ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ

ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

မြန်မာနိုင်ငံ ကို ပြည်နယ် ခုနစ်ခု၊ တိုင်းဒေသကြီး ခုနစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခု နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခု တို့ဖြင့် ဖွဲ့စည်းထားသည်။ ယခင် တိုင်းများကို တိုင်းဒေသကြီးများအဖြစ် ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် ပြောင်းလဲခေါ်ဆိုခဲ့သည်။[၁]

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပြည်နယ် လွှတ်တော် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော် တစ်ခုစီကို ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်သည် လွှတ်တော်အမတ်နေရာ သုံးပုံတစ်ပုံကို တပ်မတော်သား ကိုယ်စားလှယ်များအား ရွေးချယ်ခန့်အပ်ခွင့်ရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ၏ အမတ်နေရာ အရေအတွက်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အရေအတွက် နှင့် နေထိုင်သည့် လူမျိုးစုများအပေါ် မူတည်သည်။ အမတ်နေရာအများဆုံး လွှတ်တော်များမှာ ရှမ်းပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့ ဖြစ်ကြပြီး အမတ်နေရာ ၁၄၃ နှင့် ၁၂၃ နေရာ အသီးသီးဖြစ်သည်။ အမတ်နေရာ အနည်းဆုံးလွှတ်တော်များမှာ ကရင်ပြည်နယ်နှင့် ကယားပြည်နယ် လွှတ်တော်များ ဖြစ်ပြီး အမတ်နေရာ ၂၀ နှင့် ၂၂ နေရာ အသီးသီးဖြစ်သည်။

လက်ရှိ လွှတ်တော်ကို ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှ ရွေးချယ်ခဲ့ကာ ၂၀၁၆ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် လွှတ်တော် ခေါ်ယူကျင်းပခဲ့သည်။

ဒုတိယအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ (၂၀၁၆-၂၁)[ပြင်ဆင်ရန်]

ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များ ရွေးကောက်ခံကိုယ်စားလှယ် တပ်မတော် ကိုယ်စားလှယ် တိုင်းရင်းသားရေးရာ ဝန်ကြီး စုစုပေါင်း
ပြည်နယ် လွှတ်တော်များ
ကချင်ပြည်နယ် လွှတ်တော် ၃၆ ၁၃ ၅၃
ကယားပြည်နယ် လွှတ်တော် ၁၄ ၂၀
ကရင်ပြည်နယ် လွှတ်တော် ၁၄ ၂၃
ချင်းပြည်နယ် လွှတ်တော် ၁၈ ၂၄
မွန်ပြည်နယ် လွှတ်တော် ၂၀ ၃၁
ရခိုင်ပြည်နယ် လွှတ်တော် ၃၄ ၁၂ ၄၇
ရှမ်းပြည်နယ် လွှတ်တော် ၉၆ ၃၄ ၁၃၇
တိုင်းဒေသကြီး လွှတ်တော်များ
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၇၄ ၂၅ ၁၀၁
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ၂၀ ၂၈
ပဲခူးတိုင်းဒေသကြီး လွှတ်တော် ၅၆ ၁၉ ၇၆
မကွေးတိုင်းဒေသကြီး လွှတ်တော် ၅၀ ၁၇ ၆၈
မန္တလေးတိုင်းဒေသကြီး လွှတ်တော် ၅၆ ၁၉ ၇၆
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၉၀ ၃၁ ၁၂၃
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၅၂ ၁၈ ၇၂
၈၅၀ ၂၂၀ ၂၉ ၈၇၉

ခေါင်းဆောင်များ[ပြင်ဆင်ရန်]

အမည် ပါတီ မဲဆန္ဒနယ် ရာထူး
ချင်း
ဦးဆလိုင်းလျန်လွယ် NLD ဖလမ်း ၂ ဝန်ကြီးချုပ်
ဦးဇိုဘွဲ NLD ဟားခါး ၁ ဥက္ကဋ္ဌ
ဦးအောင်သန်း NLD မင်းတပ် ၁ ဒုဥက္ကဋ္ဌ
ကချင်
ဦးခက်အောင် NLD မြစ်ကြီးနား ၁ ဝန်ကြီးချုပ်
ဦးထွန်းတင် NLD ဗန်းမော် ၂ ဥက္ကဋ္ဌ
ဦးဒိန်ခန်ဖုန် NLD ပူတာအို ၂ ဒုဥက္ကဋ္ဌ
ကယား
ဦးအယ်လ်ဖောင်းရှို NLD မယ်စဲ့ ၂ ဝန်ကြီးချုပ်
ဦးလှထွေး NLD ရှားတော ၂ ဥက္ကဋ္ဌ
ဦးတင်မြင့် NLD လွိုင်ကော် ၂ ဒုဥက္ကဋ္ဌ
ကရင်
ဒေါ်နန်းခင်ထွေးမြင့် NLD ဘားအံ ၁ ဝန်ကြီးချုပ်
ဦးစောချစ်ခင် NLD လှိုင်းဘွဲ့ ၂ ဥက္ကဋ္ဌ
ဒေါ်နန်းသူဇာခင် NLD ကော့ကရိတ် ၁ ဒုဥက္ကဋ္ဌ
မွန်
ဦးမင်းမင်းဦး NLD ဘီးလင်း ၂ ဝန်ကြီးချုပ်
ဒေါ်တင်အိ NLD သံဖြူဇရပ် ၁ ဥက္ကဋ္ဌ
ဦးမင်းမင်းဦး NLD ဘီးလင်း ၂ ဒုဥက္ကဋ္ဌ
ရခိုင်
ဦးညီပု NLD ဂွ ၂ ဝန်ကြီးချုပ်
ဦးစံကျော်လှ ANP ပုဏ္ဏားကျွန်း ၁ ဥက္ကဋ္ဌ
ဦးဖိုးမင်း ANP ရသေ့တောင် ၂ ဒုဥက္ကဋ္ဌ
ရှမ်း
ဦးလင်းထွဋ် NLD လားရှိုး ၁ ဝန်ကြီးချုပ်
ဦးစိုင်းလုံးဆိုင် USDP ကျိုင်းတုံ ၁ ဥက္ကဋ္ဌ
ဦးစဝ်အောင်မြတ် USDP ရွာငံ ၂ ဒုဥက္ကဋ္ဌ
ဧရာဝတီ
ဦးလှမိုးအောင် NLD မြန်အောင် ဝန်ကြီးချုပ်
ဦးအောင်ကျော်ခိုင် NLD အင်္ဂပူ ၂ ဥက္ကဋ္ဌ
ဦးစန်းထွေး NLD ဓနုဖြူ ၂ ဒုဥက္ကဋ္ဌ
ပဲခူး
ဦးဝင်းသိန်း NLD ရေတာရှည် ၂ ဝန်ကြီးချုပ်
ဦးခင်မောင်ရင် NLD လက်ပံတန်း ၁ ဥက္ကဋ္ဌ
ဦးကြည်ဇင် NLD ကျောက်တံခါး ၂ ဒုဥက္ကဋ္ဌ
မကွေး
ဦးအောင်မိုးညို NLD ပွင့်ဖြူ ၁ ဝန်ကြီးချုပ်
ဦးတာ NLD စလင်း ၁ ဥက္ကဋ္ဌ
ဦးဇော်မျိုးဝင်း NLD မြို့သစ် ၂ ဒုဥက္ကဋ္ဌ
မန္တလေး
ဦးဇော်မြင့်မောင် NLD အမရပူရ ၁ ဝန်ကြီးချုပ်
ဦးအောင်ကျော်ဦး NLD ပုသိမ်ကြီး ၁ ဥက္ကဋ္ဌ
ဦးခင်မောင်ဌေး NLD ပြင်ဦးလွင် ၂ ဒုဥက္ကဋ္ဌ
စစ်ကိုင်း
ဦးမြင့်နိုင် NLD ရွှေဘို ၂ ဝန်ကြီးချုပ်
ဦးသန်း NLD ကသာ ၁ ဥက္ကဋ္ဌ
ဦးဘိုးသန်းညွန့် NLD အင်းတော် ၁ ဒုဥက္ကဋ္ဌ
တနင်္သာရီ
ဒေါ်လဲ့လဲ့မော် NLD သရက်ချောင်း ၁ ဝန်ကြီးချုပ်
ဦးခင်မောင်အေး NLD ထားဝယ် ၁ ဥက္ကဋ္ဌ
ဦးကြည်စိုး NLD ရေဖြူ ၂ ဒုဥက္ကဋ္ဌ
ရန်ကုန်
ဦးဖြိုးမင်းသိန်း NLD လှည်းကူး ၂ ဝန်ကြီးချုပ်
ဦးတင်မောင်ထွန်း NLD ဒဂုံ ၁ ဥက္ကဋ္ဌ
ဦးလင်းနိုင်မြင့် NLD ကမာရွတ် ၂ ဒုဥက္ကဋ္ဌ
Source: The Myanmar Times Archived 20 July 2017 at the Wayback Machine.

ပထမအကြိမ် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များ (၂၀၁၁-၁၆)[ပြင်ဆင်ရန်]

ခေါင်းဆောင်များ[ပြင်ဆင်ရန်]

အမည် ပါတီ မဲဆန္ဒနယ် ရာထူး
ချင်း
ဦးဟုန်းငိုင် USDP မင်းတပ် ၂ ဝန်ကြီးချုပ်
Hauk Khim Kham USDP တွန်းဇံ ၂ ဥက္ကဋ္ဌ
ဦးအုန်းလွင် USDP မတူပီ ၁ ဒုဥက္ကဋ္ဌ
ကချင်
ဦးလဂျွန်ငန်ဆိုင်း USDP တနိုင်း ၁ ဝန်ကြီးချုပ်
Rawajon USDP မချမ်းဘော ၁ ဥက္ကဋ္ဌ
ဦးစိုင်းမြင့်ကျော် USDP ဖားကန့် ၂ ဒုဥက္ကဋ္ဌ
ကယား
ဦးခင်မောင်ဦး USDP ဘော်လခဲ ၁ ဝန်ကြီးချုပ်
ဦးကျော်ဆွေ USDP လွိုင်ကော် ၁ ဥက္ကဋ္ဌ
ဦးမောင်မောင်အေး USDP ရှားတော ၂ ဒုဥက္ကဋ္ဌ
ကရင်
ဦးဇော်မင်း တပ်မတော် ဝန်ကြီးချုပ်
ဦးစောအောင်ကျော်မင်း USDP ကြာအင်းဆိပ်ကြီး ၁ ဥက္ကဋ္ဌ
ဦးမန်းလှမြိုင် USDP ကော့ကရိတ် ၁ ဒုဥက္ကဋ္ဌ
မွန်
ဦးအုန်းမြင့် USDP မုဒုံ ၁ ဝန်ကြီးချုပ်
ဦးကြင်ဖေ USDP ချောင်းဆုံ ၂ ဥက္ကဋ္ဌ
ဦးဌေးလွင် USDP ကျိုက်ထို ၁ ဒုဥက္ကဋ္ဌ
ရခိုင်
ဦးမောင်မောင်အုန်း တပ်မတော် ဝန်ကြီးချုပ်
ဦးထိန်လင်း USDP ဂွ ၁ ဥက္ကဋ္ဌ
ဦးသာညွန့် USDP မန်အောင် ၂ ဒုဥက္ကဋ္ဌ
ရှမ်း
ဦးစဝ်အောင်မြတ် USDP တောင်ကြီး ၁ ဝန်ကြီးချုပ်
ဦးစိုင်းလုံးဆိုင် USDP ကျိုင်းတုံ ၁ ဥက္ကဋ္ဌ
ဦးစိုင်းခမ်းမှတ် USDP လားရှိုး ၂ ဒုဥက္ကဋ္ဌ
ဧရာဝတီ
ဦးသိန်းအောင် USDP အင်္ဂပူ ၁ ဝန်ကြီးချုပ်
ဦးစံတင့် USDP ရေကြည် ၁ ဥက္ကဋ္ဌ
ဦးထိန်ဝင်း USDP ကျောင်းကုန်း ၁ ဒုဥက္ကဋ္ဌ
ပဲခူး
ဦးဉာဏ်ဝင်း USDP ဇီးကုန်း ၁ ဝန်ကြီးချုပ်
ဦးဝင်းတင် USDP ပဲခူး ၁ ဥက္ကဋ္ဌ
ဦးဝင်းမြင့်စိုး USDP ကြို့ပင်ကောက် ၂ ဒုဥက္ကဋ္ဌ
မကွေး
ဦးဘုန်းမော်ရွှေ USDP မင်းဘူး ၁ ဝန်ကြီးချုပ်
ဦးရဲမြင့် USDP မကွေး ၁ ဥက္ကဋ္ဌ
ဦးစောဝင်းမောင် USDP တောင်တွင်းကြီး ၂ ဒုဥက္ကဋ္ဌ
မန္တလေး
ဦးရဲမြင့် USDP မြင်းခြံ ၂ ဝန်ကြီးချုပ်
ဦးဝင်းမောင် USDP တောင်သာ ၂ ဥက္ကဋ္ဌ
ဦးအောင်ဌေးကျော် USDP ပြင်ဦးလွင် ၁ ဒုဥက္ကဋ္ဌ
စစ်ကိုင်း
ဦးသာအေး USDP ဝက်လက် ၁ ဝန်ကြီးချုပ်
ဦးသင်းလှိုင် USDP ကန့်ဘလူ ၁ ဥက္ကဋ္ဌ
ဦးသောင်းစိန် USDP ပုလဲ ၂ ဒုဥက္ကဋ္ဌ
တနင်္သာရီ
ဦးမြတ်ကို USDP ထားဝယ် ၂ ဝန်ကြီးချုပ်
ဦးထင်အောင်ကျော် USDP ပုလော ၂ ဥက္ကဋ္ဌ
ဦးညီဝင်း USDP ကော့သောင်း ၁ ဒုဥက္ကဋ္ဌ
ရန်ကုန်
ဦးမြင့်ဆွေ USDP ရွှေပြည်သာ ၁ ဝန်ကြီးချုပ်
ဦးစိန်တင်ဝင်း USDP ကွမ်းခြံကုန်း ၂ ဥက္ကဋ္ဌ
ဦးတင်အောင် USDP ဒဂုံမြို့သစ် ဒုဥက္ကဋ္ဌ
Source: Mizzima Archived 4 February 2011 at the Wayback Machine.

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]