ထမင်းကြော်

ဝီကီပီးဒီးယား မှ
Fried rice
ကြက်ထမင်းကြော်
အခြားအမည်များ
အမျိုးအစားထမင်းဟင်း
အဓိကသုံးဆောင်မှုအဓိကအစာ
မူရင်းနိုင်ငံတရုတ်နိုင်ငံ
ဒေသWorldwide
အဓိက ပါဝင်ပစ္စည်းထမင်းဆီ
မျိုးကွဲများBokkeum-bap
Chāhan
Chǎo fàn
Khao phat
Nasi goreng
Cookbook: Fried rice  Media: Fried rice

ထမင်းကြော်သည် ထမင်းကို အကြော် ဒယ်ပြား(သို့) ဒယ်အိုးထဲတွင် ရောမွေကာ ကြော်ထားသည့် အစားအစာတစ်မျိုးဖြစ်ပြီး အများအားဖြင့် အခြားပါဝင်ပစ္စည်းများဖြစ်သည့် ကြက်ဥဟင်းသီးဟင်းရွက်များ၊ ပင်လယ်စာ(သို့) အသားတို့ဖြင့် ရောထားလေ့ရှိသည်။ သူ့တစ်မျိုးတည်း စားလေ့ရှိသလို အခြားဟင်းများဖြင့် တွဲဖက်ကာလည်း စားလေ့ရှိသည်။ ထမင်းကြော်သည် အရှေ့အာရှအရှေ့တောင်အာရှနှင့် အချို့ တောင်အာရှ အစားအစာများတွင် လူသိများ ထင်ရှားသည်။ အိမ်တွင်လည်း ချက်လေ့ရှိသဖြင့် ထမင်းကြော်သည် အခြားဟင်းကျန်များဖြင့် ရောနှောကာ ချက်သဖြင့် မရေတွက်နိုင်အောင် အမျိုးမျိုး ကြော်ချက်နည်းများရှိသည်။ ထမင်းကြော်ကို တရုတ်နိုင်ငံ၏ ဆွေမင်းဆက် 'Sui Dynasty'မှ စတင်သည်ဟု အဆိုပြီး ထမင်းကြော်အားလုံး၏မူလရင်းမြစ်ကို လိုက်လျှင် တရုတ်ထမင်းကြော်ကို အခြေခံဟု ပြောနိုင်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Bruce Kraig; Colleen Taylor Sen (2013)။ Street Food Around the World: An Encyclopedia of Food and Culture။ ABC-CLIO။ p. 183။ ISBN 9781598849554