မြန်မာနိုင်ငံ၏ အမျိုးသားရေးသင်္ကေတများ

ဝီကီပီးဒီးယား မှ
ယခင်က သမ္မတအလံပေါ်တွင်တွေ့ရသော ကဒေါင်းပုံ

မြန်မာနိုင်ငံ၏ အမျိုးသားရေးသင်္ကေတများသည် မြန်မာလူမျိုးများကို ကိုယ်စားပြုသော အမှတ်တံဆိပ်များ၊ သင်္ကေတများနှင့် အခြားအနုပညာ အသုံးပြုမှုများ ဖြစ်သည်။

တရားဝင် ဥပဒေကြောင်းအရ ပြဋ္ဌာန်းထားခြင်းမရှိသော်လဲ မြန်မာတို့၏သင်္ကေတများအဖြစ် လက်တွေ့တွင် အသုံးပြုလျက်ရှိသည်။ ထိုသင်္ကေတအများစုမှာ ကုန်းဘောင်ခေတ်မှ စတင်ခဲ့သည်။

ပန်း[ပြင်ဆင်ရန်]

မြန်မာ့ရိုးရာပြက္ခဒိန်အရ လအသီးသီးတွင် အထိမ်းအမှတ်ပန်းများရှိသည်။[၁]သို့သော် ပန်း ၂ မျိုးကို နိုင်ငံတော် အထိမ်းအမှတ်ပန်းအဖြစ် အသုံးပြုကြသည်။

ပိတောက်ကို နိုင်ငံတော် အထိမ်းအမှတ်ပန်းအဖြစ် အသုံးပြုကြပြီး သင်္ကြန်ကာလနှင့် ဆက်စပ်နေသည်။ တစ်ခါတစ်ရံတွင် ပိတောက်ပန်းကို ထိုင်းနိုင်ငံ၏ အထိမ်းအမှတ်ပန်းဖြစ်သော ငုဝါပန်းနှင့် မှားယွင်းတတ်ကြသည်။[၂]
သဇင်ပန်းသည် အခြားသော အထိမ်းအမှတ်ပန်းဖြစ်သည်။[၂]မြန်မာကဗျာများအရ ကုန်းဘောင်ခေတ်ကာလတွင် သဇင်ပန်းကို တော်ဝင် ထီးသုံးနန်းသုံးပန်းအဖြစ် အသုံးပြုကြောင်း တွေ့နိုင်သည်။ ပထမဆုံးဖူးသော သဇင်ဖူးကို ဘုရင်သာ ပိုင်ဆိုင်ပြီး အခြားသူများမှ ခူးယူမိပါက သေဒဏ်ပင် ကျခံရနိုင်သည်။မြန်မာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်တစ်သောင်းကျပ်တန် ငွေစက္ကူများတွင် သဇင်ပန်းကိုတွေ့နိုင်သည်။
အင်ကြင်းပန်းသည် တတိယမြောက် အထိမ်းအမှတ်ပန်းဖြစ်သည်။ [၂]

မန်များ[ပြင်ဆင်ရန်]

ဒေါင်း (သို့မဟုတ်) ဥဒေါင်းသည် မြန်မာနိုင်ငံ၏ အထိမ်းအမှတ်သင်္ကေတတစ်ခု ဖြစ်သည်။ ဒေါင်းမှာ ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ်တို့တွင် များစွာ အသုံးပြုခဲ့သည်။ 'ကဒေါင်း'ကို မြန်မာမင်းတို့၏ သင်္ကေတအဖြစ် အသုံးပြုခဲ့သည်။ ထို့အပြင် မင်းတုန်းမင်းလက်ထက်က ဒင်္ဂါးပြားများပေါ်တွင် ရိုက်နှိပ် သုံးစွဲခဲ့သည်။ လွတ်လပ်ရေးရသောအခါတွင်လည်း ၁၉၄၈ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ ငွေစက္ကူများအပေါ်တွင် ရိုက်နှိပ်ခဲ့ပြန်သည်။ ကုန်းဘောင်ခေတ်အလံ၊ ဗြိတိသျှမြန်မာအလံ၊ လွတ်လပ်ရေးမရမီ မြန်မာပြည်နယ် (State of Burma) အလံတို့တွင်လည်း ဒေါင်းတံဆိပ်ကို အသုံးပြုခဲ့သည်။ ဒေါင်းပုံ၏ အခြားရွေးချယ်စရာမှာ ခွပ်ဒေါင်း ဖြစ်သည်။

ဒေါင်းပုံမှာ နိုင်ငံရေးနှင့် ဆက်နွယ်နေ၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ခြင်္သေ့ဖြင့် အစားထိုးခဲ့သည်။

ခြင်္သေ့သည် ဘုရား၊ ပုထိုး၊ စေတီများ အရှေ့တွင် တွေ့မြင်နိုင်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် နိုင်ငံ၏ အမှတ်တံဆိပ်အဖြစ် တွင်ကျယ်စွာ အသုံးပြုလာသည်။ ၁၉၄၈ ခုနှစ်မှ ယနေ့တိုင်အသုံးပြုခဲ့သော နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ၃ ခုတွင် ခြင်္သေ့ကို ဆက်တိုက်အသုံးပြုခဲ့သည်။ ပြောင်းလဲခဲ့သော ငွေစက္ကူနှင့် ဒင်္ဂါးများတွင်လည်း တွေ့နိုင်သည်။ မြန်မာဘုရင်တို့၏ အဓိကပလ္လင်ဖြစ်သော သီဟာသနပလ္လင်တွင်လည်း အသုံးပြုထားသည်။
ဆင်ဖြူတော်သည် နိုင်ငံ၏ အခြားသောအထိမ်းအမှတ်ဖြစ်သည်။ ဆင်ဖြူတော်ကို ဘုရင်များခေတ်ဆီက ပို၍ အသုံးပြုခဲ့သည်။ အိမ်နီးချင်း အယုဒ္ဓယကဲ့သို့ပင် ဆင်ဖြူတော်ကို ပိုင်ဆိုင်သော ဘုရင်သည် ဘုန်းကြီးသည်ဟု ယူဆကြသည်။ ယနေ့ခေတ် ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ ကျပ်တန်တို့တွင် ဆင်ဖြူတော်ပုံကို တွေ့နိုင်သည်။

အစားအစာ[ပြင်ဆင်ရန်]

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်ဆိုသကဲ့သို့ မြန်မာနိုင်ငံ၏ အထိမ်းအမှတ် အစားအစာမှာ လက်ဖက်ဟု လူအများက လက်ခံကြသည်။

မုန့်ဟင်းခါးသည် တွဲဖက် အထိမ်းအမှတ်အစားအစာဖြစ်သည်။[၃]
လက်ဖက်သုပ်သည် နိုင်ငံတော် အထိမ်းအမှတ်တစ်ခုဖြစ်သည်။

အားကစား[ပြင်ဆင်ရန်]

ခြင်းလုံးသည် နိုင်ငံတော် အားကစားဖြစ်သည်။[၄]ဖြစ်သည်။ ပျူခေတ်မှ စတင်၍ ကစားခဲ့ကြသည် ဟု ယုံကြည်ရသည်။ ခြင်းလုံးကစားနည်း၏ ထူးခြားချက် မှာ တယောက်နှင့် တယောက် တဖက်နင့်တဖက် ယှဉ်ပြိုင်ရသည် မဟုတ်ပဲ ခြင်းလုံးကို မြေသို့မကျအောင် ကစားဖော်များက စုပေါင်း အားထုတ်ရသော ကစားနည်းဖြစ်သည်။ မန္တလေးမြို့သည် ခြင်းလုံးပညာသင်ယူရန် အကောင်းဆုံးနေရာဖြစ်သည်။

တူရိယာ[ပြင်ဆင်ရန်]

စောင်းကောက်သည် နိုင်ငံတော် တူရိယာဖြစ်သည်။[၅] ခေတ်ပေါ်ဂီတများတွင် အသုံးမပြုသော်လည်း မြန်မာ့ဂီတ၏ ပြယုဂ်ဖြစ်သည်။ အာရှတွင် ကျန်ရစ်သော တစ်ခုတည်းသော စောင်းဖြစ်သည်။[၆]
နှဲသည် အခြားသော နိုင်ငံတော်အထိမ်းအမှတ် တူရိယာဖြစ်သည်။

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Flowers of Myanmar။ 3 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 February 2019 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ "NLD criticise government’s choices for national symbols"၊ Democratic Voice of Burma၊ DVB Multimedia Group၊ 5 March 2009။ Archived from the original on 9 October 2013။ 
  3. Withaya Huanok။ "Mohinga Memories"၊ The Irrawaddy၊ November 2009။ Archived from the original on 25 July 2015။ 
  4. Aung-Thwin, Maitrii (2012). "Towards a national culture: chinlone and the construction of sport in post-colonial Myanmar". Sport in Society: Cultures, Commerce, Media, Politics 15 (10): 1341–1352. doi:10.1080/17430437.2012.744206. 
  5. Saùng-gauk (Arched Harp), Burma (Myanmar), ca. 1960National Music Museum။ The University of South Dakota (21 September 2010)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. Miller, Terry E. and Sean Williams. The Garland handbook of Southeast Asian music. Routledge, 2008. ISBN 0-415-96075-4