အုန်းနို့ခေါက်ဆွဲ

ဝီကီပီးဒီးယား မှ
အုန်းနို့ခေါက်ဆွဲ
အဓိကသုံးဆောင်မှုနံနက်စာ၊ အစာပြေ
မူရင်းနိုင်ငံမြန်မာ
ဖန်တီးသူမသိ
သုံးဆောင် အပူချိန်အပူ
အဓိက ပါဝင်ပစ္စည်းဂျုံခေါက်ဆွဲ၊ ကြက်သား၊ အုန်းနို့ဟင်းရည်
Cookbook: အုန်းနို့ခေါက်ဆွဲ  Media: အုန်းနို့ခေါက်ဆွဲ

အုန်းနို့ခေါက်ဆွဲ ဆိုသည်မှာ ဂျုံခေါက်ဆွဲဖတ်ကိုပြုတ်ပြီးနောက် အုန်းနို့၊ ကုလားပဲ၊ ကြက်သားတို့ဖြင့် ပြုလုပ်ထားသောဟင်းရည်ဖြင့် ဆမ်း၍စားရသော စားစရာကိုဆိုလိုသည်။ အလွန်အရသာရှိသော စားဖွယ်တစ်မျိုးဖြစ်သည်။ ကြက်သွန်နီပါးပါးလှီး၊ ကြက်ဥပြုတ်ပါးပါးလှီး၊ အချဉ်လိုပါက သံပရာသီးစိတ်တို့ဖြင့် စားသောက်ကြသည်။ မြန်မာနိုင်ငံအပါအဝင် အာရှတိုက်တောင်ပိုင်းနိုင်ငံများတွင် စားသောက်လေ့ရှိကြသည်။ အုန်းနို့၊ ကြက်သားတို့ပါဝင်သဖြင့် စားလျှင်သွေးတက်တတ်ပြီး သွေးတိုးရှိသူများစားသုံးရန်မသင့်ပေ။