အလောင်းတော် ကဿပ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အလောင်းတော်ကဿပမထေရ်

အလောင်းတော် ကဿပသည် မုံရွာခရိုင်ယင်းမာပင်မြို့နယ်မှ ပုံတောင်၊ ပုံညာနှင့် မဟူရာတောင် သုံးလုံးဆုံရာရှိ ပိတ်နေသော အုတ်ဂူတွင် ကဿပ၏ ရုပ်ကလပ် အလောင်းတော်ရှိသည်ဟု အများယုံကြည်ကြသော နာမည်ကျော် ဘုရားဖူး ခရီးသွားရာအရပ်ဖြစ်သည်။ အမှန်တကယ် မည်သည့် အလောင်းတော်ဖြစ်သည်နှင့် တည်နေရာ ရှင်းလင်းချက်တွင်မူ မူကွဲများရှိသည်။

နေရာဒေသ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ ထင်ရှားသော စေတီ၊ ပုထိုး၊ ဘုရားများစွာရှိသည့် ဌာနများအနက် မုံရွာခရိုင်ရှိ အလောင်းတော် ကဿပသည် တစ်ဌာနဖြစ်သည်။ အလောင်းတော်ကဿပသည် မုံရွာမြို့ အနောက်မြောက်ဘက် မိုင် ၆၀ ခန့်အကွာ တောင်ကြီးတို့၏ အကြား၌တည်ရှိသည်။ တည်ရာအရပ်မှာ လူနေနှင့် အလွန်ဝေးလံ၍ တောတောင်အလွန်ကြီးမားသော အရပ်ဖြစ်သည်။ အလောင်းတော် ကဿပသို့ သွားရာတွင် မုံရွာမြို့မှလည်းကောင်း၊ ကနီမြို့မှလည်းကောင်း၊ တောင်ခြေစခန်းရွာသို့ ကားဖြင့်သွားနိုင်သည်။

မုံရွာမှ ချင်းတွင်းမြစ်တစ်ဘက်သို့ ကူး၍ ယင်းမာပင်မြို့သွားလမ်းအတိုင်း ကားစီးသွားသော် မိုင် ၄၀ ဝေးသော တောင်ခြေစခန်းဖြစ်သည့် သလောက်ရွာသို့ ရောက်သည်။ သလောက်ရွာမှ အလောင်းတော်ကဿပအရောက် ခြေလျင်ခရီးဖြင့် တောင်တက်တောင်ဆင်း ၁၇ မိုင် သွားရသည်။ ကနီလမ်းမှသွားလျှင်မူ တောင်ခြေစခန်းဖြစ်သော ညောင်ပင်လယ်ရွာသို့ မိုင်၂ဝ သွားရသည်။ ညောင်ပင်လယ်ရွာမှလည်း သလောက်မှ တက်သကဲ့သို့ပင် တောင်ဆင်းတောင်တက် ၁၇ မိုင်သာသာ သွားရသည်။ လူသူမနီးသော တောကြီးတောင်ကြီးလမ်းဖြစ်၍ အသွားအလာ ခက်ခဲလာသောကြောင့်ပင် ပိုမိုကျော်ကြားသည်ဟု ယူဆရပေသည်။

အလောင်းတော်သည် တောင်သုံးလုံး ဆုံရာအကြား အနိမ့်ကွက်လပ်တွင် တည်ရှိသည်။ အနောက်တောင်ဘက်တွင် မဟူရာတောင်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တို့တွင် ပုံတောင်ပုံညာတောင်၊ မြောက်ဘက် အလောင်းတော်နှင့် အကပ်ဆုံးတွင် ပုံတောင်ပုံညာတောင် အဆက် ခေါက်လောက်တောင်ရှိသည်။ (အချို့က စိတ်ကူးနှင့် မဇ္ဈိမဒေသရှိ ရာဇဂြိုဟ်ပြည်ကို ဝိုင်းနေသော ဝေပုလ္လ၊ ဝေဘာရနှင့် ဂိဇ္ဈကုဋတောင်ဟုလည်း ဆိုကြသည်။)

အလောင်းတော်[ပြင်ဆင်ရန်]

အလောင်းတော်တည်ရာ ကွက်လပ်ထိပ်အပြင်သည် အလျားပေ ၁ဝဝ၊ အနံပေ ၆ဝ ထက် ပို၍မကျယ်ချေ။ အလောင်းတော်တန်ဆောင်းသည် နှစ်ဆောင်တွဲဖြစ်၍ အရှေ့မြောက်ဘက်အဆောင်တွင် အလောင်းတော် ရှိသည်။ အနောက်တောင်ဘက် အဆောင်သည် အာရုံခံဖြစ်သည်။ တန်ဆောင်းနှစ်ဆောင်တွဲ၍ အလျားပေ ၃ဝ၊ အနံ ၄၂ ပေခန့် ရှိသည်။ အာရုံခံတန်ဆောင်းဘက်၌ ယခုအခါ ကြေးစည် ကြီးငယ်အလုံးပေါင်း ၈ဝ ဆွဲချိတ်ထား၍ တန်ဆောင်းအနီးတွင် ခေါင်းလောင်းကြီး သုံးလုံးနှင့် စေတီငယ် တစ်ဆူ ရှိသည်။ တန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်မှာ ဘုရားပုံတော်မဟုတ်၊ ရဟန္တာပုံဖြစ်၍ ရောင်တော်မပါချေ။ အုတ်ရိုး အင်္ဂတေပုံတော်ဖြစ်၍ ရွှေချထားသည်။

ပုံတော်သည် လက်ယာနံတောင်းဖြင့် လျောင်း၍ လက်ယာလက်ကို ပက်လက်ဖြန့်ကာ ခေါင်းအုံးလျက် အနောက်မြောက်သို့ ဦးခေါင်းပြုထားသည်။ လျောင်းစက်နေသည့် လျောင်းတော်မူပုံတော် မဟုတ်ဘဲ ပရိနိဗ္ဗာန်စံတော်မူသည့် ပုံတော်မျိုး ဖြစ်သည်။ အလျား ၁၅ ပေ (ဆယ်တောင်) မျှ ရှိသည်။ တန်ဆောင်းအတွင်း အလောင်းတော်၏ ခေါင်းရင်းဘက် ရှေ့နားတွင် မတ်ရပ်တော် တစ်ဆူ ရှိ၏။ အလောင်းတော်၏ အနောက်မြောက်ယွန်း အထက်စောင်းတန်း ကုန်းမြင့်ပေါ်တွင် မေတ္တာရေတွင်း ရှိသည်။ စောက် ငါးတောင်ခန့် (ရေနံတစ်တောင်ခန့်) ရှိသည်။ ရေမပြတ်ထွက်နေသဖြင့် သောက်ချိုးမကုန် ဖြစ်၏။

အခြား ကဿပအလောင်းတော် နေရာ[ပြင်ဆင်ရန်]

အချို့က ဂိဇ္ဈကုဋတောင်ဟု ခေါ်သော မဟူတောင်တွင် လုံးပတ်အတောင် ၂ဝ ခန့်ရှိသော ကျွန်းပင်မောင်နှမ ရှိသည်ဟု ဆိုကြသည်။ အလောင်းတော်တည်ရာ ကုန်းမြင့်အောက်သို့ တောင်ဘက်မှ ချောင်းမကြီးခေါ် တောင်ကြားချောင်းသည် စီးဝင်ငုပ်လျှိုးသွားပြီးလျှင် မြောက်ဘက်မှပြန်ထွက်၍ နောက်ဆုံး ချင်းတွင်းမြစ်သို့ စီးဝင်သည်။ ထိုချောင်း ကုန်းပြင်အောက်ဝင်ရာ အဝ (တောင်ဘက်ပေါက်)ကို အထက်ရေစပြင် ဟုခေါ်၍ ထွက်ရာအဝ (မြောက်ဘက်ပေါက်)ကို အောက်ရေစပြင် ဟုခေါ်သည်။ ထိုအဝနှစ်ခု အကြား ချောင်းငုပ်နေသော အကွာကား ပေ ၁၅ဝ ကျော် ၂ဝဝ နီးပါး ရှိသည်။ ဘုရားဖူးများသည် အဓိဋ္ဌာန်၍ ဆွမ်းတော်ပွဲများကို အထက်ရေစပြင်မှ မျှောချလိုက်သောအခါ ဆွမ်းတော်ပွဲသည် ငုပ်သွားသောချောင်းထဲသို့ ရေစီးအလိုက်ပါသွားလေရာ အောက်ရေစပြင်မှ ထွက်လာသောအခါ ဆွမ်းများပါမလာဘဲ ခွက်ချည်း ထွက်လာသည်ဟု ရှေးအခါက ဆိုကြသည်။

စင်စစ် ထိုချောင်းသည် တောင်ကျချောင်းဖြစ်၍ ရေစီးမြန်ပြီးလျှင် အကွေ့အကောက်နှင့် တိုက်မိခိုက်မိစရာ အစွန်းများရှိသည်။ ဆွမ်းတော်ပွဲ၌ ပါသမျှ တိုက်ခိုက်မိ၍ တိမ်းစောင်းကာ ရေထဲကျကျန်ရစ်ပြီး ရေပေါ်၌ပေါ်သောခွက်သာ ပြန်ထွက်လာခြင်းဖြစ်သည် ဟု ထင်မြင်ချက်ပေးကြသည်။ သို့ရာတွင် ယခုအခါ ထိုချောင်းသည် ဆွမ်းတော်ပွဲ မျှောချလောက်အောင် ရေမများသည့်အပြင် ကျောက်လှိုဏ်ဂူအဝ၌ ကျွန်းသစ်များ ပိတ်ဆို့နေလေသည်။

ခရစ် ၁၉၂၀ ပြည့်နှစ်လောက်အထိမူ ထိုချောင်းထဲသို့ သစ်တောဘက်မှ သစ်တုံးငယ်များ မြှောချကြောင်း ဆိုကြ၏။ ၁၉၈၃ ခုနှစ်က ဘုရားဖူးရောက်သော ခရီးသည်တစ်ဦး၏မှတ်တမ်း၌ ထိုချောင်းကို ဟိုဘက်သည်ဘက် ပေါက်သွားလိုသူများအား ရွှေကြိုများက ခေါ်ဆောင် ပို့ပေးကြကြောင်း၊ ချောင်း၏ အကျဉ်းဆုံးနေရာသည် ဆယ်ပေခန့်ရှိ၍ အချို့နေရာ၌ ရေနက်သဖြင့် ကိုယ်ဖော့ သွားရကြောင်းဖြင့် ဆိုသည်။ အထက်ရေစပြင်အဝင်ဝ၏ အထက်ပေါ်တွင် ရှင်သူငယ်ပေါက်ခေါ် အပေါက်ငယ်တစ်ခုရှိသည်။ အတောင် ၂၀ ခန့် ဝင်မိလျှင် ကျောက်သားပိတ်၍ တွင်းခေါင်းဆုံးနေလေသည်။ ထိုပိတ်နေသော ကျောက်ခေါင်းထဲတွင် ကဿပအလောင်းတော်အစစ် ရှိသည်ဟု အယူရှိကြသည်။

ကဿပ ဘုရား[ပြင်ဆင်ရန်]

ကဿပ ဘုရားအလောင်းတော် ဟုဆိုရာ၌ မည်သည့်ကဿပ၏ အလောင်းဖြစ်သည်ကို အယူအဆ အမျိုးမျိုး ကွဲကြသည်။ ကဿပ ဘုရားသခင်မှစ၍ ဥရုဝေဠကဿပ၊ နဒီကဿပ၊ ဂယာကဿပ၊ ရှင်မဟာကဿပ၊ စိတ္တကထိက ကုမာရ ကဿပ၊ သာမည ကုမာရကဿပ၊ သီဟိုဠ်ကဿပ၊ ကိဉ္စိပူရကဿပ၊ ပေါင်းလောင်ရှင်ကဿပ စသည်ဖြင့် ကဿပအမည်ဖြင့် ထင်ရှားသော ပုဂ္ဂိုလ်ထူး အများအပြားရှိသည့်အနက် ရုပ်ပုံတော်သည် ရောင်တော်မပါသဖြင့် ဘုရားကဿပ လုံးဝမဖြစ်နိုင်၊ ရဟန်းသာ ဖြစ်ရာသည်ဟု ဆိုကြသည်။ ကျန်ကဿပများအနက် ကဿပအလောင်းတော်သည် ပထမသင်္ဂါယနာတင် ရှင်မဟာကဿပကြီး ဟူ၍ လည်းကောင်း၊ ပေါင်းလောင်ရှင် ကဿပ ဟူ၍လည်းကောင်း၊ ထိုရဟန္တာကြီးနှစ်ပါးကို အငြင်းပွားကြသည်။

သို့ရာတွင် ရှင်မဟာကဿပကြီးသည် ရာဇဂြိုဟ်ပြည်ကို ရံပတ်ထားသည့် တောင်ငါးလုံးအနက် တစ်တောင်ဖြစ်သော ဝေဘာရတောင် စရည်းပင်ရောက်ရာ လိုဏ်ဝတွင် ပထမသင်္ဂါယနာတင်သည်။ ထိုဝေဘာရတောင်၌ပင် ပရိနိဗ္ဗာန်ပြုသည်ဟု ကဿပ သံယုတ် အဋ္ဌကထာတွင် ဆိုသည်။ ထို့ကြောင့် ယခု အလောင်းတော်ကဿပနေရာသည် ရှင်မဟာကဿပကြီး ပရိနိဗ္ဗာန်စံရာနေရာ မဖြစ်နိုင်သည်မှာ ထင်ရှားသည်။ ရာဇဂြိုဟ်ပြည်ကြီးသည် အချင်း တစ်ယူဇနာနီးနီးကျယ်သည်ဟု ကျမ်းဂန်၌ဆိုသည်။ ယခု တောင်သုံးလုံးဝိုင်းရံနေသည့် ထိပ်ပြင်နေရာကား အိမ်ကြီးတစ်ဆောင် ဆောက်သာရုံသာရှိသဖြင့် မည်သည့်နည်းနှင့်မျှ ရှင်မဟာကဿပ ပရိနိဗ္ဗာန်စံရာ ရာဇဂြိုဟ်ပြည် မဖြစ်နိုင်ချေ။ သို့ဖြစ်ရကား သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နန်းတက်သော ပုဂံပြည့်ရှင် ရှင်နရပတိစည်သူမင်းလက်ထက်တွင် ကျော်စောသော ပေါင်းလောင်ရှင်ကဿပ၏ အလောင်းတော်နေရာဟု အများက ယူဆကြသည်။

ပေါင်းလောင်ရှင်ကဿပသည် ထီးလင်းမြို့စီရင်စု ပေါင်းလောင်ရွာ ဇာတိဖြစ်၍ ပုဂံမြို့တောင်ဘက် ခရီးတစ်တိုင်ကျော်ကွာသော တောရကျောင်း၌ သီတင်းသုံးတော်မူသည်။ ဆရာတော်သည် သီဟိုဠ် အနှံအပြား ဘုရားဖူးကြွပြီးနောက် သီဟိုဠ်မှ ဓာတ်တော် ၃၇ ဆူနှင့် မေးရိုးတော်တစ်ဆူ ပင့်ခဲ့ပြီးလျှင် အထက်မြန်မာနိုင်ငံတစ်ခွင် ဘုရားများ အနှံအပြားတည်သည်။ ထိုဘုရားတည်ရာ အရပ်တို့ ၌လည်း လှည့်လည်၍ သီတင်းသုံးတော်မူသည်။ ယောနယ်ဘက်သို့လည်း သာသနာပြု ကြွတော်မူတတ်သည်။ တစ်ခါသော် မြင်းမူ တောရကျောင်းမှ အမြင့်တောကျောင်း၊ တုံတောကျောင်းမှဖြတ်၍ ယောနယ်ဘက်သို့ သာသနာပြုကြွအသွား ယခု ပုံညာတောင် နှင့် မဟူတောင်တို့ဆုံရာ အလောင်းတော်နေရာ၌ ပရိနိဗ္ဗာန်ပြုလေသည်။ အနီးအနားရွာသားများ ကိုးကွယ်သူ ဒါယကာများက ကောင်းစွာ သဂြိုဟ်ကြပြီးလျှင် အထိမ်းအမှတ်သဘောနှင့် ကိုယ်စားပုံတော် အလောင်းတော်သဏ္ဍန် တည်ထားကိုးကွယ်ရာမှ အလောင်းတော်ကဿပဟု ဝေးနီးအနှံ ကျော်စောလာသည်ဟု ဆိုကြသည်။

သို့သော် မေဓာလင်္ကာရ ပရမသဒ္ဓမ္မ ရာဇိဓိရာဇာဂုရု တံဆိပ်တော်ရ ပြည်ဆရာတော်ကြီး၏ မိန့်ကြားချက်အရသော်ကား တောင်ကြားရွာသား ရှင်ကဿပဖြစ်သည်ဟု ဆိုလေသည်။ တောင်ကြားရွာသား ရှင်ကဿပ၏ အကြောင်းမှာ သက္ကရာဇ် ၇၆၃ ခုနှစ် နန်းတက်သော ပထမမင်းခေါင် လက်ထက်က တောင်ကြားရွာမှ ရဟန်းဖြစ်သော ကဿပအမည်ရှိသော ရဟန်းတစ်ပါးသည် သီဟိုဠ်ကျွန်းသို့သွား၍ စာပေကျမ်းဂန် သင်ယူတတ်မြောက်သောအခါ ပြန်လာပြီးလျှင် မုံရွာမြို့တောင်ဘက် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိသော အမြင့်မြို့အနီး ရွှေလှေအရပ်၌ တိုက်တာတည်လျက် တပည့်သံဃာများစွာတို့ဖြင့် စာပေကျမ်းဂန် ပို့ချ သင်ကြား၍ နေလေသည်။

ထိုအခါ ရှမ်းပြည်ရှမ်းရွာမှာ သိန္နီစော်ဘွား၊ မင်္ဂလာစော်ဘွား စသည်တို့ ဝင်လာမစဲ ဖူးမျှော်ဆည်းကပ်ကြသဖြင့် ပရိတ်သတ်အတွက် စက်ဆုပ်ငြီးငွေ့တော်မူပြန်သဖြင့် မုံရွာမြို့အနောက် ကျောက်မျက် အရပ်သို့ သွားရောက်နေတော်မူသည်။ ကျောက်မျက်အရပ်၌ နေတော်မူရာတွင် ဆေးအကြောင်း ကောင်းစွာ သိကျွမ်းတော်မူသည်ဟု ကျော်ကြားပြန်သဖြင့် ရှေးကထက် ပရိတ်သတ်များစွာ လာကြသောကြောင့် ကျောက်မျက်မှ ခရီးတစ်သောင်းငါးတိုင်ခန့် ဝေးသော တောင်ခြေရင်းတည်ရှိသော ငသလောက်ခေါင်းပြောင် အရပ်သို့ ကြွ၍ သီတင်းသုံးတော်မူသည်။

ငသလောက်ခေါင်းပြောင် အရပ်၌ နေရာတွင်လည်း လူတို့သည် သတင်းနားထောင်၍ ကြားရာအရပ်သို့လိုက်လျက် ဖူးမျှော်ဆည်း ကပ်ကြပြန်သဖြင့် နေ့မစဲ၊ ညဉ့်မစဲ၊ ပရိတ်သတ် တသဲသဲ ဆူညံနေကြသောကြောင့် ငြီးငွေ့စက်ဆုပ်တော်မူပြန်သဖြင့် ၂၅ ခုသော တောင်များကိုကျော်လွန်၍ သွားရသော ယခု အလောင်းတော် ကဿပခေါ်သော တောင်ကမ်းပါးယံအနီး၌ ဧကစာရ သီတင်းသုံး နေတော်မူသည်။ ထိုသို့ ခဲယဉ်းသော တောတောင်ကြား၌ နေတော်မူငြားလည်း ရှေးဘုန်းရှေးကံ ဖြည့်ဆည်းခဲ့ဖူးသော ပါရမီထူး ဝိသေသကြောင့် လူအများသည် သတင်းနားထောင် လိုက်လံရှာဖွေကြသောကြောင့် လူအများသိ၍ သွားပြန်သဖြင့် ထူခြားသော ပုဂ္ဂိုလ်ဟု ကြည်ညိုသူများ သဒ္ဓါပွားလျက် ထက်သန်သော စေတနာဖြင့် ဆည်းကပ်ပူဇော်ဖူးမျှော်ရန် လာကြပြန်သည်။

ရှင်မဟာကဿပသည် ထိုနေရာ၌ပင် အသက်ထက်ဆုံး သီတင်းသုံးနေထိုင်၍ ပျံလွန်တော်မူသည်ဟူ၏။ ထို ပျံလွန်တော်မူသော နေရာ၌ ဥဒ္ဓိဿ အလောင်းတော်သဏ္ဌာန် အင်္ဂတေဖြင့် ပြုလုပ်ထားကြသည်ဟု ဆိုလေသည်။[၁]

ဘုရားဖူးခရီးစဉ်[ပြင်ဆင်ရန်]

ယင်းမာပင်၊ ပွင့်လင်းရာသီတွင် အလောင်းတော် ကဿပ၊ ဖိုလ်ဝင်တောင်ရွှေဘတောင် ဘုရားဖူးခရီးစဉ်အဖြစ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကားများ လာရောက်မှုများပြားရာ အလောင်းတော်ကဿပမှ ဖိုလ်ဝင်တောင်၊ ရွှေဘတောင်သို့ သွားရာတွင် ဘုရားဖူးကားများအနေဖြင့် ဇီးတော ယမားချောင်းကို ဖြတ်သန်းသွားလာကြရာ ယမားရေကျချိန်တွင် ချောင်းပြင်ကျယ်ကာ ရေစီးသန်သဖြင့် ဘုရားဖူးကားများမှာ သွားလာရန် ခက်ခဲကြောင်း သိရသည်။

အလောင်းတော် ကဿပ ဘုရားဖူးခရီးသွားကားများ အနေဖြင့် မုံရွာမှ ကပိုင်ရွာအထိ (၃၈)မိုင်၊ ကပိုင်ရွာမှ အလောင်းတော်ကဿပ (၂၁)မိုင် တောင်ပေါ်ခရီးမောင်းနှင်ရသည်။ အလောင်းတော်ကဿပမှ ဖိုလ်ဝင်တောင်သို့ ဆက်လက်ထွက်ခွာရာတွင် အလောင်းတော်ကဿပမှ ကပိုင်ရွာ (၂၁)မိုင်၊ ကပိုင်ရွာမှ ယင်းမာပင် (၁၇)မိုင်၊ ယင်းမာပင်မှ ဖိုလ်ဝင်တောင် (၆)မိုင်ခန့် သွားရသည်။ ကပိုင်ရွာနှင့် ယင်းမာပင်မြို့အကြား ဇီးတောရွာအနီးတွင် ဇီးတောယမားချောင်းရှိရာအဆိုပါ ယမားချောင်းမှာ ရေကျချိန်တွင် တဟုန်ထိုးရေစီးဆင်းခြင်း၊ ရေပြင်ကျယ်ခြင်းများရှိသည်။

အလောင်းတော် ကဿပ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ထင်ရှားသော စေတီ၊ ပုထိုး၊ ဘုရားများစွာရှိသည့် ဌာနများအနက် မုံရွာခရိုင်ရှိ အလောင်းတော် ကဿပသည် တစ်ဌာနဖြစ်သည်။

အလောင်းတော် ကဿပသည် မုံရွာမြို့ အနောက်မြောက် ဘက် မိုင် ၆ဝ ခန့်အကွာ တောင်ကြီးတို့၏အကြား၌ တည် ရှိသည်။ တည်ရာအရပ်မှာ လူနေအရပ်နှင့် အလွန်ဝေးလံ၍ တော တောင် အလွန်ကြီးမားသောအရပ် ဖြစ်သည်။ အလောင်းတော် ကဿပသို့ သွားရာတွင် မုံရွာမြို့မှလည်းကောင်း၊ ကန္နီမြို့မှ လည်းကောင်း၊ တောင်ခြေစခန်းရွာသို့ ကားဖြင့်သွားနိုင်သည်။ မုံရွာမှ ချင်းတွင်းမြစ်တစ်ဘက်သို့ကူး၍ ယင်းမာပင်မြို့သွားလမ်း အတိုင်း ကားစီးသွားသော် မိုင် ၄ဝ ဝေးသော တောင်ခြေစခန်း ဖြစ်သည့် သလောက်ရွာသို့ ရောက်သည်။ သလောက်ရွာမှ အလောင်းတော် ကဿပအရောက် ခြေလျင်ခရီးဖြင့် တောင် တက်တောင်ဆင်း ၁၇ မိုင် သွားရသည်။ ကန္နီလမ်းမှသွားမူ တောင်ခြေစခန်းဖြစ်သော ညောင်ပင်လယ်ရွာသို့ မိုင် ၂ဝ သွား ရသည်။ ညောင်ပင်လယ်ရွာမှလည်း သလောက်မှတက်သကဲ့သို့ ပင် တောင်ဆင်း တောင်တက် ၁၇ မိုင်သာသာ သွားရသည်။ လူသူမနီးသော တောကြီး တောင်ကြီးလမ်းဖြစ်၍ အသွားအလာ ခက်ခဲသောကြောင့်ပင် ပိုမို ကျော်ကြားသည်ဟု ယူဆရပေ သည်။

အလောင်းတော်သည် တောင်သုံးလုံး ဆုံရာအကြား အနိမ့် ကွက်လပ်တွင် တည်ရှိသည်။ အနောက်တောင်ဘက်တွင် မဟူရာတောင်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက် တို့တွင် ပုံတောင် ပုံညာတောင်၊ မြောက်ဘက် အလောင်း တော်နှင့် အကပ်ဆုံးတွင် ပုံတောင် ပုံညာတောင်အဆက် ခေါက်လောက်တောင် ရှိသည်။ အချို့က စိတ်ကူးနှင့် မဇ္ဈိမ ဒေသရှိ ရာဇဂြိုဟ်ပြည်ကို ဝိုင်းနေသော ဝေပုလ္လ၊ ဝေဘာရနှင့် ဂိဇ္ဈကုဋတောင်ဟု ဆိုကြသည်။

အလောင်းတော်တည်ရာ ကွက်လပ်ထိပ်အပြင်သည် အလျား ပေ ၁ဝဝ၊ အနံပေ ၆ဝ ထက် ပို၍မကျယ်ချေ။ အလောင်းတော် တန်ဆောင်းသည် နှစ်ဆောင်တွဲဖြစ်၍ အရှေ့မြောက်ဘက် အဆောင်တွင် အလောင်းတော် ရှိသည်။ အနောက်တောင်ဘက် အဆောင်သည် အာရုံခံဖြစ်သည်။ တန်ဆောင်းနှစ်ဆောင်တွဲ၍ အလျားပေ ၃ဝ၊ အနံ ၄၂ ပေခန့်ရှိသည်။ အာရုံခံတန်ဆောင်း ဘက်၌ ယခုအခါ ကြေးစည်ကြီးငယ် အလုံးပေါင်း ၈ဝ ဆွဲ ချိတ်ထား၍ တန်ဆောင်းအနီးတွင် ခေါင်းလောင်းကြီးသုံးလုံးနှင့် စေတီငယ်တစ်ဆူ ရှိသည်။

တန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်မှာ ဘုရားပုံတော်မဟုတ်၊ ရဟန္တာပုံဖြစ်၍ ရောင်တော်မပါချေ။ အုတ်ရိုး အင်္ဂတေပုံတော် ဖြစ်၍ ရွှေချထားသည်။ ပုံတော်သည် လက်ယာနံတောင်းဖြင့် လျောင်း၍ လက်ယာလက်ကို ပတ်လက်ဖြန့်ကာ ခေါင်းအုံး လျက် အနောက်မြောက်သို့ ဦးခေါင်းပြုထားသည်။ လျောင်း စက်နေသည့် လျောင်းတော်မူပုံတော်မဟုတ်ပဲ ပရိနိဗ္ဗာန်စံတော်မူ သည့် ပုံတော်မျိုး ဖြစ်သည်။ အလျား ၁၅ ပေ (ဆယ်တောင်) မျှ ရှိသည်။ တန်ဆောင်းအတွင်း အလောင်းတော်၏ ခေါင်းရင်း ဘက် ရှေ့နားတွင် မတ်ရပ်တော် တစ်ဆူ ရှိ၏။ အလောင်း တော်၏ အနောက်မြောက်ယွန်း အထက်စောင်းတန်း ကုန်းမြင့် ပေါ်တွင် မေတ္တာရေတွင်း ရှိသည်။ စောက် ငါးတောင်ခန့် ရေနေတစ်ထောင်ခန့် ရှိသည်။ ရေမပြတ်ထွက်နေသဖြင့် သောက်ချိုးမကုန် ဖြစ်၏။ အချို့က ဂိဇ္ဈကုဋ်တောင်ဟုခေါ်သော မဟူတောင်တွင် လုံးပတ်အတောင် ၂ဝ ခန့်ရှိသော ကျွန်းပင် မောင်နှမရှိသည်။ အလောင်းတော်တည်ရာ ကုန်းပြင်အောက်သို့ တောင်ဘက်မှ ချောင်းမကြီးခေါ် တောင်ကြားချောင်းသည် စီးဝင်ငုပ်လျှိုးသွားပြီးလျှင် မြောက်ဘက်မှ ပြန်ထွက်၍ နောက်ဆုံး ချင်းတွင်းမြစ်သို့ စီးဝင်သည်။ ထိုချောင်း ကုန်း ပြင်အောက်ဝင်ရာ အဝ (တောင်ဘက်ပေါက်)ကို အထက်ရေ စပြစ်ခေါ်၍ ထွက်ရာအဝ (မြောက်ဘက်ပေါက်)ကို အောက်ရေစ ပြင်ဟု ခေါ်သည်။ ထိုအဝနှစ်ခုအကြား ချောင်းငုပ်နေသော အကွာကား ပေ ၁၅ဝ ကျော် ၂ဝဝ နီးပါး ရှိသည်။ ဘုရားဖူး များသည် ဓိဋ္ဌာန်၍ ဆွမ်းတော်ပွဲများကို အထက်ရေစပြစ်မှ မျှောချလိုက်သောအခါ ဆွမ်းတော်ပွဲသည် ငုပ်သွားသော ချောင်း ထဲသို့ ရေစီးအလိုက်ပါသွားရာတွင် အောက်ရေစပြစ်မှ ထွက် လာသောအခါ ဆွမ်းများပါမလာတော့ပဲ ခွက်ချည့် ထွက်လာ သည်ဟု ရှေးအခါက ဆိုကြသည်။ စင်စစ် ထိုချောင်းသည် တောင်ကျချောင်းဖြစ်၍ ရေစီးမြန်ပြီးလျှင် အကွေ့အကောက်နှင့် တိုက်မိခိုက်မိစရာ အစွန်းများရှိသည်။ ဆွမ်းတော်ပွဲ၌ပါသမျှ တိုက်ခိုက်မိ၍ တိမ်းစောင်းကာ ရေထဲကျကျန်ရစ်ပြီး ရေပေါ်၌ ပေါ်သောခွက်သာ ပြန်ထွက်လာခြင်းဖြစ်သည်ဟု ထင်မြင်ချက် ပေးကြသည်။ သို့ရာတွင် ယခုအခါ ထိုချောင်းသည် ဆွမ်းတော် ပွဲ မြှောချလောက်အောင် ရေမများသည့်အပြင် ကျောက်လိုဏ်ဂူ အဝ၌ ကျွန်းသစ်တုံးများ ပိတ်ဆို့နေလေသည်။ ခရစ် ၁၉၂ဝ ပြည့်နှစ်လောက်အထိမူ ထိုချောင်းထဲသို့ သစ်တောဘက်မှ သစ် ငယ်တုံးငယ်များ မြှောချကြောင်း ဆိုကြသည်။ ၁၉၃၈ ခုနှစ်က ဘုရားဖူးရောက်သော ခရီးသည်တစ်ဦး၏မှတ်တမ်း၌ ထိုချောင်း ကို ဟိုဘက်သည်ဘက် ပေါက်သွားလို သူများအား ရွှေကြိုများ က ခေါ်ဆောင် ပို့ပေးကြကြောင်း၊ ချောင်း၏ အကျဉ်းဆုံးနေရာ သည် ဆယ်ပေခန့်ရှိ၍ အချို့နေရာ၌ ရေနက်သဖြင့် ကိုယ်ဖော့ သွားရကြောင်းဖြင့် ဆိုသည်။

အထက်ရေစပြစ်အဝင်ဝ၏ အထက်ပေါ်တွင် ရှင်သူငယ် ပေါက်ခေါ် အပေါက်ငယ်တစ်ခုရှိသည်။ အတောင် ၂ဝ ခန့် ဝင်မိလျှင် ကျောက်သားပိတ်၍ တွင်းခေါင်း ဆုံးနေလေသည်။ ထိုပိတ်နေသော ကျောက်ခေါင်းထဲတွင် ကဿပအလောင်းတော် အစစ်ရှိသည်ဟု အယူရှိကြသည်။

ကဿပအလောင်းတော်ဟု ဆိုရာ၌ မည်သည့် ကဿပ၏ အလောင်းဖြစ်သည်ကို အယူအဆ အမျိုးမျိုး ကွဲကြသည်။ ကဿပဘုရားသခင်မှစ၍ ဥရုဝေဠကဿပ၊ နဒီကဿပ၊ ဂယာ ကဿပ၊ ရှင်မဟာကဿပ၊ စိတ္တ ကထိက ကုမာရ ကဿပ၊ သာမညကုမာရကဿပ၊ သီဟိုဠ်ကဿပ၊ ကိဉ္စိပူရကဿပ၊ ပေါင်လောင်ရှင်ကဿပစသည်ဖြင့် ကဿပအမည်ဖြင့် ထင်ရှား သော ပုဂ္ဂိုလ်ထူး အများအပြားရှိသည့်အနက် ရုပ်ပုံတော်သည် ရောင်တော်မပါသဖြင့် ဘုရားကဿပ လုံးဝမဖြစ်နိုင်၊ ရဟန်း သာ ဖြစ်ရာသည်ဟု ဆိုကြသည်။ ကျန်ကဿပများ အနက် ကဿပအလောင်းတော်သည် ပထမသင်္ဂါယနာတင် ရှင်မဟာ ကဿပကြီးဟူ၍လည်းကောင်း၊ ပေါင်လောင်ရှင် ကဿပဟူ၍ လည်းကောင်း ထိုရဟန္တာကြီးနှစ်ပါးကို အငြင်းပွားကြသည်။ သို့ရာတွင် ရှင်မဟာကဿပကြီးသည် ရာဇဂြိုဟ်ပြည်ကို ရံပတ် ထားသည့် တောင်ငါးလုံးအနက် တစ်တောင်ဖြစ်သော ဝေဘာရ တောင် စရည်းပင်ရောက်ရာ လိုဏ်ဝတွင် ပထမသံဂါယနာတင် သည်။ ထိုဝေဘာရတောင်၌ပင် ပရိနိဗ္ဗာန်ပြုသည်ဟု ကဿပ သံယုတ် အဋ္ဌကထာတွင် ဆိုသည်။ ထိုကြောင့် ယခု အလောင်း တော်ကဿပ နေရာသည် ရှင်မဟာကဿပကြီး ပရိနိဗ္ဗာန်စံရာ နေရာ မဖြစ်နိုင်သည်မှာ ထင်ရှားသည်။ ရာဇဂြိုဟ်ပြည်ကြီး သည် အချင်းတစ်ယူဇာနာနီးနီး ကျယ်သည်ဟု ကျမ်းဂန်၌ ဆိုသည်။ ယခုတောင်သုံးလုံးဝိုင်းရံနေသည့် ထိပ်ပြင်နေရာကား အိမ်ကြီးတစ်ဆောင် ဆောက်သာရုံသာရှိသဖြင့် မည်သည့်နည်း နှင့်မျှ ရှင်မဟာကဿပ ပရိနိဗ္ဗာန်စံရာ ရာဇဂြိုဟ်ပြည် မဖြစ် နိုင်ချေ။ သို့ဖြစ်ရကား သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နန်းတက် သော ပုဂံပြည့်ရှင် ရှင်နရပတိစည်သူမင်းလက်ထက်တွင် ကျော်စောသော ပေါင်းလောင်ရှင်ကဿပ၏ အလောင်းတော် နေရာဟု အများက ယူဆကြသည်။

ပေါင်းလောင်ရှင်ကဿပသည် ထီးလင်းမြို့ စီရင်စုပေါင်းလောင် ရွာဇာတိဖြစ်၍ ပုဂံမြို့တောင်ဘက် ခရီးတစ်တိုင်ကျော်ကွာသော တောရကျောင်း၌ သီတင်းသုံးတော်မူသည်။ ဆရာတော်သည် သီဟိုဠ် အနှံ့အပြား ဘုရားဖူး ကြွပြီးနောက် သီဟိုဠ်မှ ဓာတ် တော် ၃၇ ဆူနှင့် မေးရိုးတော်တစ်ဆူပင့်ခဲ့ပြီးလျှင် အထက် မြန်မာနိုင်ငံတခွင် ဘုရားများ အနှံ့အပြား တည်သည်။ ထို ဘုရားသည်ရာ အရပ်တို့၌လည်း လှည့်လည်၍ သီတင်းသုံး တော်မူသည်။ ယောနယ်ဘက်သို့လည်း သာသနာပြု ကြွတော် မူတတ်သည်။ တစ်ခါသော် မြင်းမူတောကျောင်းမှ အမြင့် တောကျောင်း၊ တုံတော ကျောင်းမှဖြတ်၍ ယောနယ်ဘက်သို့ သာသနာပြုကြွအသွား ယခုပုံညာတောင်နှင့် မဟူတောင်တို့ ဆုံရာ အလောင်းတော်နေရာ၌ ပရိနိဗ္ဗာန်ပြုလေသည်။ အနီး အနားရွာသားများ ကိုးကွယ်သူဒါယကာများက ကောင်းစွာ သင်္ဂြိုဟ်ကြပြီးလျှင် အထိမ်းအမှတ်သဘောနှင့် ကိုယ်စားပုံတော် အလောင်းတော်သဏ္ဌာန် တည်ထားကိုးကွယ်ရာမှ အလောင်း တော်ကဿပဟု ဝေးနီးအနှံ့ ကျော်စောလာသည်ဟု ဆိုကြ သည်။

သို့သော် မေဓာလင်္ကာရ ပရမသဒ္ဓမ္မ ရာဇိဓိရာဇာဂုရု တံဆိပ်တော်ရ ပြည်ဆရာတော်ကြီး မိန့်ကြားချက် အရသော် ကား တောင်ကြားရွာသား ရှင်ကဿပဖြစ်သည်ဟု ဆိုလေ သည်။ တောင်ကြားရွာသား ရှင်ကဿပ၏ အကြောင်းမှာ သက္ကရာဇ် ၇၆၃ ခုနှစ်နန်းတက်သော ပထမမင်းခေါင် လက်ထက်က တောင်ကြားရွာမှ ရဟန်း ဖြစ်သော ကဿပ အမည်ရှိသော ရဟန်းတော်တစ်ပါးသည် သီဟိုဠ်ကျွန်းသို့သွား၍ စာပေကျမ်းဂန်သင်ယူ တတ်မြောက်သောအခါ ပြန်လာပြီးလျှင် မုံရွာမြို့တောင်ဘက် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင် ရှိသော အမြင့်မြို့အနီး ရွှေလှေအရပ်၌ တိုက်တာတည်လျက် တပည့်သံဃာများစွာတို့ဖြင့် စာပေကျမ်းဂန် ပို့ချသင်ကြား၍ နေလေသည်။

ထိုအခါ ရှမ်းပြည်ရှမ်းရွာမှာ သိန္နီစော်ဘွား၊ မင်္ဂလာစော်ဘွား စသည်တို့ ဝင်လာမစဲ ဖူးမျှော်ဆည်းကပ်ကြသဖြင့် ပရိသတ် အတွက် စက်ဆုပ်ငြီးငွေ့လှ၍ အနိမ့်အရပ်သို့ ပြောင်းရွှေ့သွားကြ သည်။ အနိမ့်အရပ်၌ နေရာ တွင် ရှေးနည်းအတိုင်း ပရိသတ် များစွာ ဆည်းကပ်ဖူးမျှော်ရန်လာကြသောကြောင့် စက်ဆုပ် ငြီးငွေ့တော်မူပြန် သဖြင့် မုံရွာမြို့အနောက် ကျောက်မျက် အရပ်သို့ သွားရောက်နေတော်မူသည်။ ကျောက်မျက်အရပ်၌ နေရာတွင် ဆေးအကြောင်းကောင်းစွာ သိကျွမ်းတော်မူသည်ဟု ကြော်ကြားပြန်သဖြင့် ရှေးကထက် ပရိသတ်များစွာ လာကြ သောကြောင့် ကျောက်မျက်မှ ခရီးတစ်သောင်းငါးတိုင်ခန့် ဝေးသော တောင်ခြေရင်းတည်ရှိသော ငသလောက်ခေါင်ပြောင် အရပ်သို့ကြွ၍ သီတင်းသုံးတော်မူသည်။

ငသလောက်ခေါင်ပြောင်အရပ်၌ နေရာတွင်လည်း လူတို့ သည် သတင်းနားထောင်၍ ကြားရာအရပ်သို့ လိုက်လျက် ဖူးမျှော်ဆည်းကပ်ကြပြန်သဖြင့် နေ့မစဲ၊ ညဉ့်မစဲ၊ ပရိသတ် တသဲသဲ ဆူညံနေကြသောကြောင့် ငြီးငွေ့ စက်ဆုပ်တော်မူ ပြန်သဖြင့် ၃၅ ခုသော တောင်များကိုကျော်လွန်၍ သွားရသော ယခု အလောင်းတော် ကဿပခေါ်သော တောင်ကမ်းပါးယံ အနီး၌ ဧကစာရ သီတင်းသုံးနေတော်မူသည်။ ထိုသို့ ခဲယဉ်း သော တောတောင်ကြား၌ နေတော်မူငြားလည်း ရှေးဘုန်းရှေးကံ ဖြည့်ဆည်းခဲ့ဘူးသော ပါရမီထူးဝိသေသကြောင့် လူ အများ သည် သတင်းနားထောင် လိုက်လံရှာဖွေကြသောကြောင့် လူ အများသိ၍ သွားပြန်သဖြင့် ထူးခြားသော ပုဂ္ဂိုလ်ဟု ကြည်ညို သူများ သဒ္ဓါပွားလျက် ထက်သန်သောစေတနာဖြင့် ဆည်းကပ် ပူဇော်ဖူးမျှော်ရန် လာကြပြန်သည်။

ရှင်ကဿပသည် ထိုနေရာ၌ပင် အသက်ထက်ဆုံး သီတင်း သုံးနေထိုင်၍ ပျံလွန်တော်မူသည်ဟူ၏။ ထို ပျံလွန်တော်မူသော နေရာ၌ ဥဒ္ဒိဿ အလောင်းတော် သဏ္ဌာန်အင်္ဂတေဖြင့် ပြုလုပ် ထားကြသည်ဟု ဆိုလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. http://yinmarbin.myanmarbloggers.com
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)