ဘူးသီးတောင်မြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဘူးသီးတောင်မြို့
မြန်မာနိုင်ငံရှိ မြို့များ
ဘူးသီးတောင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဘူးသီးတောင်မြို့
ဘူးသီးတောင်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°52′N 92°31′E / 20.867°N 92.517°E / 20.867; 92.517
နိုင်ငံအမည် မြန်မာ
ပြည်နယ်Flag of Rakhine.svg ရခိုင်
ခရိုင်မောင်းတော
လတ္တီကျု(၂၀)ဒီဂရီ၊ (၄၉)မိနစ်
လောင်ဂျီကျု(၉၂)ဒီဂရီ၊ (၂၂)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ဘူးသီးတောင်မြို့
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ဘူးသီးတောင်မြို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ယခင်က ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ခဲ့ဖူးပြီး ယခုအခါ မြို့နယ် အဆင့်ရုံးစိုက်ရာမြို့ဖြစ်ကာ မောင်တောခရိုင်တွင် ပါဝင်သည်။ ဘူးသီးတောင်မြို့သည် မေယုနယ်ခြား ခရိုင်အတွင်းရှိ ဘူးသီးတောင်မြို့နယ်၏ ရုံးစိုက် မြို့ဖြစ်သည်။ မယူမြစ်ဖျား လက်ယာဘက်ကမ်းတွင် မြို့တည်ထား၍၊ မယူမြစ်ကမ်း၏ မြေပြန့်အရပ်တွင် အကျယ်ဆုံးသော နေရာ၌ တည်ရှိပြီးလျှင်၊ လေကွယ်သော ချောင်းကောင်းရှိသော သင်္ဘောဆိပ်မြို့တစ်မြို့လည်းဖြစ်သည်။ ဘူးသီးတောင်မြို့သည် စစ်တွေမြို့မှ မြောက်ယွန်းယွန်း ၇၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။ မယူမြစ်ဝမှ ၇၅-မိုင် အကွာ၊ ကုလားပန်းဇင်းချောင်း၏ လက်ဝဲဘက်ကမ်းတွင် တည်ရှိသည်။ ပင်လယ်မှ မိုင် ၈ဝ ခန့်ဝေးကွာသည်။ ၁၉၀၅-ခုနှစ်တွင် မြို့ဖြစ်လာသည်။ တောင်ကုန်း၊ တောင်ကမူများ ပေါများကာ ဘူးသီးပုံသဏ္ဌာန်နှင့် တူသောကြောင့် ဘူးသီးတောင်ဟု အမည်တွင်ခဲ့သည်။ မြို့ဧရိယာ ၀.၆၉-စ/မိုင်၊ မြို့နယ်ဧရိယာ ၇၇၉-စ/မိုင်ရှိသည်။ မြို့ပေါ်လူနေမှု လူဦးရေမှာ ၁၉၉၁၄-ဖြစ်ပြီး၊ မြို့နယ်လူဦးရေမှာ ၂.၉၃-သိန်းကျော် ရှိသည်။ အများစုမှာ ဘင်္ဂလီများဖြစ်ကြသည်။

ဘူးသီးတောင် မြို့နယ်သည် စတုရန်းမိုင် ၇၉ဝ ခန့် ကျယ်ဝန်းသည်။ တောင်ကုန်းထူထပ်သော မြို့နယ် ဖြစ်သည်။ မယူမြစ်သည် မယူတောင်တန်းနှင့် ယှဉ်ပြိုင်လျက် ဘူးသီးတောင်မြို့နယ်အတွင်း မြောက်ဘက်မှ တောင်ဘက်သို့ဖြတ်သန်းစီးဆင်းသည်။ မယူမြစ်ကို ဘူးသီးတောင်မြို့အနီးတွင် ကုလားပန်းဇင်မြစ်ဟု ခေါ်သည်။ မိုးရာသီအခါ မိုးများသောဒေသဖြစ်သည်။ နွေရာသီအခါ အတော်အတန် ပူအိုက်သည်။ ဘူးသီးတောင်မြို့၏ အကျယ်အဝန်းမှာ ၄ဝ၉ ဧကခန့်ရှိ၍၊ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရှိ လူဦးရေမှာ ၃၁၉၃ ယောက် ဖြစ်သည်။ ရခိုင်ဗုဒ္ဓအယူဝါဒီများက ၄ဝ ရာခိုင်နှုန်းခန့်သာ ရှိ၍၊ အစ္စလမ်အယူဝါဒီတို့သည် လူဦးရေ အများဆုံး ဖြစ်ကြလေသည်။

မြို့နယ်အတွင်း၌၎င်း၊ ခရိုင်အတွင်း၌၎င်း ကူးသန်း သွားလာရေးအတွက်များသော အားဖြင့် ရေကြောင်းလမ်းကို အားပြုကြရသည်။ ရေကြောင်းလမ်းများတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အဖွဲ့ပိုင်သင်္ဘောများ ခုတ်မောင်းသွားလာလျက်ရှိသည်။ ဘူးသီးတောင် နှင့် နတ်မြစ်ဝပေါ်ရှိ မောင်းတောမြို့ကို ကုန်းလမ်းခရီးဖြင့်လည်း သွားလာနိုင်၍၊ ၁၅ မိုင်ခန့်ရှည်လျားသော မော်တော်ကားလမ်းရှိသည်။

ဘူးသီးတောင်မြို့ပေါ်နှင့် အနီးအနားတွင် ရှေးဗုဒ္ဓအယူဝါဒီ ရခိုင်မင်းတို့တည်ထားသော စေတီပုထိုးများ ရှိခဲ့သော်လည်း မူဂျာဟ်များ လက်ချက်ကြောင့် အများအပြား ပျက်စီးခဲ့ရသည်။ တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်သော ရင်ငွေ့တော်ဘုရား ( ဗုဒ္ဓမြတ်စွာဘုရား၏ ရင်ငွေ့တော်ဖြင့် သွင်းလုပ်ထားသည်ဟု ဆိုသည်။ ) သည် ၁၉၄၂ ခုနှစ်ကပင် သောင်းကျန်းသူများ လက်ချက်ကြောင့် ပျောက်ကွယ်နေခဲ့သည်။

မြို့ပေါ်တွင် ထင်ရှားသော ဗုဒ္ဓအယူဝါဒီ ဘုန်းကြီးကျောင်းများမှာ (၁) သူဌေးကုန်းကျောင်း၊ (၂) သပြေကုန်းကျောင်း၊ (၃) တပ်ရာမြင်ဒင် ကျောင်းတို့ဖြစ်ကြသည်။ တပ်ရာကျောင်းဟု ခေါ်ခြင်းမှာ မြန်မာနိုင်ငံကို ဗြိတိသျှတို့စစ်ပြုရန် စစ်ပြင်စဉ်အခါက ထိုအရပ်တွင် တပ်စွဲပြီး စစ်သားစုဆောင်းခဲ့သောကြောင့်ဟု ဆိုသည်။

ရှေးရခိုင်မင်းတို့စိုးမိုးစဉ်က ဘူးသီးတောင်မြို့အနီးတစ်ဝိုက်တွင် မြို့တည်၍ ထီးနန်းစိုက်ခဲ့ဟန်တူသည်။ ဘူးသီးတောင်မြို့မှ တစ်မိုင်ခန့်အကွာတွင် နန်းတော်ရာ ကုန်းမြင့်တစ်ခုကို တွေ့ရှိရ၍ ထိုနန်းတော်ရာကို အစွဲပြုပြီးလျှင် ဘူးသီးတောင်မြို့၏ အရှေ့ဘက်၊ မြစ်တစ်ဘက်ရှိ ရွာကို နန်းရာကုန်းရွာဟု ခေါ်ဝေါ်ကြသည်။

ဘူးသီးတောင်မြို့မှ ၁၅ မိုင်ခန့်ဝေးသော အရပ်တွင် မြန်မာနိုင်ငံ၌ အကြီးဆုံး ရေတံခွန်တစ်ခုဖြစ်သော စိုင်းတင်ရေတံခွန်ရှိသည်။

ဘူးသီးတောင်ဟု ခေါ်ဆိုခြင်းမှာ မြို့အရှေ့ဘက် ချောင်းဖျားတွင် သိုက်နန်းတစ်ခု ရှိသည်။ ထိုသိုက်နန်း၌ ရွှေဘူးသီး ငွေဘူးသီးများရှိသည်ကို အစွဲပြု၍ ဘူးသီးတောင် ခေါ်သည်ဟု ဆိုကြလေသည်။[၁] လယ်ယာစိုက်ပျိုးခြင်းနှင့် သစ်ဝါးထုတ်လုပ်သည်။ တောတောင်ထူထပ်ပြီး ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တောမှာ ၃၂၃.၃၀-စ/မိုင် ရှိသည်။ စိုက်ပျိုးဧရိယာမှာ ၉၈.၆၅-စ/မိုင် ရှိသည်။

မြန်မာ့တပ်မတော်အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် ဘူးသီးတောင်မြို့တွင် အခြေစိုက်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)