တပ်မတော်

ဝီကီပီးဒီးယား မှ
မြန်မာ့တပ်မတော်
(Myanmar Armed Forces)
တပ်မတော်
တပ်မတော် အလံတော်
( ကြည်း ၊ ရေ ၊ လေ (ဝဲ မှ ယာ))

ပင်မတပ်ဖွဲ့ကြီး(၃)ခု၏ လက်မောင်းတံဆိပ်များ[မှတ်စု ၁][၁]
ဆောင်ပုဒ်ရဲသော် မသေ၊ သေသော် ငရဲမလား။
တည်ထောင်၂၇ မတ် ၁၉၄၅ (၇၈ နှစ် အကြာက) (၁၉၄၅-၀၃-27)
(နှစ်ပတ်လည်နေ့ သတ်မှတ်ထားသည့် ရက်စွဲ)[၂]
တပ်ဖွဲ့ခွဲများ
ဌာနချုပ်စစ်ရုံး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ
ခေါင်းဆောင်မှု
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
လူအင်အား
သက်တမ်း78 နှစ်၊ 7 လ နှင့် 25 ရက်
(စိန်ရတုသက်တမ်းအလွန်)
စစ်မှုထမ်းနိုင်သည့်
အင်အား
၁၄,၇၄၇,၈၄၅၊ အမျိုးသား၊ အသက် (၁၈ - ၆၀) နှစ် (၂၀၁၀ ခန့်မှန်းချက်)၊
၁၄,၇၁၀,၈၇၁၊ အမျိုးသမီး၊ အသက် (၁၈ - ၆၀) နှစ် (၂၀၁၀ ခန့်မှန်းချက်)
စစ်မှုထမ်းရန်
သင့်တော်သည့် အင်အား
၁၀,၄၅၁,၅၁၅၊ အမျိုးသား၊ အသက် (၁၈ - ၆၀) နှစ် (၂၀၁၀ ခန့်မှန်းချက်)၊
၁၁,၁၈၁,၅၃၇၊ အမျိုးသမီး၊ အသက် (၁၈ - ၆၀) နှစ် (၂၀၁၀ ခန့်မှန်းချက်)
နှစ်စဉ်စစ်မှုထမ်းအသက်
ရောက်ရှိမှု
၅၂၂,၄၇၈၊ အမျိုးသား (၂၀၁၀ ခန့်မှန်းချက်)၊
၅၀၆,၃၈၈၊ အမျိုးသမီး (၂၀၁၀ ခန့်မှန်းချက်)
လက်ရှိ အမှုထမ်း၄၀၆,၀၀၀၊ (အဆင့် ၉)
အရံ အင်အား၇၂,၀၀၀ (စစ်ရေးအရန်အင်အားစုများ)
အသုံးစရိတ်များ
ဘက်ဂျက်$၂.၄ ဘီလီယံ (၂၀၁၄)
GDP ရာခိုင်နှုန်း၄ % (၂၀၁၄)
စက်ရုံများ
ပြည်တွင်း ထောက်ပံ့မှုကာကွယ်ရေးပစ္စည်းစက်ရုံများ
ပြည်ပထောက်ပံ့မှု
ဆက်စပ်ဆောင်းပါးများ
သမိုင်းမြန်မာ့တပ်မတော်သမိုင်း
ရာထူးအဆင့်များမြန်မာ့စစ်ဘက် ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များ
လွှတ်တော်အမတ်နေရာများ
အမျိုးသားလွှတ်တော်အမတ်နေရာ
၅၆ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၁၁၀ / ၄၄၀

မြန်မာ့တပ်မတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လက်နက်ကိုင်တပ်ဖွဲ့(စစ်တပ်) ၏ တရားဝင်အမည်ဖြစ်သည်။ တပ်မတော်ကို ကာကွယ်ရေးဝန်ကြီးဌာန မှ ထိန်းချုပ်ပြီး တပ်မတော် (ကြည်း)တပ်မတော် (ရေ) နှင့် တပ်မတော် (လေ) ဟူသော တပ်မတော်တပ်ဖွဲ့ကြီး(၃)ခုဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၁ ခုနှစ်မှစတင်ပြီး တပ်မတော်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လက်အောက်တွင် တိုက်ရိုက်ထားရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် အစိုးရအဖွဲ့နှင့် ပတ်သက်သော တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုလုပ်ရသည်။

လွတ်လပ်ရေးရပြီးသည်မှစ၍ ယခုထိ တပ်မတော်သည် ကချင်၊ ကရင်၊ ကယား၊ ရှမ်းစသော ပြည်နယ်များ၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ တော်လှန်မှုများကို ရင်ဆိုင်ရလေ့ရှိသည်။ ဗိုလ်ချုပ်နေဝင်း ၁၉၆၂ အာဏာသိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဟူ၍ သာယာဝပြောသော လူ့ဘောင်သစ်ကို တည်ဆောက်ရန်ကြိုးပမ်းခဲ့သည်။ ရှစ်လေးလုံး အရေးအခင်းကြီးကို ပြင်းထန်စွာနှိပ်ကွပ်ပြီးနောက် တပ်မတော်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတမှုရှိသော ရွေးကောက်ပွဲတစ်ခုကျင်းပရန် သဘောတူ ကျင်းပပေးခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိသောအခါ ထိုရလဒ်အား လျစ်လျူရှုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချခဲ့သည်။[၃]

၂၀၀၈ခုနှစ် တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းကာ ၂၀၁၀ခုနှစ် ၌ တပ်ထောက်ခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အာဏာရစေခဲ့၏။ ၂၀၁၅ခုနှစ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြိုနိုင်ခဲ့ကာ[၄] ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင်လည်း အလားတူ အနိုင်ရရှိပြန်သည်။ ၂၀၂၀ တွင် ကြံခိုင်ရေးပါတီက ရှုံးနိမ့်ခဲ့ပြီးနောက် တပ်မတော်သည် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း၍ မဲမသမာသည်ဟု အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့သည်။ တပ်မတော်သည် လူမျိုးတုံးသတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ အပါအဝင် လူ့အခွင့်ရေးဖောက်ဖျက်မှုများကြောင့် နိုင်ငံတကာအဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြစ်တင်ခဲ့ကြသည်။[၅][၆][၇][၅][၈][၉]

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)အရ တပ်မတော်သည် လွတ်လပ်သော စီမံခန့်ခွဲမှုရှိသော်လည်း နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ လက်အောက်တွင် မူဝါဒအရ ကွပ်ကဲမှုကို ခံယူရသည်။[၁၀] ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးသည် ရာထူးအလျောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဖြစ်သည်။[၁၁]

သမိုင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာ့တပ်မတော် သမိုင်းကြောင်း

မြန်မာနိုင်ငံတွင်ရှေးယခင်က အမြဲတမ်းတပ်မတော်ဟူ၍ မရှိဘဲ အနော်ရထာမင်းကြီး လက်ထက်မှစ၍ မြို့များကို ဆယ်ပြုမြို့၊ ရာပြုမြို့၊ ထောင်ပြုမြို့များဟူ၍ ဖွဲ့စည်းသည်။ စစ်ရေးပေါ်ပေါက်မှ ဆိုင်ရာမြို့များက ခွဲတမ်းကျစစ်သည်များ ထောက်ပံ့ရသည်။ ဗြိတိသျှတို့လက်အောက် ရောက်သွားသောအခါ အပျော်တမ်းတပ်များ တည်ထောင်ပေးခဲ့သော်လည်း ပုန်ကန်မည်စိုးသဖြင့် ဗမာလူမျိုးများကို ထည့်သွင်းခြင်းမရှိဘဲ ကချင်၊ ကရင်၊ ချင်းစသည့် တောင်တန်းဒေသလူနည်းစု တိုင်းရင်းသားများဖြင့် အဓိကထား ဖွဲ့စည်းခဲ့သည်။ ပထမကမ္ဘာစစ် ဖြစ်သောအခါမှ ဗြိတိသျှတပ်များသည် မေဆိုပိုတေးမီးယား စစ်မြေပြင်တွင် တူရကီတပ်များနှင့် အကြိတ်အနယ် ရင်ဆိုင်ရသောအခါ ဗမာလူမျိုးများကို စစ်တပ်ထဲဝင်ခွင့်ပြုကာ စစ်မြေပြင်သို့ စေလွှတ်ခဲ့သည်။ မြန်မာတပ်သားများသည် မေဆိုပိုတေးမီးယား စစ်မြေပြင်တွင်ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်။

ခေတ်သစ်စစ်တပ်၏အစမှာ ရဲဘော်သုံးကျိပ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားသောအခါ ဗြိတိသျှတို့အား လက်နက်ဖြင့် တော်လှန်ရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့သည် ဂျပန်၌ စစ်ပညာသင်ကြားခဲ့ကြပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) ကို စတင်စုဖွဲ့ တည်ထောင်ခဲ့ရာမှ ဗမာ့ ကာကွယ်ရေးတပ်မတော် (BDA)၊ ဗမာ့အမျိုးသားတပ်မတော် (BNA)၊ ဗြိတိသျှနယ်ချဲ့တို့ အခေါ်အဝေါ်အရ မျိုးချစ်တပ်မတော် (PBF) ဟူ၍ တစတစ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၎င်းတပ်မတော်သုံးရပ်၏ ဦးစီးခေါင်းဆောင် စစ်သေနာပတိသည် တပ်မတော်၏ မူလပထမ ဖခင်အစစ် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း
ရဲဘော်သုံးကျိပ်ထဲတွင် ပထမဆုံး ကျဆုံးခဲ့သူ ရှမ်းလူမျိုး သခင်ငွေ (ခေါ်) ဗိုလ်စောအောင်

သမိုင်းအစဉ်အလာအရ ဖခင် ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်များ၊ ဝါစဉ်အားဖြင့် ဗိုလ်လင်္ကျာဗိုလ်စင်္ကြာဗိုလ်ဇေယျဗိုလ်နေဝင်း စသည်ဖြင့် ရှိခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကန္ဒီစာချုပ်အရ အမြဲတမ်း တပ်မတော်အဖြစ် ပြင်ဆင် စုဖွဲ့ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်မှ ထွက်ပြီး နိုင်ငံရေးလောကသို့ ကူးပြောင်းသွားခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်း ၆ ဦးသာ အမြဲတမ်း တပ်မတော်တွင် စစ်မှုဆက်ထမ်းခဲ့ကြသည်။ သခင်ထွန်းအုပ်၏ မေတ္တာရပ်ခံချက်အရ ဗိုလ်နေဝင်းသည် အမြဲတမ်း ဗမာ့တပ်မတော်တွင် ဗိုလ်လက်ျာပြီးလျှင် နံပါတ် ၂ နေရာ ရခဲ့ပြီး ဗိုလ်ဇေယျက နံပါတ် ၃ နေရာရခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် မြန်မာ့အပျော်တမ်းလေတပ်အဖွဲ့ကို မြန်မာ့လေတပ်မတော်ဟုလည်းကောင်း၊ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် မြန်မာပြည်ဘုရင့်အပျော်တမ်းရေတပ်အဖွဲ့ကို မြန်မာ့ရေတပ်မတော်ဟုလည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရေတပ်မတော်တွင် ပထမဆုံးအလံတင်သင်္ဘောမှာ မေယု စစ်သင်္ဘောဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် တနင်္ဂနွေနေ့တွင် နိုင်ငံတော်အလံကို လွှင့်တင်ပြီးနောက်လွတ်လပ်ရေး ကြေညာသည့်နေ့မှစ၍ မြန်မာကြည်းတပ်မတော်၊ မြန်မာရေတပ်မတော်၊ မြန်မာလေတပ်မတော်များသည် ပွင့်သစ်စပန်းများကဲ့သို့ ငွားငွားစွင့်စွင့် ကိုယ့်အလံ၊ ကိုယ့်တံဆိပ်များဖြင့် တလူလူထွက်ပေါ်လာတော့သည်။[၁၂]

စစ်ရေယာဉ် (မေယု)

အုပ်ချုပ်သူများ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
  1. ဗိုလ်ချုပ် အောင်ဆန်း (၁၉၄၅ - ၁၉၄၇)​
  2. ဗိုလ်မှူးချုပ် ဗိုလ်လက်ျာ (၁၉၄၇ - ၁၉၄၈)
  3. ဗိုလ်ချုပ် စမစ်ဒွန်း (၁၉၄၈ - ၁၉၄၉)
  4. ဗိုလ်ချုပ်ကြီး နေဝင်း (၁၉၄၉ - ၁၉၇၂)
  5. ဗိုလ်ချုပ်ကြီး စန်းယု (၁၉၇၂ - ၁၉၇၄)
  6. ဗိုလ်ချုပ်ကြီး သူရတင်ဦး (၁၉၇၄ - ၁၉၇၆)
  7. ဗိုလ်ချုပ်ကြီး သူရကျော်ထင်(၁၉၇၆ - ၁၉၈၅)
  8. ဗိုလ်ချုပ်မှူးကြီး စောမောင် (၁၉၈၅ - ၁၉၉၂)
  9. ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၁၉၉၂ - ၂၀၁၁)
  10. ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်[၁၃] (၂၀၁၁ - ယနေ့အထိ)
    အင်ဒိုနီးရှားရောက် မြန်မာ့ရေတပ်သားများ (၁၉၆၀ ခုနှစ်)
    မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကရင်လူမျိုး ဗိုလ်ချုပ် စမစ်ဒွန်း (၁၉၄၈ - ၁၉၄၉)

ကာကွယ်ရေးဝန်ကြီးများ (၁၉၄၇ - လက်ရှိ)

စဉ် အမည် ကာလ
မှ ထိ
ဗိုလ်လက်ျာ ၁-၈-၁၉၄၇ ၁၃-၉-၁၉၄၈
ဦးနု ၁၄-၉-၁၉၄၈ ၃-၄-၁၉၄၉
ဗိုလ်ချုပ် နေဝင်း ၄-၄-၁၉၄၉ ၉-၉-၁၉၅၀
ဦးဝင်း ၁၈-၉-၁၉၅၀ ၁၅-၃-၁၉၅၂
ဦးဗဆွေ ၁၆-၃-၁၉၅၂ ၄-၆-၁၉၅၈
ဗိုလ်မှူး အောင် ၉-၆-၁၉၅၈ ၂၈-၉-၁၉၅၈
ဗိုလ်ချုပ်ကြီး နေဝင်း ၂၉-၉-၁၉၅၈ ၁၅-၃-၁၉၆၀
ဦးနု ၁၆-၃-၁၉၆၀ ၂-၃-၁၉၆၂
ဗိုလ်ချုပ်ကြီး နေဝင်း ၃-၃-၁၉၆၂ ၂၀-၄-၁၉၇၂
၁၀ ဗိုလ်ချုပ်ကြီး စန်းယု ၂၁-၄-၁၉၇၂ ၇-၃-၁၉၇၄
၁၁ ဗိုလ်ချုပ်ကြီး တင်ဦး ၈-၃-၁၉၇၄ ၆-၃-၁၉၇၆
၁၂ ဗိုလ်ချုပ်ကြီး သူရကျော်ထင် ၇-၃-၁၉၇၆ ၂၇-၇-၁၉၈၈
၁၃ ဗိုလ်ချုပ်မှူးကြီး စောမောင် ၂၈-၇-၁၉၈၈ ၁၉-၃-၁၉၉၂
၁၄ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂၀-၃-၁၉၉၂ ၂၉-၃-၂၀၁၁
၁၅ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း ၃၀-၃-၂၀၁၁ ၇-၉-၂၀၁၂
၁၆ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ၈-၉-၂၀၁၂ ၁၂-၈-၂၀၁၅
၁၇ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ၂၅-၈-၂၀၁၅ ၁ -၂-၂၀၂၁
၁၈ ဗိုလ်ချုပ်ကြီး မြထွန်းဦး ၁-၂-၂၀၂၁ ၃-၈-၂၀၂၃
၁၉ ရေတပ်ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၃-၈-၂၀၂၃ ယ​နေ့ထိ
လွတ်လပ်ရေး မော်ကွန်းဝင် ဗိုလ်စိန်မှန်
ကာကွယ်ရေး ဝန်ကြီးဌာန ပါလီမန် အတွင်းဝန် ဗိုလ်မှူး စိန်မှန် (ခေါ်) လွတ်လပ်ရေး မော်ကွန်းဝင် ဗိုလ်စိန်မှန် (၁၉၄၇)

လက်ရှိ တပ်မတော်အကြီးအကဲများ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများ
  1. ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
  2. ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း - ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
  3. ဗိုလ်ချုပ်ကြီး တင်အောင်စန်း - ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
  4. ဗိုလ်ချုပ်ကြီး ​မောင်​မောင်​အေး - တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)
  5. ဗိုလ်ချုပ်ကြီး မိုး​အောင် - ကာကွယ်ရေးဦးစီးချုပ်(ရေ)
  6. ဗိုလ်ချုပ်ကြီး ထွန်းအောင် - ကာကွယ်ရေးဦးစီးချုပ်(လေ)[၁၄]
မြန်မာ - အိန္ဒိယ ရေတပ်ဦးစီးချုပ်များ တွေ့ဆုံစဉ် (၂၀၁၃ ခုနှစ်)

ကာကွယ်ရေးဝန်ကြီးဌာန

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန

၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်တွင် ကာကွယ်ရေးဌာန၊ မြန်မာ့တပ်မတော်စစ်ဌာနချုပ်၊ မြန်မာ့ရေတပ်မတော်ဌာနချုပ်နှင့် မြန်မာ့လေတပ်မတော်ဌာနချုပ်တို့ကို စုစည်း၍ စစ်ရုံးကို ဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်လက်ျာက ဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးရုံးနှင့် အမြဲတမ်းအတွင်းဝန်ရုံး တို့သည် ရန်ကုန်မြို့၊ အလံပြဘုရားလမ်း၊ အမှတ် (၇၇)၊ စစ်ရုံးဝင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ စစ်ရုံး၊ အမြဲတမ်းအတွင်းဝန်ဌာနသည် ၁၉၅၂ ခုနှစ်တွင် စစ်ရုံးမှ ကာကွယ်ရေးဌာန၊ အတွင်းဝန်ရုံး အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ အတွင်းဝန်ရုံးတွင် ဌာနစု ၁၇ ခုဖြင့် ဖွဲ့စည်းထားပြီး အရာထမ်း ၁၀ ဦး၊ အမှုထမ်း ၁၃၅ ဦး၊ စုစုပေါင်းအင်အား ၁၄၅ ဦးဖြင့် ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် စစ်ရုံးမှ ကာကွယ်ရေးဝန်ကြီးဌာနအဖြစ်သို့ ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ကာကွယ်ရေးဝန်ကြီးမှာ ဦးဗဆွေ ဖြစ်၏။ ထိုသို့ ပြန်လည်ဖွဲ့စည်းလိုက်သော ကာကွယ်ရေးဝန်ကြီးဌာနတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ အတွင်းဝန်ရုံး(ကာကွယ်ရေး)၊ စစ်ရာထူးခန့် အတွင်းဝန်ရုံး၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံး၊ ငွေစာရင်းရုံး(ကာကွယ်ရေး)များ ပါဝင်သည်။

၁၉၅၈ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၆၀ ပြည့်နှစ်၊ မတ်လထိ အိမ်စောင့်အစိုးရကာလတွင် ဗိုလ်ချုပ်ကြီး နေဝင်းက ဝန်ကြီးချုပ်တာဝန်နှင့် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပြည်ထောင်စုပါတီ အစိုးရလက်ထက်တွင်လည်း ဝန်ကြီးချုပ် ဦးနုက ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက ကာကွယ်ရေးဝန်ကြီး တာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။

၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်စွဲပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီကြေညာချက် အမှတ် ၉၇ အရ အုပ်ချုပ်ရေးစနစ်သစ်ကိုဖော်ထုတ်ခဲ့ရာ ကာကွယ်ရေးဌာန၊ အတွင်းဝန်ရုံးကို ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ရုပ်သိမ်းလိုက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအဖြစ် အဖွဲ့ခွဲ(၃)ခုဖြင့်ဖွဲ့စည်း၍ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင် ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသည် ၁၉၄၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်၊ မေလ ၂၂ ရက်အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၇၇၊ ကာကွယ်ရေးဝန်ကြီးဌာနဝင်းအတွင်း တည်ရှိခဲ့ပြီး ၁၉၇၈ ခုနှစ်၊ မေလ ၂၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၄၄ ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နေရာဟောင်း (ယခု ယုဇနဂါးဒင်းဟိုတယ်)နေရာသို့ ရုံးနေရာပြောင်းရွေ့ခဲ့သည်။

၁၉၉၅ ခုနှစ်၊ မတ်လတွင် အဆိုပါရုံးနေရာမှ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မော်ကွန်းတိုက်လမ်းနှင့် မင်းကျောင်းလမ်းထောင့်ရှိ ခြံအမှတ် ၂၄ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး နေရာဟောင်းသို့ ရုံးနေရာပြောင်းရွှေ့ခဲ့ပြီး အဆိုပါနေရာမှ ၂၀၀၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ နဝဒေးဝင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၌ နေပြည်တော် ရုံးအမှတ် ၂၀ သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ရုံးအမှတ် ၂၄ သို့ ထပ်မံပြောင်းရွှေ့ ရုံးစိုက်ခဲ့သည်။[၁၅]

ကာကွယ်ရေးဝန်ကြီးဌာနသည် အခြားသောဝန်ကြီးဌာနများနှင့် ဖွဲ့စည်းပုံချင်းမတူဘဲ ကွဲပြားခြားနားလေသည်။ အခြားသောဝန်ကြီးဌာနများသည် ၎င်းတို့၏လက်အောက်ရှိ ဦးစီးဌာန၊ ကော်ပိုရေးရှင်း၊ ဘုတ်အဖွဲ့များကို ဝန်ကြီးဌာန၏ လက်အောက်တွင်ထားရှိပြီး ဝန်ကြီးဌာနမှ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှာမူ ဝန်ကြီးရုံး၊ ကြည်း၊ ရေ၊ လေ၊ ရေး၊ ထောက် စသည့် ဦးစီးရုံးများနှင့် လက်ရုံးဝန်ထမ်းညွှန်ကြားရေးမှူးရုံးများ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် ပေါင်းစည်းဝန်ကြီးဌာနဖြစ်သည်။ ထို့အပြင် ဝန်ကြီးဌာနအတွင်းရှိ ဦးစီးရုံးများမှ လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင်လည်း ရုံးအချင်းချင်း ညှိနှိုင်းဆောင်ရွက်ကြလေသည်။

၂၀၁၁ ခုနှစ်မှ စတင်ပြီး တပ်မတော် ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လက်အောက်တွင် တိုက်ရိုက်ထားရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အစိုးရအဖွဲ့နှင့်ပတ်သက်သော တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုလုပ်ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် လွတ်လပ်သော စီမံခန့်ခွဲမှုရှိသော်လည်း နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လက်အောက်တွင် မူဝါဒအရ ကွပ်ကဲမှုကိုခံယူရသည်။ နယ်ခြားစောင့်တပ်ဖွဲ့ သည် မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန မှ တိုက်ရိုက်အုပ်ချုပ်သော လက်နက်ကိုင်အဖွဲ့တွင် ပါဝင်သည်။

ဥပဒေ ပြဋ္ဌာန်းချက်များ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - တပ်မတော်(အခြေခံဥပဒေ) နှင့် တပ်မတော်အက်ဥပဒေများ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈)၊ အခန်း(၇)၊ တပ်မတော် အခန်းပါ ဥပဒေ ပြဋ္ဌာန်းချက်များအရ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ နိုင်ငံတော်အားပြည်တွင်း၊ ပြည်ပအန္တရာယ်များမှကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များကျရောက်လာလျှင် တပ်မတော်ကကူညီဆောင်ရွက်ရမည်။ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။[၁၆]

တပ်မတော်အက်ဥပဒေ

နိုင်ငံတော်သမ္မတ မန်းဝင်းမောင် သည် ၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် မြန်မာနိုင်ငံတပ်မတော် (ကြည်း)အက်ဥပဒေ၊ သို့တည်းမဟုတ် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတပ်မတော်(ရေ) (စည်းကမ်း) အက်ဥပဒေ၊ သို့တည်းမဟုတ်၊ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတပ်မတော်(လေ) (စည်းကမ်း) အက်ဥပဒေကို ရုပ်သိမ်းလိုက်ပြီး ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ Archived 8 August 2022 at the Wayback Machine. ကိုထုတ်ပြန်​ကြေညာခဲ့သည်။ တပ်မတော်အက်ဥပဒေတွင်ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းနှင့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်း၊ စစ်မှုထမ်းခြင်းဆိုင်ရာ စည်းကမ်းချက်များ၊ စစ်မှုထမ်းခြင်းဆိုင်ရာ ကျေးဇူးခံစားခွင့်များ၊ ပြစ်မှုများ၊ ပြစ်ဒဏ်များ၊ ဖမ်းဆီးခြင်းနှင့် စစ်ဆေးစီရင်ခြင်းမပြုမီ မှုခင်းကိစ္စဆောင်ရွက်ခြင်းများ၊ စစ်တရားရုံးများလိုက်နာရမည့်ကျင့်ထုံးများ၊ ပြစ်ဒဏ်ချမှတ်ချက်များကို ဆောင်ရွက်ခြင်း၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များ၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များနှင့် ပြစ်ဒဏ်ဆိုင်းငံ့ထားခြင်းများ၊ ရေယာဉ်များနှင့်စပ်လျဉ်းသည့် အထူးပြဋ္ဌာန်းချက်များ၊ နှင့် နည်းဥပဒေများ ပါဝင်သည်။

စစ်တရားရုံးများ

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေအရ စစ်တရားရုံး လေးမျိုးရှိသည် -

  • (က) စစ်တရားရုံးချုပ်၊
  • (ခ) တိုင်းစစ်တရားရုံး၊
  • (ဂ) အကျဉ်းစစ်တရားရုံးချုပ်နှင့်
  • (ဃ) တပ်တွင်းစစ်တရားရုံး။

စစ်တရားရုံးချုပ် အသီးသီးတွင်၊ စစ်ဥပဒေအရာရှိတဦးပါဝင်ရမည့်ပြင်၊ တိုင်းစစ်တရားရုံး အသီးသီး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်အသီးသီးတွင်လည်း စစ်ဥပဒေအရာရှိ တဦးပါဝင်သည်။ စစ်တရားရုံးတရုံး၏ အဖွဲ့ဝင်အသီးသီးနှင့် စစ်ဥပဒေအရာရှိသည်၊ စစ်ဆေးစီရင်ခြင်းကိုမစမီ၊ ကျမ်းသစ္စာကိုဖြစ်စေ၊ ကတိ သစ္စာကိုဖြစ်စေ၊ ပြုရသည်။[၁၇] ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေချုပ်ရုံး သည် နေပြည်တော် ၌ တည်ရှိသည်။

နိုင်ငံရေး

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၏ ၂၅ ရာခိုင်နှုန်း တနည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအားလုံးကို ပိတ်ဆို့နိုင်သည့် အာဏာဖြစ်သော ဥပဒေပြုရေးဆိုင်ရာနေရာ (၂၅) ရာခိုင်နှုန်း ကို တပ်မတော်က ရယူထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးချယ် ခန့်အပ်ခြင်းဖြစ်သည်။[၁၈] ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် ပြည်သူ့မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ ကြီးကြပ်ထိန်းချုပ်မှုအောက်တွင်မရှိဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိသည့် အဖွဲ့အစည်း ဖြစ်သည်။ ၎င်းက ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေး စသည့် ဝန်ကြီးဌာန (၃) မျိုးကို ထိန်းချုပ်နိုင်ပြီး၊ ယင်းဌာနတို့၏ ဝန်ကြီးချုပ်များသည် ကာကွယ်ရေးဦးစီးချုပ်မှ ရွေးချယ်ထားသော တာဝန်ထမ်းဆောင်လျက်ရှိသည့် စစ်တပ်အရာရှိများလည်း ဖြစ်ကြသည်။ [၁၉]

တပ်မတော်သား မိသားစုဝင်များသည် ပါတီ နိုင်ငံရေး မလုပ်ရဟူသော စည်းကမ်းရှိသည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းခါစ ကာလက အယူဝါဒများ တပ်မတော်အတွင်း ကွဲပြားခဲ့သဖြင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့ တချို့ တောခိုခြင်းသမိုင်းများ ရှိခဲ့၍ တပ်တည်မြဲ အမိန့်တွင် စစ်သည် အဆင့်အတန်း အားလုံးအား မည်သည့်နိုင်ငံရေး ပါတီနှင့်မဆို ဆက်သွယ်ခြင်း၊ ပါတီနိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ မြန်မာနိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ လုပ်ဆောင်ချက်များကို မလိုလားသော သဘောဖြင့် ဆန့်ကျင်မှု၊ လှုံ့ဆော်ဝါဒဖြန့်မှု၊ ဝိုင်းဖွဲ့ ဆွေးနွေးမှု၊ ဆူပူမှုအတွက် အားပေးအားမြှောက် ပြုခြင်းတို့ကို တားမြစ်ထားသည်။ သို့သော် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအဖြစ် တပ်မတော်သားများကို လွတ်လပ်စွာ မဲပေးခွင့်ပြုထားရာ ၎င်းတို့၏ စိတ်သဘောထားအရ မည့်သည်ပါတီကိုမဆို လွတ်လပ်စွာ မဲပေးခွင့်ရှိသည်။[၂၀][၂၁] သို့သော် တပ်မတော်သားများနှင့် တပ်မိသားစုဝင်များသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် တပ်စခန်းများရှိ မဲရုံများ၌ သူတို့ အထက်လူကြီးများ၏ စောင့်ကြည့်မှု အောက်တွင်သာ မဲပေးခဲ့ရသည်။ တပ်စခန်းများရှိ မဲရုံအများစုသည် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် ရွေးကောက်ပွဲလေ့လာသူများအတွက် အကန့်အသတ်ဖြစ်နေသောကြောင့် ပွင့်လင်းမြင်သာမှုကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။[၂၂]၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၌ တပ်တွင်းမဲရုံများကို တပ်ရင်းတပ်ဖွဲ့များ၏ ပြင်ပ သင့်လျော်သော နေရာတွင် ထားရှိရန် 'လွှတ်တော်အရပ်ရပ် ရွေးကောက်ပွဲအတွက် နည်းဥပဒေပြင်ဆင်ချက်' အား အတည်ပြုခဲ့ရာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှ စတင်၍ တပ်မတော်သားများနှင့် တပ်မိသားစုဝင်များသည် တပ်ပြင်ပမဲရုံများတွင် မဲပေးခွင့်ရခဲ့သည်။[၂၃]

တပ်ဖွဲ့ခွဲများ

မြန်မာ ကြည်းတပ်သုံး T-72S တင့်ကား
ကျန်စစ်သား အမျိုးအစား စစ်ရေယာဉ်
ရုရှားထုတ် မစ်-၂၉ ဘက်စုံသုံး တိုက်လေယာဉ် (မင်္ဂလာဒုံ လေယာဉ်ကွင်း)

ဖွဲ့စည်းပုံ

လေတပ်ဂုဏ်ပြုတပ်ဖွဲ့အား သမ္မတအိမ်တော်၌ တွေ့ရစဉ် (၂၀၁၇ ခုနှစ်)

ရှေးခေတ်က စစ်သည်ငါးဦးလျှင် တစ်အိုးစားဖြစ်ပြီး အကြပ်တစ်ယောက်က ကြီးကြပ်သည်။ ၎င်းအထက်တွင် သွေးသောက်၊ သွေးသောက်ကြီး၊ နာခံ၊ ‌ဗိုလ်စသည်ဖြင့် အဆင့်ဆင့်ရှိကြသည်။ တပ်မှူးအဆင့်မှာ ဗိုလ်ချုပ်ဖြစ်သည်။ ဗိုလ်ချုပ်၏အထက်တွင် ဗိုလ်မှူးရှိသည်။

လက်ရှိတပ်မတော်ဖွဲ့စည်းပုံ၏ အခြေခံအကျဆုံးအစိတ်အပိုင်းမှာ တပ်စိတ်ဖြစ်သည်။ ဖွဲ့စည်းပုံအရ အင်အား(၄)ဦးစီပါဝင်သော ဒုတပ်ကြပ်ဦးစီးသည့် အဖွဲ့(၂)ဖြင့် တပ်စိတ်(၁)စိတ်ကို ဖွဲ့စည်းသည်။ တပ်စိတ်(၁)စိတ်လျှင် အင်အား(၁၀)ဦးရှိပြီး တပ်ကြပ်တစ်ယောက် ကွပ်ကဲသည်။ တပ်စိတ်(၃)စိတ် လျှင် တပ်စု(၁)စုအဖြစ်သတ်မှတ်ပြီး ဗိုလ်ကြီး(သို့မဟုတ်)ဗိုလ်(သို့မဟုတ်)ဒုဗိုလ်တစ်ယောက် ကွပ်ကဲသည်။ တပ်စု(၃)စုလျှင် တပ်ခွဲ(၁)ခွဲဟု သတ်မှတ်ပြီး ဗိုလ်မှူး (သို့မဟုတ်) ဗိုလ်ကြီး တစ်ဦး ကွပ်ကဲသည်။ (၃) စိတ် (၁) စု၊ (၃) စု (၁) ခွဲ ပုံစံဖြစ်သည်။ အမေရိကန်စစ်တပ် ဖွဲ့စည်းပုံနှင့် ပုံစံတူညီသည်။ ခြေလျင်/ခြေမြန်တပ်ရင်းများတွင် တိုက်ခိုက်ရေးတပ်ခွဲ(၄)ခွဲနှင့် ဌာနချုပ်တပ်ခွဲ(၁)ခွဲ၊ စုစုပေါင်း တပ်ခွဲ(၅) ခွဲပါဝင်ပြီး ဒုတိယဗိုလ်မှူးကြီးတစ်ယောက်နှင့် ၎င်းကိုအုပ်ချုပ်ရေးဆိုင်ရာပံ့ပိုးသော ဗိုလ်မှူးတစ်ယောက် တို့က ကွပ်ကဲသည်။ ဌာနချုပ်တပ်ခွဲတွင် တပ်ရင်းအကူပစ်လက်နက်ကြီးတပ်စု၊ မော်တော်ယာဉ်တပ်စု၊ ဆေးတပ်စု စသည်တို့ပါဝင်ပြီး ဗိုလ်မှူးတစ်ယောက်က ဌာနချုပ်တပ်ခွဲမှူးအဖြစ် ကွပ်ကဲသည်။

ခြေလျင်/ခြေမြန်တပ်ရင်းတစ်ခု၏ ဖွဲ့စည်းပုံအင်အားမှာ အရာရှိ(၃၁) ဦး၊ အခြားအဆင့် (၈၂၆) ဦး၊ စုစုပေါင်း (၈၅၇) ဦး ဖြစ်သည်။ သို့သော် မူလတပ်ရင်းများမှ ခွဲထုတ်၍ တပ်ရင်းများတိုးချဲ့ဖွင့်လှစ် သောကြောင့် တပ်ရင်းအားလုံးနီးပါးမှာ ဖွဲ့စည်းပုံ၏ လေးပုံတစ်ပုံ (အရာရှိ၊အခြားအဆင့် စုစုပေါင်း-၂၀၀ ဝန်းကျင်)သာရှိသည်။

အနည်းဆုံး ခြေလျင်/ခြေမြန်တပ်ရင်း (၃) ရင်းကိုစု၍ နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့(နဗဟ) (သို့မဟုတ်) စစ်ဗျူဟာအဖွဲ့(အခြေချ)/စစ်ဗျူဟာအဖွဲ့က ကွပ်ကဲသည်။

မြန်မာ့တပ်မတော်ရေ ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း

ခြေလျင်/ခြေမြန်တပ်ရင်း(၁၀)ရင်းအား စုဖွဲ့၍ ခြေမြန်တပ်မဌာနချုပ်တစ်ခု (သို့မဟုတ်) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုအဖြစ် သတ်မှတ်ကာ ဗိုလ်မှူးချုပ် (သို့မဟုတ်) ဗိုလ်မှူးကြီးတစ်ယောက်မှ ကွပ်ကဲသည်။ ခြေမြန်တပ်မဌာနချုပ်(တမခ)တစ်ခု (သို့မဟုတ်) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)တစ်ခုစီတွင် ဗိုလ်မှူးကြီး (သို့မဟုတ်) ဒုတိယဗိုလ်မှူးကြီးတစ်ယောက်စီကွပ်ကဲသော နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့(နဗဟ)(၃)ခုစီ ပါရှိသည်။ စစ်နယ်ဝှန်းအခြေအနေအရ တိုင်းစစ်ဌာနချုပ် (၁၄) ခုရှိပြီး ဗိုလ်ချုပ်တစ်ယောက်မှ ကွပ်ကဲသည်။ တိုင်းစစ်ဌာနချုပ်များ၏လက်အောက်တွင် ဗိုလ်မှူးကြီး (သို့မဟုတ်) ဒုတိယဗိုလ်မှူးကြီးတစ်ယောက်စီကွပ်ကဲသော အခြေချစစ်ဗျူဟာ(စဗခ)များနှင့် လှုပ်ရှားစစ်ဗျူဟာများရှိကြသည်။

စစ်ဘက်အုပ်ချုပ်ရေးတွင် အရပ်ဘက်မြေပုံများကဲ့သို့ မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်အလိုက်မဟုတ်ဘဲ မြန်မာနိုင်ငံနယ်နိမိတ်ကို တိုင်းစစ်ဌာနချုပ် (၁၄) ခုတို့ဖြင့် ပိုင်းခြားကာ ၎င်းတို့အောက်တွင် တပ်မြို့၊ တပ်နယ်များသတ်မှတ်ထားသည်။ တိုင်းစစ်ဌာနချုပ်များသည် တပ်မြို့ (သို့မဟုတ်) တပ်နယ်များမှတဆင့် သက်ဆိုင်ရာနယ်နိမိတ်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့အားလုံးကို အုပ်ချုပ်ရသည်။ တိုင်းစစ်ဌာနချုပ်သည် မိမိစစ်နယ်ဝှန်းအတွင်းသို့ဝင်ရောက်လာသော တမခ၊ စကခတပ်များကိုလည်း ကွပ်ကဲရသည်။ ခြေမြန်တပ်မဌာနချုပ်တစ်ခု (သို့မဟုတ်) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုစီတွင်ကွပ်ကဲမှုအောက် တပ်ရင်း(၁၀)ရင်းစီရှိသော်လည်း တိုင်းစစ်ဌာနချုပ်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များမှာ တပ်တည်မှုအနေအထားပေါ်မူတည်ကာ လက်အောက်ခံတပ်ရင်းအရေအတွက် မတူညီကြပေ။

၂၀၀၆ နှစ်ဦးပိုင်းတွင် တိုင်းမှူး အသစ်များဖြင့် တပ်မတော်ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး တပ်မတော်(ကြည်း၊ရေ၊လေ)စစ်ဦးစီးကွပ်ကဲမှုဌာနချူပ်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကို ရန်ကုန်မြို့မှ နေပြည်တော် သို့ ပြောင်းရွှေ့ခဲ့သည်။

မြန်မာရေတပ်သုံး အစ္စရေးထုတ် Super Dvora MK III အမြန်သွား ကင်းလှည့်စစ်ရေယာဉ်

တပ်မတော် (ကြည်း)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော် (ကြည်း)

တပ်မတော်(ကြည်း)၏ အကြီးအကဲသည် “ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)” ဖြစ်ပြီး တပ်မတော်၌ ၎င်းရာထူးအထက်တွင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်” သာ ရှိလေသည်။ တပ်မတော်(ကြည်း) ၏ ဖွဲ့စည်းပုံတွင် အောက်ပါတို့ ပါဝင်သည် -

  • ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)။
  • စစ်ဦးစီး/ စစ်ရေး/ စစ်ထောက် ဆိုင်ရာ အရာရှိချုပ်ရုံးများ။
  • ကာကွယ်ရေးဦးချုပ်ရုံး(ကြည်း)၊ စစ်ဆင်ရေး(အထူး)အဖွဲ့များ။
  • လက်ရုံး/ ဝန်ထမ်းတပ်ဖွဲ့ အရာရှိချုပ်ရုံးများ။
  • ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ လက်ရုံး/ ဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးများ။
  • တိုင်းစစ်ဌာနချုပ် - (၁၄)ခု။
  • ခြေမြန်တပ်မဌာနချုပ် - (၁၀)ခု။
  • စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - (၂၀)ခု။
  • ဒေသကွပ်ကဲမှုစစ်ဌာနချုပ် - (၆)ခု။

၁။ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

တပ်မတော်(ကြည်း)၏ အဆင့်အမြင့်ဆုံး ရုံးဖြစ်ပြီး ကြည်းတပ်ဖွဲ့အားလုံးသည် ဤရုံး၏ ကွပ်ကဲမှု အောက်တွင်ရှိသည်။ ရာထူးတာဝန်ခန့်အပ်မှုတွင် “ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)” သည် အမြင့်ဆုံးရာထူးဖြစ်ပြီး “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်” ရာထူးကိုလည်း ‘တပ်မတော်(ကြည်း)’ မှ အရာရှိကြီးများကိုသာ ခန့်အပ်လေ့ရှိသည်။ ထို့ပြင် တပ်မတော်(ရေ) နှင့် တပ်မတော်(လေ) တို့၏ အုပ်ချုပ်မှုလုပ်ငန်းပိုင်းများဖြစ်သော စစ်ရေး၊ စစ်ထောက်ပိုင်းများကိုပါ စီမံဆောင်ရွက်ပေးခြင်းနှင့် ညွှန်ကြားခြင်းများ ပြုလုပ်ရသည့်အတွက် တနည်းဆိုရသော် အုပ်ချုပ်မှုဖွဲ့စည်းပုံတွင် ကက(ရေ) နှင့် ကက(လေ) တို့၏ အထက်တွင်ရှိသည်ဟု ဆိုနိုင်သည်။ ထို့အပြင် တပ်မတော်(ကြည်း/ ရေ/ လေ) အားလုံး၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းအခြေအနေများအား “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး” သို့ အစီရင်ခံတင်ပြပေးရသည်။ ထို့ကြောင့် တပ်မတော်(ကြည်း) ဖွဲ့စည်းပုံမှာ ကျယ်ပြန့်ပြီး ရှုပ်ထွေးသည်။ ကက(ကြည်း) ၏ ရုံးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်ပေးရသော ရုံးအတွင်းရှိ ဌာနကြီးနှင့် ပါဝင်သောဌာနများမှာ -

  1. စစ်ဆင်ရေးဌာနခွဲ
    1. အမှတ်(၁)စစ်ဆင်ရေး(အထူး)အဖွဲ့
    2. အမှတ်(၂)စစ်ဆင်ရေး(အထူး)အဖွဲ့
    3. အမှတ်(၃)စစ်ဆင်ရေး(အထူး)အဖွဲ့
    4. အမှတ်(၄)စစ်ဆင်ရေး(အထူး)အဖွဲ့
    5. အမှတ်(၅)စစ်ဆင်ရေး(အထူး)အဖွဲ့
    6. အမှတ်(၆)စစ်ဆင်ရေး(အထူး)အဖွဲ့
  2. စစ်ရာထူးခန့်ချုပ်ရုံး
  3. စစ်ဦးစီးအရာရှိချုပ်ရုံး(ကြည်း)
    1. စစ်ဆင်ရေးဌာန
    2. တာဝန်ဌာန
    3. သုတေသနဌာန
  4. တပ်မတော်သိပ္ပံနှင့်နည်းပညာသုတေသနဌာနချုပ် (မှတ်ချက်- ရုံးအတွင်းရှိ ဌာနကြီးမဟုတ်သော်လည်း ကက(ကြည်း)မှ တိုက်ရိုက်ကွပ်ကဲသော ဌာနချုပ် ဖြစ်သည်)

၂။ စစ်ရေးချုပ်ရုံး

ကကရေး သည် စစ်ရေးပိုင်းဆိုင်ရာ ကိစ္စများ စီမံခြင်း နှင့် ညွှန်ကြားခြင်းတို့ကို အဓိကဆောင်ရွက်ရသည်။ အောက်ပါ အရာရှိချုပ်ရုံးများသည် လုပ်ငန်းပိုင်းတွင် ဤရုံး၏ အောက်တွင်ရှိသည် -

  1. စစ်ဥပဒေချုပ်ရုံး
  2. တပ်မတော်စစ်ဆေးရေး အရာရှိချုပ်ရုံး
  3. စာရင်းစစ်ချုပ်ရုံး(ကြည်း/ရေ/လေ)

၃။ စစ်ထောက်ချုပ်ရုံး

ကကထောက် သည် စစ်ထောက်ပိုင်းဆိုင်ရာ ကိစ္စများ စီမံခြင်း နှင့် ညွှန်ကြားခြင်းတို့ကို အဓိကဆောင်ရွက်ရသည်။ စစ်ထောက်လုပ်ငန်းပိုင်းဆိုင်ရာတွင် “ကကယာကကပံ့ကကနက် နှင့် ကကလျှပ်” လက်ရုံး/ဝန်ထမ်းတပ်ဖွဲ့ တို့သည် ဤရုံး၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင်ရှိသည်။

၄။ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံး

လေ့ကျင့်ရေးနှင့် သက်ဆိုင်သော လုပ်ငန်းများတွင် တပ်မတော် တက္ကသိုလ်များ၊ သင်တန်းကျောင်းများ အားလုံးသည် ဤရုံး၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိသည်။

၅။ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့

၂၀၀၄ ခု အောက်တိုဘာ ၁၈ ရက်တွင် နည်းဗျူဟာ လေ့လာရေး ဌာနကြီး (The Office of Strategic Studies) နှင့် စစ်ထောက်လှမ်းရေး (Defence Service Intelligence) ကို ဗိုလ်ချုပ်ကြီးခင်ညွန့် အား ထုတ်ပယ်စဉ်မှစ၍ ပယ်ဖျက်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော တပ်မတော် ထောက်လှမ်းရေးအရာရှိချုပ်ရုံး နေရာကို ပြန်လည် အစားထိုးရန် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးကို ၂၀၀၄ ခုနှစ်နှစ်ကုန်ပိုင်းတွင်၎င်း၊ စစ်ဖက်ရေးရာ လုံခြုံရေးအကူတပ်များ၊ စစ်ဖက်ရေးရာ လုံခြုံရေးသင်တန်းကျောင်းများနှင့် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့များကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်၎င်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၏ ဖွဲ့စည်းပုံအရ ရုံးချုပ်ဌာနကြီး (၆) ခုရှိသည်။ ၎င်းတို့မှာ -

  1. စီမံရေးနှင့်အုပ်ချုပ်ရေးဌာနကြီး
  2. လေ့ကျင့်ရေးဌာနကြီး
  3. စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (ပြည်တွင်း)
  4. စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (ပြည်ပ)
  5. စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (တန်ပြန်)
  6. စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (နည်းပညာ) တို့ဖြစ်သည်။[၂၄]

၆။ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ရုံး

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့
လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - (၉)ခု

၇။ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး

၈။ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး

၉။ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး

  • အထူးဆောက်လုပ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - (၁)ခု

၁၀။ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး

၁၁။ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆက်သွယ်ရေးတပ်ဖွဲ့
ဖွဲ့စည်းပုံ
  • ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး
  • ဆက်သွယ်ရေးပစ္စည်းများထုတ်လုပ်ရေးနှင့် သုတေသနဌာနချုပ်
  • တပ်မတော်ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ကျောင်း
  • ဆက်သွယ်ရေးတပ်ရင်းများ
  • အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်းများ
  • လေကြောင်းရန်ကာကွယ်ရေး အီလက်ထရောနစ်စစ်ဆင်မှုတပ်ရင်းများ
  • လေကြောင်းရန်ကာကွယ်ရေး ဆက်သွယ်မှုတပ်ရင်းများ
  • ဆက်သွယ်ရေးလုံခြုံမှုတပ်များ
  • ဆက်သွယ်ရေးအလုပ်ရုံတပ်များ
  • ဆက်သွယ်ရေးပစ္စည်းထိန်းတပ်များ

၁၂။ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး

၁၃။ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး

  • သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - (၅)ခု

၁၄။ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး

အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၁၀)ခု

၁၅။ ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး[၂၅]

  • ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - (၁)ခု

၁၆။ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး

၁၇။ တပ်မတော်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး

၁၈။ တပ်မတော်မှတ်တမ်း ညွှန်ကြားရေးမှူးရုံး

၁၉။ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - နယ်ခြားစောင့်တပ်ဖွဲ့

၂၀။ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး

၂၁။ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး

၂၂။ ငွေစာရင်း ညွှန်ကြားရေးမှူးရုံး

၂၃။ လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်း ညွှန်ကြားရေးမှူးရုံး

၂၄။ ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံး

၂၅။ တပ်ထိန်းချုပ်ရုံး

မြန်မာ့ ဒုံးစစ်ဆင်ရေးတပ်ဖွဲ့သုံး မိုင်၃၀၀ကျော်အထိပစ်ခတ်နိုင်သော Hwasong-6 ပဲ့ထိန်းဒုံးကျည်
လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ သုံး KS-1A လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်

၂၆။ တိုင်းစစ်ဌာနချုပ်များ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော် တိုင်းစစ်ဌာနချုပ်များ

တိုင်းစစ်ဌာနချုပ် များသည် စစ်ဆင်ရေးကိစ္စရပ်များ၌ သက်ဆိုင်ရာ ကစထ များ၏ ကွပ်ကဲမှုအောက်တွင် ရှိပြီး ကျန် (ဦး/ရေး/ထောက်)လုပ်ငန်းများတွင်မူ သက်ဆိုင်သည့် အရာရှိချုပ်ရုံးများသို့ တိုက်ရိုက်အစီရင်ခံတင်ပြရသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ရှိ တိုင်းစစ်ဌာနချုပ်များမှာ အောက်ပါအတိုင်းဖြစ်သည်

  1. မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
  2. အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
  3. အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
  4. အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
  5. အရှေ့တောင်တိုင်းစစ်ဌာနချုပ်
  6. တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
  7. အနောက်တောင်တိုင်းစစ်ဌာနချုပ်
  8. အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
  9. အနောက်မြောက်တိုင်းစစ်ဌာနချုပ်
  10. အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
  11. နေပြည်တော်တိုင်းစစ်ဌာနချုပ်
  12. ရန်ကုန်တိုင်းစစ်ဌာနချုပ်
  13. တြိဂံဒေသတိုင်းစစ်ဌာနချုပ်
  14. ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်

၂၇။ ခြေမြန်တပ်မဌာနချုပ်များ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ရှိ ခြေမြန်တပ်မ ဌာနချုပ် များမှာ အောက်ပါအတိုင်းဖြစ်သည် -

  1. အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်
  2. အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်
  3. အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်
  4. အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်
  5. အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်
  6. အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်
  7. အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်
  8. အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်
  9. အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်
  10. အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်

၂၈။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ

လက်ရှိ၌ ဖွဲ့စည်းထားပြီးသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် များမှာ (၁၇)ခု ရှိပြီး အောက်ပါအတိုင်းဖြစ်သည် -

  1. အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  2. အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  3. အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  4. အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  5. အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  6. အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  7. အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  8. အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  9. အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  10. အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  11. အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  12. အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  13. အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  14. အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  15. အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  16. အမှတ်(၂၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  17. အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

၂၉။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)များသည် တိုင်းစစ်ဌာနချုပ်နှင့်အလှမ်းဝေးသောဒေသရှိတပ်များကို တိုင်းစစ်ဌာနချုပ်ကိုယ်စား ထိရောက်သောအုပ်ချုပ်မှုပေးနိုင်ရန်၊ မဟာဗျူဟာအရအရေးပါသော်လည်း တိုင်းစစ်ဌာနချုပ်အသစ်တစ်ခုအနေဖြင့်ဖွင့်လှစ်ရန်မလိုအပ်သည့် ဒေသများကို ကွပ်ကဲနိုင်ရန်ရည်ရွယ်ကာဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ဌာနချုပ်မှူး(ဒကစမှူး)အဖြစ် ဗိုလ်မှူးချုပ်အဆင့်ရှိ အရာရှိကြီးတစ်ဦးမှ တာဝန်ယူသည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ၏လက်အောက်ခံတပ်ရင်းအရေအတွက်သည် တပ်တည်ပုံအနေအထားအရ တစ်ခုနှင့်တစ်ခုမတူညီကွာခြားမှုရှိသည်။ ခြေမြန်တပ်မဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကဲ့သို့ ခြေလျင်/ခြေမြန်တပ်ရင်း(၁၀)ရင်းမရှိသော်လည်း ထူးခြားမှုမှာ အခြားတပ်မှူး၊ စကခမှူးများမရရှိသော တရားစီရင်ပိုင်ခွင့်အာဏာကို ဒကစမှူးများက ရရှိသည်။ ဒကစအုပ်ချုပ်ကွပ်ကဲရာနယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားသော တပ်များကို အုပ်ချုပ်ကွပ်ကဲခွင့်ရရှိသည်။ လက်ရှိဖွဲ့စည်းဖွင့်လှစ်ထားပြီးသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (၆)ခုရှိပြီး အောက်ပါအတိုင်းဖြစ်သည် -

  1. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)
  2. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)
  3. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)
  4. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)
  5. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)
  6. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)

၃၀။ ခြေလျင်တပ်မဟာဌာနချုပ်များ

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အဆင့်မှ တပ်မဟာ အဆင့်သို့ ပြင်ဆင်၍ ပြောင်းလဲဖွဲ့စည်းထားသည့် ခြေလျင်တပ်မဟာဌာနချုပ် (၃)ခုရှိသည် -

  1. အမှတ်(၃)ခြေလျင်တပ်မဟာဌာနချုပ်
  2. အမှတ်(၄)ခြေလျင်တပ်မဟာဌာနချုပ်
  3. အမှတ်(၁၆)ခြေလျင်တပ်မဟာဌာနချုပ်

တပ်မတော် (ရေ)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော် (ရေ)

ဖွဲ့စည်းပုံ

ရေတပ်စခန်းဌာနချုပ်များ

တပ်မတော် (လေ)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော် (လေ)

ဖွဲ့စည်းပုံ

  • ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ ကာကွယ်ရေး ဝန်ကြီးဌာန (နေပြည်တော်)
  • လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် (မင်္ဂလာဒုံ/ မိတ္ထီလာ)
  • မြေပြင်အတတ်သင်လေတပ်စခန်း (မိတ္ထီလာ)
  • လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)
  • လေတပ်စခန်းဌာနချုပ်များ
လေတပ်စခန်းဌာနချုပ်များ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

မြန်မာ့တပ်မတော်၏ ရာထူး နှင့် အဆင့် အခေါ်အဝေါ်များ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော်အရာရှိကြီးများ၏ ရာထူးအလိုက် အပွင့်များ

စစ်ဘက်ဆိုင်ရာ တာဝန်ခန့်အပ်မှုများ (ရာထူး)

  1. တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (Commander in Chief of Defense Services)
  2. ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (Deputy Commander in Chief of Defense Services)
  3. ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (Minster of Ministry of Defense)
  4. ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) (Joint Chief of Staff (Army, Navy ,Air Force))
  5. ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) (Commander in Chief (Army))
  6. ကာကွယ်ရေး ဦးစီးချုပ် (ရေ) (Commander in Chief (Navy))
  7. ကာကွယ်ရေး ဦးစီးချုပ် (လေ) (Commander in Chief (Air Force))
  8. စစ်ဆင်ရေးအထူအဖွဲ့မှူး (Chief of Special Operation Bureau)
  9. စစ်ရေးချုပ် (Adjutant General)
  10. စစ်ထောက်ချုပ် (Quartermaster General)
  11. စစ်ရာထူးခန့်ချုပ် (Military Appointments General)
  12. စစ်ဥပဒေချုပ် (Judge Advocate General)
  13. စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (Chief of Military Affair Security)
  14. တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် (Military Training General)
  15. တပ်မတော်စစ်ဆေးရေး အရာရှိချုပ် (Defense Services Inspector General)
  16. လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် (Chief of Air Defense)
  17. ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် (Chief of Defense Equipment Production)
  18. စစ်ဦးစီးအရာရှိချုပ် (ကြည်း) (Chief of Staff (Army))
  19. စစ်ဦးစီး အရာရှိချုပ် (ရေ) (Chief of Staff (Navy))
  20. စစ်ဦးစီး အရာရှိချုပ် (လေ) (Chief of Staff (Air Force))
  21. တွဲဖက်စစ်ရေးချုပ် (Vice Adjutant General)
  22. တွဲဖက်စစ်ထောက်ချုပ် (Vice Quartermaster General)
  23. တိုင်းမှူးများ (Regional Commander)
  24. တပ်ထိန်းချုပ် (Provost Marshal)
  25. စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး (Director of Ordinance)
  26. စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး (Director of Military Engineers)
  27. ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး (Director of Medical Services)
  28. ဆက်သွယ်ရေး ညွှန်ကြားရေးမှူး (Director of Signal)
  29. ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူး (Director of Defense Services Procurement)
  30. လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်းညွှန်ကြားရေးမှူး (Director of Security Printing)
  31. ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး (Director of People's Militias and Border Troops)
  32. ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး (Director of Public Relations and Psychological Welfare)
  33. ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး (Director of Resettlement)
  34. သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး (Director of Armor)
  35. အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး (Director of Artillery)
  36. ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူး (Director of Ordnance)
  37. ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး (Director of Supply and Transport)
  38. အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူး
  39. ကျောင်းအုပ်ကြီး (နကတ/ ဥစတ/ စတသ) (Commandant)
  40. တိုင်းဦးစီး (Regional Chief Staff)
  41. ဒုတိယတိုင်းမှူး (Deputy Regional Commander)
  42. ကျောင်းအုပ်ကြီး (တနတ/ တဆတ/ တသဆ/ ဗသက/ တခရ/ တအက/ တတက) (Commandant)
  43. ဒုတိယကျောင်းအုပ်ကြီး (နကတ/ ဥစတ/ စတသ) (Deputy Commandant)
  44. ပါမောက္ခချုပ် (စတသ) (Rector)
  45. တပ်မမှူး (Divisional Commander)
  46. စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (Military Operation Commander)
  47. ဒေသကွပ်ကဲရေးမှူး (Sector Operation Commander)
  48. တပ်နယ်မှူး (Garrison Commander)
  49. ဒုတိယကျောင်းအုပ်ကြီး (တနတ/ တဆတ/ တသဆ/ ဗသက/ တခရ / တအက/ တတက) (Deputy Commandant)
  50. ဒုတိယတပ်မမှူး (Deputy Divisional Commander)
  51. ဒုတိယစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (Deputy Military Operation Commmander)
  52. ဒုတိယဒေသကွပ်ကဲရေးမှူး (Deputy Sector Operation Commander)
  53. စစ်ဦးစီးမှူး (General Staff Officer)
  54. ဦးစီးအရာရှိ (စစ်ရေး/စစ်ထောက်) (Adjutant / Quartermaster Staff Officer)
  55. နည်းပြအရာရှိချုပ် ( စတသ/တနတ/ တနတ/တဆတ/တသဆ/ ဗသက/ တခရ /တအက/တတက) (Chief Instructional Officer)
  56. အထက်တန်းနည်းပြ (နကတ) (Senior Lecturer)
  57. စစ်ဗျူဟာမှူး (Tactical Operation Commander)
  58. နည်းဗျုဟာမှူး (Tactical Operation Commander)
  59. အထက်တန်းနည်းပြ (ဥစတ) (Senior Lecturer)
  60. စခန်းမှူး (Camp Commander)
  61. စစ်ဦးစီးမှူး(ပထမတန်း) (General Staff Officer (First Class))
  62. ဦးစီးအရာရှိ(ပထမတန်း) (Staff Officer (First Class))
  63. လက်ထောက်စစ်ဥပဒေချုပ် (Assistant Judge Advocate General)
  64. တပ်ရင်းမှူး (Commander / Regimental Commander)
  65. ဒုတိယတပ်ရင်းမှူး (Second-in-Command / Regimental Commander)
  66. ဌာနချုပ်တပ်ခွဲမှူး (Headquarter Company Commander)
  67. စစ်ဦးစီးမှူး(ဒုတိယတန်း) (General Staff Officer (Second Class))
  68. ဦးစီးအရာရှိ(ဒုတိယတန်း) (Staff Officer (Second Class))
  69. ဒုတိယလက်ထောက်စစ်ဥပဒေချုပ် (Vice Assistant Judge Advocate General)
  70. တပ်ခွဲမှူး (Company Commander)
  71. စစ်ဦးစီးမှူး(တတိယတန်း) (General Staff Officer (Third Class))
  72. ဦးစီးအရာရှိ(တတိယတန်း) (Staff Officer (Third Class))
  73. လုံခြုံရေးတပ်စုမှူး (Security Platoon Commander)
  74. တပ်ရေးဗိုလ်ကြီး (Adjutant)
  75. တပ်ထောက်ဗိုလ်ကြီး (Quarter Master)
  76. ထောက်လှမ်းရေးအရာရှိ (Intelligence Officer)
  77. ဆက်သွယ်ရေးအရာရှိ (Signal Officer)
  78. ဆေးမှူး (Medical Officer)
  79. တပ်စုမှူး (Platoon Commander)
  80. တပ်ရင်းအရာခံဗိုလ် (Regimental Sergeant Major)
  81. ဆေးလက်ထောက်အရာခံဗိုလ် (Medical Assistant)
  82. တပ်ရင်းတပ်ထောက်အရာခံဗိုလ် (Regimental Quartermaster Sergeant)
  83. ရုံးအုပ်ကြီး (Head Clerk)
  84. အရာခံဗိုလ်/စာရေး (Warrant Officer Clerk)
  85. တပ်ကြပ်ကြီး/စာရေး (Sergeant Clerk)
  86. တပ်စိတ်မှူး (Squad Leader)
  87. တပ်စာရင်းကိုင် (Unit Accountant)
  88. ဗိုလ်လောင်း (Cadet)
တပ်မတော်၏ စစ်ဘက်ဆိုင်ရာ ရာထူးများနှင့် ခန့်အပ်သောအဆင့်များ
ရာထူး အမြင့်ဆုံးခန့်အပ်သောအဆင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)
ကာကွယ်ရေးဦးစီးချုပ်(ရေ)
ကာကွယ်ရေးဦးစီးချုပ်(လေ)
စစ်ဦးစီးအရာရှိချုပ်(ကြည်း)
စစ်ဦးစီးအရာရှိချုပ်(ရေ)
စစ်ဦးစီးအရာရှိချုပ်(လေ)
စစ်ရေးချုပ်
စစ်ထောက်ချုပ်
စစ်ရာထူးခန့်ချုပ်
စစ်ဥပဒေချုပ်
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်
တပ်မတော်စစ်ဆေးရေးအရာရှိချုပ်
တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်
လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်
စစ်ဆင်ရေးအထူးအဖွဲ့မှူး
တွဲဖက်စစ်ရေးချုပ်
တွဲဖက်စစ်ထောက်ချုပ်
ဒုတိယစစ်ဥပဒေချုပ်
ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်
ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်
ဒုတိယလေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်
ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်
ဒုတိယတပ်မတော်စစ်ဆေးရေးအရာရှိချုပ်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူး
ကာကွယ်ရေးဝန်ကြီးဌာနငွေစာရင်းရုံး ညွှန်ကြားရေးမှူးချုပ်
အမြှောက်တပ်ဖွဲ့ညွှန်ကြားရေးမှူး
ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူး
သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး
စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူ
ဆေးဝန်ထမ်းညွှန်ကြားရေးမှူး
ဆက်သွယ်ရေးညွှန်ကြားရေးမှူး
ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူး
အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူး
ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ်များညွှန်ကြားရေးမှူး
စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး
လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူး
ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး
ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး
ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး
တပ်မတော်စစ်သမိုင်းပြတိုက်နှင့်မော်ကွန်းတိုက်ညွှန်ကြားရေးမှူး
တပ်မတော်မှတ်တမ်းရုံးညွှန်ကြားရေးမှူး
လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်းများညွှန်ကြားရေးမှူး
တပ်ထိန်းချုပ်
ကျောင်းအုပ်ကြီး (နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်)
တိုင်းမှူး
ဒုတိယတိုင်းမှူး
တိုင်းဦးစီးချုပ်
လေတပ်စခန်းဌာနချုပ်မှူး
ရေတပ်စခန်းဌာနချုပ်မှူး
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး
တပ်မမှူး
အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်မှူး
သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး
လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး
ကျောင်းအုပ်ကြီး

(စစ်ဦးစီးတက္ကသိုလ်) (တပ်မတော်စစ်တက္ကသိုလ်) (တပ်မတော်ဆေးတက္ကသိုလ်) (တပ်မတော်နည်းပညာတက္ကသိုလ်) (တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း) (တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း) (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းများ)

ပါမောက္ခချုပ်

(စစ်ဦးစီးတက္ကသိုလ်) (တပ်မတော်စစ်တက္ကသိုလ်) (တပ်မတော်ဆေးတက္ကသိုလ်) (တပ်မတော်နည်းပညာတက္ကသိုလ်)

ဆေးရုံအုပ်ကြီး (တပ်မတော်ဆေးရုံများ)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်ရေးအရာရှိ
တပ်မတော်(ကြည်း၊ ရေ၊ လေ) ကွန်ပြူတာဌာနမှူး
ဒုတိယလေတပ်စခန်းဌာနချုပ်မှူး
ဒုတိယရေတပ်စခန်းဌာနချုပ်မှူး
ဒုတိယဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး
ဒုတိယစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး
ဒုတိယတပ်မမှူး
ဒုတိယအမြောက်စခန်းကွပ်ကဲမှုဌာနချုပ်မှူး
ဒုတိယသံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး
ဒုတိယလေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး
စစ်ဦးစီးမှူး
ဦးစီးအရာရှိ
ရေယာဉ်မှူး
စက်ရုံမှူး (ကာကွယ်ရေးပစ္စည်းစက်ရုံများ)
စက်ရုံမှူး (တပ်မတော်အကြီးစားစက်ရုံများ)
စခန်းမှူး (အကူ/လက်ရုံး/ဝန်ထမ်းစခန်းများ)
တပ်မှူး (စစ်အခြေခံလေ့ကျင့်ရေးတပ်များ)
နည်းပြအရာရှိချုပ်

(တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း) (တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း) (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းများ)

နည်းဗျူဟာမှူး
စစ်ဗျူဟာမှူး (စစ်ဗျူဟာ(အခြေချ))
စစ်ဗျူဟာမှူး
အထက်တန်းနည်းပြ
စစ်ဦးစီးမှူး(ပထမတန်း)
ဦးစီးအရာရှိ(ပထမတန်း)
လက်ထောက်စစ်ဥပဒေချုပ်
စခန်းမှူး (တိုင်းစစ်ဌာနချုပ်)
တပ်မှူး (အကူ/လက်ရုံး/ဝန်ထမ်းတပ်များ)
တပ်ရင်းမှူး (အကူ/လက်ရုံး/ဝန်ထမ်း)
တပ်ရင်းမှူး (ခြေလျင်/ခြေမြန်)
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်ရေးအရာရှိ
စစ်ဦးစီးမှူး(ဒုတိယတန်း)
ဦးစီးအရာရှိ(ဒုတိယတန်း)
ဒုတိယလက်ထောက်စစ်ဥပဒေချုပ်
စခန်းမှူး (ဗိုလ်မှူးချုပ်အဆင့်ကွပ်ကဲသောဌာနချုပ်များ)
ဒုတိယတပ်မှူး (အကူ/လက်ရုံး/ဝန်ထမ်းတပ်များ)
ဒုတိယတပ်ရင်းမှူး (အကူ/လက်ရုံး/ဝန်ထမ်း)
ဒုတိယတပ်ရင်းမှူး (ခြေလျင်/ခြေမြန်)
တပ်ခွဲမှူး (အကူ/လက်ရုံး/ဝန်ထမ်း)
တပ်ဆွယ်မှူး
ဗိုလ်ချုပ်ကြီးအဆင့်၏ ကိုယ်ရေးအရာရှိ
စစ်ဦးစီးမှူး(တတိယတန်း)
ဦးစီးအရာရှိ(တတိယတန်း)
စစ်ဥပဒေအရာရှိ
တပ်ရေးဗိုလ်ကြီး
တပ်ထောက်ဗိုလ်ကြီး
ထောက်လှမ်းရေးအရာရှိ
ဆက်သွယ်ရေးအရာရှိ
တပ်ရင်းဆေးမှူး
တပ်ဖွဲ့ခွဲမှူး (အကူ/လက်ရုံး/ဝန်ထမ်း)
တပ်ခွဲမှူး (ခြေလျင်/ခြေမြန်)
လုံခြုံရေးတပ်စုမှူး
ဗိုလ်ချုပ်/ဒုတိယဗိုလ်ချုပ်ကြီးအဆင့်၏ ကိုယ်ရေးအရာရှိ

ရာထူးအဆင့်နှင့် အဆောင်အယောင်

ပြန်တမ်းဝင်အရာရှိများ

အဆင့် အုပ်စု ခေါင်းဆောင်ပိုင်း/ထိပ်တန်း အရာရှိကြီးများ မြေပြင်အမှုထမ်း/အကြီးတန်း အရာရှိများ အရာရှိငယ်များ အလုပ်သင် အရာရှိ
အဆင့်ညီသည့်
နေတိုးကုဒ်
OF-10 OF-9 OF-8 OF-7 OF-6 OF-5 OF-4 OF-3 OF-2 OF-1 OF(D)
 ကြည်းတပ်
ဗိုလ်ချုပ်မှူးကြီး ဒုတိယ
ဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီး
ဗိုလ်ချုပ် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး ဒုတိယ
ဗိုလ်မှူးကြီး
ဗိုလ်မှူး ဗိုလ်ကြီး ဗိုလ် ဒုတိယ
ဗိုလ်
အလုပ်သင်ဗိုလ်
Senior General Vice Senior General General Lieutenant General Major General Brigadier General Colonel Lieutenant Colonel Major Captain Lieutenant Second Lieutenant Officer Cadet


 ရေတပ်
(မရှိ)
ဗိုလ်ချုပ်မှူးကြီး ဒုတိယ
ဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီး
ဗိုလ်ချုပ် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး ဒုတိယ
ဗိုလ်မှူးကြီး
ဗိုလ်မှူး ဗိုလ်ကြီး ဗိုလ် ဒုတိယ
ဗိုလ်
(မရှိ)
Senior General Vice Senior General Admiral Vice Admiral Rear Admiral Commodore Captain Commander Lieutenant
Commander
Lieutenant Lieutenant
(junior grade)
Sub-Lieutenant


 လေတပ်
(မရှိ)
ဗိုလ်ချုပ်မှူးကြီး ဒုတိယ
ဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီး
ဗိုလ်ချုပ် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး ဒုတိယ
ဗိုလ်မှူးကြီး
ဗိုလ်မှူး ဗိုလ်ကြီး ဗိုလ် ဒုတိယ
ဗိုလ်
(မရှိ)
Senior General Vice Senior General General Lieutenant General Major General Brigadier General Colonel Lieutenant Colonel Major Captain Lieutenant Second Lieutenant

အခြားအဆင့်များ

အဆင့် အုပ်စု ပြန်တမ်းဝင်မဟုတ်သော အရာရှိများ စီနီယာ အခြားအဆင့်များ အခြားအဆင့်များ
အဆင့်အတန်း
ညီမျှသည့်
နေတိုးသင်္ကေတ
OR-9 OR-8 OR-7 OR-6 OR-5 OR-4 OR-3 OR-2 OR-1
 တပ်မတော် (ကြည်း)
အဆောင်အယောင်
မသတ်မှတ်ထား
အရာခံဗိုလ် ဒုတိယ
အရာခံဗိုလ်
တပ်ခွဲ
တပ်ကြပ်ကြီး
တပ်ကြပ်ကြီး၊
တပ်ကြပ်ကြီး/စာရေး
တပ်ကြပ် ဒုတိယ
တပ်ကြပ်
တပ်သား
Warrent Officer
Class-1
Warrent Officer
Class-2
Quartermaster
Sergeant
Sergeant,
Staff Sergeant
Corporal Lance
Corporal
Private


 တပ်မတော် (ရေ)
အဆောင်အယောင်
မသတ်မှတ်ထား
အရာခံဗိုလ် ဒုတိယ
အရာခံဗိုလ်
တပ်ခွဲ
တပ်ကြပ်ကြီး
တပ်ကြပ်ကြီး၊
တပ်ကြပ်ကြီး/စာရေး
တပ်ကြပ် ဒုတိယ
တပ်ကြပ်
တပ်သား


 တပ်မတော် (လေ)
အဆောင်အယောင်
မသတ်မှတ်ထား
အရာခံဗိုလ် ဒုတိယ
အရာခံဗိုလ်
တပ်ခွဲ
တပ်ကြပ်ကြီး
တပ်ကြပ်ကြီး၊
တပ်ကြပ်ကြီး/စာရေး
တပ်ကြပ် ဒုတိယ
တပ်ကြပ်
တပ်သား
  1. ဗိုလ်ချုပ်မှူးကြီး (Senior General)
  2. ဒုတိယဗိုလ်ချုပ်မှူးကြီး (Vice Senior General)
  3. ဗိုလ်ချုပ်ကြီး (General)
  4. ဒုတိယ ဗိုလ်ချုပ်ကြီး (Lieutenant General)
  5. ဗိုလ်ချုပ် (Major General)
  6. ဗိုလ်မှူးချုပ် (Brigadier General)
  7. ဗိုလ်မှူးကြီး (Colonel)
  8. ဒုတိယ ဗိုလ်မှူးကြီး (Lieutenant Colonel)
  9. ဗိုလ်မှူး (Major)
  10. ဗိုလ်ကြီး (Captain)
  11. ဗိုလ် (Lieutenant)
  12. ဒုတိယ ဗိုလ် (Second Lieutenant)
  13. အရာခံဗိုလ် (Warrant Officer I)
  14. ဒုတိယ အရာခံဗိုလ် (Warrant Officer II)
  15. တပ်ခွဲ တပ်ကြပ်ကြီး (Quarter Master Sergeant)
  16. တပ်ကြပ်ကြီး (Sergeant)
  17. တပ်ကြပ် (Corporal)
  18. ဒုတပ်ကြပ် (Lance Corporal)
  19. တပ်သား (Private)

လက်ရှိ တပ်တွင်း လစာများ

အစိုးရအဖွဲ့ဟာ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ် ဧပြီလက စပြီး ဝန်ထမ်းများနှင့် တပ်မတော်သားများကို လစာတိုးမြှင့်ပေးခဲ့သည်။[၂၆][၂၇]

  • တပ်သား တဦးလျှင် ဝင်ဝင်ခြင်း ကျပ် ၁၄၄၀ဝ၀ ဟု သတ်မှတ်ထားပြီး
  • ဒုတပ်ကြပ်တဦးလျှင် ၁၆၈၀ဝ၀၊
  • တပ်ကြပ် တဦးလျှင် ၁၈၆၀ဝ၀၊
  • တပ်ကြပ်ကြီး တဦးလျှင် ၂၀၄၀ဝ၀၊
  • တပ်ခွဲတပ်ကြပ်ကြီးတဦးလျှင် ၂၂၀ဝ၀၀၊
  • ဒုအရာခံ ဗိုလ်တဦးလျှင် ၂၄၀၀ဝ၀၊
  • အရာခံဗိုလ် တဦးလျှင်၂၅၈၀ဝ၀၊
  • ဒုဗိုလ်တဦးလျှင် ၃ သိန်း၊ ဗိုလ်တဦးလျှင် ၃ သိန်း နှစ်သောင်း၊
  • သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးတဦးလျှင် ၃ သိန်း ၅ သောင်းမှ သုံးနှစ်သက်တမ်းရှိပါက နှစ်တိုး ကျပ် ၄၀၀၀၊
  • ဗိုလ်မှူးတဦးလျှင် ၃ သိန်း ၉ သောင်း၊
  • ဒုဗိုလ်မှူးကြီး တဦးလျှင် ၄ သိန်း ၅ သောင်းမှ၊
  • ဗိုလ်မှူးကြီး တဦးလျှင် ၅ သိန်း ၅ သောင်း၊
  • ဗိုလ်မှူးချုပ် တဦးလျှင် ၇ သိန်း၊ ဗိုလ်ချုပ် တဦးလျှင် ၁၀ သိန်း၊
  • ဒုဗိုလ်ချုပ်ကြီးတဦးလျှင် ၁၅ သိန်း၊ ဗိုလ်ချုပ်ကြီး တဦးလျှင် ကျပ် ၂၀ သိန်း၊
  • ဒုတိယဗိုလ်ချုပ်မှူးကြီး တဦးလျှင် ကျပ် ၂၅ သိန်းနှင့်
  • ဗိုလ်ချုပ်မှူးကြီးအတွက် ကျပ် ၃၀ သိန်း သတ်မှတ်ထားသည်။

စစ်ဘက် စက်မှုလုပ်ငန်းများ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး_အရာရှိချုပ်ရုံး

ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များအနေဖြင့် တပ်မတော်သုံး လက်နက်ငယ်များ၊ လက်နက်ကြီးများကိုထုတ်လုပ်သည်။ လက်ရှိ မြန်မာ့တပ်မတော်က အသုံးပြုနေသော လက်နက်ခဲယမ်းများသည် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များ ကိုယ်ပိုင်ထုတ်လုပ်သောလက်နက် အများစုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများတွင် ကိုယ်ပိုင်လက်နက်ခဲယမ်းထုတ်လုပ်နိုင်စွမ်း အမြင့်ဆုံး နိုင်ငံဖြစ်သည်။[၂၈]

စီးပွားရေးလုပ်ငန်းများ

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ကို ၁၉၇၇ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမီတက် (UMEHL) ကို စစ်မှုထမ်းများ သက်သာချောင်ချိရေး အတွက် နိုင်ငံတော်ဘဏ္ဍာကျပ်ငွေ ၁၀ ဘီလီယံအသုံးပြု မတည် တည်ထောင်ခဲ့သည်။ ကုမ္ပဏီများ၏ အုပ်ချုပ်မှုဒါရိုက်တာများမှာ လက်ရှိ ထိပ်တန်း တပ်မတော် ခေါင်းဆောင် တချို့နဲ့ အတူ စစ်မှုထမ်းဟောင်း အဖွဲ့က ကိုယ်စားလှယ်တွေ ဖြစ်ကြသည်။[၂၉] တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် MEC ၏ ဉက္ကဌဖြစ်သည်။ MEHL နှင့် MEC တို့က ပိုင်ဆိုင်သော စီးပွားရေးကဏ္ဍအမျိုးပေါင်းစုံတွင် ဆောက်လုပ်ရေး၊ ကျောက်မျက်ထုတ်ယူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းစသည့် ကဏ္ဍတို့မှ စီးပွားရေးလုပ်ငန်းပေါင်း အနည်းဆုံး(၁၂၀)ခု မျှထိ ပါဝင်သည်။ [၃၀]

အခြားလေ့လာရန်

ကိုးကား

မှတ်စု

  1. (ကြည်း/ရေ/လေ) ကာကွယ်ရေးဦးစီးချုပ်ရုံးများ၏ လက်မောင်းတံဆိပ်လည်းဖြစ်သည်။

ကိုးကားစာရင်း

  1. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တရားဝင်ဝဘ်ဆိုက်/
  2. တပ်မတော်နေ့
  3. Wudunn၊ Sheryl။ "New 'Burmese Way' Relies On Slogans From the Military (Published 1990)" (in en-US)၊ The New York Times၊ 1990-12-11။ 
  4. "Myanmar's 2015 landmark elections explained" (in en-GB)၊ BBC News၊ 2015-12-03။ 
  5. ၅.၀ ၅.၁ https://www.ohchr.org/en/NewsEvents/Pages/DisplayNews.aspx?NewsID=23475&LangID=E
  6. https://www.theguardian.com/world/2018/aug/27/myanmars-military-accused-of-genocide-by-damning-un-report
  7. http://time.com/5399251/myanmar-rohingya-genocide-fact-finding-mission-report/
  8. https://www.theatlantic.com/international/archive/2018/08/rohingya/568618/
  9. https://www.irrawaddy.com/news/burma/tatmadaw-claims-killed-karen-community-leader-plainclothes-fighter.html
  10. http://www.burmalibrary.org/docs5/Myanmar_Constitution-2008-en.pdf Ministry of Information. September 2008
  11. မော်ကွန်းတင်ပြီးမိတ္တူ။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2021 တွင် ပြန်စစ်ပြီး။
  12. မော်ကွန်းတင်ပြီးမိတ္တူ။ 12 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2019 တွင် ပြန်စစ်ပြီး။
  13. Maung Aung Myoe, Building the Tatmadaw, Appendix (6)
  14. https://www.bbc.com/burmese/burma-59951683
  15. မော်ကွန်းတင်ပြီးမိတ္တူ။ 12 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2019 တွင် ပြန်စစ်ပြီး။
  16. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)၊ စာမျက်နှာ (၁၄၇-၁၄၈)။
  17. https://www.mlis.gov.mm/mLsView.do;jsessionid=7E8F0ECFC4E6C8D08A41E57083FC8C7E?lawordSn=8545 Archived 8 August 2022 at the Wayback Machine.
  18. တပ်မတော်သား လွှတ်တော်အမတ်များက ဥပဒေပြုရေး၌ အထောက်အကူပေးနိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
  19. https://www.ohchr.org/Documents/HRBodies/HRCouncil/FFM-Myanmar/20190916/A_HRC_42_CRP.5.pdf
  20. https://burma.irrawaddy.com/news/2020/08/13/228015.html
  21. https://burma.irrawaddy.com/news/2020/06/23/225155.html
  22. https://burma.irrawaddy.com/article/2020/08/06/227555.html
  23. https://burmese.voanews.com/a/myanmar-election-law-hluttaw-/5296590.html
  24. မိုးဇေညိမ်း။ "ဘာလဲဟဲ့ စရဖဆောင်းပါး"။ ဘာလဲဟဲ့ စွမ်းအားရှင်
  25. https://www.bnionline.net/mm/item/news-11441.html
  26. မော်ကွန်းတင်ပြီးမိတ္တူ။ 9 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 October 2019 တွင် ပြန်စစ်ပြီး။
  27. မော်ကွန်းတင်ပြီးမိတ္တူ။ 9 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 October 2019 တွင် ပြန်စစ်ပြီး။
  28. https://www.bbc.com/burmese/burma-48101816
  29. https://www.bbc.com/burmese/burma-49272042
  30. https://www.nytimes.com/2019/08/05/world/asia/myanmar-military-business-united-nations.html


ပြင်ပလင့်ခ်များ

Archived 22 September 2020 at the Wayback Machine.