ဆော်ဒီအာရေးဘီးယား-မြန်မာ ဆက်ဆံရေး
မြန်မာ |
ဆော်ဒီအာရေးဘီးယား |
---|
ဆော်ဒီအာရေးဘီးယား-မြန်မာ ဆက်ဆံရေး သည် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေးဘီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေး ဖြစ်သည်။ မြန်မာနိုင်ငံသည် ရီယာ့ဒ်မြို့တွင် သံရုံးဖွင့်လှစ်ထားပြီး ဆော်ဒီအာရေးဘီးယားနိုင်ငံသည် ရန်ကုန်မြို့တွင် သံရုံးဖွင့လှစ်ထားသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဆော်ဒီအာရေးဘီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ၂၀၀၄ ခုနှစ်တွင် ဆက်ဆံရေး စတင်ခဲ့သည်။[၁]
၂၀၁၂ ခုနှစ်တွင် မြန်မာအစိုးရသည် ရိုဟင်ဂျာလူမျိုးများအား ဖြိုခွင်းခဲ့ရာမှ ဆော်ဒီအာရေးဘီးယားနှင့် မြန်မာတို့အကြား ဆက်ဆံရေးမှာ သတိပြုစရာ ဖြစ်လာခဲ့သည်။ ဆော်ဒီအာရေးဘီးယားသည် မြန်မာအား ပြစ်တင်ရှုံ့ချခြင်းမှ ရှောင်ကြဉ်ခဲ့သည်။[၂][၃] သို့သော်လည်း ရိုဟင်ဂျာလူထုအား ညှင်းပန်းနှိပ်စက်ခြင်းအပေါ် မြန်မာနိုင်ငံအား ဆော်ဒီအာရေးဘီးယားက ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး အကူအညီများ ပေးခဲ့သည်။[၄][၅]
၂၀၀၉ ခုနှစ်မှ စတင်ကာ ရိုဟင်ဂျာ ၂၅၀,၀၀၀ ဦးနှင့် အခြားသော မြန်မာမွတ်စ်လင်မ်များအား လက်ခံရန် ဆော်ဒီအာရေးဘီးယားက သဘောတူညီခဲ့သည်။[၄] ၂၀၁၅ ခုနှစ်တွင် ဆော်ဒီဘုရင် အဘဒူလာကွယ်လွန်ပြီးနောက် ဘုရင်ဆယ်လမန် သည် ၂၀၁၉ ခုနှစ်တွင် ရိုဟင်ဂျာ ၃,၀၀၀ အား မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်မပို့မီ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။[၄][၆] ၂၀၂၀ ပြည့်နှစ်တွင် ဆော်ဒီအာရေးဘီးယားသည် မြန်မာမွတ်စ်လင်မ် ၁၉၀,၀၀၀ အား နေထိုင်ရေးနှင့် ကယ်ဆယ်ရေးများပြုလုပ်ပေးခဲ့ကာ အခြားသော ရိုဟင်ဂျာဒုက္ခသည်များအား ပြည်နှင်ဒဏ်ပေးခဲ့သဖြင့် ဆော်ဒီအာရေးဘီးယားနိုင်ငံ၏ ရိုဟင်ဂျာများအပေါ် ဆက်ဆံရေးသည် ပဋိပက္ခဖြစ်ခဲ့ရသည်။[၇][၈]
ဆော်ဒီအာရေဗျရှိ မြန်မာမွတ်စ်လင်မ်များသည် နိုင်ငံအတွင်း ပေါင်းစည်းကြပြီး အများစုမှာ အာရဗီ ဘာသာစကားကို ပြောဆိုကြသည်။ အစိုးရသည် မြန်မာပြည်သူလူထုကို ပိုမိုပေါင်းစည်းနိုင်စေရန် နေထိုင်ရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။[၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Myanmar-Saudi Diplomatic Ties Established | ARNO။ 2020-10-23 တွင် ပြန်စစ်ပြီး။
- ↑ Analyzing the Relationship between Myanmar and the Gulf States။ 2020-10-23 တွင် ပြန်စစ်ပြီး။
- ↑ Business ties complicate Muslim states' response to Rohingya။ 2020-10-23 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ၄.၂ Saudi Arabia's Colliding Interests in Myanmar။ 2020-10-23 တွင် ပြန်စစ်ပြီး။
- ↑ Saudi Arabia condemns Myanmar government 'policy of repression'။ 2020-10-23 တွင် ပြန်စစ်ပြီး။
- ↑ Saudi Arabia deports dozens of Rohingya to Bangladesh: MEE | Asia Pacific။ 2020-10-23 တွင် ပြန်စစ်ပြီး။
- ↑ 190,000 Myanmar nationals' get residency relief in Saudi Arabia။ 2020-10-23 တွင် ပြန်စစ်ပြီး။
- ↑ 'We have no dreams': Rohingya despair after deportation from Saudi Arabia။ 2020-10-23 တွင် ပြန်စစ်ပြီး။
- ↑ Half a century of Burmese integration in Saudi society။ 2020-10-23 တွင် ပြန်စစ်ပြီး။