မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ဖွဲ့စည်းထားသော ဝန်ကြီးဌာနမှာ - ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ ယခင်က ပို့ဆောင်ရေးဝန်ကြီးဌာနဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ၃ခုကိုပူး​​ပေါင်းကာဖွဲ့စည်းထား​သော ဝန်ကြီးဌာန ဖြစ်သည်။

ရထားပို့ဆောင်ရေး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေး

၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံရှိ မီးရထားလမ်းမိုင်စုစုပေါင်းမှာ ၃၁၈၆.၈၆ မိုင် နှင့် မီးရထားဘူတာရုံပေါင်း ၈၁၂ ခုရှိသည်။[၁]

ကုန်းလမ်းပို့ဆောင်ရေး[ပြင်ဆင်ရန်]

၂၀၀၆ ခုနှစ်အထိ စာရင်းများအရ -

  • စုစုပေါင်းခရီးလမ်း - ၁၆,၇၇၇ မိုင် (၂၇,၀၀၀ ကီလိုမီတာ)
  • လမ်းခင်းပြီး - ၁,၉၈၈ မိုင် (၃,၂၀၀ ကီလိုမီတာ)
  • မခင်းရသေးသောလမ်း - ၁၄,၇၈၉ မိုင် (၂၃,၈၀၀ ကီလိုမီတာ)

အဓိက အဝေးပြေးလမ်းများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အမြန်လမ်းမကြီးမှာ ရန်ကုန်-မန္တလေး အမြန်လမ်း ဖြစ်ပြီး ၃၆၄.၆ မိုင် (၅၈၆.၇ ကီလိုမီတာ) အရှည်ရှိကာ ဖြူးမြို့ တောင်ငူမြို့နေပြည်တော်နှင့် မိတ္ထီလာမြို့များကို ဖြတ်သန်းသွားသည်။ ယာဉ်မောင်းလိုင်း လေးလိုင်းရှိ အမြန်လမ်းမကြီးအမျိုးအစား ဖြစ်သည်။

ရေကြောင်းပို့ဆောင်ရေး[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင်း သွားလာနိုင်သည့် ရေလမ်းခရီးအရှည် စုစုပေါင်းမှာ ၇,၉၅၄ မိုင် (၁၂,၈၀၀ ကီလိုမီတာ) ဖြစ်ပြီး သင်္ဘောကြီးများ သွားလာနိုင်သည့် ခရီးလမ်းအရှည်မှာ ၁,၉၈၈ မိုင် (၃,၂၀၀ ကီလိုမီတာ) ဖြစ်သည်။

ဆိပ်ကမ်းများ[ပြင်ဆင်ရန်]

ပင်လယ်ဆိပ်ကမ်းများ[ပြင်ဆင်ရန်]

မြစ်ဆိပ်ကမ်းများ[ပြင်ဆင်ရန်]

လေကြောင်းပို့ဆောင်ရေး[ပြင်ဆင်ရန်]

လေဆိပ်များ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံရှိ လေဆိပ်များစာရင်း

၂၀၁၀ ခုနှစ် ဇူလိုင်လ စာရင်းများအရ မြန်မာနိုင်ငံတွင် လေဆိပ်စုစုပေါင်း ၆၉ ခုရှိကာ လေယာဉ်ပြေးလမ်း ပေ တစ်သောင်းအထက်ရှိ လေဆိပ်မှာ ၁၁ ခုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှာ -

လေကြောင်းလိုင်းများ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံအခြေစိုက် လေကြောင်းလိုင်းများ

မြန်မာနိုင်ငံအခြေစိုက် လက်ရှိပြေးဆွဲနေသော လေကြောင်းလိုင်းများ ၁၁ ခုရှိသည်။ နိုင်ငံတော်အလံတင် လေကြောင်းလိုင်းမှာ မြန်မာအမျိုးသား လေကြောင်းလိုင်း ဖြစ်ပြီး ပြည်ပသို့ ပျံသန်းလျက်ရှိသော လေကြောင်းလိုင်းများမှာ မြန်မာအမျိုးသား လေကြောင်းလိုင်းအပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း နှင့် အဲကေဘီဇက် လေကြောင်းလိုင်း တို့ ဖြစ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့မီးရထားရထားပို့ဆောင်ရေး ဝန်ကြီးဌာန။ ၂၈ ဒီဇင်ဘာ ၂၀၁၄ တွင် ပြန်စစ်ပြီး။