မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း သည် မြန်မာနိုင်ငံတွင် တဖြည်းဖြည်း တိုးတက်လာနေသည့် ကဏ္ဍတစ်ခုဖြစ်သည်

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအစသည် သောမစ်ကွတ် (Thomas Cook) က ၁၉၄၈ လွတ်လပ်ရေး မရခင် ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေး ရပြီးချိန်တွင် မြန်မာ့တိုရစ်ဇင်သည် ပျောက်ကွယ်နေပြီး ၁၉၆၂ တွင်မှ ဗမာ့စီးပွားရေး နှင့် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းမှ တိုးရစ်ဘားမားဟုခေါ်သော အေဂျင်စီ ကိုဖွင့်လှစ်ခဲ့သည်။ ၁၉၆၄ခုနှစ်တွင်ကုန်သွယ်ကူးသန်း ကော်ပိုရေးရှင်း အမှတ် (၂၀)မှ ဆက်လက် လုပ်ကိုင်ခဲ့ပြီး Strand Hotel, President Hotel, Oriental Hotel နှင့် ထွန်းလှဟိုတယ်တို့လည်း နိုင်ငံပိုင် အသိမ်းခံခဲ့ရသည်။ ၁၉၆၂ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တိုးရစ် ဗီဇာ ကို ၂၄ နာရီ မျှသာ ခွင့် ပြုခဲ့သည်။ ၁၉၇၄ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ပြောင်းလဲဖွဲ့စည်းပြီးမှ တိုးရစ် ဗီဇာကို ၇ ရက်အထိခွင့်ပြုခဲ့သည်။ ဦးနေဝင်း လက်ထက်က တံခါးပိတ်ဝါဒ ကြောင့် ရန်ကုန်၊ မန္တလေး၊ပုဂံ၊ ကလော နှင့် အင်းလေး ဒေသတို့လောက်သာ လည်ပတ်ခွင့် ရခဲ့သည်။

၁၉၈၈ တွင် စစ်အာဏာ တစ်ခါထပ်သိမ်း၍ ဈေးကွက်စီးပွားရေး တံခါးဖွင့်မူကို ကျင့်သုံးကာ နိုင်ငံတွင်းနဲ့ ပြင်ပ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာသောအခါ တိုရစ်ဇင် ပြန်လည်အသက်ဝင်လာသည်။ ၁၉၉၀ တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေကို အသစ်ပြဋ္ဌာန်းပြီး တိုးရစ် ဗီဇာ ကိုလည်း (၁၄)ရက် ခွင့်ပြုခဲ့သည်။ ၁၉၉၂ မှာတော့ အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်ဟုဆိုကာ တိုးရစ် ဗီဇာ (၂၈)ရက်ထိ ထပ်တိုးပေးခဲ့သည်။

စာရင်းအင်းများ

[ပြင်ဆင်ရန်]

၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှ ခရီးသွားဧည့်သည် ၇၃.၈၄% (ဆိုက်ရောက်ခရီးသည် ၃၁၃,၁၂၇) အထိ မြင့်တက်လာခဲ့ပြီး လေကြောင်းမှ ၆၉.၂၆% ၊ ကုန်းလမ်းမှ ၂၉.၉၇% နှင့် ရေကြောင်းခရီးမှ ၀.၇၇% ဖြစ်သည်။[]

၂၀၁၂ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ အမြတ်ငွေ ဒေါ်လာ ၅၃၄ သန်းအထိ တိုးတက်ရရှိခဲ့သည်။ []

ခုနှစ်ခရီးသည် ဝင်ရောက်မှု[]
၂၀၁၄၃,၀၈၁,၄၁၂
၂၀၁၃၂,၀၄၄,၃၀၇
၂၀၁၂၁,၀၅၈,၉၉၅
၂၀၁၁၈၁၆,၃၆၉
၂၀၁၀၇၉၁,၅၀၅
၂၀၀၉၇၆၂,၅၄၇

နိုင်ငံအလိုက် ခရီးသွားဧည့်သည် ဝင်ရောက်မှု

[ပြင်ဆင်ရန်]
အဆင့်နိုင်ငံခရီးသွားဧည့်သည် (၂၀၁၂)% စုစုပေါင်း (၂၀၁၂)လာရောက်လည်ပတ်သူ
စုစုပေါင်း (၂၀၁၄)
% စုစုပေါင်း (၂၀၁၄)
 ထိုင်း၉၄,၃၄၂၁၅.၉၃%၁၉၈,၂၂၉၁၇.၅၂%
 တရုတ်၇၀,၈၀၅၁၁.၉၃%၁၂၅,၆၀၉၁၁.၁၀%
 ဂျပန်၄၇,၆၉၀၈.၀၄%၈၃,၄၃၄၇.၃၇%
 အမေရိကန်၃၇,၅၈၉၆.၃၄%၆၂,၆၃၁၅.၅၄%
 တောင်ကိုရီးယား၃၄,၈၀၅၅.၈၇%၅၈,၄၇၂၅.၁၇%
 စင်ကာပူ၂၆,၂၉၆၄.၄၃%၄၇,၆၉၂၄.၂၁%
 မလေးရှား၃၀,၄၉၉၅.၁၄%၄၆,၅၃၄၄.၁၁%
 ပြင်သစ်၃၀,၀၆၄၅.၀၇%၄၁,၄၅၃၃.၆၆%
 ယူနိုက်တက်ကင်းဒမ်း၂၄,၂၉၆၄.၀၉%၄၀,၉၂၁၃.၆၂%
၁၀ ထိုင်ဝမ်၂၂,၀၆၀၃.၇၂%၃၂,၆၆၄၂.၈၉%
၁၁ အိန္ဒိယ၁၆,၈၆၈၂.၈၄%၃၂,၃၀၆၂.၈၅%
၁၂ ဂျာမနီ၂၃,၀၆၃၃.၈၉%၃၂,၂၆၅၂.၈၅%
၁၃ ဩစတြေးလျ၁၈,၂၆၁၃.၀၈%၂၉,၁၇၅၂.၅၈%
၁၄ အီတလီ၁၀,၈၃၀၁.၈၃%၁၂,၆၁၃၁.၁၁%
၁၅ ကနေဒါ၃,၆၈၅၀.၉၄%၁၂,၂၆၈၁.၀၈%

လည်ပတ်စရာနေရာများ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံရှိ နာမည်ကျော် လည်ပတ်စရာနေရာများတွင် မြို့ကြီးများဖြစ်သော ရန်ကုန်မြို့နှင့် မန္တလေးမြို့၊ ဘာသာရေးဆိုင်ရာနေရာများဖြစ်သော မွန်ပြည်နယ်၊ ပင်းတယမြို့၊ ပဲခူးမြို့နှင့် ဘားအံမြို့၊ သဘာဝနေရာများဖြစ်သော အင်းလေးကန်၊ ကျိုင်းတုံမြို့၊ ပူတာအိုမြို့နှင့် ပြင်ဦးလွင်မြို့၊ ရှေးမြို့ဟောင်းများဖြစ်သော ပုဂံနှင့် မြောက်ဦး၊ ပင်လယ်ကမ်းခြေများဖြစ်သော ငပလီ၊ ငွေဆောင်၊ မောင်းမကန်နှင့် မြိတ်ကျွန်းစုတို့ ပါဝင်သည်။[]

ကချင်ပြည်နယ်

[ပြင်ဆင်ရန်]

ရန်ကုန်တိုင်းဒေသကြီး

[ပြင်ဆင်ရန်]

မန္တလေးတိုင်းဒေသကြီး

[ပြင်ဆင်ရန်]

မွန်ပြည်နယ်

[ပြင်ဆင်ရန်]

ရခိုင်ပြည်နယ်

[ပြင်ဆင်ရန်]

ရှမ်းပြည်နယ်

[ပြင်ဆင်ရန်]

ပင်လယ်ကမ်းခြေများ

[ပြင်ဆင်ရန်]

ဂေဟခရီးသွားလည်ပတ်စရာနေရာများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Table 29.OVERSEAS VISITORS Central Statistical Organization Ministry of National Planning and Economic Development။ 7 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 July 2011 တွင် ပြန်စစ်ပြီး။
  2. "Tourist income surges 70% in Myanmar"၊ Investvine.com၊ 25 January 2013 5 February 2013 တွင် ပြန်စစ်ပြီး Archived from the original on 2 September 2013။
  3. မော်ကွန်းတင်ပြီးမိတ္တူ 14 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 February 2016 တွင် ပြန်စစ်ပြီး။
  4. Myanmar Travel Agency 20 October 2013 တွင် ပြန်စစ်ပြီး။