မာတိကာသို့ ခုန်သွားရန်

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ
အင်္ဂလိပ် အမည်UNION OF MYANMAR FEDERATION OF NATIONAL POLITICS PARTY
ဥက္ကဋ္ဌဦးအေးလွင်
ဌာနချုပ်ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ပါတီ (အင်္ဂလိပ်: Union of Myanmar Federation of National Politics) သည် ၂၀၁၀ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော ပဲခူတိုင်းဒေသကြီး အခြေစိုက် နိုင်ငံရေးပါတီ ဖြစ်သည်။ ပါတီဥက္ကဋ္ဌမှာ ဦးအေးလွင် ဖြစ်သည်။

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

ပါတီဥက္ကဋ္ဌ ဦးအေးလွင်ပါ (၂၈) ဦးဖြင့် ခေါင်းဆောင်ဖွဲ့စည်းခဲ့ပြီး ညီဖြစ်သူ ဦးရဲထွန်း ခေါင်းဆောင်သော ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) နှင့်အတူ (၂၂-၃-၂၀၁၀) နေ့တွင် တစ်ရက်တည်း မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ ရွေးကောက်ပွဲကော်မရှင်မှ (၂၂.၄.၂၀၁၀) နေ့တွင် ပါတီတည်ထောင်ခွင့် ပြုခဲ့သည်။ ယခင်ပါတီဌာနချုပ် ရုံးစိုက်ရာနေရာမှာ ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်၊ တိုက် (အက်ဖ်) အခန်း (၃၀၁)၊ ပုလဲကွန်ဒိုမီနီယံ။ ကမ္ဘာအေးဘုရားလမ်း ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တွင် ပါတီဝင် (၁) သိန်းခွဲကျော် ရှိကြောင်း ဦးအေးလွင်မှ ပြောကြားထားသည်။ []

ပါတီမှတ်ပုံတင်ခြင်း

[ပြင်ဆင်ရန်]

အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၄၅) ဖြင့် ခွင့်ပြုခဲ့သည်။[] ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ စကားတောင်ရပ်၊ ပုထိုးကြီးလမ်း၊ အမှတ် (၄၅) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း၊ စာမျက်နှာ (၃၄၆)
  2. ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ (THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS PARTY) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု မြဝတီသတင်း။ 22 August 2025 တွင် ပြန်စစ်ပြီး။