ကြေးဝါစေတီ
ပုံပန်းသွင်ပြင်
| ကြေးဝါစေတီ | |
|---|---|
ကြေးဝါစေတီတော် | |
| အချက်အလက်များ | |
| တည်နေရာ | ဉာဏ်ကန်-ရှောက်တောကျေးရွာ အနီး၊ ဝမ်းတွင်းမြို့နယ်, မန္တလေးတိုင်းဒေသကြီး |
| ကိုဩဒိနိတ် | 21°06′46″N 95°53′03″E / 21.1128535°N 95.8840662°Eကိုဩဒိနိတ်: 21°06′46″N 95°53′03″E / 21.1128535°N 95.8840662°E |
| ဘာသာရေး နှီးနွယ်မှု | ထေရဝါဒဗုဒ္ဓဘာသာ |
| နိုင်ငံ | မြန်မာနိုင်ငံ |
| ဗိသုကာ | |
| တည်ထောင်သူ | ဝံသာလင်္ကာရ သဒ္ဓမ္မာ ဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု |
| ပြီးစီး | ဩဂုတ် ၂၅၊ ၁၇၈၆ |
ကြေးဝါစေတီတော်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဉာဏ်ကန်-ရှောက်တောကျေးရွာအနီးတွင် တည်ရှိသည်။ [၁]
သမိုင်းအကျဉ်း
[ပြင်ဆင်ရန်]ဘိုးတော်ဘုရား(ခ)ဗဒုံမင်း လက်ထက် သာသနာပိုင်ဆရာတော် တစ်ကျိပ်နှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော မုံတောဆရာတော် ဝံသာလင်္ကာရ သဒ္ဓမ္မာ ဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရုသည် ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ကြာသပတေးနေ့တွင် စေတီတော်ကြီးအား အုတ်မြစ်ချခဲ့သည်။ ကောဇာသက္ကရာဇ် ၁၁၄၈ ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက်၊ သောကြာနေ့တွင် ဉာဏ်တော် ၉ တောင်ရှိသော ရွှေထီးတော်ကို တင်လှူပူဇော်ခဲ့သည်။ ကြေးဝါစေတီတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၁၀၈ တောင် ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကြေးဝါစေတီတော်သမိုင်း၊ ဘဒ္ဒန္တ ပညာဒီပ၊ ၂၀၁၃ ခု၊ နိုဝင်ဘာလ