မာတိကာသို့ ခုန်သွားရန်

ပြည်သူ့ဒီမိုကရေစီပါတီ

ဝီကီပီးဒီးယား မှ
ပြည်သူ့ဒီမိုကရေစီပါတီ
အင်္ဂလိပ် အမည်People Democracy Party
ဥက္ကဋ္ဌဦးအောင်မြင့်
ဆောင်ပုဒ်ပြည်သူ့အသံ တို့အသံ။ ပြည်သူ့ဆန္ဒ တို့ဆန္ဒ။ ပြည်သူ့အရေး တို့အရေး။
တည်ထောင်ခြင်း၂၃ စက်တင်ဘာ ၂၀၁၁ (၂၀၁၁-၀၉-၂၃)
ဖျက်သိမ်းခြင်း၂၃ ဇူလိုင် ၂၀၂၀[][]
ဌာနချုပ်ပြည်ကြီးတံခွန်မြို့နယ်မန္တလေးတိုင်းဒေသကြီး
အဖွဲ့ဝင်၂၀,၀၀၀ ခန့်[]
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ပြည်သူ့ဒီမိုကရေစီပါတီ (အင်္ဂလိပ်: People Democracy Party; အတိုကောက် PDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၁၁ စက်တင်ဘာ ၂၃ ရက်တွင် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ရခဲ့သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အနည်းငယ်သာ အနိုင်ရရှိခဲ့သည်။[]

ပါတီခေါင်းဆောင် ပြဿနာများကြောင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့အထိ ပါတီကို ယာယီရပ်ဆိုင်းခံထားခဲ့ရပြီး ၃ နှစ်အတွင်း ပါတီတွင်းကိစ္စရပ်များ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားခဲ့သော်လည်း ဖြေရှင်းနိုင်ခဲ့ခြင်း မရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခဲ့သည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၃၀ ဇူလိုင် ၂၀၂၀)။ 17 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. 1 2 ပြည်သူ့ဒီမိုကရေစီပါတီ ဖျက်သိမ်းခံရ The Voice (၁ ဩဂုတ် ၂၀၂၀)။ 14 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. 1 2 "ပြည်သူ့ဒီမိုကရေစီပါတီ" (၈ ဩဂုတ် ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၈၁၉). Retrieved on ၂၁ မတ် ၂၀၁၇.[လင့်ခ်သေ]
  4. ပြည်သူ့ဒီမိုကရေစီပါတီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် 18 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။