မာတိကာသို့ ခုန်သွားရန်

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)

ဝီကီပီးဒီးယား မှ
၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ
ဥက္ကဋ္ဌဦးရဲထွန်း
တည်ထောင်ခြင်း၂၉ နိုဝင်ဘာ ၂၀၂၃; ၂၂ လ အကြာက (၂၀၂၃-၁၁-29)
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ (အင်္ဂလိပ်: 88 Generation student Youths (Union of Myanmar) Party) သည် ၂၀၁၀ ခုနှစ်က ပေါ်ပေါက်လာသော ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် နိုင်ငံရေးပါတီ ဖြစ်သည်။​ ပါတီဥက္ကဋ္ဌမှာ ဦးရဲထွန်း ဖြစ်သည်။ ပါတီဒုတိယဥက္ကဌမှာ ဦးသန်းဦး ဖြစ်ပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးလေးစိုး ဖြစ်သည်။

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် (၈-၃-၂၀၁၀)နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ကို အစိုးရမှ ထုတ်ပြန်ပြီးနောက် ပထမဆုံးဦးဦဖျားဖျား မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သောပါတီ ဖြစ်သည်။ ဥက္ကဋ္ဌမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဖြစ်သူ ဦးအေးလွင်၏ ညီ ဖြစ်သူ ဦးရဲထွန်းဖြစ်သည်။ ဦးရဲထွန်းပါ (၂၇) ဦးတို့ဖြင့် ဦးဆောင်ဖွဲ့စည်းထားသော ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီသည် (၂၂.၃.၂၀၁၀) နေ့တွင် မှတ်ပုံတင်ခွင့် အဦးဆုံး စတင်လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်မှ (၂၂.၄.၂၀၁၀) နေ့တွင် ပါတီ တည်ထောင်ခွင့် ခွင့်ပြုမိန့် စတင်ချပေးခဲ့သည်။ ပါတီအလံနှင့် ရုံးတံဆိပ်များသည် သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံ၊ ခွပ်ဒေါင်းအလံ နှင့် သမိုင်းဝင် ဘီအိုင်အေ အမှတ်တံဆိပ် ဒေါင်းတံဆိပ်ပုံ များ ဖြစ်နေသည့်အတွက် ဒဂုန်တာရာလူထုစိန်ဝင်း၊ ဦးမိုးသူ စသော စာပေအနုပညာရှင် (၉၀)ကျော်တို့က ကန့်ကွက်သဖြင့် ပါတီအလံ အမှတ်တံဆိပ်ကို ပြင်ဆင်ပြောင်းလဲ ပေးခဲ့ရသည်။ []

ပါတီမှတ်ပုံတင်ခြင်း

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ နေ့တွင် မှတ်ပုံတင်အမှတ် (၄၄) ဖြင့် ခွင့်ပြုခဲ့သည်။[]

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

[ပြင်ဆင်ရန်]

အမျိုးသားလွှတ်တော်

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် မှတ်ချက် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၁၀
၀ / ၂၂၄
လွှတ်တော်နေရာ မရရှိခဲ့ပေ။
၂၀၁၅
၀ / ၂၂၄
လွှတ်တော်နေရာ မရရှိခဲ့ပေ။
၂၀၂၀
၀ / ၂၂၄
လွှတ်တော်နေရာ မရရှိခဲ့ပေ။
၂၀၂၅

ပြည်သူ့လွှတ်တော်

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် မှတ်ချက် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၁၀
၀ / ၄၄၀
လွှတ်တော်နေရာ မရရှိခဲ့ပေ။
၂၀၁၅
၀ / ၄၄၀
လွှတ်တော်နေရာ မရရှိခဲ့ပေ။
၂၀၂၀
၀ / ၄၄၀
လွှတ်တော်နေရာ မရရှိခဲ့ပေ။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း၊ စာမျက်နှာ (၃၄၅)
  2. ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု Ministry of Information။ 9 August 2025 တွင် ပြန်စစ်ပြီး။