ချဉ်ဖတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ချဉ်ဖတ်သည် မြန်မာလူမျိုးတို့ စားသုံးသော တို့စရာ တစ်မယ် ဖြစ်၏။ ထမင်းစားရာတွင်၊ အဆီ၊ အသား၊ အချို၊ အဆိမ့်တို့ကြောင့် အီဆိမ့်နေခြင်းကို ဖြေ၍ ထမင်းမြိန်စေရန် ချဉ်ဖတ်ကို ငါးပိရည်၊ ငန်ပြာရည်ဖျော်တို့ဖြင့် တို့၍ စားကြ သည်။

ချဉ်ဖတ်ထည့်နည်းမှာ ချဉ်ဖတ်ထည့်လိုသောအသီး၊ အရွက် စသည်တို့ကို အလိုရှိသလို လှီးစိတ်၍၊ ဆား၊ ထမင်းကြမ်း သင့်ရုံတို့ဖြင့် သမအောင်နယ်ကာ၊ စဉ့်အိုး၊ အင်တုံ သို့မဟုတ် ကြွေအိုးတို့တွင် ခေတ္တသိပ်ထားရသည်။ ထိုနောက် ဆန်ဆေး ရည်ကို အပေါ်မှလောင်းထည့်၍ ကုပ်ဖိထားရသည်။ ထမင်း ကြမ်းနှင့် ဆန်ဆေးရည်တို့အစား၊ ဖွဲနုကို အရည်ကျို၍ ဆားသင့်ရုံနှင့် နယ်ထားသော အသီးအရွက်များပေါ်တွင် ခပ်နွေးနွေး လောင်းချ၍လည်း ချဉ်ဖတ်ထည့်နိုင်သည်။

ဆား၊ ထမင်းကြမ်းနှင့် ဆန်ဆေးရည်တို့မှ ဖြစ်လာသော အချဉ်ဓာတ်သည် အသီး၊ အရွက်များကို ချဉ်စေ၍၊ နှစ်ရက်၊ သုံးရက်ခန့်အကြာတွင် ချဉ်ဖတ်ဖြစ်လာသည်။ ကန်စွန်း၊ လယ်ပဒူ၊ ကြာလင်ပန်း၊ ဟင်းဂလာ၊ ဂန့်ဂလာ၊ မုန်ညင်း၊ မုန်လာ၊ ဗြုန်းမွေး၊ တမာစသော အဖူးများ၊ ကြောင် လျှာ၊ ခအောင်းစသော အသီးများ၊ ညံပွင့် အစရှိသော အပွင့် များ၊ ကြိမ်ဖူး၊ ဖလံတောင်ဝှေး စသော အရိုးများနှင့် မုန်လာဥ အစရှိသော သစ်ဥများကို ချဉ်ဖတ်ထည့်၍ မြန်မာတို့ စားသုံး လေ့ ရှိကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)