အင်းဝခေတ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ပုဂံခေတ် ကုန်ဆုံးပြီးနောက်တွင် အင်းဝကို အခြေပြုကာ ပေါ်ထွန်းလာသည့် ခေတ်ဖြစ်သည်။ရှမ်းသွေးမကင်းသည့် မင်းဆက်ဖြစ်သော်လည်း မြန်မာမှု၊မြန်မာဟန် နှင့် မြန်မာဘာသာစကားအတိုင်း လိုက်နာကျင့်သုံးကာ မြန်မာမင်းများအဖြစ် အုပ်ချုပ်ခဲ့ကြသည်။ မြန်မာစာပေသမိုင်းတွင် အထူးထင်ရှားသည့် ရဟန်း၊လူပုဂ္ဂိုလ် စာဆိုရှင်များနှင့် စစ်သူရဲကောင်းများ ပေါ်ထွန်းခဲ့သည်။ ကြီးမားသော စွမ်းဆောင်မှုအနေဖြင့် မွန်တို့၏ ဟံသာဝတီမှ ရာဇာဓိရာဇ်နှင့် အနှစ်လေးဆယ်စစ်ကို ဆင်နွဲခဲ့သည်။ အထက်ရှမ်းတို့ကိုလည်း ခေတ်ဦးပိုင်းတွင် အတန်အတင့် လွှမ်းမိုးနိုင်သည်။ သို့သော် မကြာခဏ မင်းပြောင်းမင်းလွဲဖြစ်ခြင်း၊ စစ်ဘေးဒုက္ခများခြင်း နှင့် နောက်ပိုင်းမင်းဆက်များ၏ အရည်အချင်းညံ့ဖျင်းခြင်း၊ လက်အောက်ခံပဒေသရာဇ်များနှင့် မြောက်ပိုင်းမှ မောဝ်ရှမ်းများ အင်အားကြီးလာကာ ပုန်ကန်ခြင်း တို့ကြောင့် မြန်မာတို့အတွက် ကိုယ်ပိုင်ရပ်တည်ခွင့်ကို ဆက်လက်၍ တည်ထောင်ပေးခဲ့သည်ဟု ဆိုသည့်တိုင် အလွန်ထွန်းကားသည့် ခေတ်တစ်ခေတ်ဖြစ်မလာခဲ့ပေ။

ဆက်စပ်လေ့လာရန်[ပြင်ဆင်ရန်]