ကရင်နီပြည်နယ်များ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကရင်နီပြည်နယ်များ
ဗြိတိသျှဘားမား

၁၈ရာစု–၁၉၅၉
ကရင်နီပြည်နယ်များ၏ တည်နေရာ
၁၉၁၇တွင် ကရင်နီပြည်နယ်များ
အစိုးရ ပဒေသရာဇ်
သမိုင်း
 •  ကရင်နီဒေသများထူထောင်ခြင်း ၁၈ရာစု
 •  အုပ်ချုပ်သူများ၏ ရာထူးစွန့်ခြင်း ၁၉၅၉
ဧရိယာ
 •  1901 ၈၁၀၆ km2 (၃၁၃၀ sq mi)
လူဦးရေ
 •  1901 ၄၅၇၉၅ 
သိပ်သည်းမှု ၅.၆ /km2  (၁၄.၆ /sq mi)
ကရင်နီမင်းသားများ
ဒုတိယကမ္ဘာစစ်အတွင်းက ထိုင်းဘက်မှသိမ်းယူထားသော ရှမ်းနှင့်ကရင်နီနယ်မြေများ

ကရင်နီပြည်နယ်များသည် ယနေ့ခေတ် ကယားပြည်နယ်တွင် ရှိခဲ့သော ကရင်နီလူမျိုးများ နေထိုင်ရာဒေသများ ဖြစ်သည်။ ရှမ်းစော်ဘွားများပြည်ထောင်စု၏တောင်ဘက်နှင့် ဗြိတိသျှဘားမားတို့၏အရှေ့ဘက်တွင် တည်ရှိသည်။

၁၈၇၅ တွင် မင်းတုန်းမင်းနှင့် ချုပ်ဆိုသောစာချုပ်အရ ကယားပြည်ကို မြန်မာပြည်နှင့် ဗြိတိသျှ မည်သူမှမပိုင်ဆိုင်ကာ ဗြိတိသျှအစိုးရမှ ကရင်နီပြည်၏လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့သည်။ ထိုအကျိုးဆက်ကြောင့် ကရင်နီဒေသကို ဗြိတိသျှဘားမားအောက်သို့ ထည့်သွင်းခြင်းမပြုခဲ့ပေ။ လွတ်လပ်ရေးရအပြီး ၁၉၅၉ တွင်မူ ရှမ်းနှင့် ကယားစော်ဘွားများ၏ အာဏာများကို နိုင်ငံတော်မှ သိမ်းယူခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉ ရာစုမတိုင်ခင်က သမိုင်းအချက်အလက်များ မရှိပေ။ ဒေသခံများ၏စကားများအရ ယခင်က ရှမ်းစော်ဘွားများ၏သစ္စာခံ စော်ဘွားများ အုပ်ချုပ်ကြသည်။ ၁၈ ရာစုတွင် လွတ်လပ်လာပြီး ၁၉ ရာစုတွင် ကရင်နီဒေသ၌ ဒေသကြီး ၅ ခု ရှိခဲ့သည်။

ဗြိတိသျှဘားမား[ပြင်ဆင်ရန်]

၁၈၆၄ တွင် ကရင်နီမင်းသားတစ်ပါးမှ ဗြိတိသျှ၏အစောင့်အရှောက်ကို တောင်းခံခဲ့သည်။ သို့သော် ဗြိတိသျှအာဏာပိုင်များမှ စိတ်မဝင်စားခဲ့ပေ။ ၁၈၆၉ တွင် ထိုမင်းသား ကွယ်လွန်သွားပြီးနောက် သူ၏သား ၂ ယောက်မှ မြန်မာတို့၏ သူတို့ပြည်နယ်အပေါ်ထားသည့် ရည်မှန်းချက်ကို ကြောက်ရွံ့၍ ထပ်မံလျောက်ထားခဲ့သည်။ ဗြိတိသျှတို့က အစတွင် ထပ်မံငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လက်ခံခဲ့သည်။ ကြယ်ဖိုးကြီး၊ နန့်မယ်ခုံ၊ နောင်ပုလဲနှင့် ဘော်လခဲဒေသများမှာ ဗြိတိသျှ၏အစောင့်ရှောက်ခံဖြစ်လာပြီး ကန္ဒရဝတီမှမူ တရားဝင်မဟုတ်သော်လည်း အစောင့်ရှောက်ခံဖြစ်လာသည်။[၁]

၁၈၉၂ တွင် ကရင်နီပြည်နယ်များကို ဗြိတိသျှ၏ လက်ဝေခံနယ်များအဖြစ် သတ်မှတ်ခဲ့သည်။ သူတို့၏ခေါင်းဆောင်များမှ ဗြိတိသျှအစိုးရ၏ အထောက်အပံ့များကို ရယူရန်ဆုံးဖြတ်ခဲ့၍ ဖြစ်သည်။ ရှမ်းပြည်နယ်မှ လက်ထောက်ကြီးကြပ်ရေးမှူးမှ လွိုင်ကော်တွင် အခြေစိုက်ကာ ဗြတိသျှအစိုးရ၏ကိုယ်စားလှယ်အဖြစ် ရုံးထိုင်သည်။ တောင်ကြီးတွင် ရုံးစိုက်သည့် ကြီးကြပ်ရေးမှူး၏လက်အောက်မှတစ်ဆင့် လွိုင်ကော်ရှိ လက်ထောက်မှ ကရင်နီအုပ်ချုပ်သူများအပေါ်မှ လွှမ်းမိုးထားသည်။ ၁၉၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်များကို စုပေါင်း၍ ရှမ်းဖက်ဒရယ်ပြည်နယ်အဖြစ် ပေါင်းစည်းခဲ့သည်။[၂] ထိုပြည်နယ်ကို ဝပြည်နယ်ကို ပါအုပ်ချုပ်သော ကော်မရှင်နာမင်းကြီးမှ အုပ်ချုပ်သည်။ ၁၉၃၀ တွင် ဘော်လခဲမှ မော်ချီးသတ္တုတွင်းသည် ကမ္ဘာပေါ်တွင် တန်စတင်၏ ကုန်ကြမ်းထွက်ရာအကြီးဆုံးဒေသ ဖြစ်လာသည်။

၁၉၄၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဒုတိယကမ္ဘာစစ်အတွင်း ကျိုင်းတုံဒေသနှင့် မြို့တော်ကို ထိုင်း ဖရတ်စစ်တပ်က သိမ်းယူလိုက်သည်။[၃] ထိုင်းဝန်ကြီးချုပ်နှင့် ဂျပန်အင်ပါယာတို့၏သဘောတူညီချက်အရ ထိုနှစ်ဒီဇင်ဘာတွင် ကျိုင်းတုံနှင့် မိုင်းပန်ဒေသများကို ထိုင်းအုပ်ချုပ်ရေးအောက် ထည့်သွင်းခဲ့သည်။ ထိုဒေသကို Saharat Thai Doem အဖြစ် ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့တွင် တရားဝင်အသိအမှတ်ပြုခံခဲ့ရသည်။ မြို့တော်မှာ ကျိုင်းတုံဖြစ်သည်။

၁၉၄၅ တွင် ထိုနယ်မြေမှ ထိုင်းများ ပြန်လည်ထွက်ခွာသွားသော်လည်း ကရင်နီဒေသမှ ကန္ဒရဝတီနယ်မြေများကိုမူ ၁၉၃၆ မှ တရားဝင်စွန့်လွှတ်ခဲ့သည်။

လွတ်လပ်ရေးရပြီးခေတ်[ပြင်ဆင်ရန်]

၁၉၄၇ အခြေခံဥပဒေအရ ကရင်နီဒေသ ၃ ခုကိုပေါင်း၍ ကရင်နီပြည်နယ်တစ်ခုအဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ရှမ်းဒေသမှ မိုင်းပန်ကိုပါထည့်၍ ကယားပြည်နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။

ဒေသများ[ပြင်ဆင်ရန်]

ဒေသကြီး ၅ ခုရှိပြီး အပိုင်း ၂ ပိုင်းခွဲနိုင်သည်။

အနောက် ကရင်နီ[ပြင်ဆင်ရန်]

အနောက်ကရင်နီဒေသမှာ သံလွင်မြစ်အနောက်ပိုင်းတွင်ရှိပြီး ဒေသ ၄ ခုပါဝင်သည်။

  • ကြယ်ဖိုးကြီး- ၃၅၀ စတုရန်းမိုင် (သို့) ၉၁၀ စတုရန်းကီလိုမီတာရှိပြီး ၁၉၀၁ ခုနှစ်တွင် လူဦးရေ ၉၈၆၇ ရှိသည်။
  • ဘော်လခဲ- ၂၀၀ စတုရန်းမိုင် (သို့) ၅၂၀ စတုရန်းကီလိုမီတာရှိပြီး ၁၉၀၁ ခုနှစ်တွင်လူဦးရေ ၅၇၀၁ ရှိသည်။
  • နောင်ပုလဲ- ၃၀ တုရန်းမိုင် (သို့) ၇၈စတုရန်းကီလိုမီတာရှိပြီး ၁၉၀၁ ခုနှစ်တွင်လူဦးရေ ၁၂၆၅ ရှိသည်။
  • နန့်မယ်ခုံ - ၅၀ စတုရန်းမိုင် (သို့) ၁၃၀စတုရန်းကီလိုမီတာရှိပြီး ၁၉၀၁ ခုနှစ်တွင်လူဦးရေ ၂၆၂၉ ရှိသည်။

ကန္ဒရဝတီ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကန္ဒရဝတီနယ်

ကန္ဒရဝတီကို အရှေ့ကရင်နီဒေသအဖြစ် သတ်မှတ်သည်။ ၂၅၀၀ စတုရန်းမိုင် (သို့) ၆၅၀၀ စတုရန်းကီလိုမီတာရှိပြီး ၁၉၀၁ ခုနှစ်တွင်လူဦးရေ ၂၆၃၃၃ ရှိသည်။ သံလွင်မြစ်အရှေ့ပိုင်းတွင်ရှိပြီး ဒုတိယကမ္ဘာစစ်အတွင်းက ထိုင်းတို့၏ သိမ်းယူမှုခံခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Imperial Gazetteer of India, v. 15, p. 36.
  2. Myanmar Divisions။ Statoids။ 10 April 2009 တွင် ပြန်စစ်ပြီး။
  3. Thailand and the Second World War။ Archived from the original on 27 October 2009။ 2009-10-27 တွင် ပြန်စစ်ပြီး။