တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

ဝီကီပီးဒီးယား မှ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
အင်္ဂလိပ် အမည်National Unity Party
နာယကဦးဟန်ရွှေ[၁][၂]
အထွေထွေ အတွင်းရေးမှူးဦးထွန်းရီ[၁]
ဒုတိယဥက္ကဋ္ဌဦးသိန်းထွန်း[၁]
တွဲဖက်အတွင်းရေးမှူးများဦးနေဝင်း နှင့် ဦးညွန့်တင်[၁]
တည်ထောင်ခြင်း၂၄ စက်တင်ဘာ ၁၉၈၈ (၂၄ စက်တင်ဘာ ၁၉၈၈)[၃][၄]
ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ဌာနချုပ်အမှတ်၂၄၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ဗဟန်းမြို့နယ်ရန်ကုန်မြို့
သတင်းစာတိုင်းရင်းသား သတင်းဂျာနယ်
အဖွဲ့ဝင်၅၀၀,၀၀၀[၅]
နိုင်ငံရေး သဘောတရားဆိုရှယ်လစ်ဝါဒ
ရပ်တည်ချက်အလယ်-လက်ဝဲ
အရောင်  မိုးပြာရောင်[၆]
အမျိုးသားလွှတ်တော် အမတ်နေရာ
၁ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ
ယခင်အလံ(၁၉၈၈-၂၀၁၆)

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (အင်္ဂလိပ်: National Unity Party; အတိုကောက် တစည) ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၄ရက်နေ့တွင် အမည်‌ပြောင်းခဲ့ခြင်းဖြစ်ပြီး[၃][၄] လမ်းစဉ်ပါတီ၏ အမွေကိုဆက်ခံယူထားသော ပါတီဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ဆိုရှယ်လစ်ဝါဒ (ခေါ်) လူအများကောင်းစားရေး ဝါဒဖြစ်သည်။ ပါတီ၏ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။[၇] တစညပါတီအနေနဲ့ တနိုင်ငံလုံးမှာ ပါတီရုံးရှိတဲ့ မြို့နယ်ပေါင်း ၂၉၀ ရှိသည်။ ၂၀၁ဝမှာပါတီဝင်အင်အား ၇ သိန်းကျော် ရှိသည်။[၈] ပထမဦးဆုံးသော ပါတီဥက္ကဋ္ဌမှာ သာကျော်၊ ဦး နိုင်ငံတော်ကောင်စီဝင်(ငြိမ်း) ဖြစ်သည်။ လက်ရှိတွင် ပါတီဥက္ကဋ္ဌမှာ ဦးဟန်ရွှေဖြစ်သည်။[၁]

၁၉၉၀ ပြည်လုံးကျွတ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် စုစုပေါင်းမဲပေးသူ အရေအတွက် ၁၃,၂၅၃,၆၀၆ မဲ တွင် မဲအရေတွက် ၂,၈၀၅,၅၅၉ မဲနှင့် မဲပေးသူ၏ (၂၁.၂%) မဲဆန္ဒနယ် (၄၉၂) ခုရှိရာတွင် မဲဆန္ဒနယ်(၁၀)နေရာ၌ အနိုင်ရရှိခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲ ကာလက မြန်မာ့နိုင်ငံရေးပါတီများထဲတွင် ဒုတိယ အင်အားအကြီးမားဆုံး နိုင်ငံရေးပါတီဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ မဟာမိတ်ပါတီများမှာ -

  1. တောင်သူလယ်သမားစည်းလုံးညီညွတ်ရေးပါတီ
  2. အလုပ်သမားစည်းလုံးညီညွတ်ရေးပါတီ
  3. လူငယ်စည်းလုံးညီညွတ်ရေးပါတီတို့ဖြစ်ကြသည်။

၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ မဲဆန္ဒနယ်တိုင်းလိုလိုမှာ ဝင်ရောက်အရွေးခံခဲ့သည်။ ဒါပေမဲ့ ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်တနေရာမှာပဲ အနိုင်ရခဲ့သည်။[၉]

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီက ကိုယ်စားလှယ်လောင်း ၄၀၀‌ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့  တိုင်းရင်းသားစည်းလုံးညီညွတ်ပါတီ တာဝန်ရှိသူတွေက ပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ် ၁၇၇ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ယှဉ်ပြိုင်မည်မဟုတ်ဟု ပါတီဒုတိယဥက္ကဋ္ဌ ပြောကြားသည်။[၁၀][၁၁]

ရွေးကောက်ပွဲ ရလဒ်များ[ပြင်ဆင်ရန်]

အမျိုးသားလွှတ်တော်[ပြင်ဆင်ရန်]

ရွေးကောက်ပွဲ အနိုင်ရနေရာ စုစုပေါင်း မဲစုစုပေါင်း Share of votes ရွေးကောက်ပွဲ ရလဒ် ခေါင်းဆောင်သူ
၂၀၁၀
၅ / ၂၂၄
၄,၃၀၂,၀၈၂ Increase၅; Opposition ဦးထွန်းရီ
၂၀၁၂ (ပြီးနောက်)
၅ / ၂၂၄
Steady; Opposition ဦးထွန်းရီ
၂၀၁၅
၁ / ၂၂၄
Decrease၄; Opposition ဦးသန်းတင်

ပြည်သူ့လွှတ်တော်[ပြင်ဆင်ရန်]

ရွေးကောက်ပွဲ အနိုင်ရနေရာ စုစုပေါင်း မဲစုစုပေါင်း Share of votes ရွေးကောက်ပွဲ ရလဒ် ခေါင်းဆောင်သူ
၁၉၉၀
၁၀ / ၄၉၂
၂,၈၀၅,၅ ၂၁.၂% Increase၁၀; not recognised ဦးသာကျော်
၂၀၁၀
၁၂ / ၄၄၀
၄,၀၆၀,၈၀၂ ၁၉.၄၄% Increase၂; Opposition ဦးထွန်းရီ
၂၀၁၂ (ပြီးနောက်)
၁၂ / ၄၄၀
Steady; Opposition ဦးထွန်းရီ
၂၀၁၅
၀ / ၄၄၀
Decrease၁၂; Extra-parliamentary Opposition ဦးသန်းတင်

ကြားဖြတ်ရွေးကောက်ပွဲ[ပြင်ဆင်ရန်]

ရွေးကောက်ပွဲ Seats up for election Seats contested by party Contested seats won Contested seats lost မဲစုစုပေါင်း Share of votes ရွေးကောက်ပွဲ ရလဒ်
၂၀၁၂ ၃၇ (ပြည်သူ့) / ၅ (အမျိုးသား) ၂၈ (ပြည်သူ့) / ၄ (အမျိုးသား) ၀ (ပြည်သူ့) / ၀ (အမျိုးသား) ၃၇ (ပြည်သူ့) / ၄ (အမျိုးသား) no seat gain or lost

ပါတီမူဝါဒ[ပြင်ဆင်ရန်]

လူအများကောင်းစားရေး ဝါဒ၊ ပြည်သူ့အကျိုးပြု လမ်းစဉ်၊ မဇ္ဈိမ ပဋိပဋာ ဆိုတဲ့ အခြေခံအချက်ကို မပြောင်းလဲဘဲ နိုင်ငံရေးမှာ အရေးကြီးဆုံး ရိုးသားမူကို အခြေခံပြီး ပြည်သူရဲ့ ထောက်ခံမူရအောင် ကြိုးစားသွားမယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးရေး။[၈]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

  • ဥက္ကဋ္ဌ - ဦးဟန်ရွှေ‌[၁]
  • ဒုတိယဥက္ကဋ္ဌ - ဦးသိန်းထွန်း[၁]
  • အထွေထွေအတွင်းရေးမှူး - ဦးထွန်းရီ[၁]
  • တွဲဖက်အတွင်းရေးမှူးများ - ဦးနေဝင်း နှင့် ဦးညွန့်တင် [၁]
  • ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင်များ
  • ဌာနကြီးမှူးများ
  • ဖွဲ့စည်းပုံအဆင့်ဆင့်
  • ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်အဆင့်ဆင့်
  1. အမျိုးသားလွှတ်တော်
  2. ပြည့်သူ့လွှတ်တော်
  3. ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီးလွှတ်တော်
  • ပါတီတည်ထောင်ခွင့်လျှောက်ထားရက် - ၂၄-၉-၈၈
  • ပါတီအဖြစ်ဆက်လက်မှတ်ပုံတင် - ၂၅-၃-၂၀၁၀
  • ပါတီမှတ်ပုံတင်ခွင့်ရရက် - ၂၉-၄-၂၀၁၀
  • ၁၉၉ဝ ရွေးကောက်ပွဲဝင်ပါတီ

ဆက်လေ့လာရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP (15 July 2021)။ တစ်လအတွင်းသတင်းပဒေသာ
  2. "ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အပေးအယူမျှတစွာဖြင့် အတူတကွလက်တွဲဆောင်ရွက်ကြရန် တစညပါတီဥက္ကဋ္ဌ တိုက်တွန်"၊ People Media၊ 14 February 2022။ 
  3. ၃.၀ ၃.၁ "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဟု အမည်ပြောင်းလဲခြင်း"၊ 27 September 1988။ 
  4. ၄.၀ ၄.၁ https://www.burmalibrary.org/en/burma-press-summary-volii-no-9-september-1988
  5. Irrawaddy: National Unity Party
  6. တစညပါတီအလံ ပြောင်းလဲအသုံးပြုမည်
  7. မော်ကွန်းတင်ပြီးမိတ္တူ။ 19 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2020 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ https://www.bbc.com/burmese/burma/2015/09/150917_2015_election_party_2
  9. http://burmese.dvb.no/archives/397174
  10. https://www.mizzimaburmese.com/article/71611[လင့်ခ်သေ]
  11. https://news-eleven.com/article/183178