တရုတ်ပြည်သူ့သမ္မတနိုင်ငံ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ | |
---|---|
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထိန်းချုပ်ထားနိုင်သော မြေများကို အစိမ်းရင့်ရောင်ဖြင့် ဖော်ပြထားပြီး ပိုင်ဆိုင်သည်ဟု ဆိုသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိသော မြေများကို အစိမ်းနုဖြင့် ဖော်ပြထားသည်။ | |
မြို့တော် | ပေကျင်းမြို့ 39°55′N 116°23′E / 39.917°N 116.383°E |
အကြီးဆုံးမြို့ | ရှန်ဟိုင်းမြို့ |
ရုံးသုံး ဘာသာစကားများ | စံတရုတ်ဘာသာ[မှတ်စု ၁] |
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ | |
တရားဝင်အရေးအသား | ရိုးရှင်းတရုတ်[မှတ်စု ၂] |
လူမျိုးစု (၂၀၂၀) |
|
ကိုးကွယ်မှု | |
လူမျိုး | Chinese |
အစိုးရ | တစ်ပြည်ထောင် မတ်ခ်စ်လီနင်[၁] တစ်ပါတီ ဆိုရှယ်လစ် သမ္မတနိုင်ငံ[၂] |
ရှီကျင့်ဖျင် | |
လီခချန် | |
လီကျန်ရှုး | |
ဝမ်ယန် | |
ဥပဒေပြုလွှတ်တော် | အမျိုးသားပြည်သူ့ကွန်ဂရက် |
တရုတ်နိုင်ငံ | |
c. 2070 BCE | |
221 BCE | |
၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက် | |
၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက် | |
၁၉၅၄ ခုနှစ် စက်တင်ဘာလ ၂၀ ရက် | |
၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက် | |
၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၉,၅၉၆,၉၆၁ km2 (၃,၇၀၅,၄၀၇ sq mi)[မှတ်စု ၆][၅] (အဆင့်: ၃/၄) |
• ရေထု (%) | 2.8[မှတ်စု ၇] |
လူဦးရေ | |
• ၂၀၂၄ သန်းခေါင်စာရင်း | ၁,၄၃၂,၆၂၀,၀၀၀[၇] (အဆင့် - ၂) |
• သိပ်သည်းမှု | ၁၄၅[၈]/km2 (၃၇၅.၅/sq mi) (အဆင့် - ၈၃) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၂၆.၆၆ ထရီလီယံ[၉] (အဆင့် - ၁) |
• Per capita | $၁၈,၉၃၁[၉] (အဆင့် - ၁၀၀) |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၁၆.၆၄ ထရီလီယံ[၉] (အဆင့် - ၂) |
• Per capita | $၁၁,၈၁၉[၉] (အဆင့် - ၅၆) |
Gini (၂၀၁၈) | ၄၆.၇[၁၀] မြင့် |
HDI (၂၀၁၉) | ၀.၇၆၁[၁၁] မြင့် · ၈၅ |
ငွေကြေး | ရန်မင်ဘီ (元/¥)[မှတ်စု ၈] (CNY) |
အချိန်ဇုန် | တရုတ် စံတော်ချိန် (UTC+8) |
ရက်စွဲပုံစံ |
|
ယာဉ်ကြောစနစ် | ညာ (ပြည်မကြီး);
|
တယ်လီဖုန်းကုဒ် | +၈၆ (ပြည်မကြီး);
|
Internet TLD |
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (အင်္ဂလိပ်စာ - People's Republic of China)(တရုတ် - (Simplified Chinese - 中华人民共和国); (Traditional Chinese - 中華人民共和國)၊ ဖျင်းယင်း - Zhōnghuá Rénmín Gònghéguó) သည် ကမ္ဘာ့တတိယအကြီးဆုံးနိုင်ငံ လည်း ဖြစ်သည်။ တရုတ်ပြည်သည် လူဦးရေ သန်း ၁၄၀၀ ရှိပြီး လူဦးရေ ဒုတိယအများဆုံးနိုင်ငံလည်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ Communist Party of China (CPC) မှ အုပ်ချုပ်သည်။ ပြည်နယ်ပေါင်း (၂၂)ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ(၅)ခု၊ မြူနီစီပါယ် အုပ်ချုပ်ရေးမြို့တော် (၄)ခု (ပေကျင်း၊ ထျန်းကျင်း၊ ရှန်ဟိုင်း၊ ချုံချင့်) နှင့် အထူးအုပ်ချုပ်ရေးဒေသ (၂)ခု (ဟောင်ကောင်နှင့် မကာအို)တို့ ပေါ်တွင် တရားဥပဒေ စိုးမိုးအုပ်ချုပ်ထားနိုင်သည်။ မြို့တော်မှာ ပေကျင်း ဖြစ်သည်။
ဧရိယာ စတုရန်းကီလိုမီတာပေါင်း (၉.၆)သန်း (စတုရန်းမိုင်ပေါင်း - (၃.၇)သန်း) ကျယ်ဝန်းသည်။ မြေမျက်နှာသွင်ပြင်မှာ ပုံစံအမျိုးမျိုး ကွဲပြားနေသည်။ သစ်တောများလည်းရှိသလို သဲကန္တာရများ (ဂိုဘီ သဲကန္တာရ၊ တပ်ခ်လာမာကန် သဲကန္တာရ) များလည်း ရှိသည်။ ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံတို့နှင့်နီးသော ဒေသများတွင် နွေးသမပိုင်း သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ နိုင်ငံ၏အနောက်ပိုင်းတွင် တောင်တန်းများ၊ ကုန်းပြင်မြင့်များရှိပြီး၊ ဟိမဝန္တာ တောင်တန်းနှင့် ထျန်းရှန်းတောင်တန်းတို့သည် အိန္ဒိယနှင့် ဗဟိုအာရှဒေသတို့နှင့် နယ်ခြားအဖြစ် သဘာဝအရ တည်ရှိနေသည်။ နိုင်ငံအရှေ့ပိုင်းသည် ပင်လယ်ကမ်းနားဘက်ဆီသို့ မြေပြင်နိမ့်ဆင်းသွားသည်။ ကမ်းရိုးတန်း အလျား ၁၄,၅၀၀ ကီလိုမီတာ (မိုင် ၉၀၀၀) ရှည်လျားသည်။ အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်တို့ ရှိသည်။
တရုတ်ရှေးဟောင်း ယဉ်ကျေးမှုသည် မြစ်ဝါမြစ်ဝှမ်းဒေသမှ တရုတ်ပြည်မြောက်ပိုင်းတခွင်တွင် စတင်ပေါ်ထွန်းလာခဲ့သည်။ နှစ်ပေါင်း (၆၀၀၀) ကျော်မျှ သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် နိုင်ငံကို အုပ်ချုပ်လာခဲ့သည်။ မင်းဆက်ပေါင်း မြောက်မြားစွာရှိသည်။ ပထမဆုံးမင်းဆက်မှာ ဘီစီ ၂၀၀၀ ခန့်က တည်ထောင်ခဲ့သော ရှမင်းဆက် (Xia Dynasty) ဖြစ်သော်လည်း ဘီစီ ၂၂၁ ခုနှစ် ချင်မင်းဆက် (Qin Dynasty) နှောင်းပိုင်းကာလကျမှသာ နိုင်ငံကို တစည်းတလုံးတည်း ဖြစ်အောင် စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။ ထို့နောက်တွင်မွန်ဂိုတို့၏သိမ်းပိုက်ခြင်းကိုခံရသည်။ မွန်ဂိုတို့အားတွန်းလှန်ပြီးနောက် မင်မင်းဆက်ကိုတည်ထောင်သည်။ ထို့နောက်မန်ချူးတို့ကသိမ်းပိုက်ပြီး ချင်းမင်းဆက် (Qing Dynasty) ကိုတည်ထောင်သည်။ ၁၉၁၁ ခုနှစ်တွင် တရုတ်အမျိုးသားရေးပါတီ (Kuomintang (KMT)) မှ တရုတ်သမ္မတနိုင်ငံကို တည်ထောင်လိုက်ချိန်မှစ၍ ဘုရင်စနစ်ချုပ်ငြိမ်းခဲ့သည်။
၂၀ရာစု၏ ပထမထက်ဝက်ကာလများအတွင်း တရုတ်ပြည်သည် စည်းလုံးညီညွတ်မှုမရှိပဲ ပြည်တွင်းစစ်များ ဖြစ်ပွားလျက်ရှိနေခဲ့သည်။ နိုင်ငံရေးအင်အားစု (၂)ခု ဖြစ်ကြသော ကူမင်တန်နှင့် ကွန်မြူနစ် (the Kuomintang and the communists) တို့၏ ကာလရှည်ကြာ စစ်ပွဲများသည် ၁၉၄၉ခုနှစ်ကျမှသာ အဆုံးသတ်ခဲ့သည်။ ကွန်မြူနစ်တို့ အောင်ပွဲရသောကြောင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအဖြစ် တည်ထောင်ပြီး တရုတ်ပြည်မကြီးကို အုပ်ချုပ်သည်။ စစ်ရှုံးသော ကူမင်တန်တို့သည် ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးပြီး ထိုင်ပေမြို့ကို မြို့တော်အဖြစ် သတ်မှတ်ကာ တရုတ်သမ္မတနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။ တရုတ်ပြည်နှင့် ထိုင်ဝမ်တို့သည် ယခုအချိန်တိုင်အောင် နိုင်ငံရေး၊ အုပ်ချုပ်ရေးအရ အငြင်းပွားလျက် ရှိနေဆဲဖြစ်သည်။ တရုတ်ပြည်မကြီးဘက်မှ ထိုင်ဝမ်အား ပြည်နယ်တစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ထားသော်လည်း ထိုင်ဝမ်ဘက်မှ လက်မခံပေ။
၁၉၇၈ ခုနှစ်တွင် အစပြုခဲ့သော ဈေးကွက်စီးပွားရေးစနစ်အရ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်လာသဖြင့် အလျင်မြန်ဆုံးနှုန်းဖြင့် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ပို့ကုန်တင်ပို့သူနှင့် ဒုတိယအကြီးဆုံး သွင်းကုန် တင်သွင်းသူ ဖြစ်လာခဲ့သည်။ ဂျီဒီပီအရ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၊ အေးပက် (APEC) နှင့် ဂျီ-၂၀ (G20) တို့တွင် အဖွဲ့ဝင် ဖြစ်သည်။ နူကလီးယားလက်နက်များကို ပိုင်ဆိုင်ပြီး ကမ္ဘာ့ အင်အား အကြီးဆုံး စစ်တပ်နှင့် စစ်ရေး အသုံးစရိတ်မှာ ဒုတိယအများဆုံး ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံရေး ပညာရှင်များ၊ စစ်ရေး ပညာရှင်များ၊ စီးပွားရေး ပညာရှင်များနှင့် သိပ္ပံပညာရှင်များ များစွာပေါ်ထွန်းရာ တိုင်းပြည်ဖြစ်သည်။
အမည်ရင်းမြစ်
[ပြင်ဆင်ရန်]စိန့်တိုင်း
[ပြင်ဆင်ရန်]ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
တချို့မြန်မာတွေ တရုတ်နိုင်ငံကို ဂန္ဓာလရာဇ် လို့လည်း ခေါ်ကြတယ်။ စိန့်တိုင်း လို့ လည်းခေါ်တယ်။ စိန့်တိုင်းဆိုတာ စိနရဌ ဆိုတဲ့ စကားလုံးက ဆင်းသက်တယ်။ အခုထိ စွဲစွဲမြဲမြဲခေါ်ကြတာကတော့ တရုတ်လို့ပဲ ခေါ်ကြတယ်။ ဥရောပကတော့ တရုတ်ကို ချိုင်းနား လို့ ခေါ်တယ်။ ချိုင်းနားလို့ ခေါ်တာ စိန (စိန့်) လို့ ခေါ်တာနဲ့ အတူတူပဲ။ ချိုင်းနား ဆိုတာကို ချင်မင်းဆက် (ဘီစီ ၂၂၁ - ဘီစီ ၂၀၇) ကတည်းက ဖြစ်တယ်။ တရုတ်တွေက သူတို့ နိုင်ငံကို သူတို့ မဇ္ဈိမဒေသ လို့ အဓိပ္ပာယ်ထွက်တဲ့ တရုတ်စကား လုံးတစ်ခုနဲ့ ခေါ်တယ်။ စာ - ၄၂၀ / မြန်မာ့ စွယ်စုံကျမ်း အတွဲ (၄)
သမိုင်းသုတေသနသမားတို့က မြစ်ဝါမြစ်ဝှမ်းလွင်ပြင်ဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက နေထိုင်လာကြတယ်လို့ ယူဆကြတယ်။ ဒါပေမယ့် တရုတ်တွေရဲ့ မော်ကွန်းတင် သမိုင်းမှာကျတော့ ဘီစီ ၂၀၀ လောက်က စတယ်လို့ တွေ့ရပြန်တယ်။ တရုတ်တွေရဲ့ အစဟာ မြစ်ဝါမြစ်ဝှမ်းလွင်ပြင်လို့ ဆိုလို့ရတယ်။ ဒါပေမယ့် တရုတ်လူမျိုး တွေ ဘယ်လို ဘယ်ပုံ ဖြစ်လာတယ်၊ ဘယ်လို စတင်နေထိုင်ကြသလဲဆိုတာကိုတော့ သမိုင်းအထောက်အထား ခိုင်ခိုင်မာမာ မတွေ့ရပါဘူး။ ခေတ်ဟောင်းသမိုင်းမှာ တရုတ် တွေနေတဲ့ဒေသတွေဆီ အခြား ဘယ်လူမျိုးကမှ ကျူးကျော်နေထိုင်တယ်ဆိုတာလည်း အထင်အရှား မတွေ့ရပါဘူး။
တရုတ်လူမျိုးတွေရဲ့မူလ အစဆိုတဲ့ ကောက်ချက်အတွက် အရေးကြီးတဲ့ အထောက် အထား တစ်ခု ရှိတယ်။ တရုတ်ပြည် မြောက်ပိုင်း အော်ဒိုစ် ဒေသမှာ ချောင်းသာသာ မြစ်ငယ် အိုင်ငယ်တွေ ရှိတယ်။ အဲ့ဒီမှာ ရှေးဟောင်း အမဲလိုက် လက်နက်တွေတွေ့ရ တယ်။ ဒီသမိုင်းပစ္စည်းတွေအရ ဘီစီ ၅၀,၀၀၀ လောက်က ပေါ်ခဲ့တဲ့ ကျောက်ကြမ်း ခေတ် ကတည်းက တရုတ်မျိုးနွယ်စုတွေ ရှိနေပြီလို့ ယူဆရတယ်။
အဲ့ဒီကျောက်ခေတ်က လူတွေဟာ တရုတ်ပြည်မြောက်ပိုင်း မွန်ဂိုလီးယားနယ်နဲ့ မန်ချူး ရီးယားနယ်တွေမှာ နေထိုင်တယ်လို့ ယူဆရတယ်။ ဒီလူတွေဟာလည်း ဥရောပအလယ် ပိုင်းက လူမျိုးစုတွေကနေ ဆင်းသက်တယ်လို့ ယူဆရတဲ့ အထောက်အထားတွေတော့ မတွေ့ရဘူး။ ပြောချင်တာက ဥရောပနဲ့ တရုတ်တွေဟာ အဆက်အစပ် မရှိဘူး။ လူတွေ ရဲ့ ပုံသဏ္ဌာန်တွေကအစ ဥရောပတွေနဲ့ တရုတ်တွေ မတူကြဘူး။ တရုတ်မှာ ဘီစီ ၂၅,၀၀၀ လောက်က မွန်ဂိုလီးယားမဟုတ်ဘူးလို့ယူဆရတဲ့ လူအရိုးတွေ တွေ့ဖူးပါ တယ်။ ဒီလူအရိုးတွေဟာ ကိုရီးယားနဲ့ဂျပန်ကျွန်းမြောက်ပိုင်းမှာ အခုထိနေထိုင်စေဆဲ ဖြစ်တဲ့ အိုင်နု လူမျိုးတွေနဲ့ နီးစပ်တယ်။ ဒါပေမယ့် ဒါကိုလည်း ဘယ်သူမှာ ခြေခြေမြစ် မြစ် ပြောနိုင်တဲ့ အနေအထား မရှိကြဘူး။
သမိုင်းအစ
ရောမခေတ် မတိုင်မီ နှစ်ပေါင်း ၁၅၀၀၊ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၂၁၀၀ လောက် ကတည်းက တရုတ်မှာ ခိုင်မာတဲ့ လူနေမှု စနစ်ရှိခဲ့တယ်။ ဘီစီ ၇၀၀ မတိုင်မီကာလက အဖြစ်အပျက်တွေကို အသေအချာ မသိရပေမယ့် ဘီစီ ၇၀၀ ကစပြီး တရုတ်ပြည် အကြောင်းကို အသေအချာ သိနိုင်တဲ့ အထောက်အထားတွေ တွေ့ခဲ့တယ်။
ဘီစီ ၂၅၀၀ လောက်က တရုတ်မှာ တရုတ်လူမျိုးတွေနဲ့ ပက်သက်တဲ့ ကျောက်ကြမ်း ခေတ် ကျောက်ချောခေတ် အထောက်အထားတွေကို တွေ့ရတယ်။ တွေ့ရတဲ့ ဒေသ တွေက ဟိုပေ ၊ ရှန်တန် နှင့် မန်ချူးရီးယားတောင်ပိုင်းတွေမှာ တွေ့ရတယ်။ နောက် ပိုင်း မွန်ဂိုလီးယားအတွင်းပိုင်း ဂျေဟိုး ဒေသမှာလည်း တွေ့ရတယ်။ တရုတ်ပြည် မြောက်ပိုင်း ရှန်ဆီ နဲ့ ကန်စု ဒေသတို့မှာလည်း တွေ့ရတယ်။ အနောက်ဘက် တောင်ကုန်းဒေသတွေ နဲ့ တရုတ်ပြည် တောင်ပိုင်းဒေသတွေဖြစ်တဲ့ လီယို ၊ ယို ၊ တိုင် ၊ ယူအိ စတဲ့ ဒေသတွေမှာလည်း တွေ့ရတယ်။
တရုတ်လို့ပြောရင် သူတို့ရဲ့ အဦးအစဟာ မြစ်ဝါမြစ်က စတယ်။ မြစ်ဝါမြစ်က တရုတ် တွေရဲ့ ပင်မရေသောက်မြစ်လို့ပြောလို့ရမယ်။ ဘယ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုပဲ ကြည့်ကြည့် မြစ်တွေ၊ ချောင်းတွေတဲ့ နီးတဲ့နေရာတွေမှာ ယဉ်ကျေးမှုတွေ ထွန်းကား စည်ပင်တဲ့ သဘောရှိတယ်။ မြစ်ဝါမြစ်ဟာ ရေစီးကြမ်းတယ်။ မိုးကြီးရင် ရေလွှမ်းတယ်။ ရေလွှမ်းပြီးရင် နှုံးအနယ်အနှစ်တွေ ကျန်ခဲ့တယ်။ အဲ့ဒီလို နှုံးတွေ ကျန်ခဲ့တဲ့မြေဟာ စိုက်ပျိုးမြေအတွက် သိပ်ကောင်းတဲ့ မြေဖြစ်တယ်။
တရုတ်တွေဟာ မြစ်ဝါမြစ်ကို အမှီပြုပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို တွင်တွင်ကျယ်ကျယ် လုပ်လာကြတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးဖြစ်ထွန်းလာတာနဲ့အမျှ လူမျိုးရဲ့ယဉ်ကျေးမှု အဆင့်အတန်းမြင်လာတယ်။ ကျယ်ပြန့်လာတယ်။ အဲ့ဒီ့ခေတ် ယဉ်ကျေးမှုကို လန်ရှန် လို့ခေါ်တယ်။ ဒီယဉ်ကျေးမှုကနေ ဆက်စပ်ပြီး ဖြစ်လာတဲ့ မျိုးနွယ်တွေဟာ တရုတ် သမိုင်းရဲ့ ပထမ နန်းဆက် ဖြစ်လာတယ်။
အုပ်ချုပ်ရေး သဘော
တရုတ်လူ့အဖွဲ့အစည်းဟာ မိသားစုအပေါ်မှာ အခြေပြုတယ်။ တရုတ် တွေးခေါ်ရှင် ကွန်ဖြူးရှပ်ရဲ့ စကားကို ကြည့်ရင် ဒီအချက်ကို မီးမောင်းထိုးပြတာနဲ့ အတူတူပါပဲ။ ကွန်ဖြူးရှပ်က ပြောတယ်။ “မိသားစုဆိုတာ နိုင်ငံတော်ရဲ့ အခြေခံယူနစ်ပဲ” တဲ့။ ဒီလို ပဲ တရုတ် လူ့အဖွဲ့အစည်းမှာ မိဘရဲ့ဩဇာကို နာခံရတဲ့ လူ့အဖွဲ့အစည်းပုံစံက စခဲ့ တယ်လို့ ပြောလို့ရမယ်။ ကိုယ့်ဒေသ၊ ကိုယ့်ဓလေ့ ထုံးစံကို လိုက်နာကျင့်သုံးကြတဲ့ သဘောကို တွေ့ရတယ်။
တရုတ်ဘုရင်တွေရဲ့ အုပ်ချုပ်ပုံက အိန္ဒိယရဲ့ ဟိန္ဒူမင်းတွေရဲ့ အုပ်ချုပ်ပုံနဲ့ ဆင်တယ်။ အိန္ဒိယရဲ့ ရှေးအကျဆုံး လူမျိုးက ဟိန္ဒူတွေပဲ။ ဟိန္ဒူဆိုတာ အိန္ဒုမြစ်ဝှမ်းလွင်ပြင်မှာ အခြေချနေထိုင်တဲ့ လူမျိုးတွေ။ ဒီကနေ တစ်ဆင့် အိန္ဒိယဆိုတာ ဖြစ်လာတာ။ တရုတ် တွေဟာ အိန္ဒိယသမိုင်းယဉ်ကျေးမှုတွေနဲ့ ယှဉ်တွဲနေတယ်လို့တော့ ယူဆလို့ရတယ်။ နယ်မြေချင်းလည်း ဆက်စပ်လို့ ဖြစ်မယ်။
တရုတ်ဘုရင်တွေရဲ့ အုပ်ချုပ်ပုံက ဘာသာရေးနဲ့ နိုင်ငံရေးကို တစ်သီးခြားစီ ထားတယ်။ တရုတ်ဘုရင်ဆိုတာ၊ ဘုရားလည်း မဟုတ်ဘူး။ ဘုရားရဲ့ ကိုယ်စားလှယ်လည်း မဟုတ် ဘူး။ ဘုရားရဲ့ သားတော်လည်း မဟုတ်ဘူး။
တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ဆောင် ရွက်ဖို့ တာဝန်ပေးထားခံရသူသာ ဖြစ်တယ်လို့ ဆိုတယ်။
ဒါ့ကြောင့် ရှေးဟောင်း အိန္ဒိယနိုင်ငံရဲ့ အုပ်ချုပ်ပုံ မျိုးနဲ့ တူတယ်လို့ ပြောတာ ဖြစ်ပါတယ်။
နယ်မြေ
တရုတ်ပြည်က၊ ဗြိတိန်ထက် အဆ ၄၀ ကျယ်တဲ့ နယ်မြေရှိတယ်။ တရုတ်ပြည်ရဲ့ အနောက်ပိုင်းမှာ၊ တောင်တန်းနဲ့ သဲကန္တာရတွေ နယ်မြေတွေရှိတယ်။ တရုတ်ပြည်ရဲ့ အရှေ့ပိုင်းက၊ မြစ်ဝှမ်းဒေသတွေဖြစ်တယ်။ မြေပြန့်တွေများတယ်။ အရှေ့ပိုင်း မြေပြန့် မြစ်ဝှမ်းတွေမှာ တရုတ်တွေ အများ ဆုံးနေထိုင်တယ်။ တရုတ်မှာ၊ မြေပြန့်နဲ့ မြစ်ဝှမ်းတွေ က သိပ်အရေးပါတယ်။ မြစ်ဝါမြစ်ဝှမ်းလွင်ပြင်က သမိုင်းမှာ အရေးပါတဲ့ မြစ်ကြီးဖြစ် တယ်။ မြစ်ဝါ မြစ်ဝှမ်းကို မူတည်ပြီး တရုတ် ယဉ်ကျေးမှုတွေ ထွန်းကားဖြစ်တည်လာ တယ်လို့တောင် ပြောလို့ရတယ်။ မြစ်ဝါမြစ်ဝှမ်းက၊ ရှေ့ပိုင်း တရုတ်ဧကရာဇ်တို့ရဲ့ ဗဟို အချက်အချာဌာနဖြစ်တယ်။ ယန်စီမြစ်က၊ ကီလိုမီတာ ၁၈၀၀ သွားလာနိုင်တယ်။ ပင်လယ်နဲ့ တရုတ်အလယ်ပိုင်းဒေသတွေကို ယန်စီမြစ်က ဆက်သွယ်ပေးတယ်။
လူဦးရေ
တရုတ်ပြည်ရဲ့ လူဦးရေ ၉၄ ရာခိုင်နှုန်းက ဟန်လူမျိုးတွေ ဖြစ်တယ်။ မွန်ဂိုလီးယားနဲ့တိဗက်တွေ၊ အခြားလူနည်းစုတွေက တောင်တန်းဒေသတွေမှာနေကြတယ်။ တရုတ်ရဲ့ စုစုပေါင်း လူဦးရေက ကမ္ဘာ့လူဦးရေရဲ့လေးပုံ တစ်ပုံရှိတယ်။
သမိုင်း
[ပြင်ဆင်ရန်]နိုင်ငံရေးနှင့် အစိုးရ
[ပြင်ဆင်ရန်]နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ
[ပြင်ဆင်ရန်]ယခုအခါ တရုတ်နိုင်ငံသည် စီးပွားရေးအင်အားတောင့်တင်းလာသောကြောင့် စစ်ရေးလည်းတိုးချဲ့လာသည်။ အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများ၊ အရှေ့အာရှနိုင်ငံများဖြစ်သော ကိုရီးယား ၊ ဂျပန်၊ ထိုင်ဝမ်တို့ကစိုးရိမ်လာကြသည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ် ခေါ် (အနောက်ဖိလစ်ပိုင်ပင်လယ်)ရှိ စပရက်စ်လေကျွန်းများပိုင်ဆိုင်မှုကိစ္စနှင့်ပတ်သက်၍လည်းအရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်ဝမ်တို့နှင့်အငြင်းပွားလျက်ရှိသည်။ ၎င်းကျွန်းများတွင် ရေနံစိမ်းသိုက်များရှိနိုင်ရာ စက်မှုထွန်းကားလာသဖြင့် စွမ်းအင်လိုအပ်ချက်ကြီးမားလာသောတရုတ်နိင်ငံအနေဖြင့် မျက်စိကျနေသည်။ ထို့ကြောင့် အငြင်းပွားနိုင်ငံများစစ်အင်အားပြသလေ့ရှိသည်။ တရုတ်သည် ဂျပန်နိုင်ငံနှင့်လည်း ဒိုင်အိုယုကျွန်းများပိုင်ဆိုင်မှုနှင်ပတ်သက်၍အငြင်းပွားလျက်ရှိသည်။ တရုတ်ရေတပ်မတော်သည် ရုရှားနိုင်ငံမှ လေယာဉ်တင်သင်္ဘောဟောင်းတစ်စီးအားဝယ်ယူပြီး ပြန်လည်ပြင်ဆင်ကာအသုံးပြုလျက်ရှိသည်။ တရုတ်တို့၏ဒုံးပျံစနစ်မှာလည်းလျင်မြန်စွာတိုးတက်လျက်ရှိသည်။ ကမ္ဘာပတ်လမ်းကြောင်းပေါ်ရှိ ဂြိုဟ်တုဟောင်းတစ်လုံးအား ဒုံးပျံဖြင့်ပစ်ချပြီး မိမိအင်အားကိုပြသခဲ့သည်။
နိုင်ငံတကာဆက်ဆံရေးအနေဖြင့် စီးပွားရေးဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ စက်သုံးဆီလိုအပ်ချက်ကြီးမားလာရာ အာဖရိကစသောနိုင်ငံများနှင့်ရင်းနီးအောင်ဆက်ဆံပြီး ရေနံဝယ်ယူနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင်အဆိုပါနိုင်ငံများရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန်ကြိုးပမ်းလျက်ရှိသည်။ အိမ်နီးချင်းမြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကိုဝယ်ယူလျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင်လည်း ငွေကြေးပမာဏမြောက်မြားစွာရင်းနှီးမြုပ်နှံထားသည်။ မြန်မာနိုင်ငံနှင့်အာဖရိကမှရေနံနှင့်သဘာဝဓာတ်ငွေ့များကို ဘင်္ဂလားပင်လယ်မှမြန်မာနိုင်ငံကိုဖြတ်သန်း၍ တရုတ်နိုင်ငံအထိ ပိုက်လိုင်းသွယ်တန်းခြင်းဖြင့်ခရီးလမ်းရှည်လျားပြီး ပင်လယ်ဓားပြပေါသောမလက္ကာရေလက်ကြားကို ရှောင်ကွင်းနိုင်မည်ဖြစ်သည်။ ပိုက်လိုင်းနှင့်အပြိုင်ရထားလမ်း၊ ကားလမ်းများကိုတည်ဆောက်ခြင်းဖြင့် ယူနန်ပြည်နယ်အတွက်ပင်လယ်ထွက်ရရှိပြီး တရုတ်ကုန်စည်များကို အာဖရိကနှင့်အရှေ့အလယ်ပိုင်းဈေးကွက်သို့ ခရီးလမ်းကြောင်းတိုတိုဖြင့်ပို့ဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင်တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံများရှိ ရေအားလျှပ်စစ်နှင့်ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် ရင်းနှီးမြုပ်နှံလျက်ရှိသည်။ သို့ဖြင့်တရုတ်နိုင်ငံနှင့် လာအို၊ မြန်မာအစရှိသည့်အိမ်နီးချင်းနိင်ငံများနှင့်ဆက်ဆံရေးကောင်းမွန်လျက်ရှိသည်။
အုပ်ချုပ်မှု နယ်မြေဒေသ
[ပြင်ဆင်ရန်]- ပြည်မကြီးဟု ဘာသာပြန်နိုင်သော တရုတ်ဝေါဟာရ နှစ်ခုရှိသည်။
- Dàlù (大陆; 大陸) 'တိုက်ကြီး' ဟု အဓိပ္ပာယ်ရပြီး ဟောင်ကောင်နှင့် မကာအိုတို့ ပါဝင်သည်။
- Nèidì (内地; 內地) - 'ကုန်းတွင်း' သို့မဟုတ် 'အတွင်းကုန်းမြေ' ဟု အဓိပ္ပာယ်ရပြီး ဟောင်ကောင်နှင့် မကာအိုတို့ မပါဝင်ပေ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ထိုင်ဝမ် အပါအဝင် ပြည်နယ် (၂၃)ခုဖြင့် ဖွဲ့စည်းထားသည်။ ထိုင်ဝမ်ကိုမူ တရုတ်သမ္မတနိုင်ငံက အုပ်ချုပ်သည်။ ထိုင်ဝမ်အုပ်ချုပ်ရေးနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်ဝမ်တို့ကြားအငြင်းပွားနေဆဲဖြစ်သည်။
- ပြည်နယ်
Provinces|省
- အန်းဟွေးပြည်နယ်|Anhui|安徽
- ဖူကျန့်ပြည်နယ်|Fujian|福建
- ကန်းစုပြည်နယ်|Gansu|甘肃
- ကွမ်တုန်းပြည်နယ်|Guangdong|广东
- ကွေ့ကျိုး ပြည်နယ်|Guizhou|贵州
- ဟိုင်နန် ပြည်နယ်|Hainan|海南
- ဟဲပေပြည်နယ်|Hebei|河北
- ဟေးလုံကျန်း ပြည်နယ်| Heilongjiang| 黑龙江
- ဟဲနန် ပြည်နယ် |Henan| 河南
- ဟူပေပြည်နယ်| Hubei| 湖北
- ဟူနန်ပြည်နယ်| Hunan| 湖南
- ကျန်းစူး ပြည်နယ် |Jiangsu| 江苏
- ကျန်းရှီး ပြည်နယ် |Jiangxi| 江西
- ကျိလင် ပြည်နယ် |Jilin| 吉林
- လျောင်းနင် ပြည်နယ် |Liaoning| 辽宁
- ချင်းဟိုင် ပြည်နယ် |Qinghai| 青海
- ရှန်ရှီး ပြည်နယ်||Shaanxi||陕西
- ရှန်းတုန်း ပြည်နယ်| Shandong| 山东
- ရှန်းရှီး ပြည်နယ်| Shanxi| 山西
- စစ်ချွမ်း ပြည်နယ်| Sichuan| 四川
- ယူနန်ပြည်နယ်| Yunnan| 云南
- ကျဲ့ကျန်း ပြည်နယ်| Zhejiang| 浙江
- ထိုင်ဝမ် ပြည်နယ်| Taiwan|台湾 (ၽROC မှအုပ်ချုပ်သည်။)
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
Autonomous regions (自治区)
- ကွမ်ရှီး ကျွမ်းလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ| Guangxi| 广西壮族自治区
- အတွင်းမွန်ဂိုလီးယား မွန်ဂိုလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Inner Mongolia| 内蒙古自治区
- နိင်ရှ ဟွေးလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ| Ningxia| 宁夏回族自治区
- ရှင်းကျန်း ဝေးဝူအာရ် လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ| Xinjiang| 新疆维吾尔自治区
- တိဘက်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ| Tibet| 西藏自治区
- မြူနီစီပါယ်အုပ်ချုပ်ရေးမြို့
Municipalities (直辖市)
- ပေကျင်း မြို့- Beijing (北京市)
- ချုံချင့် မြို့- Chongqing (重庆市)
- ရှန်ဟိုင်း မြို့- Shanghai (上海市)
- ထျန်းကျင်း မြို့- Tianjin (天津市)
- အထူးအုပ်ချုပ်ခွင့်ရဒေသ
- Special Administrative Regions (特别行政区)
- ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Hong Kong (香港特別行政區) (တရုတ်အသံထွက်မှာ ရှန်းကန်ဖြစ်သည်။)
- မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ Macau (澳門特別行政區) (တရုတ်အသံထွက်မှာ အောက်မင်ဖြစ်သည်။)
ပထဝီနှင့် ရာသီဥတု
[ပြင်ဆင်ရန်]တရုတ်နိုင်ငံ၏ရာသီဥတု တရုတ်နိုင်ငံတွင် ခြောက်သွေ့ရာသီနှင့် စိုစွတ်သောမုတ်သုံရာသီတို့က လွှမ်းမိုးထားသော ရာသီဥတုရှိပြီး ဆောင်းနှင့် နွေရာသီတွင် အပူချိန်ကွာခြားမှုကို ရှင်းရှင်းလင်းလင်းဖြစ်စေသည်။ ဆောင်းရာသီတွင်၊ လတ္တီကျုမြင့်သောဒေသများမှလာသော မြောက်လေသည် အေးပြီးခြောက်သွေ့သည်။ နွေရာသီတွင်၊ လတ္တီကျုအောက်ပိုင်းရှိ ပင်လယ်ပြင်မှ တောင်ပိုင်းလေများသည် ပူနွေးပြီး စိုစွတ်သည်။ တရုတ်နိုင်ငံသည် တောင်ကုန်း၊တောင်တန်းနှင့်ကုန်းမြင့်တို့ ပေါများပြီး အဆိုပါတောင်ကုန်း၊တောင်တန်း၊ကုန်းမြင့်များသည် အရှေ့အနောက်သွယ်တန်းလျက်ရှိပြီး အများအားဖြင့် ပေ၁၆၀၀၀ ကျော်မြင့်သည်။ ဟွမ်ဟွာ၊ချန်ကျန်၊ယှီကျန်(စီကျန်)မြစ်တို့သည် ပစိဖိတ်သမုဒ္ဒရာထဲသို့စီးဝင်ပြီး နုကျန်းမြစ်ခေါ်သံလွင်မြစ်သည် အရှေ့တောင်အာရှထဲသို့ စီးဆင်းသည်။ မုတ်သုံတော၊ရွက်ပြတ်ရောနှောတော၊ထင်းရှူးတောတွေများ ပေါက်ရောက်သည်။
စီးပွားရေး
[ပြင်ဆင်ရန်]တရုတ်နိုင်ငံ၏ စိုက်ပျိုးရေး
[ပြင်ဆင်ရန်]၁၉၄၉ ခုနှစ်က တရုတ်နိုင်ငံ၏ ရိက္ခာသီးနှံ ထုတ်လုပ်မှုမှာ တန်ချိန် ၁၁၃.၁၈ သန်း၊ ဝါ ထုတ်လုပ်မှု ၄၄၄၀၀၀ တန် ရှိပြီး စိုက်ပျိုးရေးအခြေခံမှာလည်း တည်ငြိမ်မှုမရှိ ဖြစ်ခဲ့သည်။ ၁၉၅၀ နှင့် ၁၉၅၃ ခုနှစ်များအတွင်းတွင် တရုတ်အစိုးရသည် ကျေးလက်ဒေသ မြေယာ ပြုပြင်ပြောင်းလဲရေးကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သည်။ မြေယာမဲ့နှင့် မြေယာအနည်း ငယ်သာရှိသူ လယ်သမားများကို စိုက်ပျိုးထုတ်လုပ်မှုတွင် စိတ်ပါဝင်စားလာစေရန် မြေယာများ ခွဲဝေပေးခဲ့သည်။ ပထမ ၅ နှစ်စီမံကိန်းကာလ (၁၉၅၃-၁၉၅၇)အတွင်းတွင် လယ်ယာ ကုန်ထုတ်လုပ်မှု စုစုပေါင်းတန်ဘိုးသည် တစ်နှစ်ပျမ်းမျှ ၄.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု၏ ပထမဆုံးသော ရွှေခေတ်ကာလ ဖြစ်သည်။
၁၉၅၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ ကာလအတွင်း စိုက်ပျိုးရေးတိုးတက်မှုမှာ နှေးကွေးနေခဲ့သည်။ ဤကာလအတွင်း တရုတ်နိုင်ငံသည် ဗဟိုမှ ချုပ်ကိုင်သည့် တပြေးညီ စီမံခန့်ခွဲမှု၏ ထိရောက်မှုကို အလေးပေးသည့် သမဝါယမနှင့် ပြည်သူ့ကွန်မြူးစနစ်များကို ကျင့်သုံးခဲ့သည်။ သို့သော် ကုန်ထုတ်အရင်းအမြစ်များ အသုံးချမှု၊ စံနစ်တကျ ခွဲဝေမှုတို့တွင် အကျိုး သက်ရောက်မှုများ နည်းပါးခဲ့သည်။ အကျိုးဆက်အားဖြင့် တောင်သူလယ်သမားတို့၏ စိတ်ပါဝင်စားမှု လျော့ပါးစေခဲ့သည်။ ဤကာလအတွင်း စုစုပေါင်းလယ်ယာကုန်ထုတ်လုပ်မှုသည် ပျမ်းမျှအားဖြင့် နှစ်စဉ် တစ်နှစ် ၂.၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။
၁၉၇၈ ခုနှစ်၌ အိမ်ထောင်စုအလိုက် တာဝန်ခံသည့် ကန်ထရိုက်စံနစ်ကို ကျင့်သုံးခဲ့သည်။ ဤစံနစ်မှာ ကုန်ထုတ်လုပ်မှု ဦးမော့ရေးကို ချိတ်ဆက်ထားပြီး ပြည်သူ့ကွန်မြူးစံနစ်ကို စတင်ဖျက်သိမ်းကာ နိုင်ငံပိုင်အာဏာရှိအဖွဲ့အစည်းများနှင့် စီးပွားရေးအဖွဲ့အစည်းများ အကြား ဆက်စပ်ပတ်သက်နေမှုကို အဆုံးသတ်လိုက်သည်။ လယ်သမားများသို့ လယ်ယာမြေကို ခွဲဝေချထားခြင်းကို ကန်ထရိုက်ချုပ်ဆိုသည့် စံနစ်သို့ ပြောင်းလဲပြီး တောင်သူလယ်သမားတို့၏ ကုန်ထုတ်လုပ်မှုတွင် စိတ်ပါဝင်စားလာစေရန် ဆောင်ရွက်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဒုတိယအကြိမ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး ထွက်ကုန်များ ဝယ်ယူရောင်းချခြင်းကို နိုင်ငံတော်ကသာ လက်ဝါးကြီးအုပ် ဆောင်ရွက်သည့် စံနစ်ကို ဖယ်ရှားပစ်လိုက်ပြီး ကန်ထရိုက်စာချုပ်အရ ဝယ်ယူသည့်စံနစ်သို့ ပြောင်းလဲခဲ့သည်။ ဤသို့ ပြုပြင်ပြောင်းလဲမှုကြောင့် ဈေးကွက်သည်သာ စိုက်ပျိုးရေးထုတ်ကုန်များ၏ ရောင်းလိုအားနှင့် ဝယ်လိုအားကို ထိန်းညှိပေးရာ၊ ကုန်ထုတ်အရင်းအမြစ်များကို ခွဲဝေပေးရာ အဓိကအခန်းကဏ္ဍ ဖြစ်လာသည်။ တောင်သူလယ်သမားတို့၏ တီထွင်ဖန်တီးနိုင်မှု၊ ကုန်ထုတ်တိုးရေး စိတ်ဝင်စားမှုကို ဖြစ်လာစေခဲ့သည်။ ထွက်ကုန်ပစ္စည်းများ ထုတ်လုပ်မှု၊ စီးဆင်း လည်ပတ်မှုတို့သည် မမျှော်မှန်းနိုင်သော အရွယ်အစား၊ နှုန်းထားဖြင့် တိုးတက်လာခဲ့သည်။ ထိုအချိန်တွင် ၁၀ နှစ်တာမျှ လိုအပ်သလို ချိန်ကိုက်ညှိနှိုင်းမှုများဖြင့် ကျေးလက်ဒေသတွင် စက်မှုလုပ်ငန်းများ ထူထောင်မှုများ တစ်နေ့တစ်ခြား တိုးတက်အောင် ဆောင်ရွက်ခဲ့ရာ အခြေခံပင်မစီးပွားရေးကဏ္ဍများမှာ သိသိသာသာ ကျဆင်းလာခဲ့ပြီး ဒုတိယ တတိယအဆင့် စက်မှုစီးပွားရေးကဏ္ဍများက မြင့်မားလာခဲ့သည်။ ပင်မစီးပွားရေးတွင် လယ်ယာကဏ္ဍ၏ ပါဝင်မှုအချိုးအဆမှာလည်း သိသာစွာ ကျဆင်းလာခဲ့ပြီး တိရစ္ဆာန်မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍမှာ မြင့်တက်လာခဲ့သည်။ စိုက်ပျိုးရေးထုတ်ကုန်များအနေဖြင့် ရိက္ခာသီးနှံ ထုတ်လုပ်မှုများ ကျဆင်းပြီး ဝင်ငွေရရန်စိုက်သည့် သီးနှံများ တိုးတက်လာသည်။ ဆက်လက်၍ ဒုတိယအဆင့် စက်မှုလုပ်ငန်းများ ကျဆင်းလာပြီး တတိယအဆင့် စက်မှုလုပ်ငန်းများ ထွက်ပေါ်လာသည်။
၂၁ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန် စုစုပေါင်းတန်ဖိုး တိုးတက်မှုနှုန်းမှာ တစ်နှစ်ပျမ်းမျှ ၆.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တိုးတက်မှုနှုန်းအမြင့်ဆုံး ၁၂.၃ ရာခိုင်နှုန်းကို ၁၉၈၄ ခုနှစ်တွင် ရောက်ရှိခဲ့ရာ ထိုစဉ်က တစ်ကမ္ဘာလုံး ပျမ်းမျှတိုးတက်မှုနှုန်းထက် ကျော်လွန်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တရုတ်လယ်ယာကဏ္ဍ တိုးတက်မှုမှာ ဘက်ပေါင်းစုံမှ တိုးတက်မှုဖြစ်ခဲ့သည်။ ရိက္ခာသီးနှံ၊ ဝါနှင့် ဆီထွက်သီးနှံများ တန်ချိန် ၅၀၈.၃၉ သန်း၊ ၃.၈၃ သန်းနှင့် ၂၆.၀၁၂ သန်း အသီးသီး ထွက်ရှိခဲ့သည်။ ၁၉၇၈ ခုနှစ်ကထက် ၆၆.၇၊ ၇၆.၇ နှင့် ၄၀၀ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ခြင်း ဖြစ်သည်။ အသားထုတ်လုပ်မှု တန်ချိန် ၅၉.၆၁ သန်းရှိရာ ၁၉၇၈ ခုနှစ်ကထက် ၇ ဆ တိုးတက်ခဲ့သည်။ ရေထွက်ပစ္စည်းများ ထုတ်လုပ်မှုတွင်လည်း တန်ချိန် ၄၁.၂၂၄ သန်းထိ၊ ၁၉၇၈ ခုနှစ်ထက် ၈. ၈ ဆ တိုးတက်ထုတ်လုပ်နိုင်ခဲ့သည်။ ဤသို့ဖြင့် အဓိကလယ်ယာထွက်ကုန်များ မလုံလောက်မှုကို နောက်ဆုံးတွင် ကျော်လွှားနိုင်ခဲ့သည်။ ယခုအခါ လူတစ်ဦးကျ အသား၊ ဥ နှင့် နို့ ထုတ်လုပ်မှုမှာ ၅၀၊ ၁၇၊ ၆.၆ ကီလိုဂရမ် ဖြစ်ရာ ကမ္ဘာ့ပျမ်းမျှ ထုတ်လုပ်မှုကို ကျော်လွန်တော့မည်ဖြစ်သည်။ နှစ်ပေါင်းရာနှင့်ချီ၍ တရုတ်တောင်သူလယ်သမားတို့အား ပြဿနာပေးခဲ့သော ရိက္ခာပြတ်လပ်မှုကို နောက်ဆုံး၌ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။
မြို့နယ်စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာခြင်းသည် လယ်ယာစီးပွားဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ပေးလိုက်သည်။ ၁၉၈၇ ခုနှစ်တွင် မြို့နယ်စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုတန်ဘိုးစုစုပေါင်းသည် လယ်ယာကုန်ထုတ်လုပ်မှုထက် သာလွန်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ယင်းမြို့နယ်စီးပွားရေးလုပ်ငန်းများ၏ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံရရှိခဲ့သည်။ ဤသည်မှာ ပြည်ပတင်ပို့မှုမှ ရရှိသော နိုင်ငံခြားငွေစုစုပေါင်း၏ ၂၃.၈ ရာခိုင်နှုန်းမျှရှိသည်။ ထောင်နှင့်ချီသော မြို့များသည် ကျေးလက်နှင့်မြို့ပြကွာဟမှု ပပျောက်ရေး၊ ကျေးလက်နှင့် မြို့ပြပေါင်းစပ်ရေး တို့အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ တောင်သူလယ်သမားများ၏ တစ်ဦးကျဝင်ငွေအနေဖြင့် ၁၉၇၈ ခုနှစ်က ၁၃၄ ယွမ်သာရှိရာမှ ၁၉၉၉ ခုနှစ်တွင် ၂၂၁၀ ယွမ်အထိ တိုးတက်လာခဲ့သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စက်သုံးဆီလိုအပ်ချက်ကြီးမားလာရာ အာဖရိကစသောနိုင်ငံများနှင့်ရင်းနီးအောင်ဆက်ဆံပြီး ရေနံဝယ်ယူနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။
တရုတ်နိုင်ငံသစ်တောထွက်ပစ္စည်းများမှာ ကျွန်းသစ်၊တတိုင်းမွှေး၊ပေ၊ထန်း၊ သမပိုင်းရွက်ပြတ်သစ်မာနှင့် ထင်းရှူးတို့ ဖြစ်သည်။ ဘစ်ကျူမင်ကျောက်မီးသွေး ရရှိပြီး အဖြိုက်နက်အများဆုံးထွက်ရှိရာဒေသလည်းဖြစ်သည်။အခြားသော တွင်းထွက်ပစ္စည်းများဖြစ်သည့် ကြေးနီ၊ ဘောာက်ဆိုက်၊ ခဲ၊ သွပ်၊ ခနောက်စိမ်း၊ ဖော့စဖာရပ်၊ ကန့် ၊ ဂျစ်ပ်ဆင် များလည်း ထွက်ရှိသည်။
လူဦးရေနှင့်လူမျိုးများ
[ပြင်ဆင်ရန်]၂၀၁၀ခုနှစ်၊ ဇူလိုင်လစာရင်းအဆိုအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လူဦးရေစုစုပေါင်း ၁,၄၃၈,၆၁၂,၉၆၈ ဦးရှိသည်။ အဆိုပါလူဦးရေစုစုပေါင်း၏ ၂၁% (ကျား ; ၁၄၅,၄၆၁,၈၃၃၊ မ ; ၁၂၈,၄၄၅,၇၃၉) သည် အသက် (၁၄)နှစ်အောက်ဖြစ်ပြီး၊ ၇၁% (ကျား ; ၄၈၂,၄၃၉,၁၁၅၊ မ ; ၄၅၅,၉၆၀,၄၈၉) သည် အသက်(၁၅)နှစ်မှ (၆၄)နှစ်အတွင်းဖြစ်သည်။ စုစုပေါင်းလူဦးရေ၏ ၈%ဖြစ်သော (ကျား ; ၄၈,၅၆၂,၆၃၅၊ မ ; ၅၃,၁၀၃,၉၀၂) သည် အသက်(၆၅)နှစ်အထက် ဖြစ်သည်။ ၂၀၀၆ခုနှစ်စာရင်းအရ လူဦးရေတိုးပွားနှုန်းမှာ ၀.၆%သာရှိသည်။
တရားဝင်အသိအမှတ်ပြုထားသောတိုင်းရင်းသားလူမျိုး (၅၆)မျိုးရှိသည်။ ဟန်လူမျိုး(ခေါ်) တရုတ်လူမျိုး မှာ စုစုပေါင်းလူဦးရေ၏ ၉၁.၉%ရှိသည်။ အခြားသော တိုင်းရင်းသားများအနက် လူဦးရေများပြားသောတိုင်းရင်းသားလူမျိုးများမှာ ကျွမ်းလူမျိုး(Zhuang - ၁၆သန်း), မန်ချူးလူမျိုး (Manchu - ၁၀သန်း)၊ ဟွေးလူမျိုး (Hui - ၉သန်း)၊ မြောင်လူမျိုး (Miao - ၈သန်း)၊ ဝေးဝူးအာရ်လူမျိုး (Uyghur - ၇သန်း)၊ ယီလူမျိုး (Yi - ၇သန်း)၊ ထူကျားလူမျိုး(Tujia - ၅.၇၅သန်း)၊ မွန်ဂိုလူမျိုး (Mongols - ၅သန်း)၊ တိဘက်လူမျိုး (Tibetans - ၅သန်း)၊ ပုယီးလူမျိုး (Buyei - ၃သန်း) နှင့် ကိုရီးယားလူမျိုး (Koreans -၂သန်း) တို့ဖြစ်သည်။
လွန်ခဲ့သောဆယ်စုနှစ်များအတွင်း တရုတ်မြို့ကြီးများတွင် နှစ်စဉ် လူဦးရေတိုးနှုန်း (၁၀%) ရှိခဲ့သည်။ ၁၉၇၈မှ ၂၀၀၉အတွင်း မြို့ပြနေလူဦးရေမှာ ၁၇.၄%မှ ၄၆.၈%အထိ တိုးပွားခဲ့သည်။ သန်းပေါင်း(၁၅၀)မှ သန်းပေါင်း(၂၀၀)ကြားမျှသော အချိန်ပိုင်းအလုပ်သမားများသည် မြို့ကြီးများတွင်အလုပ်လုပ်လျှက် ကျေးလက်သို့လည်း ပြန်လည်နေထိုင်ကြသည်။ လူဦးရေ တစ်သန်းကျော်သော မြို့ကြီးပေါင်းများစွာရှိပြီး ကမ္ဘာ့အဆင့်မီမြို့များမှာ ပေကျင်း၊ ရှန်ဟိုင်း နှင့် ဟောင်ကောင် တို့ဖြစ်သည်။
မြို့ကြီးများ
[ပြင်ဆင်ရန်]စဉ် | မြို့အမည် | ပြည်နယ်အမည် | မြို့တွင်းလူဦးရေ | မြို့တွင်း+ဆင်ခြေဖုံးလူဦးရေ | တရုတ်ပြည်၏မည်သည့်အပိုင်း |
---|---|---|---|---|---|
၁ | ရှန်ဟိုင်း | ရှန်ဟိုင်းမြူနီစီပါယ်အုပ်ချုပ်ရေး | 9,495,701 | 18,542,200 | အရှေ့ပိုင်း |
၂ | ပေကျင်း | ပေကျင်းမြူနီစီပါယ်အုပ်ချုပ်ရေး | 7,296,962 | 17,430,000 | မြောက်ပိုင်း |
၃ | ဟောင်ကောင် | အထူးအုပ်ချုပ်ခွင့်ရဒေသ | 7,000,000 | 7,000,000 | တောင်ပိုင်း |
၄ | ထျန်းကျင်း | ထျန်းကျင်းမြူနီစီပါယ်အုပ်ချုပ်ရေး | 5,066,129 | 11,500,000 | မြောက်ပိုင်း |
၅ | ဝူဟန့် | ဟူးပေပြည်နယ် | 6,660,000 | 9,100,000 | တောင်-အလယ်ပိုင်း |
၆ | ကွမ်ကျိုး | ကွမ်တုန်းပြည်နယ် | 4,154,808 | 15,000,000 | တောင်ပိုင်း |
၇ | ရှင်းကျင့် | ကွမ်တုန်းပြည်နယ် | 4,000,000 | 8,615,500 | တောင်ပိုင်း |
၈ | ရှင်ယန် | လျောင်းနင်ပြည်နယ် | 3,981,023 | 7,500,000 | အရှေ့မြောက်ပိုင်း |
၉ | ချုံချင့် | ချုံချင့်မြူနီစီပါယ်အုပ်ချုပ်ရေး | 3,934,239 | 31,442,300 | အနောက်တောင်ပိုင်း |
၁၀ | နန်ချောင့် | ကျန်းရှီးပြည်နယ် | 3,790,000 | 4,990,184 | အရှေ့ပိုင်း |
၁၁ | နန်ကျင်း | ကျန်းစူးပြည်နယ် | 2,822,117 | 7,100,000 | အရှေ့ပိုင်း |
၁၂ | ဟာ့ရ်ပင်း | ဟေးလုံကျန်းပြည်နယ် | 2,672,069 | 8,499,000 | အရှေ့မြောက်ပိုင်း |
၁၃ | ရှီကျားကျွမ်း | ဟဲပေပြည်နယ် | 2,620,357 | 9,630,000 | မြောက်ပိုင်း |
၁၄ | ရှီအန်း | ရှန်ရှီးပြည်နယ် | 2,588,987 | 10,500,000 | အနောက်မြောက်ပိုင်း |
၁၅ | ချင်းဒူ | စစ်ချွမ်းပြည်နယ် | 2,341,203 | 11,300,000 | အနောက်တောင်ပိုင်း |
၁၆ | ချောင်ချွန်း | ကျိလင်ပြည်နယ် | 2,223,170 | 7,400,000 | အရှေ့မြောက်ပိုင်း |
၁၇ | တလျန် | လျောင်းနင်ပြည်နယ် | 2,118,087 | 6,200,000 | အရှေ့မြောက်ပိုင်း |
၁၈ | ဟန်ကျိုး | ကျဲ့ကျန်းပြည်နယ် | 1,932,612 | 7,000,000 | အရှေ့ပိုင်း |
၁၉ | ကျီနန် | ရှန်းတုန်းပြည်နယ် | 1,917,204 | 6,300,000 | အရှေ့ပိုင်း |
၂၀ | ထိုက်ယွမ် | ရှန်းရှီးပြည်နယ် | 1,905,403 | 3,413,800 | မြောက်ပိုင်း |
၂၁ | ချင်းတောင် | ရှန်းတုန်းပြည်နယ် | 1,867,365 | 8,000,000 | အရှေ့ပိုင်း |
၂၀၀၈ခုနှစ် ခန့်မှန်းလူဦးရေစာရင်း
ကိုးကွယ်ယုံကြည်မှု
[ပြင်ဆင်ရန်]တရုတ်ပြည်သည် ကမ္ဘာ့ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ သန်းပေါင်း ၂၀၀ ခန့်အထိ မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သည်။[၁၂][၁၃] အနည်းငယ်သာ ခရစ်ယာန်နှင့်အစ္စလာမ်ဘာသာတို့ကို ကိုးကွယ်ကြသည်။ အစ္စလာမ်ဘာသာကိုးကွယ်သူများကို ပန်းသေးဟုခေါ်သည်။ ကွန်ဖြူးရှပ်ကိုးကွယ်သူအနည်းငယ်လည်းရှိသည်။
အားကစား
[ပြင်ဆင်ရန်]တရုတ်နိုင်ငံသည် အားကစားလောကတွင်လည်းအောင်မြင်လျက်ရှိသည်။ ရေကူး၊ အလေးမ၊ တင်းနစ်၊ လက်ဝှေ့၊ စကိတ်၊ ကျွမ်းဘား၊ ဘတ်စကက်ဘော၊ ဘောလီဘောစသည်တို့တွင် ထိပ်တန်းမှပြေးလျက်ရှိပြီး အချို့မှာကမ္ဘာ့စံချိန်တင်ထားသည်များလည်းရှိသည်။ ဘောလုံးအားကစားတွင်မူ များစွာအားနည်းသေးသည်ကိုတွေ့ရသည်။
မှတ်စု
[ပြင်ဆင်ရန်]- ↑ အင်္ဂလိပ် (Hong Kong SARသာ)။ ပေါ်တူဂီ (Macau SARသာ)
- ↑
- In the Hong Kong SAR Traditional Chinese characters and English alphabet are used,
- In the Macau SAR Traditional Chinese characters and Portuguese orthography are used,
- In Inner Mongolia the Mongolian script is used alongside simplified Chinese,
- In the Tibet Autonomous Region the Tibetan script is used alongside simplified Chinese,
- In Xinjiang the Uyghur Arabic alphabet is used alongside simplified Chinese,
- In Guangxi and Wenshan Prefecture the Latin alphabet is used alongside simplified Chinese,
- In the Yanbian Korean Autonomous Prefecture Chosŏn'gŭl is used alongside simplified Chinese.
- ↑ Although PRC President is head of state, it is a largely ceremonial office with limited power under General Secretary of the Chinese Communist Party.
- ↑ Including both state and party's central military chairs.
- ↑ Chairman of the Chinese People's Political Consultative Conference.
- ↑ The area given is the official United Nations figure for the mainland and excludes Hong Kong, Macau and Taiwan.[၃] It also excludes the Trans-Karakoram Tract (၅,၁၈၀ km2 (၂,၀၀၀ sq mi)), Aksai Chin (၃၈,၀၀၀ km2 (၁၅,၀၀၀ sq mi)) and other territories in dispute with India. The total area of China is listed as ၉,၅၇၂,၉၀၀ km2 (၃,၆၉၆,၁၀၀ sq mi) by the Encyclopædia Britannica.[၄] For further information, see Territorial changes of the People's Republic of China.
- ↑ This figure was calculated using data from the CIA World Factbook.[၆]
- ↑
ကျမ်းကိုး
[ပြင်ဆင်ရန်]- ↑ "Xi Jinping is making great attempts to 'Sinicize' Marxist–Leninist Thought 'with Chinese characteristics' in the political sphere," states Lutgard Lams, "Examining Strategic Narratives in Chinese Official Discourse under Xi Jinping" Journal of Chinese Political Science (2018) volume 23, pp. 387–411 at p. 395
- ↑ China (People's Republic of) 1982 (rev. 2004)။ Constitute project။ 25 August 2019 တွင် ပြန်စစ်ပြီး။
- ↑ Demographic Yearbook—Table 3: Population by sex, rate of population increase, surface area and density။ UN Statistics (2007)။ 24 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 July 2010 တွင် ပြန်စစ်ပြီး။
- ↑ "China"။ Encyclopædia Britannica။ 16 November 2012 တွင် ပြန်စစ်ပြီး။
- ↑ Largest Countries in the World by Area – Worldometers။
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedCIA
- ↑ Wee၊ Sui-Lee (11 May 2021)။ China's 'Long-Term Time Bomb': Falling Births Drive Slow Population Growth။ နယူးယောက်တိုင်းစ်။ 11 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 May 2021 တွင် ပြန်စစ်ပြီး။
- ↑ Population density (people per km2 of land area)။ IMF။ 16 May 2015 တွင် ပြန်စစ်ပြီး။
- ↑ ၉.၀ ၉.၁ ၉.၂ ၉.၃ China World Economic Outlook Database: April 2021။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။ 16 April 2021 တွင် ပြန်စစ်ပြီး။
- ↑ China Economic Update, December 2019 : Cyclical Risks and Structural Imperatives။ World Bank။ 3 January 2020 တွင် ပြန်စစ်ပြီး။ “The Gini coefficient, a measure of overall income inequality, declined to 0.462 in 2015, and has since risen to 0.467 in 2018 (Figure 27). Higher income inequality is partly driven by unequal regional income distribution. The eastern coastal regions have been the driver of China's rapid growth, due to its geographic location and the early introduction of reforms. As a result, the eastern coastal region is now home to 38% of the population, and its per capita GDP was 77% higher than that of the central, western, and northeastern regions in 2018. This gap widened further in the first three quarters of 2019. This is in part due to a disproportionate slowdown in interior provinces, which are more dependent on commodities and heavy industry. The slowdown has been negatively affected by structural shifts, especially necessary cuts in overcapacity (Figure 28).”
- ↑ Human Development Report 2020။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (15 December 2020)။ 15 December 2020 တွင် ပြန်စစ်ပြီး။
- ↑ Buddhism in China
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 5 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2012 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]