မာတိကာသို့ ခုန်သွားရန်

ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ဝီကီပီးဒီးယား မှ
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တေ
IUCN category IV (habitat/species management area)
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တေ၏ တည်နေရာပြ မြေပုံ
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တေ၏ တည်နေရာပြ မြေပုံ
မြန်မာနိုင်ငံတွင်း တည်နေရာ
တည်နေရာမကွေးတိုင်းဒေသကြီး မြန်မာ
ကိုဩဒိနိတ်20°12′N 94°35′E / 20.200°N 94.583°E / 20.200; 94.583ကိုဩဒိနိတ်: 20°12′N 94°35′E / 20.200°N 94.583°E / 20.200; 94.583
ဧရိယာ၅၅၃ စတုရန်း ကီလိုမီတာ (၂၁၃.၄ စတုရန်းမိုင်)
ဖွဲ့စည်း၁၉၈၅

ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ပွင့်ဖြူမြို့နယ်ငဖဲမြို့နယ်စေတုတ္တရာမြို့နယ်များအတွင်းတွင် တည်ရှိပြီး ၂၁၃.၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ အပူပိုင်းခြောက်သွေ့တော အထူးသဖြင့် သန်းဒဟတ်တောများကိုလည်းကောင်း၊ အရေးကြီးသော မုန်းချောင်းနှင့် မန်းချောင်းရေဝေကုန်းတန်းများကိုလည်းကောင်း ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရန်ရည်ရွယ်၍ ၁၉၈၅ ခုနှစ်(မူကွဲ - ၁၉၄၀ ခုနှစ်) တွင် တည်ထောင်ခဲ့သည်။ အဓိကအားဖြင့် ရွှေသမင်(Cervus eldi) များ၏ စားကျတ်နေရာများကို ထိန်းသိမ်းရန် ရည်ရွယ်သည်။ ရွှေစက်တော် ဘေးမဲ့တော၏ မြေမျက်နှာပြင်မှာ မနိမ်မမြင့် တောင်ကုန်းတောင်တန်း ဆင်ခြေလျှောများနှင့် တတိယကပ် သဲကျောက်များ ဖုန်းလွှမ်းလျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀ မှ ပေ ၆၀၀ အထိ မြင့်သည်။

တည်နေရာ

[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ်၂၀°၁၂'၊ အရှေ့လောင်ဂျီတွဒ် ၉၄°၃၃'၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြိုနယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ် များအတွင်း မကွေးတိုင်းဒေသကြီးတွင် တည်ရှိသည်။

သဘာဝအရင်းအမြစ်များ

[ပြင်ဆင်ရန်]

ရွက်ကြွေတော(အပေါ်ပိုင်းစိုစွတ်)၊ရွက်ကြွေတော(အပေါ်ပိုင်းခြောက်သွေ့) ရောနှောသစ်တောများ ၈၀%နှင့် ၂၀% အသီးသီးဖုံးလွှမ်းထားသည်။ ရွှေစက်တော် ဘေးမဲ့တောတွင် မြန်မာ့ရွှေသမင်များကို အဓိကထိန်းသိမ်းထားပြီး ဝက်ဝံကျားသစ်ချေတောဝက်ဒေါင်းမျောက်တောကြောင်နှင့် ငှက်မျိုးစုံ ၁⁠၁၃မျိုး ကျတ်စားနေထိုင်ကြပြီး စွေ့ငှက်နဖားကြူးငှက်နှင့် ရှားပါးကြယ်လိပ်(ခ) ဆီးချိုလိပ်(Geochelone platynota)တို့ကို တွေ့ရှိနိုင်သည်။ တစ်ကမ္ဘာလုံး မျိုးသုဉ်းမည့် အန္တရာယ်တွေ့ကြုံနေရသည့် တောခွေး(Cuon alpinus) နှင့် သင်းခွေချပ်(Sunda Pangolin (Manis javanica))ရှိသည်။ ထို့ပြင် ရွှေစက်တော်ဘေးမဲ့တော၌ လိပ်ပြာဇုန်များရှိပြီး လိပ်ပြာမျိုးစိတ် ၃၉ မျိုးရှိနေသည်ဟု သိရသည်။[] တောရိုင်းတိရစ္ဆာန်များ၏ သဘာဝအတိုင်းနေထိုင်ကျတ်စားမှုကို မြင်တွေ့နိုင်သည်။ ရွှေစက်တော်ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ(၁၄)မျိုး၊ ကုန်းနေရေနေသတ္တဝါ(၃၄)မျိုး နေထိုင်ကျတ်စားလျက်ရှိသည်။

ခြိမ်းခြောက်နေသာအန္တရာယ်များ

[ပြင်ဆင်ရန်]

အများဆုံး ခြိမ်းခြောက်နေသောအန္တရာမှာ ဆည်များတည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းကြိုးများသွယ်တန်း တည်ဆောက်ခြင်းဖြစ်သည်။ ထိန်းသိမ်းရေးဧရိယာအတွင်း တောင်ယာများကို ကျူးကျော်လုပ်ကိုင် ကြခြင်းနှင့် ရှားပါး ကြယ်လိပ်များနှင့် မြန်မာနိုင်ငံမှာသာ တွေ့ရသော ရွှေသမင်များကို ရောင်းချခြင်းများဖြစ်သည်။ သစ်ခိုးထုတ်မှုများလည်းရှိနေသေးသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ရှားပါးတိရစ္ဆာန်များ နှင့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားခြင်းတို့ကို လေ့လာခဲ့သည်။

ခရီးသွားလုပ်ငန်းများ

[ပြင်ဆင်ရန်]

ထိန်းသိမ်းထားသော မြေနေရာအတွင်း၌ စက်တော်ရာဘုရားတည်ရှိကာ နိုင်ငံသားနှင့် နိုင်ငံခြားသားစုစုပေါင်း ၂၀၀,၀⁠၀၀ ခန့်နှစ်စဉ်လည်ပါတ်လေ့ရှိသည်။

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]
  • ရန်ကုန်-ပြည်-ရွှေစက်တော် ကားဖြင့်(၃၁၇)မိုင်
  • ရန်ကုန်-မကွေး-ရွှေစက်တော် ကားဖြင့်(၃၆၄)မိုင်

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ

[ပြင်ဆင်ရန်]
  • မြန်မာ့ရွှေသမင်များ၏ သဘာဝနေထိုင်ကျက်စားမှု အခြေအနေများ လေ့လာ နိုင်ခြင်း၊
  • အင်တိုင်းတောနှင့် သန်းဒဟတ်တောများကို လေ့လာနိုင်ခြင်း၊
  • သားငှက် တိရစ္ဆာန်မျိုးစုံကို လေ့လာနိုင်ခြင်း၊
  • ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာကို ဖူးမြော် နိုင်ခြင်း၊
  • မြန်မာ့ မျိုးရင်းဖြစ်သော ကြယ်လိပ်၏ သဘာဝနေထိုင်ကျက်စားမှု အခြေအနေများလေ့လာနိုင်ခြင်း၊
  • တိုင်းရင်းသားချင်းလူမျိုးများ၏ ဓလေ့ထုံးစံ များကို လေ့လာ နိုင်ခြင်း။

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန [၁] Archived 23 October 2014 at the Wayback Machine.
  2. လောကနန္ဒာတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော[လင့်ခ်သေ]
  3. /ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန Archived 8 August 2014 at the Wayback Machine.
  4. Report: Myanmar Protected Area (2011)
  1. မြဝတီနေ့စဉ်သတင်းစာ(၁၊မတ်။၂၀၁၅)