အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်
Jump to navigation
Jump to search
အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် (ပါဠိ: Abhidhajamahāraṭṭhaguru; အင်္ဂလိပ်: Abhidhaja Maha Rattha Guru Title) သည် မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန မှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် တစ်ခု ဖြစ်သည်။
အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်၏ ဂုဏ်အင်္ဂါအရည်အချင်းများမှာ
- အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း၊
- အနည်းဆုံး သိက္ခာဝါ (၆၀) ရှိခြင်း၊ ဗဟုသုတ အကြားအမြင်များခြင်း၊
- သာသနာတော်အတွက် ကျေးဇူးများသော ဗုဒ္ဓစာပေကျမ်းဂန် ရေးသားခြင်း၊
- ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဖြစ်ခြင်း၊
- တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း ဩဇာတိက္ကမ ကြီးမားခြင်း၊
- သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားခြင်းကြောင့် အများပြည်သူတို့၏ ကြည်ညိုလေးစားမှုခံရခြင်း တို့ ဖြစ်သည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ပြဋ္ဌာန်းခြင်းဆိုင်ရာ ဂုဏ်အင်္ဂါအရည်အချင်းများအား အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြခြင်း (၂၉ နိုဝင်ဘာ ၂၀၁၆)။ ၂၀ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။
![]() | ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |