မြန်မာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
State seal of Myanmar.svg
အသေးစိတ် အချက်အလက်များ
အသုံးပြုသူပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်
စတင်အသုံးပြုခြင်း၂၀၁၁[၁]
ထိပ်ရွှေကြယ်
အရံများခြင်္သေ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် နိုင်ငံတော်အစိုးရ၏လုပ်ငန်းဆိုင်ရာများတွင်အသုံးပြုသောတံဆိပ်ဖြစ်သည်။ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို ယင်း၏ဂုဏ်ကျက်သ​ရေနှင့်အညီ နည်းလမ်းတကျအသုံးပြုရန်နှင့် ထိန်းသိမ်း​စောင့်​ရှောက်ကြရန်အလို့ငှာ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​ဒေနည်းဥပ​ဒေများကို ပြဋ္ဌာန်းထားသည်။

ဖော်ပြချက်[ပြင်ဆင်ရန်]

  • နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်​မြေပုံပါရှိသည်။ အရွက် ၁၄ရွက်ရှိ​သော သ​ပြေခက်များက ​မြေပုံကို တစ်ဖက်တစ်ချက် ဝန်းရံထားသည်။
  • သ​ပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာ​မြောက် မြန်မာ့ခြင်္သေ့တစ်စီးစီရှိသည်။ လက်ဝဲဘက်မှခြင်္သေ့သည် လက်ဝဲဘက်၊လက်ယာဘက်မှခြင်္သေ့သည် လက်ယာဘက်သို့ မျက်နှာမူ​နေသည်။
  • ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်ဟူ​သောစာတမ်းကို ​အောက်​ခြေရှိဖဲပြား​ပေါ်တွင် ​ဖော်ပြသည်။ ပြည်​ထောင်စုဟူ​သောစာတမ်းကို လက်ဝဲဘက်ခြင်္သေ့​​အောက်တွင်၊သမ္မတဟူ​သောစာတမ်းကို ​မြေပုံ​အောက်တွင်၊မြန်မာနိုင်ငံ​တော်ဟူ​သောစာတမ်းကို လက်ယာဘက်ခြင်္သေ့​အောက်တွင် ​ဖော်ပြထားသည်။
  • အထိမ်းအမှတ်တံဆိပ်၏ထိပ်တွင် ကြယ်လက်တံငါးခုရှိ​သော ကြယ်တစ်လုံးသည် အထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။
  • ကြယ်၏တစ်ဖက်တစ်ချက်တွင် မြန်မာပန်းပုံသဏ္ဌန် ပန်းခက်ပြားများရှိသည်။[၂]

အသုံးပြုခြင်း[ပြင်ဆင်ရန်]

နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ကို

  • နိုင်ငံ​တော်သမ္မတရုံးအ​ဆောက်အအုံ၌ တပ်ဆင်အသုံးပြုနိုင်သည်။
  • နိုင်ငံ​တော်သမ္မတ စီးနင်းလိုက်ပါလာ​သော ​ယာဉ်များတွင် အသုံးပြုနိုင်သည်။
  • လွှတ်​တော်အ​ဆောက်အအုံများ(ဗဟို)၊ပြည်​ထောင်စုအဆင့်အစိုးရအဖွဲ့အစည်းများ၏ရုံးများ၊တိုင်း​ဒေသကြီး/ပြည်နယ်လွှတ်​တော်ရုံးများ၊မြန်မာနိုင်ငံ၏ အုပ်ချုပ်​ရေးနယ်​မြေအလိုက် ပိုင်းခြားထား​သော အစိုးရအဖွဲ့အစည်းများ၏ရုံးများတွင် အသုံးပြုနိုင်သည်။
  • ဝန်ကြီးဌာနအသီးသီးနှင့် ယင်း၏လက်​အောက်ရှိ ဝန်ထမ်းရုံးအဆင့်ဆင့်၊တရားရုံးအဆင့်ဆင့်၊ပြည်​ထောင်စုအစိုးရအဖွဲ့မှ တပ်ဆင်ရန်ခွင့်ပြုထား​သော အဖွဲ့အစည်း၊ဌာနများ၏ ရုံးများတွင်လည်း​ကောင်း အသုံးပြုနိုင်သည်။
  • မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံခြားသံတမန်​ရေးရာ ရုံးအသီးသီးတွင်လည်း​ကောင်း အသုံးပြုနိုင်သည်။
  • နိုင်ငံ​တော်ဧည့်ခံအခမ်းအနားများနှင့် နိုင်ငံ​တော်ကို ကိုယ်စားပြု​​သောပုဂ္ဂိုလ်များက ပြုလုပ်​သောအခမ်းအနားများတွင် အသုံးပြု​သော ပစ္စည်းများတွင် ရိုက်နှိပ်၍ အသုံးပြုနိုင်သည်။
  • နိုင်ငံ​တော်​​ငွေစက္ကူနှင့် တံဆိပ်​ခေါင်းများတွင် အသုံးပြုနိုင်သည်။
  • နိုင်ငံ​တော်သမ္မတကခွင့်ပြု​သော အဖွဲ့အစည်းများနှင့် ကာကွယ်​ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုလက်​အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ဝန်ထမ်းအဆင့်အတန်းနှင့် စပ်လျဉ်း၍လည်း​ကောင်း၊ယင်းဝန်ထမ်းများ၏ ဝတ်စားဆင်ယင်မှုနှင့် စပ်လျဉ်း၍လည်း​ကောင်း အသုံးပြုနိုင်သည်။
  • နိုင်ငံတစ်ဝန်းရှိ လွှတ်​တော်များ၊ပြည်​ထောင်စုအစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများ၊အုပ်ချုပ်​ရေးနယ်​မြေအလိုက် ပိုင်းခြားထား​သော အစိုးရအဖွဲ့အစည်းများနှင့် ပြည်​ထောင်စုအစိုးရမှခွင့်ပြုထား​သော ဌာန၊အဖွဲ့အစည်းများ၏ ရုံးသုံးစာရွက်စာတမ်းများ​ပေါ်တွင် ရိုက်နှိပ်အသုံးပြုနိုင်သည်။
  • နိုင်ငံ​တော်အစည်းအ​ဝေးများနှင့် အခမ်းအနားများတွင် အသုံးပြုနိုင်သည်။[၂]
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ တပ်ဆင်အသုံးပြုထားသော နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
တိုကျိုမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် တပ်ဆင်အသုံးပြုထားပုံ

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတံဆိပ်တော်
State Seal of Mranma (Burma) on Royal Orders of Thibaw.jpg
အသေးစိတ် အချက်အလက်များ
အသုံးပြုသူမြန်မာနိုင်ငံ
အသုံးမပြုတော့ခြင်း၁၈၈၅

ရှေးမြန်မာဘုရင်များလက်ထက်က မြန်မာနိုင်ငံ၏တံဆိပ်တော်မှာ ကဒေါင်းဖြစ်သည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် အသုံးပြုသောနိုင်ငံတော်အထိမ်းအမှတ်တံဆိပ်မှာ စက်ဝိုင်းပုံဖြစ်ပြီး အလယ်တွင် နေဝန်းပေါ်၌ ကဒေါင်းရှိကာ ၎င်းကို မြန်မာနိုင်ငံတံဆိပ်တော် ဟူသော စာသားဖြင့်ဝိုင်းရံထားသည်။

ဗြိတိသျှကိုလိုနီခေတ်[ပြင်ဆင်ရန်]

ဧကရီဘုရင်မမင်းမြတ်တံဆိပ်တော် /
ဧကရာဇ်ဘုရင်မင်းမြတ်တံဆိပ်တော်
Royal Coat of Arms of the United Kingdom (HM Government, 1952-2022).svg
အသေးစိတ် အချက်အလက်များ
အသုံးပြုသူ
စတင်အသုံးပြုခြင်း၁၈၈၆
အသုံးမပြုတော့ခြင်း၁၉၄၈
ထိပ်သရဖူ
အရံများသရဖူဆောင်းထားသော ခြင်္သေ့ နှင့် ယူနီကွန်း
​ဆောင်ပုဒ်Dieu et mon droit
မြန်မာနိုင်ငံတံဆိပ်
(Badge of Burma)
Badge of Burma (1939–1948).svg
အသေးစိတ် အချက်အလက်များ
အသုံးပြုသူဗြိတိသျှမြန်မာနိုင်ငံ
စတင်အသုံးပြုခြင်း၁၉၃၉
အသုံးမပြုတော့ခြင်း၁၉၄၈

ဗြိတိသျှလက်အောက်သို့ကျရောက်ပြီးသောအခါ တရားဝင်စာရွက်စာတန်းများနှင့် ကြေညာချက်များတွင် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ နိုင်ငံတော်တံဆိပ်ကို အသုံးပြုရလေသည်။

ဗြိတိသျှမြန်မာကိုလိုနီ ကိုယ်စားပြုအမှတ်အသားအနေဖြင့် ကဒေါင်းကို ဆက်လက်အသုံးပြုခဲ့သည်။ ၎င်းကို ဗြိတိသျှမြန်မာနိုင်ငံ၏ အမျိုးသားအလံ၊ ဘုရင်ခံအလံ၊ ဘွဲ့တံဆိပ်ဆွဲပြားများနှင့် တံဆိပ်များတွင် အသုံးပြုခဲ့သည်။

ဂျပန်ခေတ်၊ ဗမာနိုင်ငံတော်[ပြင်ဆင်ရန်]

ဗမာနိုင်ငံတော် တံဆိပ်တော်
State of Burma Emblem.svg
အသေးစိတ် အချက်အလက်များ
အသုံးပြုသူဗမာနိုင်ငံတော်
စတင်အသုံးပြုခြင်း၁၉၄၃
အသုံးမပြုတော့ခြင်း၁၉၄၅

ဂျပန်ခေတ် ဗမာနိုင်ငံတော်၏ နိုင်ငံတော်တံဆိပ်မှာ ရွှေရောင် ဒေါင်းအလှပုံဖြစ်သည်။

လွတ်လပ်ပြီးခေတ်[ပြင်ဆင်ရန်]

ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် နိုင်ငံတော်တံဆိပ်
State Seal of Burma (1948–1974).png
အသေးစိတ် အချက်အလက်များ
အသုံးပြုသူပြည်​ထောင်စု (သမတ)မြန်မာနိုင်ငံ​တော်
စတင်အသုံးပြုခြင်း၁၉၄၈
အသုံးမပြုတော့ခြင်း၁၉၇၄
ထိပ်အပြာရောင်ခြင်္သေ့
အရံများအပြာရောင်ခြင်္သေ့၂စီး
​ဆောင်ပုဒ်သမဂ္ဂါနံ တပေါ သုခေါ

၁၉၄၇ခုနှစ် စက်တင်ဘာလ တိုင်းပြုပြည်ပြုလွှတ်တော်မှ အတည်ပြုသတ်မှတ်ခဲ့သည့် နိုင်ငံတော်တံဆိပ်ဟောင်းတွင် ပြည်ထောင်စု သမတမြန်မာ နိုင်ငံတော်။ ဟုပါရှိပြီး အပြာရောင်ခြင်္သေ့၃ကောင်ပါဝင်သည်။ မြန်မာပြည်မြေပုံကိုဝန်းရံထားသော စက်ဝိုင်းပေါ်တွင် ဓမ္မပဒ အပိုဒ်ရေ ၁၉၄ မှ သမဂ္ဂါနံ တပေါ သုခေါ ဟူသောစာသားပါရှိသည် ။အရောင်အပြည့်အစုံမှာ ရွှေရောင်၊ အနီရောင်၊ အပြာရောင်နှင့် အဖြူရောင် တို့ ပါဝင်သော်လည်း သာမန်အားဖြင့်တံဆိပ်တစ်ခုလုံး၏အရောင်ကို ရွှေရောင်သော်လည်းကောင်း၊ အဖြူအမည်းသော်လည်းကောင်း အသုံးပြုလေ့ရှိခဲ့သည်။

နိုင်ငံတော်တံဆိပ်တွင် ခြင်္သေ့၃စီးထည့်သွင်း သတ်မှတ်ရခြင်းအကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။[၃]
၁။ ရှေးပညာရှိတို့၏ အစဉ်အလာအယူအဆအရ ခြင်္သေ့သည် ရဲရင့်ခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ဘေးရန်အန္တရာယ်ဟူသမျှကို ကြီးသည်ငယ်သည်မဆို တူညီသောအားထုတ်မှုဖြင့် ငြိမ်းသတ်တတ်ခြင်း၊ အညစ်အကြေးမရှိ သန့်ရှင်းစင်ကြယ်၊ ဖြူစင်ခြင်း စသည့် အရည်အချင်များ၏ သဘောကိုဆောင်သည်ဟုယူဆကြသည်။ ဤအရည်အချင်းတို့ကို မြန်မာပြည်သူပြည်သားတို့အတုယူကာ မြန်မာနိုင်ငံ၏ဂုဏ်တင်စေရန် ရည်ရွယ်သည်။
၂။ ခြင်္သေ့၃စီး ရံထားခြင်းမှာ မြန်မာနိုင်ငံကို ကာကွယ်စောင့်ရှောက်ထားသောသဘောဖြစ်သည်။ ၃စီးအရေအတွက်ထားရှိခြင်းမှာ လောကီဗေဒင်အရ တြင်းကြေသောကြောင့်ဖြစ်သည်။
၃။ ခြင်္သေ့နှင့်မြန်မာပြည်သည် လောကီဗေဒင်အရ စိန်ပန်းဓာတ်ရ၍ မိတ်ဘက်ဟု ယူဆကြသောကြောင့် ဖြစ်သည်။
၄။ ခြင်္သေ့နှင့်အတူ ကနုတ်ပန်းတို့ကို တန်ဆာဆင်ထည့်သွင်းခြင်းမှာ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံနှင့် သင့်လျော်သော ရှေးအစဉ်အလာမြန်မာ့ယဉ်ကျေးမှုတရပ်ကို အရေးတယူအလေးမူရာရောက်မည်ဟု ယူဆကြသောကြောင့်ဖြစ်သည်။

ဆိုရှယ်လစ်သမ္မတနိုင်ငံတော်[ပြင်ဆင်ရန်]

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
State seal of Myanmar (1974-1988).png
Versions
State seal of Myanmar (1974-1988).png
ဖွဲ့စည်းပုံအခြေခံဥပဒေပါ
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်[၄]
Variant of 1974-1988 State seal of Myanmar.png
တရားဝင်မူကွဲ[၅]
အသေးစိတ် အချက်အလက်များ
အသုံးပြုသူပြည်​ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ​တော်
စတင်အသုံးပြုခြင်း၁၉၇၄
အသုံးမပြုတော့ခြင်း၁၉၈၈
ထိပ်ကြယ်ဖြူ
အရံများအပြာရောင်ခြင်္သေ့၂စီး

၁၉၇၄ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်တွင် ဆိုရှယ်လစ် လက္ခဏာများကို ထည့်သွင်းခဲ့သည်။ နောက်ခံအပြာနုရောင်ရှိသော အနီရောင်မြေပုံကို စက်သွား၊စပါးနှံ၂ခက်ဖြင့်ဝန်းရံထားသည်။ ဘေးတွင်အပြာနုရောင်ခြင်္သေ့၂ကောင်နှင့်ထိပ်တွင်ကြယ်ဖြူတစ်လုံးရှိသည်။ ကျန်နေရာများကိုပန်းကနုတ်များထည့်သွင်းထားသည်။ နဖူးစည်းတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဟုပါရှိသည်။ အရောင်အပြည့်အစုံမှာ ရွှေရောင်၊ အနီရောင်၊ အပြာနုရောင် နှင့် အဖြူရောင် တို့ ပါဝင်သော်လည်း သာမန်အားဖြင့်တံဆိပ်တစ်ခုလုံး၏အရောင်ကို ရွှေရောင်သော်လည်းကောင်း၊ အဖြူအမည်းသော်လည်းကောင်း အသုံးပြုလေ့ရှိခဲ့သည်။

နဝတနှင့်နအဖ ခေတ်[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
State seal of Myanmar (1988–2011).svg
အသေးစိတ် အချက်အလက်များ
အသုံးပြုသူပြည်​ထောင်စုမြန်မာနိုင်ငံ​တော်
စတင်အသုံးပြုခြင်း၁၉၈၈
အသုံးမပြုတော့ခြင်း၂၀၁၁
ထိပ်ရွှေကြယ်
အရံများရွှေခြင်္သေ့၂စီး

၁၉၈၈ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)သည် အမည်စကားရပ်များ​အစားထိုးခြင်းဆိုင်ရာဥပဒေထုတ်ပြန်ကာ "ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်" ဟူသောစာသားကို "ပြည်ထောင်စုမြန်မာနိုင်ငံတော်" ဟူသောစာသားဖြင့်အစားထိုးစေခဲ့သည်။ ထိုအခါ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်မှ ဆိုရှယ်လစ်သမ္မတ ဟူသောစာသားကိုဖြုတ်ခဲ့ပြီး မြန်မာ ဟူသော စာသားသည် အလယ်နဖူးစည်းသို့ရောက်လာသည်။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ အရောင်အပြည့်အစုံကို ဆက်လက်သုံးစွဲခြင်းမပြုတော့ဘဲ တံဆိပ်တစ်ခုလုံးရွှေရောင်သော်လည်းကောင်း၊ အဖြူအမည်းသော်လည်းကောင်း အသုံးပြုခဲ့သည်။

မျက်မှောက်ခေတ်[ပြင်ဆင်ရန်]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
State seal of Myanmar.svg
အသေးစိတ် အချက်အလက်များ
အသုံးပြုသူပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်
စတင်အသုံးပြုခြင်း၂၀၁၁[၁]
ထိပ်ရွှေကြယ်
အရံများရွှေခြင်္သေ့၂စီး

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သည့် လက်ရှိအမှတ်တံဆိပ်တွင် သံလွင်ခက်၂ခက်ဖြင့် မြေပုံကိုဝန်းရံပြီး ဘေးနှစ်ဖက်တွင်အပြာနုရောင်ခြင်္သေ့၂ကောင်နှင့်ထိပ်တွင်ကြယ်တစ်လုံးရှိကာ ကျန်နေရာများကိုပန်းကနုတ်များထည့်သွင်းထားသည်။ ၎င်းအစိတ်အပိုင်းအားလုံး၏အရောင်အဖြစ် ရွှေရောင်ကိုသာအသုံးပြုပြီး တံဆိပ်အပြည့်အစုံတွင် ၎င်းတို့ကို အနီရောင်နောက်ခံဖြင့်ဖော်ပြသည်။ နောက်ခံကိုလည်းရွှေရောင်ဖြင့်ဖော်ပြသည်လည်းရှိသလို နောက်ခံမပါဘဲအသုံးပြုသည်လည်းရှိသည်။နဖူးစည်းစာသားမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ‌တော် ဟူ၍ဖြစ်သည်။ ဤလက်ရှိနိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အာဏာတည်သည့် ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်အဖြစ် တရားဝင် စတင်အသုံးပြုခဲ့သည်။[၁][၆]

ပြခန်း[ပြင်ဆင်ရန်]

ဆက်စပ်ကြည့်ရန်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ အလံတော်

မြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈)

နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​ဒေ

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများ

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ပေးအပ်ခဲ့သည့် ပြည်သူ့ဝန်ထမ်းတံဆိပ် ဂုဏ်ပြုလွှာတွင် စက်သွားနှင့်စပါးနှံပါဝင်သည့် ယခင်တံဆိပ်ဟောင်းကိုသာအသုံးပြုနေသေးသည်။[၁]
  2. ၂.၀ ၂.၁ နိုင်ငံ​တော်အထိမ်းအမှတ်တံဆိပ်ဥပ​ဒေနှင့် နည်းဥပ​ဒေများအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 19 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. "ပြည်ထောင်စု သမတမြန်မာငံနိုင် အလံတော်"၊ ဖဆပလ သတင်းစဉ်၊ ၉ ဩဂုတ် ၁၉၄၇၊ စာ- ၁၀။ 
  4. ပုဒ်မ ၁၉၁၊ အခန်း ၁၄၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ခုနှစ်။
  5. မြန်မာနိုင်ငံအကြောင်းသိကောင်းစရာ။ လမ်းစဉ်ပါတီဌာနချုပ်။ ၁၉၈၃။
  6. 2008 Constitution။ 28 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ “အာဏာတည်သည့်ရက်: 31/01/2011”