ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
State seal of Myanmar.svg
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်

ပေါ်ပေါက်လာပုံ သမိုင်းကြောင်း[ပြင်ဆင်ရန်]

YMBA Logo.png
Ymba founders.jpg
ဝိုင်အမ်ဘီအေ အသင်းကြီးဟာ ဗမာပြည်သမိုင်းမှာ မော်ကွန်းထိုးမှတ်တမ်းတင်ထားရမယ့် ပထမဆုံးသော နိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး နိုင်ငံရေးအဖွဲ့အစည်းကြီးဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း (ဝိုင်အမ်ဘီအေ) ကို ၁၉၀၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ စတင်ဖွဲ့စည်းပါတယ်။ အသင်းတည်နေရာကို အမှတ် (၈၆)၊ ၂၈ လမ်း၊ ရန်ကုန်မြို့၊ ဦးမောင်ကြီးနေအိမ်မှာ စတင်အခြေစိုက်ပါတယ်။ ဝိုင်အမ်ဘီအေ ကို ရန်ကုန်ကောလိပ် ကျောင်းသား မျိုးချစ်လူငယ်တစုကနေ စတင် တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ စတင် တည်ထောင်စက အဖွဲ့ဝင်အသင်းသားဦးရေ (၂၀) တောင်မပြည့် သလို ဥက္ကဋ္ဌ နှင့် အမှုဆောင် အဖွဲ့ဆိုတာလဲမရှိ၊ အကျိုးဆောင် အတွင်းရေးမှူး ဆိုတာသာ ရှိခဲ့ပါတယ်။ ဦးဘဖေဦးမောင်ကြီးဒေါက်တာဘရင် တို့ကနေ စတင်စည်းရုံး လှုံ့ဆော်လှုပ်ရှား ခဲ့တာဖြစ်ပြီး စတင်တည်ထောင်သူတွေ ထဲမှာ ဦးမေအောင်၊ ဦးခင်၊ ဦးဘဒွန်း၊ ဦးစံဘ၊ ဦးစံလွင် ၊ ဦးလှဖေ၊ ဦးသိန်းမောင်၊ ဦးစိန်လှအောင် စတဲ့ပုဂ္ဂိုလ်တွေလဲ ပါဝင်ခဲ့ပါတယ်။

၁၉၀၈ ခုနှစ်မှာ ရန်ကုန်မြို့လုံးဆိုင်ရာ ဝိုင်အမ်ဘီအေ အသင်း အစည်းအဝေး ကို ကျင်းပနိုင်ခဲ့ပြီး၊ ဥက္ကဋ္ဌ နှင့် အမှုဆောင် လူကြီးစာရင်းလဲပဲ ရှိလာပါတယ်။ အသင်းရဲ့ စည်းမျဉ်း ဥပဒေကို ရေးဆွဲကြပြီး၊ အသင်းကို မြို့တိုင်း နယ်တိုင်းမှာဖွဲ့စည်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ မြို့ကြီးတချို့မှာ အသင်းခွဲတွေ ပေါ်ပေါက်လာခဲ့ပြီး စတင်စဉ်က ကျောင်းသားလူငယ်တွေနှင့်ပဲ စတင်ခဲ့တာဖြစ်ပေမဲ့ တဖြည်းဖြည်း နှင့် လယ်သမား၊ အလုပ်သမား၊ ဝန်ထမ်းနှင့် ပညာတတ် တွေပါ ပါဝင်လာခဲ့ပါတယ်။

Ymba nayakas.jpg

၁၉၁၀ ခုနှစ်မှာ အသင်းခွဲတိုင်း က ကိုယ်စားလှယ်တွေပါ ပါဝင်တက်ရောက်တဲ့ အစည်းအဝေးကြီးတခု ခေါ်ဆိုနိုင်ခဲ့ပြီး အသင်းချုပ်ကြီးအဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ဥက္ကဋ္ဌ အဖြစ် ‘ဦးဘိုးပြေ့’ က ဆောင်ရွက်ပါတယ်။ ၁၉၁၁ ခုနှစ်၊ မေလ-၇ ရက်နေ့မှာ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးရဲ့ နိုင်ငံလုံးဆိုင်ရာ ပထမကွန်ဖရင့်ကို ရန်ကုန်မြို့မှာကျင်းပရာ ဦးမေအောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဦးဘိုးပြေ့အား ဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ပါတယ်။ ဝိုင်အမ်ဘီအေ ရဲ့ မူလရည်ရွယ်ချက်ကတော့ ‘အမျိုး၊ ဘာသာ၊ သာသနာနှင့်ပညာ’ ကို မြှင့်တင်ဖို့ဖြစ်ပြီး ကြွေးကြော်သံတွေကတော့ ‘အမျိုးကို ချစ်ပါ’၊ ‘ဘာသာကို လေးစားပါ’၊ ‘သာသနာကို ချီးမြှင့်ပါ’၊ ‘ပညာရေးကို အားပေးပါ’ တို့ ဖြစ်ပါတယ်။

လှုပ်ရှားဆောင်ရွက်မှုများ[ပြင်ဆင်ရန်]

ဝိုင်အမ်ဘီအေ အသင်းကြီးဟာ ပထမပိုင်းမှာ သာသနာရေး ပညာရေးနှင့် လူမှုရေးလုပ်ငန်းတွေကို ဇောင်းပေး လုပ်ဆောင်ခဲ့ရာမှ တဖြည်းဖြည်း နှင့် ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး လုပ်ငန်းတွေ ဆီကိုပါဦးတည် ရှေးရှု လုပ်ဆောင် နိုင်လာခဲ့ပါတယ်။ ပြည်သူကို ကိုယ်စားပြုပြီး ဗြိတိသျှ နယ်ချဲ့အစိုးရရဲ့ လုပ်ငန်းတွေကို ကန့်ကွက်ခြင်း၊ အုပ်ချုပ်ရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးရန် တောင်းဆိုခြင်း တွေကိုပါ လုပ်ဆောင်နိုင်လာခဲ့ပါတယ်။

အကျိုးပြု လုပ်ငန်းကြီးများ[ပြင်ဆင်ရန်]

ဝိုင်အမ်ဘီအေ အသင်းကြီးက တင်ပြတောင်းဆို ချမှတ်လုပ်ဆောင်နိုင်ခဲ့တဲ့ နိုင်ငံ့အကျိုးပြု လုပ်ငန်းကြီးတွေကို တန်းစီပြီး ကြည့်မယ်ဆိုရင် -

  • အစိုးရကျောင်းများမှာ မျက်နှာဖြူဆရာများကိုသာ ခန့်ထားရန် စီစဉ်ချက်ကို ၁၉၁၇ ခုနှစ်၊ ပျဉ်းမနား ကွန်ဖရင့်မှ ကန့်ကွက်ခဲ့။
  • အသက် (၆) နှစ်မှ (၁၂) နှစ်ကြား ကလေးတိုင်း မသင်မနေရ ပညာရေးပြဋ္ဌာန်းပေးဖို့နှင့် မြန်မာ ဥရောပသား မခွဲခြားဘဲ ပညာရေးဥပဒေ တမျိုးတည်းရှိရေးကို ၁၉၁၈ ခုနှစ်၊ မော်လမြိုင် ကွန်ဖရင့်မှ တောင်းဆိုခဲ့။
  • ဗမာကျောင်းသားများ ဗမာဖိနပ်စီးပြီး ကျောင်းခန်းအတွင်းဝင်ခွင့်ပြုရေး၊
  • ဗမာပြည် ယူနီဗာစီတီ တက္ကသိုလ် သီးခြားရရှိရေး။
  • မီးရထားတွဲများမှာ မျက်နှာဖြူတွဲ သီးသန့်ပေးခြင်းကို ကန့်ကွက်ရေးA၊ သံဃာတွဲများ ထားပေးရေး၊
  • ဗုဒ္ဓဘာသာ များ သေတမ်းစာရေးခွင့်ဥပဒေပြုလုပ်ပေးရေး၊
  • ဗမာလယ်ယာများအား လယ်ယာမလုပ်သူ နိုင်ငံခြားသားများအား ပိုင်ဆိုင်ခွင့်မပေးရေးA။ ဆန်စပါးမှရတဲ့အမြတ်ကို ပြည်တွင်းအတွက်ပဲ အသုံးပြုရေး၊
  • ဆင့်ဆိုစာများတွင် ‘ငဖြူ ငမဲ’ စတဲ့ ရင့်သီးသော အသုံးအနှုန်းများ မသုံးနှုန်းစေရေး၊ စတဲ့

ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်ပေါင်းစုံ ကို ဝံသာနုစိတ်ဓာတ်အပြည့်နှင့် တောင်းဆိုချမှတ်လှုပ်ရှား လုပ်ဆောင်ခဲ့ကြပါတယ်။

ဖိနပ်ပြဿနာ[ပြင်ဆင်ရန်]

နိုင်ငံခြားသားတွေ ဘုရားပုထိုးစေတီရင်ပြင်တွေပေါ် ဖိနပ်စီးနင်းတက်ရောက်တဲ့ ကိစ္စတွေနှင့်ပတ်သက်ပြီး ၁၉၁၇ ခုနှစ်မှာ ဖိနပ်ပြဿနာပေါ်ပေါက်လာတဲ့အခါ ပြည်သူတွေနှင့်အတူ ပြည်သူ့ကိုယ်စား ဦးဆောင်တိုက်ပွဲဝင် ခဲ့တာလဲ ဝိုင်အမ်ဘီအေ ဖြစ်ခဲ့ပါတယ်။B

နိုင်ငံရေး ဆောင်ရွက်မှုများ[ပြင်ဆင်ရန်]

ဝိုင်အမ်ဘီအေ ရဲ့ ပထမဆုံး နိုင်ငံရေးဆောင်ရွက်မှုကတော့ အိန္ဒိယကို ကိုယ်စားလှယ်အဖွဲ့လွှတ်ပြီး အုပ်ချုပ်ရေး တိုးမြှင့်ပေးဖို့တောင်းဆိုမှု ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး လှုပ်ရှားလာသော ခရစ် ၁၉၁၇ ခုနှစ် မှ ၁၉၁၉ ခုနှစ်အတွင်း၌ ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်းပေါင်း ၂ဝဝ ကျော်မျှ တိုးပွားလာခဲ့လေသည်။ ၁၉၁၇ ခုနှစ်မှာ ဗြိတိသျှက အိန္ဒိယကို အုပ်ချုပ်ရေး တိုးပေးဖို့စီစဉ်လာတဲ့အခါ ဝိုင်အမ်ဘီအေ က (ဦးစု၊ ဦးဖေ၊ ဦးဘဘေနှင့်ဦးမေအောင်) တို့ကို အိန္ဒိယ လွှတ်ပြီး အရေးဆိုစေခဲ့ပါတယ်။သို့ရာတွင် ၁၉၁၈ ခုနှစ် ဇွန်လ၌ ထွက်ပေါ်လာသော မွန်တေဂူနှင့်ချမ်းစဖို့ အစီရင်ခံစာတွင် မြန်မာပြည် အတွက် အုပ်ချုပ်မှုပြုပြင် ပြောင်းလဲရေး ထောက်ခံချက်များ မပါရှိခဲ့ချေ။ ထိုနောက် အိန္ဒိယပြည်အား ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှုစနစ်ပေးအပ်ရန် ဗြိတိသျှ ပါလီမန်က ဥပဒေကြမ်း တင်သွင်းရာတွင် မြန်မာပြည်အတွက် ဘာမျှမပါရှိသည်နှင့် ၁၉၁၉ ခုနှစ် မေလ ၁၈ ရက်နေ့ တွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေပုရှိန်) ကိုယ်စားလှယ်အဖွဲ့ကို ဗိလတ်အထိလွှတ်ပြီး အရေးဆိုစေခဲ့ပါတယ်။ သို့ပါလျက်နှင့်လည်း အိန္ဒိယပြည်အုပ်ချုပ်ရေး ဥပဒေကြမ်းကို စဉ်းစားကြသော ဗြိတိသျှ အထက်နှင့်အောက် ပါလီမန် ၂ ရပ် တွဲဖက် ကော်မတီသည် မြန်မာပြည်အတွက် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးများကို ဥပဒေကြမ်းတွင် ထည့်သွင်းပေးရန် မထောက်ခံခဲ့ချေ။ ကရက်ဒေါက်စီမံကိန်းနှင့် နှစ်သိမ့်လာတာကို ဝိုင်အမ်ဘီအေ ကပဲ ဦးစီးကန့်ကွက်ခဲ့ပြီး (၁၉၂၀) မှာ ‘ဖေပုမောင်’ (ဦးဘဖေ၊ ဦးပု၊ ဦးသိမ်းမောင်) တို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယအကြိမ် ဗိလတ်ကိုလွှတ်ပြီး အုပ်ချုပ်ရေး တိုးမြှင့်ပေးဖို့ တောင်းဆိုစေခဲ့ပါတယ်။ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကြမ်း ထွက်ပေါ်လာတဲ့အခါမှာလဲ ဥပဒေ မပြဋ္ဌာန်းမီကတည်းက တက္ကသိုလ်ဥပဒေကြမ်းကို ဝိုင်အမ်ဘီအေ ကနေ ကန့်ကွက်ခဲ့ပါတယ်။

တိုးတက်လာသော အသင်းအင်အား[ပြင်ဆင်ရန်]

ဝိုင်အမ်ဘီအေ ဟာ ဗမာပြည်မှာ တနိုင်ငံလုံး လက္ခဏာဆောင်တဲ့ ပထမဆုံး အမျိုးသား အစည်းအရုံးကြီးဖြစ်ခဲ့ပြီး ( ၁၉၁၀ မှ ၁၉၂၀ အတွင်း) အကြီးမားဆုံး သော အသင်းအဖွဲ့ကြီးလဲဖြစ်ခဲ့ပါတယ်။ အနုနည်းနှင့် ဗြိတိသျှဆန့်ကျင်ရေးလုပ်ငန်းကို တဆင့်ပြီး တဆင့် ဆောင်ရွက်နိုင်ခဲ့ပြီး မီးခဲပြာဖုံးဖြစ်နေတဲ့ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး ဇာတိမာန်ကို ပြန်လည်တွန်းတင်လှုံ့ဆော်နိုင်ခဲ့ပါတယ်။ ၁၉၁၉-၁၉၂၀ ခုနှစ်တွေဟာ ဝိုင်အမ်ဘီအေ နှင့် ဗမာတိုင်းရင်းသားတွေရဲ့ နိုင်ငံရေး တရှိန်ထိုးမြင့်မားလာတဲ့နှစ်တွေဖြစ်ခဲ့ပြီး အထက်အောက် ဗမာနိုင်ငံ တဝှန်းလုံးမှာ ဝိုင်အမ်ဘီအေ အသင်းခွဲပေါင်း (၂၀၀၀) ကျော်အထိ ရှိခဲ့ပါတယ်။ အသင်းဝင်ပေါင်းလဲ၊ သိန်းနှင့်ချီ ရှိ နေခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၀၆ ခုနှစ်မှ ၁၉၂၀အထိ (၁၄) နှစ်တာအတွင်း ဗမာပြည်မှာ အကျယ်ပြန့်ဆုံး အကြီးမားဆုံးသော အဖွဲ့အစည်းကြီး ဖြစ်ခဲ့ပါတယ်။

ကျင်းပခဲ့သော ကွန်ဖရင့်များ[ပြင်ဆင်ရန်]

ဝိုင်အမ်ဘီအေ အသင်းကြီးဟာ အသင်းကြီးရဲ့သက်တမ်းကာလအတွင်း နိုင်ငံလုံးဆိုင်ရာကွန်ဖရင့်ကြီး တွေကို အဌမအကြိမ်မြောက်အထိ လုပ်နိုင်ခဲ့ပါတယ်။ ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ ဝိုင်အမ်ဘီအေ နိုင်ငံလုံးဆိုင်ရာ ကွန်ဖရင့်ကြီးတွေကတော့ -

  • (၁) ပထမအကြိမ် မေ-၇၊ ၁၉၁၁ ရန်ကုန်မြို့
  • (၂) ဒုတိယအကြိမ် မေ-၁၀၊ ၁၉၁၄ ရန်ကုန်မြို့
  • (၃) တတိယအကြိမ် အောက်တိုဘာ ၂၆ မှ ၂၈အထိ၊ ၁၉၁၅ မန္တလေး
  • (၄) စတုတ္တအကြိမ် အောက်တိုဘာ ၁၄ မှ ၁၆ အထိ၊ ၁၉၁၆ ဟင်္သာတ
  • (၅) ပဉ္စမအကြိမ် အောက်တိုဘာ ၂ မှ ၄ အထိ၊ ၁၉၁၇ ပျဉ်းမနား
  • (၆) ဆဌမအကြိမ် အောက်တိုဘာ ၂၂ မှ ၂၃ အထိ၊ ၁၉၁၈ မော်လမြိုင်
  • (၇) သတ္တမအကြိမ် အောက်တိုဘာ ၁၁ မှ ၁၃ အထိ၊ ၁၉၁၉ ပုသိမ်
  • (၈) အဌမအကြိမ် အောက်တိုဘာ ၂၉ မှ ၃၁ အထိ၊ ၁၉၂၀ ပြည် တို့ ဖြစ်ပါတယ်။

ဝိုင်အမ်ဘီအေ နှင့် သူရိယ သတင်းစာ[ပြင်ဆင်ရန်]

‘ဗုဒ္ဓဘာသာ မြန်မာ’ ဆိုတဲ့ လစဉ်စာစောင်ကို ထုတ်ဝေခဲ့ကြပြီး ၁၉၁၁ ခုနှစ်မှာ ဦးဘဘေ၊ ဦးလှဖေတို့ ဦးစီး ထုတ်ဝေလိုက်တဲ့ ‘သူရိယသတင်းစာ’ ထွက်ပေါ်လာတဲ့ အခါမှာတော့ ဝိုင်အမ်ဘီအေ လှုပ်ရှားမှုကြီးကို တွန်းတင်လိုက်သလို ကျယ်ပြန့်ကြီးထွားလာစေခဲ့ပြီး ‘သူရိယ’ ဟာလဲ ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ သတင်းစာ သဖွယ် ဖြစ်လာခဲ့ပါတယ်။


ဂျီစီဘီအေ သို့ ပြောင်းလဲခြင်း[ပြင်ဆင်ရန်]

၁၉၀၆ ခုနှစ်က စတင်ပေါ်ပေါက်လာခဲ့တဲ့ ဝိုင်အမ်ဘီအေ အသင်းကြီးဟာ သက်တမ်းရင့်မာလာတာနှင့်အမျှ နိုင်ငံရေးဖက်ကို ဇောင်းပေးမှု တစတစမြင့်မားလာခဲ့သလို အဖွဲ့ကြီးအတွင်း လူကြီးနှင့်လူငယ်၊ နိုင်ငံရေးနှင့် ဘာသာရေး၊ တိုးတက်သောအစုနှင့် ဖောက်ပြန်သောအစု၊ တွေလဲ ပိုပိုပြီး သိသိသာသာကွဲပြားလာကာ မတူညီမှုတွေ နက်ရှိုင်းလာခဲ့ပါတော့တယ်။ ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ မှာ ပြည်မြို့မှာ ကျင်းပတဲ့ ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ နှစ်ပတ်လည် ကွန်ဖရင့်မှာတော့ အသင်းကြီးရဲ့ အမည်ကို (ဝိုင်အမ်ဘီအေ) ကနေ (ဂျီစီဘီအေ) လို့ ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ကြတဲ့အတွက် ဝိုင်အမ်ဘီအေ အသင်းကြီးဟာ ‘ဝိုင်အမ်ဘီအေ’ နာမည်နှင့်တော့ အဆုံးသတ် သွားရပါတော့တယ်။ ဝိုင်အမ်ဘီအေ ဆိုတာ ဗုဒ္ဓဘာသာ ဝင်တွေ အတွက်သာလို့ အဓိပ္ပာယ် ပေါက်ရောက်နေစေနိုင်တဲ့အတွက် တနိုင်ငံလုံးရဲ့ အသင်းချုပ်ကြီးသဘော၊ ဗုဒ္ဓဘာသာ ဝင်မဟုတ်သူတွေပါ ပါဝင်နိုင်တဲ့ အဖွဲ့ချုပ်ကြီး သဘော၊ ကျယ်ကျယ်ပြန့်ပြန့် သက်ဝင်လှုပ်ရှား နိုင်စေရန်အတွက်ဆိုပြီး မြန်မာအသင်းချုပ်ကြီး(ဂျီစီဘီအေ) အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းလိုက်ကြတာဖြစ်ပါတယ်။

Ymba chairman.jpg

မူလရည်ရွယ်ချက် နှင့် ဝိုင်အမ်ဘီအေ[ပြင်ဆင်ရန်]

၁၉၄၈ ခု ဇန်နဝါရီ တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ပြန်ရသော အခါ ဝိုင်အမ်ဘီအေ သည် နိုင်ငံရေးလှုပ်ရှားမှုများ မပါတော့ပဲ မူလရည်ရွယ်ချက်များ ဖြစ်သော ‘အမျိုး၊ ဘာသာ၊ သာသနာနှင့်ပညာ’ အတွက် ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ C

လက်ရှိလုပ်ငန်းစဉ်များ[ပြင်ဆင်ရန်]

လူငယ့်စိတ်ဓာတ် မြှင့်တင်ရေး[ပြင်ဆင်ရန်]

ပညာရေး[ပြင်ဆင်ရန်]

ကျန်းမာရေး[ပြင်ဆင်ရန်]

ထုတ်ဝေသော စာအုပ်များ[ပြင်ဆင်ရန်]

  1. ပုံပြ ဗုဒ္ဓရာဇဝင်
  2. မင်္ဂလသုတ်
  3. ဗုဒ္ဓအဘိဓမ္မာ
  4. ရတနာမွန် (လစဉ်ထုတ်)

လိပ်စာ[ပြင်ဆင်ရန်]

အမှတ် ၇၇၊ ရေကျော်လမ်း၊ ပုဇွန်တောင်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ ဖုန်း- ၂၉၀၄၀၉

မှတ်စု[ပြင်ဆင်ရန်]

A. ^ It fought the British rulers segregation of the railways, which provided compartments for Europeans only and the sale of lands to foreigners and the most vital question they took up was the 'shoe question'.[၁]
B. ^ The British rulers had made a proclamation that in disregard of the Myanmar Buddhist culture, that all those who visit temples should not remove shoes but have them worn in the precincts of the temples as well as pagodas, monasteries etc.
This Shoe Question became first phase of the YMBA Rangoon's struggle for the resistance of the people to free themselves from British rule.[၂]
C. ^ In January 1948 Myanmar regained her Independence and henceforth Y.M.B.A. abandoned the political instigation instead devoted its activities to the accomplishment of its original aims and objects, namely, advancement of nationalism, national language, Buddhist doctrine and education in general.[၃]

အခြားကြည့်ရန်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Shoe issue which paved the way to the independence struggle in Burma
  2. Shoe issue which paved the way to the independence struggle in Burma
  3. A BRIEF OUTLINE OF THE HlSTORY OF (Y.M.B.A.) OF MYANMAR


ရည်ညွန်း[ပြင်ဆင်ရန်]