မန္တလေးတိုင်းဒေသကြီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မန္တလေးတိုင်းဒေသကြီး
တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး၏ အလံတော်
အလံတော်
မန္တလေးတိုင်းဒေသကြီး၏ တံဆိပ်တုံး
စည်းတံဆိပ်
မန္တလေးတိုင်း တည်နေရာ
မန္တလေးတိုင်း တည်နေရာ
နိုင်ငံ  မြန်မာ
မြို့တော် မန္တလေးမြို့
အစိုးရ
 • ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (NLD)
 • အစိုးရအဖွဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
 • ဥပဒေပြုလွှတ်တော် မန္တလေးတိုင်းဒေသကြီး လွှတ်တော်
ဧရိယာ
 • စုစုပေါင်း ၃၇၉၄၅.၆ စတုရန်းကီလိုမီတာ (၁၄၆၅၀.၉ စတုရန်းမိုင်)
ဧရိယာအဆင့် သတ္တမမြောက်
လူဦးရေ (၂၀၁၄)[၁]
 • စုစုပေါင်း ၆,၁၆၅,၇၂၃ ယောက်[၁]
 • အဆင့် တတိယမြောက်
လူနေမှု
 • လူမျိုးများ ဗမာတရုတ်အိန္ဒိယရှမ်းကရင်ဂေါ်ရခါး
 • ကိုးကွယ်မှု ဗုဒ္ဓခရစ်ယာန်အစ္စလာမ်ဟိန္ဒူ
အချိန်ဇုန် MST (UTC+06:30)
ဝက်ဘ်ဆိုဒ် mdyregion.gov.mm


မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဖက်တွင် ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ် နှင့် မြောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မန္တလေးတိုင်းကို မြန်မာမင်းများ လက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုင်းဒေသအတွင်းရှိ အမရပူရတောင်ပိုင်း တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပါး စသည့် ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံ အညာသားယဉ်ကျေးမှုတစ်ရပ် ထူတောင်ခဲ့ခြင်း (ထိုဒေသများတွင် ကျောက်ခေတ်ဦးပိုင်း လူသားများ အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ ကျောက်လက်နက်များ တစ်ပုံတစ်ပင် တွေ့ရှိခဲ့ရ။ ထိုအသုံးပြုခဲ့သော ခေတ်ကာလကို "အညာသားယဉ်ကျေးမှု" (Anyarthian Culture)ဟု ခေါ်တွင်ခဲ့ကြသည်)၊ သရေခေတ္တရာဟန်လင်းဗိဿနိုးမြို့ဟောင်းနှင့် ခေတ်ပြိုင် မိုင်းမော၊ ဝတီး စသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း(ဘီစီ-၂)၊ ပုဂံ(အေဒီ- ၈၄၉)၊ အမရပူရ(အေဒီ- ၁၁၄၄)၊ ပင်းယ(အေဒီ-၁၃၁၂)၊ အင်းဝ(အေဒီ-၁၃၆၄)၊ ညောင်ရမ်း(အေဒီ-၁၅၉၇)၊ ရတနာပုံ(အေဒီ-၁၈၅၉) စသော မြန်မာမင်းနေပြည်တော်များ စတင်တည်ထောင်ခဲ့ခြင်း၊ (အေဒီ-၁၀၄၄) ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်ကွင်း(၁၁)ခရိုင် (နောင် (၉)ခရိုင်)တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ (အေဒီ-၁၁၁၂)မှ စ၍ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့ခြင်း၊ ပင်းမြို့(၄၃)မြို့ ထူထောင်၍ ကာကွယ်ရေး တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ [၂]

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

မန္တလေးတိုင်းဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၀မိနစ် နှင့် ၂၃ ဒီဂရီ ၄၅မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၅မိနစ် နှင့် ၉၇ ဒီဂရီ အကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၁၉၂၅.၉၆ စတုရန်းမိုင်[၂] ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆,၁၆၅,၇၂၃ ယောက်[၁] ရှိသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ကွဲပြားခြားနားသော ရာသီဥတုများကို တွေ့ရသည်။ အရှေ့ဖက် တောင်တန်းဒေသများ(မိုးကုတ် နှင့် ပြင်ဦးလွင်) တွင် ပူနွေးစိုစွတ်သော ရာသီဥတုမျိုးတွေ့ရသည်။ ၎င်းဒေသများတွင် အပူချိန်မှာ ၇၀ ဒီဂရီ ဖာရင်ဟိုက် မှ ၇၅ ဒီဂရီ ဖာရင်ဟိုက်ထိရှိသည်။ ဆောင်းဥတုတွင် ၆၀ ဒီဂရီဖာရင်ဟိုက်သာ ရှိတတ်သည်။ မိုးရေချိန်မှာ မိုးကုတ်မြို့တွင် ၁၀ဝ လက်မ၊ ပြင်ဦးလွင်မြို့တွင် ၆၀ လက်မကျော် ထိရရှိပါသည်။

တောင်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးကိုတွေ့ရသည်။ ပျှမ်းမျှအပူချိန်မှာ ၈၈ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး နေ့ခင်းဘက်အပူချိန်မှာ ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိရှိတတ်သည်။ ဆောင်းဥတုတွင်မူ အပူချိန်မှာ ၅၀ ဒီဂရီထိ ကျဆင်းတတ်သည်။ မိုးရေချိန်မှာ မန္တလေးနှင့်ကျောက်ဆည်လွင်ပြင်တွင် ၃၂ မှ ၃၄ လက်မ၊ အလယ်ပိုင်းရှိ မြင်းခြံတွင် ၂၇ လက်မ၊ ပုပ္ပါးတောင်တစ်ဝိုက်ဒေသများတွင် ၄၀ လက်မ ထိရှိတတ်ပြီး ကျန်တောင်ပိုင်းဒေသများတွင် ၅၆ လက်မ ထိရွာသွန်းတတ်ပါသည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

မြို့တော်[ပြင်ဆင်ရန်]

မန္တလေးတိုင်းဒေသကြီး၏ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။

မန္တလေးတိုင်းမြေပုံ


အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

ဥပဒေပြုရေး[ပြင်ဆင်ရန်]

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ[ပြင်ဆင်ရန်]

မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် (၇)ခု ရှိသည်။

  1. မန္တလေးခရိုင်
  2. ကျောက်ဆည်ခရိုင်
  3. မိတ္ထီလာခရိုင်
  4. မြင်းခြံခရိုင်
  5. ညောင်ဦးခရိုင်
  6. ပြင်ဦးလွင်ခရိုင်
  7. ရမည်းသင်းခရိုင်

မြို့နယ်ပေါင်း (၂၈) ခု ရှိသည်။

  1. အောင်မြေသာဇံ
  2. ချမ်းအေးသာဇံ
  3. မဟာအောင်မြေ
  4. ချမ်းမြသာစည်
  5. ပြည်ကြီးတံခွန်
  6. အမရပူရ
  7. ပုသိမ်ကြီး
  8. ပြင်ဦးလွင်
  9. မတ္တရာ
  10. စဉ့်ကူး
  11. မိုးကုတ်
  12. သပိတ်ကျဉ်း
  13. ကျောက်ဆည်
  14. စဉ့်ကိုင်
  15. မြစ်သား
  16. တံတားဦး
  17. မြင်းခြံ
  18. တောင်သာ
  19. နွားထိုးကြီး
  20. ကျောက်ပန်းတောင်း
  21. ငါန်းဇွန်
  22. ညောင်ဦး
  23. ရမည်းသင်း
  24. ပျော်ဘွယ်
  25. မိတ္ထီလာ
  26. မလှိုင်
  27. သာစည်
  28. ဝမ်းတွင်း

မြို့ပေါင်း (၂၈) မြို့၊ ရပ်ကွက်ပေါင်း (၂၇၁) ကွက်၊ ကျေးရွာအုပ်စု (၁၄၁၅) အုပ်စု၊ ရွာပေါင်း (၄၇၇၇) ရွာ ရှိသည်။ [၃]

အခြား မြို့ရွာများ[ပြင်ဆင်ရန်]

လူဦးရေ[ပြင်ဆင်ရန်]

Historical population
ခုနှစ်လူဦးရေ±%
၁၉၇၃ ၃၆၆၈၄၉၃—    
၁၉၈၃ ၄၅၇၇၇၆၂+24.8%
၂၀၁၄ ၆၁၆၅၇၂၃+34.7%
Source: ၂၀၁၄ သန်းခေါင်စာရင်း[၁]
Circle frame.svg

တိုင်းဒေသကြီး၏ ကိုးကွယ်မှုဆိုင်ရာများ[၄]

  ဗုဒ္ဓဘာသာ (95.7%)
  အစ္စလာမ် ဘာသာ (3%)
  ခရစ်ယာန်ဘာသာ (1.1%)
  ဟိန္ဒူဘာသာ (0.2%)

မန္တလေးတိုင်း၏ လူဦးရေအများစုမှာ ဗမာလူမျိုးများဖြစ်သည်။သို့သော်မန္တလေးမြို့ပြဧရိယာတွင် ယူနန်ပြည်မှပြောင်းလာသော တရုတ်လူမျိုးများလည်းနေထိုင်ကြသည်။[၅] အိန္ဒိယလူမျိုးများလည်းနေကြသည်။ တိုင်းဒေသကြီး၏ အရှေ့ဘက်နယ်စပ်တစ်လျောက်တွင် ရှမ်းလူမျိုးများလည်းနေထိုင်ကြသည်။

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့[ပြင်ဆင်ရန်]

ပညာရေး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးအများစုမှာ ရန်ကုန်နှင့် မန္တလေးတွင်ရှိသည်။အထက်မြန်မာပြည်၏ အဆင့်မြင့်တက္ကသိုလ်အများစုမှာ မန္တလေးတိုင်းတွင်ရှိသည်။ထို့အပြင် စစ်ဖက်ဆိုင်ရာတက္ကသိုလ်များလည်းတည်ရှိသည်။

အဆင့်မြင့်ပညာ အရေအတွက်
တက္ကသိုလ် ၁၈
ကောလိပ်
သိပ္ပံကျောင်း

[၂]

အခြေခံပညာ အရေအတွက်
အထက ၂၄၂
အလက ၃၀၁
အမက ၂၄၉၄
အထက(ခွဲ) ၁၈၃
အလက(ခွဲ) ၃၆၁
အမက(ခွဲ) ၇၅
မူလွန် ၅၂၉
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အရေအတွက်
မူလတန်း ၂၅၂
အလယ်တန်း ၇၁
အထက်တန်း
ပုဂ္ဂလိကကျောင်း ၁၄၉

စိတ်ဝင်စားဖွယ်နေရာများ[ပြင်ဆင်ရန်]

[၆]

ဒေသထွက်ကုန်များ[ပြင်ဆင်ရန်]

တွင်းထွက်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၁၇။  ကိုးကား အမှား - Invalid <ref> tag; name "census-2014" defined multiple times with different content
  2. ၂.၀ ၂.၁ ၂.၂ တိုင်းဒေသကြီးအကြောင်း။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ ၁၁ မေ ၂၀၁၅ တွင် ပြန်စစ်ပြီး။ ကိုးကား အမှား - Invalid <ref> tag; name "mdy" defined multiple times with different content
  3. နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
  4. Department of Population Ministry of Labour, Immigration and Population MYANMAR (July 2016). The 2014 Myanmar Population and Housing Census Census Report Volume 2-C. Department of Population Ministry of Labour, Immigration and Population MYANMAR, 12-15။ 
  5. Stephen Mansfield။ "Myanmar's Chinese connection"၊ The Japan Times၊ 1999-05-13။ 
  6. D.P.S. MYANMAR GUIDE MAP. 2000.
  7. မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]