သော်လည်း ၂၀၁၈ခုနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းကာဖွဲ့စည်းခဲ့သည်။၂၀၂၁ခုနှစ် မေလ ၅ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ပြန်သည်။[၁]