ပြည်သူ့ခုခံတော်လှန်စစ်

ဝီကီပီးဒီးယား မှ
၂၀၂၁–၂၀၂၂ မြန်မာနိုင်ငံ ခုခံတော်လှန်စစ်
မြန်မာ့ပြည်တွင်းပဋိပက္ခများ၏ တစ်စိတ်တစ်ပိုင်း

၂၀၂၂ ခုနှစ် အစောပိုင်း စစ်ရေးအခြေအနေများ
     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (တပ်မတော်နှင့် မဟာမိတ်များ)
     အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ
စကစ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ပူးတွဲထိန်းချုပ်

     အမျိုးသားညီညွတ်ရေးအစိုးရ (PDF နှင့် မဟာမိတ်များ)
     ယှဉ်ပြိုင်လျက်ရှိ
ရက်စွဲ၅ မေ ၂၀၂၁ – လက်ရှိ
(2 years, 4 months, 2 weeks and 5 days)
နေရာမြန်မာနိုင်ငံ[၆]
အခြေအနေ ဖြစ်ပွားနေဆဲ
စစ်ရင်ဆိုင်သည့် နိုင်ငံများ

အမျိုးသားညီညွတ်ရေးအစိုးရ

မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ

ဗမာပြည်ကွန်မြူနစ်ပါတီ

ထောက်ခံသူများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ထောက်ခံသူများ

တပ်မှူးများနှင့် ခေါင်းဆောင်များ
စစ်အင်အား
(PDF) >၆၅,၀၀၀ (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံကာကွယ်ရေးတပ်များ မပါ)[၇]
  • ၃၅၀,၀၀၀–၄၀၀,၀၀၀ (၂၀၂၁ အစောပိုင်း ခန့်မှန်း)[၈]
  • ၂၀၀,၀၀၀–၂၅၀,၀၀၀ (၂၀၂၂ ဖေဖော်ဝါရီ ခန့်မှန်း)[၈]
  • ၁၅၀,၀၀၀ ခန့် (၂၀၂၃ မေ ခန့်မှန်း)[၉]
အသေအပျောက်
  • စုစုပေါင်း သေဆုံးသူ ၃၈,၈၄၇ (ACLED၊ ၁ စက်တင်ဘာ ၂၀၂၃ အရ)[၁၀]
  • ပြည်သူ ၄,၀၅၆ ဦး အသတ်ခံရ၊ ၁၉,၄၄၇ ဦး ဖမ်းဆီးခံရ (AAPP၊ ၈ စက်တင်ဘာ ၂၀၂၃ အရ)[၁၁]
  • စစ်ဘေးရှောင် ၁,၀၀၀,၀၀၀ (OCHA၊ ၃၁ မေ ၂၀၂၂ အရ)[၁၂]
  • နေအိမ် ၁၁,၄၀၀ ဖျက်ဆီးခံရ (ISP–Myanmar and Data for Myanmar, ၁၂ မေ ၂၀၂၂ အရ)[၁၃]
  • ဖေဖော်ဝါရီ ၂၀၂၂ မှ စ၍ ပြည်သူ့နေအိမ် ၁၂,၀၀၀ ကျော် မီးရှို့ခံထားရ (OCHA၊ ၃၁ မေ ၂၀၂၂ အရ)[၁၂]
  • နေအိမ်နှင့် အဆောက်အဦး ၄၄၀ ချိတ်ပိတ်ခံထားရ (AAPP၊ ဖေဖော်ဝါရီ ၂၀၂၂ အရ)[၁၄]

ပြည်သူ့ခုခံတော်လှန်စစ်[၁၅] ဟု ပိုပြီး လူသိများသည့် ၂၀၂၁-၂၀၂၂ မြန်မာနိုင်ငံ ခုခံတော်လှန်စစ် သည် မြန်မာနိုင်ငံ တစ်ဝှမ်းတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ ကို စစ်ကောင်စီက လိုက်လျောခြင်းမရှိပဲ လုံခြုံရေးအင်အားအလွန်အကျွံသုံးကာ အဓိကရုဏ်း ဖြိုခွင်းရေးလက်နက်များသာမက စစ်မြေပြင်လက်နက်များကို အသုံးပြုကာ နှိမ်နင်း ဖြိုခွင်းမှုအား တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံ အနှံ့ ဖြစ်ပွားလျက်ရှိသော အမျိုးသားညီညွတ်ရေး အစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော် ၏ လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်သည်။[၁၆] [၁၇] ဤပဋိပက္ခကို ထကြွခြင်းထက် ပြည်တွင်းစစ်ဟု ကုလလူ့အခွင့်အရေး အကြီးအကဲက သတ်မှတ်ခဲ့သည်။ [၁၈] ACLED ၏ ၂၀၂၂ ခုနှစ် မတ်လတွင် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး လူပေါင်း ၁၁,၀၀၀ ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။[၁၉][၂၀]

အာဏာသိမ်းပြီး လများအကြာတွင် အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီအား တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အတိုက်အခံများက နယ်မြေဒေသအချို့ကို စိုးမိုးနိုင်ခဲ့သည်။[၂၁][၂၂][၂၃][၂၄][၂၅][၂၆] ကျေးရွာများနှင့် မြို့ငယ်များတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် လူပေါင်းများစွာ ထွက်ပြေးနေခဲ့ရသည်။ ၂၀၂၃ ဖေဖော်ဝါရီလတွင် မြို့နယ်များ၏ သုံးပုံတစ်ပုံထက်ပို၍ လက်လွှတ်နေရပြီဖြစ်ကြောင်း မင်းအောင်လှိုင်က ဝန်ခံခဲ့သည်။[၂၇][၂၈][၂၉]

၂၀၂၂ ခုနှစ် စက်တင်ဘာလအရ လူပေါင်း ၁.၃ သန်းသည် စစ်ဘေးရှောင်နေရပြီး ကလေးသူငယ် ၁၃,၀၀၀ ကျော် သေဆုံးခဲ့သည်။ ၂၀၂၃ မတ်လအထိ မြန်မာနိုင်ငံရှိ လူပေါင်း ၁၇.၆ သန်းသည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်လျက်ရှိကာ ၁.၆ သန်းမှာ စစ်ဘေးရှောင်လျက်ရှိပြီး အရပ်သားနေအိမ် ၅၅,၀၀၀ ဖျက်ဆီးခံထားရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ လူပေါင်း ၄၀,၀၀၀ ကျော်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံလျက်ရှိသည်ဟု UNOCHA က ဆိုသည်။[၃၀]

နောက်ခံ[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းတွင် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို စစ်တပ် မှ ဖြုတ်ချပြီး စစ်အာဏာရှင်အစိုးရကို ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကို COVID-19 ကန့်သတ်ချက် ဖောက်ဖျက်မှုကြောင့်ဟုစွပ်စွဲကာ ဖမ်းဆီးခံခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေါ်ကီတော်ကီပိုင်ဆိုင်မှုဖြင့် စွပ်စွဲဖမ်းဆီးခဲ့သည်။ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေမှ အပ အခြားသော ဝန်ကြီးများနှင့် အစိုးရအကြီးအကဲများကိုလည်း ဖမ်းဆီးခဲ့သည်။ ထို့နောက်တွင် ဦးမြင့်ဆွေက မည်သူကမှ အတည်ပြုခန့်အပ်ခြင်းမရှိပဲ ယင်းက ယာယီသမ္မတဖြစ်ကြောင်းနှင့် နိုင်ငံတော်အရေးပေါ် အခြေအနေဟု ကြေညာကာ နိုင်ငံ့အာဏာ ၃ ရပ် အား ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို လွှဲအပ်ကြောင်း စစ်တပ်ပိုင် မြဝတီမှ ကြေညာခဲ့သည်။[၃၁]သို့သော်ငြားလည်း စစ်တပ်၏ အစိုးရအဖွဲ့ကို မည်သည့်နိုင်ငံကမှ အသိအမှတ် ပြုထားခြင်းမရှိပေ။[၃၂]

အာဏာသိမ်းမှု၏ နောက်ကွယ်မှ ရည်ရွယ်ချက် အတိအကျကို ရှင်းလင်းစွာ မသိရသေးပေ။ စစ်တပ်မှ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် မဲပေါင်း ၈.၆သန်းကျော် ကွာဟကာ မဲမသမာမှုရှိသည် ဟု စွပ်စွဲပြောဆိုခဲ့သော်လည်း သက်သေအထောက်အထားပြနိုင်ခြင်း မရှိပေ။ အများစုကမူ လွန်ခဲ့သည် ၁၀ နှစ်တွင် ပြီးဆုံးခဲ့သော စစ်တပ်စစ်အာဏာရှင်စနစ်ကို ပြန်လည်ကျင့်သုံးလိုသောကြောင့်ဖြစ်သည် ဟု ခန့်မှန်းကြသည်။ [၃၃]

အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရဲနှင့်စစ်တပ်အင်အားအလွန်အကျွံဖြင့် သွေးထွက်သံယို ဖိနှိပ်မှုများကြောင့် စစ်ကောင်စီ နှင့် စစ်အစိုးရအဖွဲ့ကို တွန်းလှန်ရန် လက်နက်ကိုင် အဖွဲ့များ ထူထောင်ခဲ့သည်။ အာဏာသိမ်းမှုပြီးနောက် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် အများစုဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုဖွဲ့စည်းခဲ့သည်။ ၎င်း၏ ကွပ်ကဲမှုအောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အမည်ဖြင့် ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စစ်အစိုးရကို ခုခံဆန့်ကျင်သော "ခုခံစစ်" ကို တရားဝင်ကြေညာခဲ့သည်။[၃၄]

ရှိနှင့်ပြီးသော ပဋိပက္ခ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာ့ပြည်တွင်းပဋိပက္ခများ

၁၉၄၈ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင်း တော်လှန်ပုန်ကန်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ ဗဟိုအစိုးရကို ဆန့်ကျင်နေသူများတွင် ကွန်မြူနစ်သူပုန်များနှင့် ကရင်အမျိုးသားအစည်းအရုံးတို့သည် အဓိက အတိုက်အခံများ ဖြစ်သည်။[၃၅][၃၆] ၂၀ ရာစုနှစ်တစ်ခုလုံးတွင် ထင်ရှားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် လွှမ်းမိုးနေဆဲ ဖြစ်သည်။ ဦးနေဝင်း၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းနှင့် အရှိန်မြင့်လာသော နိုင်ငံရေးအခြေအနေများကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်ကဲ့သို့သော အဖွဲ့အစည်းများ ပေါက်ပွားလာခဲ့သည်။[၃၇] ရှစ်လေးလုံးအရေးအခင်းပြီးနောက် ဆန္ဒပြသူများမှ ဗမာလက်နက်ကိုင်စစ်အဖွဲ့များပေါ်ပေါက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာ ဒေသများသို့ ရောက်ရှိသွားခဲ့သည်။

ရှစ်လေးလုံး လူထုအုံကြွမှုအပြီးတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နောက်ပိုင်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ) သည် စစ်အာဏာရှင်စနစ်ကို စတင်ခဲ့သည်။ ၁၉၉၀ ဆယ်စုနှစ်တလျောက် တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ စခန်းများ၊ အခြေစိုက်စခန်းများကို ဖျက်ဆီးကာ ယင်းတို့ကို အင်အားချိနဲ့စေခဲ့သည်။[၃၈] ၂၀၁၁-၂၀၁၅ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကာလတွင် စစ်အစိုးရသည် ကိုးကန့်နှင့် ကရင်ပြည်နယ်ကဲ့သို့သော နေရာဒေသများကို ပြန်လည်စိုးမိုးနိုင်ခဲ့သည်။[၃၉][၄၀]

နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီဖြစ်ထွန်းရေးတို့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ဖြစ်ပေါ်စေခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ဗဟိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့သည်။[၄၁] သို့သော်လည်း ၂၀၁၈ တွင် တပ်မတော်စစ်သားများက လမ်းဖောက်လုပ်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်တို့၏ နယ်မြေများသို့ ဝင်ရောက်သည်မှ အစပြု၍ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ ပျက်ပြယ်ရန် လမ်းစဖြစ်စေခဲ့သည်။[၄၂] လက်မှတ်မရေးထိုးထားသော အဖွဲ့များသည် ပဋိပက္ခများကို ဆက်လက်ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံတကာက အာရုံစိုက်မိစေခဲ့သည်မှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်ဖြစ်ပြီး ၂၀၁၆ တွင်ဖြစ်ပွားသော ပဋိပက္ခမှသည် ၂၀၁၇ တွင် ဗဟိုအစိုးရ၏ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။[၄၃] ၂၀၁၆ နှောင်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ရက္ခိုင့်တပ်တော်အပါအဝင် NCA မရေးထိုးထားသည့် အဖွဲ့များက မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ဗဟိုအစိုးရနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် ထိတွေ့မှုများ ဖြစ်ပေါ်ခဲ့သည်။[၄၄] ၂၀၂၀ တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကာ တပ်မတော်သည် ရက္ခိုင့်တပ်တော်နှင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့သည်။[၄၅]

ရှေးဦးဖြစ်စဉ်များ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံ ဆန္ဒပြမှုများ (၂၀၂၁-လက်ရှိ)

လက်နက်ကိုင် ဆန္ဒပြမှုများ[ပြင်ဆင်ရန်]

မတ်လနှောင်းပိုင်းတွင် ဆန္ဒပြသူများစွာတို့သည် မြန်မာနိုင်ငံ နယ်စပ်ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ခိုလှုံ၍ သင်တန်းတက်ရောက်ခဲ့ခြင်းမှစကာ[၄၆] တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းစစ်အခြေအနေကို မြင့်တက်စေခဲ့သည်။[၄၇] ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကလည်း စစ်အာဏာရှင်အား တိုက်ထုတ်ရန် "ဖက်ဒရယ်လက်နက်ကိုင်တပ်မတော်" ဖွဲ့စည်းရေးကို အဆိုပြုခဲ့သည်။[၄၈] မတ်လမှာပင် "အရပ်သားများအား သတ်ဖြတ်နေခြင်း"ကြောင့် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးအား ပြီးဆုံးစေနိုင်သည်ဟု ရက္ခိုင့်တပ်တော်က ခြိမ်းခြောက်ခဲ့သည်။[၄၉]

မတ်လနှောင်းပိုင်းမှာပင် တပ်မတော်၏ တိုက်ခိုက်မှုများအား ခုခံနိုင်ရန်အတွက် ဆန္ဒပြသူများသည် လက်လုပ်သေနတ်များကို သုံးစွဲမှုများ မြင့်တက်လာခဲ့သည်။ တဆက်တည်းမှာပင် အစိုးရအုပ်ချုပ်ရေးအဆောက်အဦများနှင့် ရဲစခန်းများအား လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ခိုက်ခြင်းများ မကြာခဏ ဖြစ်ပွားလာခဲ့သည်။[၅၀]

တကျော့ပြန် တိုင်းရင်းသား ပဋိပက္ခများ[ပြင်ဆင်ရန်]

ယခင်က ငြိမ်းချမ်းပြီးသော မြို့ပြနေရာများတွင် စစ်ကောင်စီတပ်များ လိုအပ်ချက်ရှိလာခြင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် အင်အားဖြစ်စေခဲ့သည်။ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)သည် ဖေဖော်ဝါရီလမှ စတင်ကာ စစ်ကောင်စီနှင့် ထိတွေ့တိုက်ခိုက်မှုများ ရှိနေခဲ့ပြီးဖြစ်ကာ မတ်လ ၂၅ ရက်နေ့တွင် လိုင်ဇာမြို့အနီးရှိ အလောဘွမ်ရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။[၅၁] နောက်တစ်ရက်မှာပင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်အေ)က စစ်ကောင်စီတပ်စခန်းတစ်ခုအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဆယ်ဦးသေဆုံးကာ ဖမ်းဆီးရမိသူများလည်း ရှိခဲ့ပြီး ဆန္ဒပြမှုစတင်ချိန်မှစ၍ ပထမဆုံးတိုက်ခိုက်မှု ဖြစ်သည်။[၅၂] နောက်ရက်တွင် ပထမဆုံး လက်နက်ကိုင်ဆောင်ထားသော စစ်ကောင်စီဆန့်ကျင် ဆန္ဒပြသူများနှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ခဲ့ကာ ၂၀၂၁ ကလေး ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။ ဆန္ဒပြသပိတ်စခန်းကို ဝင်ရောက်စီးနင်းသော စစ်ကောင်စီတပ်သားများနှင့် လုံခြုံရေးအဖွဲ့များအား ဆန္ဒပြသူများက လက်လုပ်လက်နက်များဖြင့် ခုခံခဲ့ကြသည်။[၅၃]

မတ်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သော်လည်း တပ်မတော် (ကြည်း)၏ ထိုးစစ်ဆင်နေမှုများကြောင့် ကေအိုင်အေအနေဖြင့် ဆက်လက်ခုခံနေခဲ့ရသည်။[၅၁] ဧပြီလတလျောက် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ဧပြီ ၈ ရက်နေ့တွင် ဆန္ဒပြသူများက အမဲလိုက်ရိုင်ဖယ်များနှင့် မီးလောင်ဗုံးများဖြင့် စစ်ကောင်စီတပ်သားများအား ပြန်လည်ခုခံခဲ့ရာမှ ဆန္ဒပြသူ ၁၁ ဦး သေဆုံးခဲ့သည်။ ထိုနေ့မှာပင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ခဲ့သော စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲများနှင့် ဆက်စပ်၍ သေဆုံးသူဦးရေမှာ တနိုင်ငံလုံးတွင် ၆၀၀ ကျော်ရှိသွားခဲ့သည်။[၅၄]

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် ကရင် အမျိုးသား အစည်းအရုံးအပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသော အဖွဲ့ခုနစ်ဖွဲ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။[၅၅] ရက္ခိုင့်တပ်တော်၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့ပါဝင်သော မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က ရှမ်းပြည်နယ် နောင်မွန်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။[၅၆] ထိုဖြစ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုများနှင့် မြေပြင်တပ်ဖွဲ့များအသုံးပြုကာ အလော့ဘွမ်စခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။[၅၇]

ပဋိပက္ခအသစ်များ[ပြင်ဆင်ရန်]

ဧပြီ ၂၆ တွင် ဖြစ်ပွားသော မင်းတပ်တိုက်ပွဲမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး ပြင်းထန်သည့် ထိတွေ့တိုက်ပွဲတစ်ခု ဖြစ်သည်။ ချင်းဒေသကာကွယ်ရေးတပ်မတော် (CDF) သည် ချင်းပြည်နယ်မင်းတပ်မြို့နယ်တွင် လက်နက်ကိုင်ခုခံမှုကို စတင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် စစ်ကောင်စီက ရိက္ခာနှင့် ရေ ဖြတ်တောက်ခဲ့ကာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။[၅၈] မြို့ပြင်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအနီးတွင် ဆန္ဒပြသူများက ဖမ်းဆီးခံထားရသော ဆန္ဒပြသူ ခြောက်ဦးအားလွှတ်ပေးရန် တောင်းဆိုနေကြစဉ် လက်နက်ကိုင်စစ်သားတစ်ဦးက စတင်ပစ်ခတ်ခဲ့ရာမှ တိုက်ခိုက်မှုများ စတင်ခဲ့သည်။[၅၉] အကူအညီပေးရေးဝန်ထမ်းတစ်ဦး၏ အဆိုအရ ဒေသခံ ၁၀,၀၀၀ ကျော်သည် ထိတွေ့တိုက်ပွဲများကြောင့် မင်းတပ်မှ ထွက်ပြေးနေရသည်ဟု ဆိုသည်။[၆၀] တိုက်ပွဲသည် လေးရက်ခန့်ကြာခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ သေဆုံးကာ CDF ဖက်မှ အကျအဆုံးမရှိခဲ့သော်လည်း မင်းတပ်မြို့သည် လူသူကင်းမဲ့ကာ ခြောက်ကပ်သွားခဲ့သည်။[၆၁]

ခုခံမှု စတင်ခြင်း[ပြင်ဆင်ရန်]

ဧပြီ ၁၆ ရက်နေ့တွင် ဒီမိုကရေစီအရေးလှုပ်ရှားသူ နိုင်ငံရေးသမား မင်းကိုနိုင်က ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ မူလရာထူးများအတိုင်းပါဝင်ပြီး ကချင်နှင့် ကရင်တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်များ ပါဝင်သောအမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းခြင်းကို ကြေညာခဲ့သည်။ ထိုကြေညာချက်မှာပင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထောက်ခံမှုပေးရန်လည်း တောင်းဆိုထားသည်။[၆၂][၆၃]

အမျိုးသားညီညွတ်ရေး အစိုးရက လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းခြင်းကို မေလ ၅ ရက်နေ့တွင် ကြေညာခဲ့ကာ ယင်းရက်အား မြန်မာ့ပြည်တွင်းစစ် ၂၀၂၁ စတင်ရာ ရက်အဖြစ် ရည်ညွှန်းကြသည်။ စစ်အာဏာရှင်၏ တိုက်ခိုက်မှုမှ အကာအကွယ်ပေးရန်နှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးအတွက် ပထမအဆင့်အနေဖြင့် ဖြစ်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force, အတိုကောက် PDF) ဟု ခေါ်ဝေါ်ခဲ့သည်။[၆၄] မေလ ၂၃ ရက်နေ့တွင် မူဆယ်မြို့၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်မတော်တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ကာ မြန်မာလုံခြုံရေးအဖွဲ့ဝင် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့သည်။[၆၅][၆၆] ဇွန်လအစောပိုင်းတွင် မြဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ်တို့ကို ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဒါဇင်ခန့် သေဆုံးခဲ့သည်။[၆၇]

ကယားပြည်နယ်ရှိ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က လွိုင်ကော်မြို့အနီးရှိ တပ်မတော် စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးခဲ့သည်။[၆၈] မေလအကုန်တွင် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့များရှိ PDF နှင့် KPDF များကို တိုက်ခိုက်ရာတွင် တပ်မတော်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုခဲ့သည်။[၆၉] မေလ ၃၀ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေက စစ်အာဏာရှင်ဆန့်ကျင်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်းကာ ကသာမြို့နယ်ရှိ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးခဲ့သည်။ ပူတာအို၊ ဖားကန့်နှင့် မိုးမောက်မြို့နယ်များတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။[၇၀]

ဇွန်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်များက မန္တလေးမြို့ရှိ PDF များခိုလှုံရာနေအိမ်အား ဝင်ရောက်စီးနင်းခဲ့ပြီး တော်လှန်ရေးသမား အများအပြားကို ဖမ်းဆီးခဲ့သည်။[၇၁] ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်များနှင့် ထိပ်တိုက်တွေ့ခဲ့သော လူ ၂၅ ဦးအား စစ်ကောင်စီတပ်များက သတ်ဖြတ်ခဲ့သည်။[၇၂] ဂန့်ဂေါမြို့နယ်အတွင်းတွင် တော်လှန်ရေးသမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။[၇၃] ဤတိုက်ခိုက်မှုများသည် ယခင်က လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း မရှိသလောက်ဖြစ်ခဲ့သော မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကြေညာခြင်း[ပြင်ဆင်ရန်]

စက်တင်ဘာလ ၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတော်၏ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထု၏ တော်လှန်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။[၇၄][၇၅]

နိုင်ငံအဝှမ်း စစ်ကောင်စီတပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF တို့အကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့သည်။[၇၆] စက်တင်ဘာလ ၁၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မြင်သာရွာရှိ ဒေသခံကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လူအနည်းဆုံး ၁၇ ဦး သေဆုံးခဲ့သည်။[၇၇] စက်တင်ဘာလ ၁၄ ရက်နေ့တွင် လွန်ခဲ့သော သုံးလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား ၁၇၀၀ ကျော် သေဆုံးပြီး ၆၃၀ ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ပြောကြားခဲ့သည်။[၇၈] စက်တင်ဘာလမှ အောက်တိုဘာလအကြား ချင်းပြည်နယ်စစ်ကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။[၇၉][၈၀]

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ ခုခံတော်လှန်ရေးသမားများကြောင့် စစ်ကောင်စီအမာခံသတင်းပေး အနည်းဆုံး ၄၀၆ ဦး သေဆုံးခဲ့ပြီး ၂၈၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီနိုင်ငံပိုင် မီဒီယာက အောက်တိုဘာလ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။[၈၁] ထိုနေ့မှာပင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်သည် အာဏာ ဖီဆန်ရေး လှုပ်ရှားမှုပြုလုပ်ရန် တော်လှန်ရေးအဖွဲ့များနှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။[၈၂]

လူသားချင်းစာနာမှု ပဋိပက္ခများ[ပြင်ဆင်ရန်]

စက်တင်ဘာလနှောင်းပိုင်းတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့မှ မြို့ခံလူဦးရေ ၈,၀၀၀ ခန့်သည် စစ်ကောင်စီတပ်များ၏ နေအိမ်မီးရှို့မှုများကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။[၈၃]

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရှမ်းပြည်နယ်အတွင်း အငိုက်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၂၀ ခန့် သေဆုံးခဲ့သည်။ ထိတွေ့တိုက်ခိုက်မှုအတွင်း တော်လှန်ရေးသမား အနည်းဆုံး ၄ ဦးနှင့် အသက် ၇၀ အရွယ် အရပ်သားတစ်ဦးတို့လဲ သေဆုံးခဲ့သည်။[၈၄]

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ကလေး PDF အခြေစိုက်စခန်းအား စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့ရာ ကလေး PDF တပ်ရင်း ၃ မှ တော်လှန်ရေးသမား နှစ်ဦး သေဆုံးခဲ့ပြီး ဆေးတပ်သား ၉ ဦး ဖမ်းဆီးခံခဲ့ရသည်။[၈၅]

၂၀၂၁–၂၀၂၂ နွေရာသီ စစ်ရေးအခြေအနေများ[ပြင်ဆင်ရန်]

ရှမ်းနှင့် ကယားပြည်နယ်[ပြင်ဆင်ရန်]

အခြားကြည့်ရန်။ မိုဆို လူသတ်ပွဲ

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အတွင်းရှိ မိုးဗြဲ PDF စခန်းတစ်ခုကို ခမရ ၄၄၂မှ တပ်သားများက ဝင်ရောက်စီးနင်းခဲ့ရာ လူအင်အားမမျှသဖြင့် PDF တပ်သားများ စခန်းကို စွန့်ခွာထွက်ပြေးခဲ့ရသည်။[၈၆] နိုဝင်ဘာလ နှောင်းပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပလ္လင်ကျေးရွာအနီးရှိ မုံရွာ PDF တပ်ခွဲ ၂၀၅ ၏ စခန်းတစ်ခုအား စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းကာ ဖျက်ဆီးခဲ့သည်။ စီးနင်းမှုအတွင်း PDF များ၏ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရာ အလုပ်ရုံတစ်ခုလည်း ပျက်စီးခဲ့သည်။[၈၇] နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ရွာအနီးရှိ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ ရှေ့ပြေးတပ်သား လေးဦးအား စစ်ကောင်စီတပ်များက သတ်ဖြတ်ခဲ့သည်။[၈၈] ဒီဇင်ဘာလလယ်တွင် ဖရူဆိုမြို့နယ်တွင် KNDF နှင့် ကရင်နီ တပ်မတော် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား လေးရက်ကြာဖြစ်ပွားသော တိုက်ပွဲအတွင်း ခမရ ၄၂၈ မှ စစ်ကောင်စီတပ်သား အနည်းဆုံး လေးဦး သေဆုံးခဲ့သည်။[၈၉]

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်သား ၂၀၀ ခန့်က ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်။ တက်ကြွလှုပ်ရှားသူများနှင့် PDF အဖွဲ့ဝင်များကို ရှာဖွေခဲ့ကြပြီး မြောင်းမြမြို့နယ် လွှတ်တော်အမတ် ဝေလင်းအောင် အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဆက်စပ်သော လူအများအပြားကို ဖမ်းဆီးသွားခဲ့သည်။[၉၀] ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် လွိုင်ကော်မြို့နယ် ကွန်နားရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။[၉၁]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Pyu Saw Htee militia
  2. "Murders in Yangon and Mandalay linked to Thwe Thout"၊ Myanmar Now၊ 23 May 2022။ 
  3. Mathieson၊ David Scott။ "Myanmar raising bloodthirsty death squads"၊ Asia Times၊ 10 June 2022။ 
  4. Paul Lu: ZRO/ZRA Has Abducted And Killed Our CJDC Members (in en)။ 28 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-06-28 တွင် ပြန်စစ်ပြီး။
  5. NLD 'Turncoat' Criticized After Being Named to Myanmar Military Regime's Cabinet (5 February 2021)။
  6. "In the shadow of Ukraine, Myanmar's crisis gets worse"၊ 3 February 2023။ 
  7. "An Assessment of Myanmar's Parallel Civilian Govt After Almost 2 Years of Revolution"၊ The Irrawaddy၊ 24 November 2022။ 
  8. ၈.၀ ၈.၁ Myanmar's military numbers
  9. Myanmar’s Military Is Smaller Than Commonly Thought — and Shrinking Fast
  10. "ACLED Dashboard"၊ ACLED၊ 22 April 2022။ 
  11. AAPP | Assistance Association for Political Prisoners
  12. ၁၂.၀ ၁၂.၁ Myanmar's Total Displaced Population Tops 1 Million, Says UN
  13. Conflict seen escalating in Myanmar on the anniversary of PDF
  14. Daily Briefing in Relation to the Military Coup (28 March 2022)။
  15. ပြည်သူ့ခုခံ တော်လှန်စစ်သတင်းများ (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ 4 February 2022 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 2022-02-03 တွင် ပြန်စစ်ပြီး
  16. "Myanmar Violence Escalates With Rise of 'Self-defense' Groups, Report Says"၊ June 27, 2021။ 14 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 8 January 2022။ 
  17. "Myanmar anti-coup insurgents destroy police post, kill security forces -media"၊ May 23, 2021။ 14 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 5 January 2022။ 
  18. "The deadly battles that tipped Myanmar into civil war"၊ 2022-02-01။ 14 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 10 February 2022။ 
  19. 10 Conflicts to Worry About in 2022: Myanmar။ 8 March 2022 တွင် ပြန်စစ်ပြီး။
  20. UCDP Candidates data set January to December 2021: Version 21.01.21.12 (31 January 2022)။
  21. "Myanmar's shadow government launches 'people's defensive war' against the military junta"၊ CNN 
  22. "The deadly battles that tipped Myanmar into civil war"၊ The BBC၊ 1 February 2022။ 
  23. "The World Must Respond to Myanmar's Civil War Rather Than Its Coup"၊ The Diplomat၊ 14 September 2022။ 
  24. "Myanmar's junta can't win the civil war it started"၊ 21 July 2022။ 
  25. "Who is winning Myanmar's civil war?"၊ Deutsche Welle၊ 1 July 2022။ 
  26. "Is Myanmar's military starting to lose the war?"၊ Asia Times၊ 30 May 2022။ 
  27. "Myanmar junta extends state of emergency, effectively delaying polls"၊ Agence France-PresseYangon: France24၊ 4 February 2023။ 
  28. "Myanmar junta 'losing control' as armed resistance digs in, rights experts say"၊ South China Morning Post၊ 5 September 2022။ 
  29. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Nikkei Asia
  30. Mike (15 September 2022)။ Mass Exodus: Successive Military Regimes in Myanmar Drive Out Millions of People (in en-US)။ 2022-09-22 တွင် ပြန်စစ်ပြီး။
  31. Myanmar military announces new State Administrative Council (2 February 2021)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2022 တွင် ပြန်စစ်ပြီး။
  32. မော်ကွန်းတင်ပြီးမိတ္တူ။ 15 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 February 2022 တွင် ပြန်စစ်ပြီး။
  33. Min Aung Hlaing: the heir to Myanmar's military junta (in en) (1 February 2021)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2022 တွင် ပြန်စစ်ပြီး။
  34. "Myanmar shadow government calls for uprising against military"၊ aljazeera.com၊ 7 Sep 2021။ 14 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 8 September 2021။ 
  35. Hensengerth, Oliver (2005). "The Burmese Communist Party and the State-to-State Relations between China and Burma". Leeds East Asia Papers 67.  Archived 28 May 2008 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 28 May 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 May 2023 တွင် ပြန်စစ်ပြီး။
  36. Callahan၊ Mary Patricia (2003)။ Making Enemies: War and State Building in Burma (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Ithaca, NY: Cornell University Press။ ISBN 978-0-8014-7267-1
  37. Pavković, 2011: 476
  38. Flint၊ Colin; Kirsch၊ Scott (2011)။ Reconstructing Conflict: Integrating War and Post-war Geographies (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Farnham: Ashgate Publishing။ ISBN 978-1-4094-0470-5
  39. Myanmar says Kokang rebels killed 47 of its soldiers။ CNN (13 February 2015)။
  40. Ray Pagnucco and Jennifer Peters။ "Myanmar's National Ceasefire Agreement isn't all that national"၊ 15 October 2015။ 
  41. "Myanmar Signs Historic Cease-Fire Deal With Eight Ethnic Armies" (in en)၊ Radio Free Asia 
  42. "Conflict Resumes in Karen State After Myanmar Army Returns" (in en)၊ Voice of America၊ 31 May 2018။ 
  43. "Myanmar tensions: Dozens dead in Rakhine militant attack"၊ BBC News၊ 25 August 2017။ 
  44. "8 killed as ethnic rebels hit Muse- DVB Multimedia Group"၊ DVB Multimedia Group၊ 22 November 2016။ 31 May 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 4 May 2018။ 
  45. You must specify title = and url = when using {{cite web}}. (in my)။ 16 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 August 2020 တွင် ပြန်စစ်ပြီး။
  46. 'The last fight': With growing support for federal army, Kachin prepares for war (3 April 2021)။ 3 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2021 တွင် ပြန်စစ်ပြီး။
  47. "UN envoy urges action to prevent Myanmar 'civil war'"၊ The Straits Times via Eleven Myanmar၊ 1 April 2021။ 
  48. "As slaughter of civilians continues, some decide it's time to take up arms" (in en)၊ Myanmar Now၊ 30 March 2021။ 
  49. Brotherhood Alliance tells military to stop killings, threatens to abandon ceasefire။ 30 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2021 တွင် ပြန်စစ်ပြီး။
  50. The Junta Is Dragging Myanmar Into Full-Blown Civil War (in en-US) (2 April 2021)။ 10 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 April 2021 တွင် ပြန်စစ်ပြီး။
  51. ၅၁.၀ ၅၁.၁ KIA says more clashes likely despite junta's ceasefire announcement။ 2 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2021 တွင် ပြန်စစ်ပြီး။
  52. "10 soldiers killed in Myanmar base attack: Rebel group"၊ 27 March 2021။ 
  53. Myanmar Villagers Take Up Homemade Weapons Against Regime's Security Forces (in en-US) (2 April 2021)။ 10 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 April 2021 တွင် ပြန်စစ်ပြီး။
  54. "Eleven killed as Myanmar protesters fight troops with hunting rifles, firebombs – media"၊ Reuters၊ 8 April 2021။ 
  55. "MYANMAR'S MEDIATION BLUES: Negotiation or zero-sum game?"၊ BNI၊ 3 June 2021။ 
  56. "Ten Myanmar policemen killed in attack by ethnic armies opposed to junta-report"၊ Reuters၊ 10 April 2021။ 
  57. Junta's armed forces launch attack to reclaim base seized by KIA။ 3 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 June 2021 တွင် ပြန်စစ်ပြီး။
  58. {{cite ]]news|url=https://www.bbc.com/news/world-asia-57197081%7Ctitle=Myanmar: The small embattled town that stood up to the army|access-date=3 June 2021|archive-date=2 June 2021|archive-url=https://web.archive.org/web/20210602213654/https://www.bbc.com/news/world-asia-57197081%7Curl-status=live}}
  59. At least 30 regime soldiers killed by Mindat locals in four-day battle
  60. Junta cuts off water and food supplies to rebel town of Mindat (3 June 2021)။
  61. Who are the Chinland Defense Force (CDF), Chin Myanmar။ 12 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 March 2022 တွင် ပြန်စစ်ပြီး။
  62. "Aung San Suu Kyi supporters unveil Myanmar 'national unity government'"၊ Financial Times၊ 16 April 2021။ 
  63. "Opponents of Myanmar's junta set up national unity government"၊ France24၊ 16 April 2021။ 
  64. "Can Myanmar's New 'People's Defense Force' Succeed?"၊ 26 April 2021။ 
  65. "Myanmar rebels claim police killings as Aung San Suu Kyi appears in court" (in en)၊ The Guardian၊ 24 May 2021။ 
  66. "Myanmar: 13 security forces members killed in clash with anti-coup bloc's defence force"၊ ANI News၊ 24 May 2021။ 
  67. "Karen Rebel Leader Warns Myanmar Regime of More Fighting"၊ 3 June 2021။ 
  68. "Karenni resistance fighters open new front against junta" (in en)၊ Myanmar Now၊ 26 May 2021။ 
  69. "Myanmar carries out air strikes after militia attacks – witnesses"၊ Reuters၊ 31 May 2021။ 
  70. Myanmar Junta Forces and KIA in Fresh Fighting in Northern Myanmar (31 May 2021)။ 2 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 June 2021 တွင် ပြန်စစ်ပြီး။
  71. "Myanmar Junta Troops Battle Civilian Resistance Fighters in Mandalay"၊ 22 June 2021။ 
  72. Myanmar military kills at least 25 people in raid on central town။ 5 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 July 2021 တွင် ပြန်စစ်ပြီး။
  73. 50 Myanmar Junta Soldiers Killed in Landmine Attacks https://www.irrawaddy.com/news/burma/50-myanmar-junta-soldiers-killed-in-landmine-attacks.html Archived 14 February 2022 at the Wayback Machine.
  74. "[https://www.bbc.com/burmese/live/burma-58396049/page/16 တော်လှန်ရေး စတင်ကြောင်း NUG ကြေညာ – ဘီဘီစီ မြန်မာ]" (in my-MM)၊ BBC News မြန်မာ 
  75. Ratcliffe၊ Rebecca။ "Myanmar opposition announces 'defensive war' against junta"၊ The Guardian၊ 7 September 2021။ 
  76. Post-coup Myanmar in six warscapes။ 28 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2022 တွင် ပြန်စစ်ပြီး။
  77. "Deadly unrest reported in Myanmar after opposition urges 'defensive war'"၊ reuters 
  78. Over 1700 Junta Soldiers Killed in Past Three Months, Civilian Government SaysThe Irrawaddy (14 September 2021)။ 13 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2021 တွင် ပြန်စစ်ပြီး။
  79. Over 30 Junta Soldiers Killed In Fierce Weekend Fighting။ The Irrawaddy (27 September 2021)။ 14 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 October 2021 တွင် ပြန်စစ်ပြီး။
  80. Over 40 Myanmar Soldiers Killed in Ambush။ The Irrawaddy (6 October 2021)။ 6 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 October 2021 တွင် ပြန်စစ်ပြီး။
  81. Hundreds Of Myanmar Junta Informants Killed Or Wounded။ The Irrawaddy (7 October 2021)။ 7 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 October 2021 တွင် ပြန်စစ်ပြီး။
  82. Myanmar Military Detains North-Western Commander For Planning to Defect: Ethnic Insurgent Sources။ The Irrawaddy (7 October 2021)။ 7 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 October 2021 တွင် ပြန်စစ်ပြီး။
  83. Myanmar: Whole town flees amid fierce fighting (in en-GB) (22 September 2021)။ 22 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  84. Myanmar Junta Troops Ambushed in Shan State။ The Irrawaddy (28 September 2021)။ 14 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 October 2021 တွင် ပြန်စစ်ပြီး။
  85. "Soldiers capture PDF medics during a raid on resistance base camp in Kalay"၊ Myanmar NOW 
  86. Esther J.။ "Dozens of junta troops ambush Moebye PDF outpost"၊ Myanmar Now၊ 18 November 2021။ 
  87. "Military raid destroys resistance base in Monywa, PDF says"၊ Myanmar NOW 
  88. "Military kills four KNDF members in Demoso"၊ Myanmar NOW 
  89. Swe၊ Nyein။ "Clashes in Kayah State kill at least four regime soldiers: KNDF"၊ Myanmar Now၊ 15 December 2021။ 
  90. "Military arrests NLD lawmaker in KNU territory"၊ Myanmar Now၊ 14 December 2021။ 
  91. Esther J။ "More houses torched as junta troops leave Loikaw village"၊ Myanmar Now၊ 20 December 2021။