မာတိကာသို့ ခုန်သွားရန်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့အစည်း
Ministry of Investment and Foreign Economic Relations
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းခြင်း၁၉ နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၁၉)
ဖျက်သိမ်းခြင်း၁၀ ဧပြီ ၂၀၂၆
အစားထိုးခြင်းအမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
မိခင်ဌာနပြည်ထောင်စုအစိုးရအဖွဲ့

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လက်ထက်တွင် အသစ်ဖွဲ့စည်းလိုက်သော ဝန်ကြီးဌာနဖြစ်သည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲနိုင်ရန်ဖြစ်သည်။[] ပြည်ထောင်စုဝန်ကြီးမှ အာဏာသိမ်း စစ်အစိုးရမှ ခန့်အပ်ထား​သော ဒေါက်တာ ဝါဝါမောင် ဖြစ်သည်။ အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကမူ ဦးတင်ထွန်းနိုင်အား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[][]

၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းလိုက်သည့် သမ္မတ ဦးမင်းအောင်လှိုင်အစိုးရတွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ကို ပေါင်းစပ်ပြီး အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ဒသမပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ တင်ပြလာသည့် ပြည်ထောင်စုဝန်ကြီးဌာန အသစ် ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းသည်များကို လွှတ်တော်ထံသို့ တင်ပြခဲ့သည်။

ပြည်ထောင်စုရှေ့နေချုပ်မှ ရှင်းလင်း တင်ပြရာတွင် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလ သမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာကပေးအပ်သည့် ကူညီထောက်ပံ့မှု များကို နိုင်ငံတော်၏ မူဝါဒစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာကြီးကြပ် ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါသည့်အခန်းကဏ္ဍကို ထိရောက်စွာ မြှင့်တင်ရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့တွင် "ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန" ကို ဖြည့်စွက်ဖွဲ့စည်းရန် လိုအပ်လျက် ရှိသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် လိုအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုရှေ့နေချုပ်၏ ပြောကြားချက်အရ ဝန်ကြီးဌာနအသစ်ကို လက်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်၌ ဖွဲ့စည်းထားသည့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနတို့ကို ခွဲထုတ်ဖွဲ့စည်းသွားခြင်းဖြစ်၍ လတ်တလောတွင် ဝန်ထမ်းအင်အား၊ အဆောက် အဦး၊ မော်တော်ယာဉ်၊ ဘဏ္ဍာငွေလျာထားချက်စသည်တို့ ထပ်မံတိုးချဲ့ရန် လိုအပ်မည် မဟုတ်ကြောင်း အစိုးရအဖွဲ့၏ တင်ပြချက်များကို တွေ့ရသည်။

ထိုသို့မတိုင်မီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၃၃ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ရောက်ရှိနေစဉ် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစည်းအဝေး-၂၀၁၈ တွင် ပြောကြားသည့် မိန့်ခွန်းတွင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနီးမြှုပ်နှံခြင်းဖြင့် မြန်မာပြည်သာမက ရင်းနှီးမြှုပ်နှံသူများပါ အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။[]

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့တွင် လွှတ်တော်အတွင်း ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး ၁၉ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်က လာရောက်ရှင်းလင်းခဲ့သည်။ ဝန်ကြီးဌာနအသစ် ဖွဲ့စည်းသည့်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် ကန့်ကွက်သူမရှိ၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်းကို နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။ ထိုနေ့တွင်ပင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာစာအမှတ် ၈၇/၂၀၁၈ ဖြင့် ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပြီး အမိန့်အမှတ် ၄၀/၂၀၁၈ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့သည်။

ဝန်ကြီးဌာနအသစ်သည် ဦးဝင်းမြင့်အစိုးရ၏ ပထမဆုံး ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းခြင်းဖြစ်ကာ စုစုပေါင်း ဝန်ကြီးဌာန ၂၅ ခုရှိလာခဲ့သည်။

ဖျက်သိမ်းခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းလိုက်သည့် သမ္မတ ဦးမင်းအောင်လှိုင်အစိုးရတွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ကို ပေါင်းစပ်ပြီး အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။ []

ပြည်ထောင်စုဝန်ကြီးစာရင်း

[ပြင်ဆင်ရန်]
ပြည်ထောင်စုဝန်ကြီးများ (၂၀၁၈ - ၂၀၂၆)
စဉ် ပုံ အမည် တာဝန်သက်တမ်း ဒုတိယဝန်ကြီး ဝန်ကြီးချုပ် သမ္မတ အစိုးရအဖွဲ့
၁။ ဦးသောင်းထွန်း ၁၉ နိုဝင်ဘာ ၂၀၁၈ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၇၄ ရက် ဦးဘရက်ဆင်း ရာထူးမရှိ။ ဝင်းမြင့် ဦးဝင်မြင့်အစိုးရ
ဦးသောင်းထွန်းမှာ ယခင်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝန်ကြီးဖြစ်ပြီး ဝန်ကြီးဌာန ပြောင်းလဲ တာဝန်ယူခဲ့ရသည်။[]
၂။ ဦးအောင်နိုင်ဦး ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁ ၁၉ ဩဂုတ် ၂၀၂၂  နှစ်၊ ၁၉၉ ရက် ဦးသန်းအောင်ကျော် မင်းအောင်လှိုင် မြင့်ဆွေ (ယာယီ) မင်းအောင်လှိုင်အစိုးရ
၃။ ဒေါက်တာကံဇော် ၁၉ ဩဂုတ် ၂၀၂၂ ၃၁ ဇူလိုင် ၂၀၂၅  နှစ်၊ ၃၄၆ ရက် ဒေါက်တာ ဝါဝါမောင် မင်းအောင်လှိုင်
  • မြင့်ဆွေ (ယာယီ)
  • မင်းအောင်လှိုင် (ယာယီ-တာဝန်)
၄။ ဒေါက်တာ ဝါဝါမောင် ၃၁ ဇူလိုင် ၂၀၂၅ ၁၀ ဧပြီ ၂၀၂၆ ၂၅၃ ရက် ဦးဟန်ဝင်းအောင်    ညိုစော မင်းအောင်လှိုင် (ယာယီ-တာဝန်) ဦးညိုစောအစိုးရ

ဒုတိယဝန်ကြီးများ

[ပြင်ဆင်ရန်]
စဉ် အမည် တာဝန်သက်တမ်း ပြည်ထောင်စုဝန်ကြီး အစိုးရအဖွဲ့ ရင်းမြစ်
၁။ ဦးဘရက်ဆင်း - ၁ ဖေဖော်ဝါရီ ၂၀၂၁ ဦးသောင်းထွန်း ဦးဝင်မြင့်အစိုးရ
၂။ ဦးသန်းအောင်ကျော် ၇ ဖေဖော်ဝါရီ ၂၀၂၁ - ၁၀ ဩဂုတ် ၂၀၂၂ ဦးအောင်နိုင်ဦး မင်းအောင်လှိုင်အစိုးရ []
၃။ ဒေါက်တာ ဝါဝါမောင် ၁၀ ဩဂုတ် ၂၀၂၂ - ၃၁ ဇူလိုင် ၂၀၂၅ ​ဒေါက်တာကံဇော်
၄။ ဦးဟန်ဝင်းအောင်    ၃၁ ဇူလိုင် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆ ဒေါက်တာ ဝါဝါမောင် ဦးညိုစောအစိုးရ []
၅။ ဦးသန့်စင်လွင် ၆ နိုဝင်ဘာ ၂၀၂၅ []- ၁၀ ဧပြီ ၂၀၂၆

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၈၇/၂၀၁၈ ပြည်ထောင်စုဝန်ကြီးဌာန ဖြည့်စွက်ဖွဲ့စည်းခြင်း 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 October 2020 တွင် ပြန်စစ်ပြီး။
  2. http://burmese.dvb.no/archives/448312
  3. https://burmese.voanews.com/a/crph-acting-union-minister/5798240.html?nocache=1
  4. STATE COUNSELLOR CALLS ON BUSINESSES TO INVEST IN MYANMAR, PLEDGES TO BRING GOOD RETURNS www.statecounsellor.gov.mm 20 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြု (in my)။ 2026-04-09 တွင် ပြန်စစ်ပြီး။
  6. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၄၀ /၂၀၁၈ ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  7. ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း ပြန်ကြားရေးဝန်ကြီးဌာန။ ၁၃ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း Myawaddy Webportal။ 12 August 2025 တွင် ပြန်စစ်ပြီး။
  9. ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information 2026-04-14 တွင် ပြန်စစ်ပြီး။