ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (Chatthin Wildlife Sanctuary) သည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ် အတွင်းတွင် တည်ရှိသည်။ အကျယ်အဝန်း ၁၀၃.၅၅ စတုရန်းမိုင် (၂၆၈.၂ စတုရန်ကီလိုမီတာ) ရှိပြီး ၁၉၄၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။
တည်နေရာ
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ်၂၃°၃၄'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၃၂'၊ ကောလင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်အတွင်း စကိုင်းတိုင်းဒေသကြီးတွင်းတွင်တည်ရှိသည်။
သဘာဝအရင်းအမြစ်များ
[ပြင်ဆင်ရန်]Indaing forest တောအများအစားဖြစ်ပြီး ဘေးမဲ့တောဧရိယာ၏ ၉၀% ကိုဖုံးလွှမ်းထားသည်။ သစ်ပင်မျိုးစိတ်ပေါင်း (၂၆၃)၊ ငှက်မျိုးစိတ်ပေါင်း (၂၄၀)၊ အင်းဆက်မျိုးစိတ် (၁၆၀)၊ ငါး (၄၇)၊ တွားသွားသတ္တဝါ (၃၈)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၁၅)မျိုး၊ နို့တိုက်သတ္တဝါ မျိုးစိတ် (၁၃)မျိုးကို ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာန၏ စာရင်းဇယားများအရသိရသည်။ အဓိကအားဖြင့် မြန်မာဒေသမျိုးစိတ်ဖြစ်သော ရွှေသမင်(Cervus eldi thamin)များကို ကာကွယ်စောင့်ရှောက်ထားသည်။
ခြိမ်းခြောက်နေသောအန္တရာယ်များ
[ပြင်ဆင်ရန်]တရားမဝင်အမဲလိုက်ခြင်း၊ အပင်များကို စုဆောင်းခြင်း၊ တရားမဝင် သစ်ခိုးထုတ်ယူခြင်းများ၊ ငါးခိုးဖမ်းခြင်းများ နှင့် တောမီးလောင်ကျွမ်းခြင်းများကြောင့် သစ်တောပြုန်းတီးခြင်းများကို ကြုံတွေ့နေရသည်။
ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ
[ပြင်ဆင်ရန်]ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနနှင့် NWCD ပူပေါင်း၍ ဖော်ပြပါ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီးဖြစ်သည် -
- Dipterocarp forest ecology,
- Myanmar hare habitat,
- ant and earthworm ecology,
- human impact assessment on fish species
ခရီးသွားလာရေးလုပ်ငန်း
[ပြင်ဆင်ရန်]လမ်းပမ်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]- ရန်ကုန်-မန္တလေး-ချပ်သင်း ရထားဖြင့် ၅၁၇ မိုင်
- ရန်ကုန်-မန္တလေး-ချပ်သင်း ကားဖြင့် ၅၆၀ မိုင်
ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ
[ပြင်ဆင်ရန်]- အင်တိုင်းတောများကို လေ့လာနိုင်ခြင်း၊
- ထင်ရှားသည့် ကြေးအင်း၏ သဘာဝအလှအပများကို ခံစားနိုင်ခြင်း၊
- တောရိုင်းတိရစ္ဆာန်များသုတေသနပြု ခေတ်မီနည်းစနစ်များကို လေ့လာနိုင်ခြင်း၊
- ပရဆေးဘက်ဝင်အပင်နှင့် နွယ်ပင်များ အပါအဝင် ချပ်သင်း ဘေးမဲ့တော ၏ သဘာဝသမိုင်းပြတိုက်များ လေ့လာနိုင်ခြင်း၊
- မြန်မာ့ရွှေသမင်များ၏ သဘာဝနေထိုင် ကျက်စားမှုကို လေ့လာနိုင်ခြင်း၊ သုတေသနပြုလုပ်နိုင်ခြင်း။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
- Report: Myanmar Protected Area (2011)