တနင်္သာရီတိုင်းဒေသကြီး

ဝီကီပီးဒီးယား မှ
တနင်္သာရီတိုင်းဒေသကြီး
တိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး၏ အလံတော်
အလံတော်
တနင်္သာရီတိုင်းဒေသကြီး၏ တံဆိပ်တုံး
စည်းတံဆိပ်
မြန်မာနိုင်ငံတွင်း တနင်္သာရီတိုင်းဒေသကြီး၏ တည်နေရာ
မြန်မာနိုင်ငံတွင်း တနင်္သာရီတိုင်းဒေသကြီး၏ တည်နေရာ
ကိုဩဒိနိတ်: 13°0′N 98°45′E / 13.000°N 98.750°E / 13.000; 98.750ကိုဩဒိနိတ်: 13°0′N 98°45′E / 13.000°N 98.750°E / 13.000; 98.750
နိုင်ငံ မြန်မာ
ဒေသတောင်ပိုင်း
မြို့တော်ထားဝယ်မြို့
အစိုးရ
 • ဝန်ကြီးချုပ်ဦးမြတ်ကို
 • အစိုးရအဖွဲ့တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့
 • ဥပဒေပြုလွှတ်တော်တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်
 • တရားလွှတ်တော်တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်
ဧရိယာ
 • စုစုပေါင်း၄၃၃၄၄.၉ စတုရန်းကီလိုမီတာ (၁၆၇၃၅.၆ စတုရန်းမိုင်)
ဧရိယာအဆင့်ပဉ္စမ
လူဦးရေ (၂၀၁၄)[၁]
 • စုစုပေါင်း၁,၄၀၈,၄၀၁
 • အဆင့်၁၂
 • သိပ်သည်းမှု၃၂/km (၈၄/sq mi)
Demographics
 • လူမျိုးစုများထားဝယ်ဗမာတနင်္သာရီဆလုံရခိုင်မွန်ကရင်ထိုင်း
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ ၈၇.၅%၊ ခရစ်ယာန် ၇.၂%၊ အစ္စလာမ် ၅.၁%၊ ဟိန္ဒူ ၀.၁%
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
ISO 3166 ကုဒ်MM-05
ယာဉ်မှတ်ပုံတင်TNI
HDI (၂၀၁၇)၀.၅၅၂[၂]
အလယ် · အဋ္ဌမ
ဝက်ဘ်ဆိုဒ်tniregion.gov.mm

တနင်္သာရီတိုင်းဒေသကြီး (အင်္ဂလိပ်: Tanintharyi Regionမွန်: ဏၚ်ကသဳ သို့မဟုတ် တနၚ်ဩဳ၊ ယခင်အမည် တနင်္သာရီတိုင်း) သည် မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။ လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့မှာ မြိတ်မြို့ဖြစ်သည်။ အခြားအရေးပါသည့် မြို့များမှာ မြိတ်မြို့နှင့် ကော့သောင်းမြို့များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၄၀၈,၄၀၁[၁] ဖြစ်သည်။

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

တနင်္သာရီတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၁၆,၇၃၆ စတုရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြှောင်ဒေသတွင်တည်ရှိပြီး၊ လူနေကျဲပါးသော ဒေသလည်းဖြစ်သည်။ ကပ္ပလီပင်လယ်ထိုင်းနိုင်ငံကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၀မိနစ် မှ ၁၅ ဒီဂရီ ၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀မိနစ် မှ ၉၉ ဒီဂရီ ၄၀မိနစ် အတွင်း တည်ရှိသည်။

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

​​မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊တောင်တန်း၊ တောင်စွယ် ပေါများပြီး အနောက်ဘက်တွင် ကပ္ပလီပင်လယ်ရှိ၍ အရှေ့ဘက်၌ တနင်္သာရီ တောင်တန်းနှင့် ဆက်စပ်လျက်ရှိသောကြောင့် ကမ်းရိုး တန်းလွင်ပြင်မှာ ကျဉ်းမြောင်းသည်။ တနင်္သာရီတောင်တန်းသည်ကမ်းရိုးတန်းနှင့်အပြိုင် တည်ရှိသည်။ ထားဝယ်မြစ်နှင့်တနင်္သာရီမြစ်တို့၏  ရေဝေကုန်းတန်း (Water Sheet)အဖြစ် တည်ရှိပြီး ထားဝယ်လွင်ပြင်နှင့် မြိတ်လွင်ပြင်မှာ တိုင်းဒေသကြီးအတွင်း  အမြင့်ပေ(၅၀)အောက် နိမ့်ဆင်းသွားသော လွင်ပြင်များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းလွန်ပြင်၌ ကျွန်းပေါင်း (၈၄၀) ကျွန်းရှိပြီး တနင်္သာရီမြို့နယ်ရှိ အင်းတော်ကြီးအင်းမှာ ထင်ရှားပြီး ရေတံခွန်ငယ်များ ရေပူစမ်းများ အမြောက်အမြားရှိသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။ အီကွေတာနှင့် နီးသောဒေသ ဖြစ်သည့် အတွက်လည်း အပူချိန်မြင့်သည်။ ပျှမ်းမျှ အပူချိန်မှာ ၈၃ဒီဂရီ မှ ၇၈ဒီဂရီ ဖာရင်ဟိုက်အတွင်းရှိသည်။ တစ်နှစ်လုံးနီးပါးမိုးရွာသွန်းသဖြင့် မိုးရေချိန်မှာ ၁၇၀ မှ ၂၁၀ လက်မထိရှိသည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

မြို့တော်[ပြင်ဆင်ရန်]

တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော တိုင်းအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းအစိုးရအဖွဲ့ရုံးသည် ထားဝယ်မြို့၌ တည်ရှိသည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် တနင်္သာရီတိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။

ဥပဒေပြုရေး[ပြင်ဆင်ရန်]

၂၀၁၁ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။

တရားစီရင်ရေး[ပြင်ဆင်ရန်]

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၃)ရုံး၊ မြို့နယ်တရားရုံး (၁၀)ရုံးရှိသည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ[ပြင်ဆင်ရန်]

ခရိုင်များ[ပြင်ဆင်ရန်]

တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင် (၄) ခုရှိသည်။[၃]

တနင်္သာရီတိုင်းဒေသကြီး၏ခရိုင်များ

ခရိုင်ရှိမြို့နယ်[ပြင်ဆင်ရန်]

ထားဝယ်ခရိုင် ထားဝယ်မြို့နယ် • လောင်းလုံမြို့နယ် • သရက်ချောင်းမြို့နယ် • ရေဖြူမြို့နယ်
မြိတ်ခရိုင် ကျွန်းစုမြို့နယ် • မြိတ်မြို့နယ် • ပုလောမြို့နယ် • တနင်္သာရီမြို့နယ်
ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်
ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်

မြို့ပေါင်း (၁၈)မြို့၊ ရပ်ကွက်ပေါင်း (၉၀) ကွက်၊ ကျေးရွာအုပ်စု (၂၆၇) အုပ်စုနှင့် ရွာပေါင်း (၁၂၃၈)ရွာ ရှိသည်။ [၄]

အခြား မြို့ရွာများ[ပြင်ဆင်ရန်]

{{columns-list|3|

လူဦးရေ[ပြင်ဆင်ရန်]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၁၉၇၃ ၇၁၉၄၄၁—    
၁၉၈၃ ၉၁၇၂၄၇+27.5%
၂၀၁၄ ၁၄၀၈၄၀၁+53.5%
Source: ၂၀၁၄ သန်းခေါင်စာရင်း[၁]

၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ ၁.၄သန်း နေထိုင်ကြသည်။ တိုင်းဒေသကြီးအတွင်း မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၃၂.၅ဦးဖြစ်သည်။ တနင်္သာရီတိုင်းတွင် လူ၁၀၀လျှင် ၇၆ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။

ပညာ​ရေး[ပြင်ဆင်ရန်]

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့[ပြင်ဆင်ရန်]

စာပေ[ပြင်ဆင်ရန်]

ထားဝယ်လူမျိုးမြိတ်လူမျိုးဆလုံလူမျိုး များသည် တနင်္သာရီတိုင်းတွင် နေထိုင်ကြသည့် ဌာနေလူမျိုးစုများ ဖြစ်ကြသည်။ အဆိုပါ လူမျိုးများ၏ ဘာသာကို အဓိက ထားပြောဆိုကြသည်။ စာပေအနေဖြင့် မော်ကင်းစာပေ တီထွင်ခဲ့ပြီး သင်ရိုးပြဋ္ဌာန်းစာများ ရေးဆွဲသတ်မှတ်ကာ သင်ကြားပို့ချပေးလျက်ရှိသည်။ ထားဝယ်စာပေအနေဖြင့် သင်ရိုးပြဋ္ဌာန်းစာများရေးဆွဲပြဋ္ဌာန်းနိုင်ရန် ထားဝယ်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြိုးပမ်းအားထုတ်လျက်ရှိသည်။

ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့[ပြင်ဆင်ရန်]

ထားဝယ်၊ ဆလုံ လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြသည်။ ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှုများ၊ အဝတ်အစား ဝတ်ဆင်မှု နှင့် ရိုးရာ အကများသည် အလွန်နာမည်ကျော်ကြားသော အကများ ဖြစ်သည်။ ရေအိုးရွက်အကနှင့်ဒိန်းယိမ်းအကသည် ထားဝယ်လူမျိုး များ၏ထင်ရှားသောရိုးရာအကများဖြစ်သည်။

စီးပွား​ရေး[ပြင်ဆင်ရန်]

ဒေသထွက်ကုန်များ[ပြင်ဆင်ရန်]

တွင်းထွက်များ[ပြင်ဆင်ရန်]

ခဲမဖြူ၊အဖြိုက်နက်၊ခနောက်စိမ်း နှင့် အခြားတွင်းထွက်များ ထွက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. Sub-national HDI - Area Database - Global Data Lab (in en)။ 2018-09-13 တွင် ပြန်စစ်ပြီး။
  3. တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း
  4. တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉)
  5. မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်