မွန်ညီညွတ်ရေးပါတီ
| မွန်ညီညွတ်ရေးပါတီ | |
|---|---|
| အင်္ဂလိပ် အမည် | Mon Unity Party |
| နာယက | နိုင်လဝီအောင် |
| တည်ထောင်ခြင်း | ၁၁ ဇူလိုင် ၂၀၁၉ |
| နိုင်ငံရေး သဘောတရား | မွန်လူမျိုး အခွင့်အရေး |
| အရောင် | အဝါ အနီ အပြာ |
| အမျိုးသားလွှတ်တော် အမတ်နေရာ | ၅ / ၂၂၄
|
| ပြည်သူ့လွှတ်တော် အမတ်နေရာ | ၅ / ၄၄၀
|
| မွန်ပြည်နယ် လွှတ်တော် အမတ်နေရာ | ၇ / ၃၁
|
| ပါတီအလံ | |
| မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ | |
မွန်ညီညွတ်ရေးပါတီ (အင်္ဂလိပ်: Mon Unity Party) သည် မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ဖြစ်သည်။
နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Mon Unity Party- MUP ဟု လူသိများသည်။ မွန်အင်အားကြီးနှစ်ပါတီ ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီသည် ပါတီဝင်အင်အား တစ်သိန်းနီးပါးရှိပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး စသည့်တိုင်းဒေသကြီးများ၌ ပါတီရုံးခွဲများ ရှိသည်။[၁]
ပါတီ ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]မွန်ညီညွတ်ရေးပါတီတွင် ဗဟိုကော်မတီဝင် ၁၄၀ ဦးရှိပြီး ၎င်းတို့ထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၉ ဦး၊ ဥက္ကဋ္ဌအဖွဲ့လေးဦး၊ အတွင်းရေးမှူးအဖွဲ့ ခြောက်ဦးတို့ ဖြင့် ဖွဲ့စည်းထားသည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည်။[၃] မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ နှင့် မွန်နိုင်ငံရေးစိတ်ဝင်စားသည့်သူများ ပူးပေါင်းပြီး မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းရန် ရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက လျှောက်ထားခဲ့ခြင်းဖြစ်သည်။[၄]
၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မွန်ညီညွတ်ရေးပါတီ၏ ပထမဆုံးအကြိမ် ပါတီညီလာခံအပြီးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ နိုင်လဝီအောင် (ခ) နိုင်မြင့်ဆွေကို ပါတီဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ကြသည်။[၅]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၅၂) ဖြင့် ခွင့်ပြုခဲ့သည်။[၆]
ရွေးကောက်ပွဲ ဝင်ပြိုင်မှုများ
[ပြင်ဆင်ရန်]၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မှု
[ပြင်ဆင်ရန်]မွန်ညီညွတ်ရေးပါတီမှာ ပြီးခဲ့သည့် (၂၀၂၀) ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေပေါင်း (၄၅) နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံခဲ့ပြီး မဲဆန္ဒနယ်မြေ (၁၂) နေရာ အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားအခြေပြု နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။
၂၀၂၅ ရွေးကောက်ပွဲ ဝင်ပြိုင်မှု
[ပြင်ဆင်ရန်]မွန်ပြည်နယ်အခြေစိုက် မွန်ညီညတ်ရေးပါတီ (MUP) အနေဖြင့် လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပါတီဗဟို အစည်းအဝေးအား ပြီးခဲ့သည့် ဩဂုတ်လ (၁၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး၊ ထို အစည်းအဝေးမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီဗဟို တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “မွန်ညီညွတ်ရေးပါတီအနေနဲ့က မွန်ပြည်နယ် (၁၀) မြို့နယ်လုံးမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမှာမဟုတ်ဘဲ၊ နိုင်နိုင်ခြေများတဲ့ မြို့နယ်တွေလောက်မှာဘဲ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ” ဟု ပြောကြားသည်။မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် မွန်ပြည်နယ် ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် မုဒုံမြို့နယ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်ခြေ များကြောင်းနှင့် ကျန်မြို့နယ်များအတွင်း တချို့မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်ခြေများကြောင်းလည်း ၎င်းကဆိုသည်။[၇]
၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၂၄၃ နယ်၌ ကိုယ်စားလှယ်လောင်း ၃၈ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၁၇ ဦး အနိုင်ရရှိခဲ့ပါသည်။ ပါတီအနေဖြင့် စုစုပေါင်းခိုင်လုံမဲ ၁၄၅,၇၈၆ မဲ ရရှိခဲ့ပြီး ယင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခိုင်လုံမဲစုစုပေါင်း၏ ၁.၁၁ ရာခိုင်နှုန်း ဖြစ်ပါသည်။[၈]
ရွေးကောက်ပွဲ ရလဒ်များ
[ပြင်ဆင်ရန်]အမျိုးသားလွှတ်တော်
[ပြင်ဆင်ရန်]| ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | ရွေးကောက်ပွဲ ဦးဆောင်သူ |
|---|---|---|---|---|---|
၃ / ၂၂၄ |
ပယ်ဖျက်ခဲ့။ | နိုင်တင်အောင် | |||
| ၂၀၂၅ | ၅ / ၂၂၄ |
နိုင်လဝီအောင် |
ပြည်သူ့လွှတ်တော်
[ပြင်ဆင်ရန်]| ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | ရွေးကောက်ပွဲ ဦးဆောင်သူ |
|---|---|---|---|---|---|
၂ / ၄၄၀ |
ပယ်ဖျက်ခဲ့။ | နိုင်တင်အောင် | |||
| ၂၀၂၅ | ၅ / ၄၄၀ |
နိုင်လဝီအောင် |
မွန်ပြည်နယ်လွှတ်တော်
[ပြင်ဆင်ရန်]| ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | ရွေးကောက်ပွဲ ဦးဆောင်သူ |
|---|---|---|---|---|---|
၆ / ၂၃ |
ပယ်ဖျက်ခဲ့။ | နိုင်တင်အောင် | |||
| ၂၀၂၅ | ၇ / ၂၃ |
နိုင်လဝီအောင် |
တိုင်းရင်းသားရေးရာ ဝန်ကြီးများ
[ပြင်ဆင်ရန်]| ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | ရွေးကောက်ပွဲ ဦးဆောင်သူ |
|---|---|---|---|---|---|
၁ / ၂၉ |
ပယ်ဖျက်ခဲ့။ | နိုင်တင်အောင် | |||
| ၂၀၂၅ | ၀ / ၂၉ |
နိုင်လဝီအောင် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ https://www.bbc.com/burmese/burma-53550199
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 9 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 September 2020 တွင် ပြန်စစ်ပြီး။
- ↑ မွန်ညီညွတ်ရေးပါတီ ( Mon Unity Party ) ကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုခြင်း။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၁၂ ဇူလိုင် ၂၀၂၀)။ 8 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ http://mizzimaburmese.com/article/56942
- ↑ မွန်ညီညွတ်ရေးပါတီ (MUP) ၏ ပထမဆုံးအကြိမ် ပါတီညီလာခံအပြီးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ နိုင်လဝီအောင်(ခ)နိုင်မြင့်ဆွေ ပါတီဥက္ကဋ္ဌဖြစ်လာ (in my)။ 2026-03-11 တွင် ပြန်စစ်ပြီး။
- ↑ မွန်ညီညွတ်ရေးပါတီ (Mon Unity Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 18 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် ရွေးကောက်ပွဲအောင်မြင်နိုင်မည့် မြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်။ Eleven Media။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိမှု အခြေအနေ ထုတ်ပြန်ကြေညာခြင်း။ 11 March 2026 တွင် ပြန်စစ်ပြီး။
| ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |