သမ္မတရုံး ဝန်ကြီးဌာန
![]() | |
ပြည်ထောင်စုဝန်ကြီး | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
| ဌာနချုပ် |
|
| ဝန်ကြီးများ | ဦးတင်အောင်စန်း ဦးကိုကိုလှိုင် ဦးမောင်မောင်တင့် ဦးထွန်းအုံ |
| ဝက်ဘ်ဆိုက် | president-office.gov.mm |
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Office of the President of the Republic of the Union of Myanmar) သည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်သည့်ရုံး ဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတရုံးနှင့် "နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန" ဆိုပြီး နှစ်ခု ထားရှိသည်။
လက်ရှိ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးသည် ဦးတင်အောင်စန်း ဖြစ်ပြီး၊ ဒုတိယဝန်ကြီးမှာ ဦးထင်ကျော်သူ ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဦးသိန်းစိန်လက်ထက်
[ပြင်ဆင်ရန်]စစ်အစိုးရအုပ်ချုပ်ရေးမှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ကူးပြောင်းရာ ၂၀၁၁ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။နိုင်ငံတော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်နှင့် ၂၀၁၄အာဆီယံထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန်အတွက် ၂၀၁၂ခုနှစ် စက်တင်ဘာလ၄ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနကို ဝန်ကြီးဌာန၆ခုအထိတိုးချဲ့ခဲ့သည်။ [၂]၂၀၁၃ခုနှစ် ဇန်နဝါရီလ၉ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော်သမ္မတရုံး၏ ပထမဆုံးသော ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။[၃]ထို့နောက်တွင် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆက်လက်ဆောင်ရွက်ခဲ့သည်။
သမ္မတအကြံပေးပုဂ္ဂိုလ်များ (၂၀၁၁-၂၀၁၆)
[ပြင်ဆင်ရန်]သမ္မတဦးသိန်းစိန်လက်ထက်တွင် စီးပွားရေး၊ သာသနာရေး၊ ဥပဒေ၊ ပညာရေးဆိုင်ရာသမ္မတအကြံပေးပုဂ္ဂိုလ်များ ခန့်အပ်ခဲ့သည်။ သမ္မတအကြံပေးအဖွဲ့ဝင်၉ဦး[၄]ကို ၂၀၁၁ခုနှစ် ဧပြီ၁၉ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[၅]၂၀၁၄ခုနှစ် ဇွန်လ၁၈ရက်နေ့တွင် ဦးမြင့်မောင်နှင့် ဦးစိန်ဝင်းအောင်ကို သာသနာရေးဆိုင်ရာ အကြံပေးအဖြစ် ထပ်မံခန့်အပ်ခဲ့သည်။[၆][၇][၈]
၂၀၁၄ခုနှစ်အထိ သမ္မတအကြံပေးအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
- နိုင်ငံရေး: ဦးကိုကိုလှိုင်[၉]
- စီးပွားရေး: ဦးမြင့်[၉]
- ဥပဒေ: ဦးစစ်အေး[၉]
- သာသနာရေး: ဦးမြင့်မောင်[၇]
- ပညာရေး: ဒေါ်ရင်ရင်နွယ်[၇]
သမ္မတဦးထင်ကျော်လက်ထက်တွင် ဝန်ကြီးဌာနတစ်ခုတည်းအဖြစ်လျှော့ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။
၂၀၂၁ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက် သမ္မတရုံးဝန်ကြီးဌာနတွင် ဝန်ကြီးခန့်အပ်ထားခြင်း မရှိခဲ့ပေ။ အာဏာသိမ်းပြီး ၃ နှစ်ခန့်အကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ပေါ်ပေါက်လာခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီး (၃) ဦးကို ခန့်အပ်ခဲ့သည်။ [၁၀]
ဦးညိုစောအစိုးရ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီက ပြည်ထောင်စုအစိုးရအဖွဲ့အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့ပြီး၊ ဝန်ကြီး (၄) ဦးအထိ ထားရှိခဲ့သည်။[၁၁] သို့သော် ဒုတိယဝန်ကြီးအဖြစ် ဦးထင်ကျော်သူတစ်ဦးကိုသာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၃)တွင် ခန့်အပ်ထားသည်။
- နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁): ဦးတင်အောင်စန်း
- နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂): ဦးကိုကိုလှိုင်
- နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၃): ဦးမောင်မောင်တင့်
- နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄): ဦးထွန်းအုံ
ဦးမင်းအောင်လှိုင်အစိုးရ
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်၌ နိုင်ငံတော်သမ္မတရုံးနှင့် "နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန" ဆိုပြီး နှစ်ခု ထားရှိသည်။ ဤဝန်ကြီးဌာနကို ဦးတင်အောင်စန်းကို ဦးဆောင်စေခဲ့သည်။ ပြီးနောက် ဒုတိယဝန်ကြီးအဖြစ် ဦးးထင်ကျော်သူက ခန့်အပ်ခဲ့သည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]- ပြည်ထောင်စုဝန်ကြီးရုံးအဖွဲ့
- သမ္မတဦးစီးရုံး
- ဒုတိယသမ္မတ (၁) ဦးစီးရုံး
- ဒုတိယသမ္မတ (၂) ဦးစီးရုံး
- နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီး
- စီးပွားရေးရာဌာနကြီး
- လူမှုရေးနှင့် ယဉ်ကျေးမှုဌာနကြီး
- စီမံရေးနှင့် ဘဏ္ဍာရေးဌာနကြီး
- အိမ်တော်များဌာနကြီး
- လုံခြုံရေးအရာရှိချုပ်ဌာနကြီး
- သုတေသန၊ သတင်းပြန်ကြားရေးနှင့် တိုင်ကြားစာများဌာနကြီး[၁၂]
ဌာနချုပ်
[ပြင်ဆင်ရန်]နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရုံးထိုင်သည့် နိုင်ငံတော်သမ္မတရုံးကို နိုင်ငံတော်သမ္မတအိမ်တော်တွင် ထားရှိထားသည်။ထိုရုံးကို တာဝန်ခံသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနအား နေပြည်တော်ရှိ ရုံးအမှတ် (၁၈)တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် တွဲ၍ ဖွင့်လှစ်ထားသည်။[၁]၂၀၂၀ ပြည့်နှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်အနီးတွင် ဝန်ကြီးရုံးအသစ် တည်ဆောက်လျက်ရှိသည်။[၁၃]ရုံးအမှတ် (၁၈)သည် ယခင် နအဖအစိုးရလက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးနှင့် ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာနတို့ ဖွင့်လှစ်ခဲ့သည့် ရုံးအဆောက်အဦးဖြစ်သည်။
ဝန်ကြီးဌာနအကြီးအမှူးများ
[ပြင်ဆင်ရန်]ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]| № | ပုံ | အမည် (မွေးဖွား-ကွယ်လွန်) |
ရာထူးသက်တမ်း | နိုင်ငံရေးပါတီ | နိုင်ငံတော်သမ္မတ | ဒုတိယဝန်ကြီး | ||
|---|---|---|---|---|---|---|---|---|
| တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ||||||
| ၁ | ဦးသိန်းညွန့် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၁၈၂၇ | USDP | ဦးသိန်းစိန် | - | |
| ၂ | ဦးစိုးမောင် | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ | ၁၈၂၇ | ||||
| ၃ | ဦးစိုးသိန်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁ | ||||
| ၄ | ဦးအောင်မင်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁ | ||||
| ၅ | ဦးလှထွန်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁ | ||||
| ၆ | ဦးတင်နိုင်သိန်း | ၂၇ ဩဂုတ် ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | ၁၃၁၁ | ||||
| ဦးထင်ကျော်နှင့် ဦးဝင်းမြင့်အစိုးရလက်ထက် | ||||||||
| ၇ | ဒေါ်အောင်ဆန်းစုကြည် | ၃၀ မတ် ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၉ | NLD | ဦးမင်းသူ | ||
| နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနှင့် နိုင်ငံခြားရေးဝန်ကြီးရာထူးများပါတွဲဖက်ထမ်းဆောင် | ||||||||
| ဦးညိုစောကက်ဘီနက်အဖွဲ့ | ||||||||
| ၈ | ဦးတင်အောင်စန်း | ၃၁ ဇူလိုင် ၂၀၂၅ | ၁၀ ဧပြီ ၂၀၂၅ | ၂၅၃ ရက် | တပ်မတော် | မင်းအောင်လှိုင်
ယာယီသမ္မတ (တာဝန်) |
- | |
| ၉ | ဦးကိုကိုလှိုင် | - | ||||||
| ၁၀ | ဦးမောင်မောင်တင့် | ဦးထင်ကျော်သူ | ||||||
| ၁၁ | ဦးထွန်းအုံ | - | ||||||
| ဦးမင်းအောင်လှိုင်အစိုးရ | ||||||||
| ၁၂ | ဦးတင်အောင်စန်း | ၁၀ ဧပြီ ၂၀၂၅ | ယနေ့အထိ | ၃၇ ရက် | USDP | ဦးမင်းအောင်လှိုင် | ဦးထင်ကျော်သူ | |
ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]| ဦးမင်းအောင်လှိုင်အစိုးရ | |||||
|---|---|---|---|---|---|
| စဉ် | အမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ဝန်ကြီး |
| ၁။ | ဦးထင်ကျော်သူ | ၁၀ ဧပြီ ၂၀၂၆[၁၄] | ယနေ့အထိ | ၃၇ ရက် | ဦးတင်အောင်စန်း |
စစ်ပြိုင်အစိုးရ
[ပြင်ဆင်ရန်]၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီအစိုးရ၏ စစ်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးလွင်ကိုလတ်အား ပြည်ထောင်စုဝန်ကြီး တာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၁၅]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 "စစ်ဘက် အရာရှိဟောင်း ဦးမင်းသူ အစိုးရအဖွဲ့ရုံး ဝန်ကြီး ဖြစ်လာရန်ရှိ"။
- ↑ Nyein Nyein။ "Four New Ministries Created in President’s Office"၊ The Irrawaddy၊ 4 September 2012။
- ↑ "Burma President’s Office Appoints First Spokesperson"၊ The Irrawaddy၊ 9 January 2013။
- ↑ "Myanmar president pledges to work for best of nation with advisory board"၊ CCTV၊ 5 April 2011။ Archived from the original on 7 July 2015။
- ↑ Notification No. 53/2013။ Republic of the Union of Myanmar President Office (7 August 2013)။
- ↑ Mathieson၊ David Scott။ "Burma: the Clash of Church, State, and Society"၊ Human Rights Watch၊ 9 July 2014။
- 1 2 3 Notification (No. 40/2014)။ Republic of the Union of Myanmar Union Government (18 June 2014)။
- ↑ Kyaw Hsu Mon။ "Burmese President Appoints New Religious Advisors"၊ The Irrawaddy၊ 19 June 2014။
- 1 2 3 "Advisory Board"၊ Alternative Asean Network on Burma၊ 9 September 2013။ Archived from the original on 5 December 2014။
- ↑ ပြည်ထောင်စုဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၈ ဇန်နဝါရီ ၂၀၂၄)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ "နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန"၊ National Web Portal။ Archived from the original on 2 April 2019။
- ↑ "နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနရုံး တည်ဆောက်ရန် ကျပ်ရှစ်ဘီလီယံကျော် ဘတ်ဂျက်တောင်း"။ 14 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 14 May 2021။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။
- ↑ https://burmese.voanews.com/a/crph-acting-union-minister/5798240.html?nocache=1
