ကယားလူမျိုးစုဒီမိုကရေစီပါတီ
ပုံပန်းသွင်ပြင်
ကယားလူမျိုးစုဒီမိုကရေစီပါတီ | |
---|---|
အင်္ဂလိပ် အမည် | Kayah Unity Democracy Party |
ဥက္ကဋ္ဌ | ဦးစောဒယ်နီယယ် |
ဆောင်ပုဒ် | အနာဂတ်လူမှုဘဝ မျှော်မှန်းချက်၊ ပြောင်းလဲခြင်းနှင့် ဖော်ဆောင်ရွက် |
တည်ထောင်ခြင်း | ဩဂုတ် ၉၊ ၂၀၁၃[၁] |
ဖျက်သိမ်းခြင်း | ၈ စက်တင်ဘာ ၂၀၁၇ |
ဌာနချုပ် | မင်္ဂလာရပ်ကွက်၊ လွိုင်ကော်မြို့၊ ကယားပြည်နယ် |
အဖွဲ့ဝင် | ၂၅,၀၀၀[၁] |
နိုင်ငံရေး သဘောတရား | ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖွံ့ဖြိုးတိုးတက်ရေး |
အရောင် | အနီ၊ အဝါ |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ကယားလူမျိုးစုဒီမိုကရေစီပါတီ (အင်္ဂလိပ်: Kayah Unity Democracy Party၊ အတိုကောက် KUDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီဟောင်းတစ်ခုဖြစ်သည်။ ၂၀၁၂ နှစ်ကုန်ပိုင်းတွင် ပါတီဖွဲ့စည်းရန် စတင်လှုပ်ရှားခဲ့ပြီး ၂၀၁၃ နှစ်ကုန်ပိုင်း၌ ပါတီကို တရားဝင်ဖွဲ့စည်းခဲ့သည်။ ပါတီဝင်အရေအတွက် ၂၅,၀၀၀ ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ် ခုနစ်မြို့နယ်၏ ၂၆ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၂]
၂၀၁၇ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် နည်းဥပဒေ ၂၅ နှင့် ညွှန်ကြားချက် အမှတ် (၁/၂ဝ၁၃)အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကယားလူမျိုးစုဒီမိုကရေစီပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခဲ့သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ကယားလူမျိုးစုဒီမိုကရေစီပါတီ။ Vote4Myanmar။ 17 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၃ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ကယားလူမျိုးစုဒီမိုကရေစီပါတီ။ ၇ ရက်သတင်းဂျာနယ် (၁၀ စက်တင်ဘာ ၂၀၁၅)။ 25 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီများစာရင်း။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ 5 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |