မာတိကာသို့ ခုန်သွားရန်

ကိုကိုးကျွန်း

ဝီကီပီးဒီးယား မှ
Coco Islands သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
Coco Islands
Coco Islands
Location of the Coco Islands in Burma
Andaman Islands, with Coco Islands at the extreme top of the map.

ကိုကိုးကျွန်းသည် မြန်မာနိုင်ငံ၏ တောင်ဘက် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ် အကြားတွင် တည်ရှိသည့် မြန်မာပိုင်ကျွန်းတစ်ကျွန်း ဖြစ်သည်။ ကိုကိုးကျွန်းသည် ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး အတိအကျပြောရလျင် ရန်ကုန်မြို့၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ကိုကိုးကျွန်းကို ၁၉၇၄-ခုနှစ်ကတည်းက မြို့နယ်အဆင့် သတ်မှတ်ထားသည်။ ရန်ကုန်မြို့မှ အနောက်တောင်ဘက် မိုင်(၂၆၀)အကွာတွင် ရှိသည်။ ရန်ကုန်မှ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသင်္ဘောနှင့် သွားလျှင် ခုတ်မောင်းချိန် (၁၉)နာရီ ဝန်းကျင်ကြာသည်။

နိုင်ငံတကာရေပိုင်နက် စည်းမျဉ်းဥပဒေများအရ ကမ်းခြေမှ ၁၂-မိုင်အကွာအဝေးကို နိုင်ငံပိုင် နယ်နိမိတ်၊ နိုင်ငံပိုင်ကမ်းခြေမှ မိုင် ၂၀ဝ အထိကို အထူးစီးပွားရေးဇုံအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်သည့် နယ်နိမိတ် စသည်တို့ဖြင့် ခွဲခြားသတ်မှတ်ထားသည်။ ထို့ကြောင့် ပင်လယ်နှစ်ခုကြားက မြန်မာပိုင်ကျွန်းမြေ၊ မြန်မာပိုင်ကမ်းခြေ ဖြစ်သော ကိုကိုးကျွန်းမှာ ပထဝီနယ်နိမိတ်နှင့် စီးပွားရေးအချက်အချာကျသည့် ကျွန်းစု ဖြစ်သည်။ ထို့ပြင် ကိုကိုးကျွန်းသည် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု ကင်းစင်သည့်နေရာ ဖြစ်သကဲ့သို့ ရာသီဥတုနှင့် ဘေးအန္တရာယ် အထိုက်အလျောက်သာ ရှိသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်။

ကိုကိုးကျွန်းသည် သင်္ဘောကြီးများ တိုက်ရိုက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းမရှိ၊ ဆိပ်ခံတံတားမရှိ၊ ကျွန်းအနီး ပတ်ဝန်းကျင်တွင် သန္တာကျောက်တန်း များစွာရှိသည်။ ထို့ကြောင့် ကျွန်းသို့ရောက်ရန် သင်္ဘောမှ ငါးဖမ်းစက်လှေများနှင့် တစ်ဆင့်သွားရ၏။ ကမ်းခြေအနီးတစ်ဝိုက်တွင် ရေတိမ်သော်လည်း ထိုမှလွန်လျှင် ရေနက်သည်။ ရေပြင်မှာ အစိမ်းနှင့် အပြာရောင် နှစ်ပိုင်း ခွဲခြားထားသကဲ့သို့ ဖြစ်နေသည်။

သမိုင်း[ပြင်ဆင်ရန်]

အိန္ဒိယနှင့် အရှေ့တောင်အာရှ ‌‌‌‌‌‌‌‌‌‌‌ရှေးဟောင်းကု‌န်သယ်ရေးလမ်းကြောင်း သင်္ဘောသားများသည် မကြာခန လာလေရှိသည်။ ၁၆ ရာစုတွင် ပေါ်တူဂီသင်္ဘောသားများမှ ကိုကိုးကျွန်းဟု အမည်ပေခဲ၏။ "ကိုကိုးကျွန်း" သည် ပေါ်တူဂီ ဘာသာစကားအရ "အုန်းသီးကျွန်း"ဟု အဓိပ္ပါယ်ရပြီ။ ပေါ်တူဂီ ဘာသာစကားမှ အုန်းသီးကို "coco" (ကိုကိုး) ဟုခေါ်သည်။[၁]

ကိုကိုးကျွန်းကို ၁၈ ရာစုတွင် အရှေ့အိန္ဒိယကုမ္ပဏီက သိမ်းပိုက်ခဲပြီ။ နှစ်အနည်းငယ်အကြာ ဗြိတိသျှရာဇ ကိုပေခဲသည်။ ၁၈၅၇-ခုနှစ်တွင် အိန္ဒိယနိုင်ငံအတွင်း တော်လှန်မှုများ ဖြစ်ပွားခဲ့ကာ ဗြိတိသျှတို့က အက်ဒမင်ကျွန်း(ကပ္ပလီကျွန်း)တောင်ပိုင်းရှိ ပို့ဘလဲရားတွင် ၁၈၅၈-ခုနှစ်တွင် အကျဉ်းထောင်ဆောက်လုပ်၍ အိန္ဒိယနှင့် မြန်မာနိုင်ငံအနောက်ပိုင်းမှ တော်လှန်သူများကို ထိန်းသိမ်းခဲ့သည်။ ၁၈၈၂ ခုနှစ်တွင် ဗြိတိသျှဘားမားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်သည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ကိုကိုးကျွန်းများကို သိမ်းပိုက် အုပ်ချုပ်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲပြီး ကိုကိုးကျွန်းကို အုပ်ချုပ်ခွင်ရခဲသည်။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီလတွင် နေဝင်အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကို ထားရှိခဲသည်။ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလတွင် အကျဉ်းထောင်ကို ပိတ်ပစ်ခဲ့ပြီး။ ထို့နောက် အဆောက်အဦများကို မြန်မာ့ရေတပ်သို့ လွှဲပြောင်းပေးခဲ့သည်။ ကိုကိုးကျွန်းတွင် မြန်မာ‌ရေတပ် စခန်‌ ပေါ်ပေါက်လားခဲသည်။[၂]

ကိုကိုးကျွန်မြို့နယ်[ပြင်ဆင်ရန်]

အခြားကြည့်ရန်။ ကိုကိုးကျွန်းမြို့နယ်

ကိုကိုးကျွန်းမြို့နယ်ကို ၁၉၈၈ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီး‌ဌာန၏ ၁၂.၇.၁၉၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အမှတ် ၁ နှင့် အမှတ် ၂ ရပ်ကွက်ဟု၍ မြို့အဖြစ် သတ်မှတ် ခဲသည်။[၃]

ကိုကိုးကျွန်းစုနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

ကိုကိုးကျွန်းစုတွင် ကျွန်းပေါင်း (၁၂)ခုပါသည်။ ၎င်းတို့မှာ-

  1. ကိုကိုးကြီးကျွန်း = ၃၃၀၃-ဧက
  2. ဖိနပ်ကျွန်း = ၁၁.၁၃-ဧက
  3. မင်္ဂလာကျွန်း(စားပွဲကျွန်း) = ၂၆၇.၁၂- ဧက
  4. ကြွက်ကျွန်း = ၄.၈၀-ဧက
  5. ဂျယ်ရီကျွန်း = ၂၄.၄၀-ဧက
  6. ကိုကိုးလေးကျွန်း = ၁၀ဝ၅.၄၀-ဧက
  7. ပါလီပါလဲ့ကျွန်း = ၁၈၉၈.၂၃-ဧက
  8. ငှက်သိုက်ကျွန်း = ၅.၆၇-ဧက
  9. အုန်းပင်ကျွန်း = ၃.၇၈-ဧက
  10. ဇီးဖြူကျွန်း = ၁.၂၆-ဧက
  11. ဆင်ကျွန်း = ၃.၁၅-ဧက
  12. လူခေါင်းကျွန်း = ၇.၅၆-ဧက တို့ဖြစ်သည်။ [၄]

ယနေ့ အခြေအနေ[ပြင်ဆင်ရန်]

၁၉၆၀-ခုနှစ် ဝန်းကျင်က ကိုကိုးကျွန်းတွင် နိုင်ငံရေးအကျဉ်းသားများကိုသာ တွေ့ရမည် ဖြစ်သည်။ ယခုအခါ နိုင်ငံပိုင် အစိုးရမှ ကိုကိုးကျွန်းကို အပန်းဖြေကျွန်း ဖြစ်လာစေရန် ကျွန်းပေါ်တွင် ခရီးသည် ၁၀ ဦး တည်းခိုနိုင်သော အိမ် ၁၄ လုံး၊ ကုတင်၂၅ လုံးဆံ့ ဆေးရုံ၊ ဧည့်လမ်းညွှန် ၃၀ ခန့် ရှိရန် စီစဉ် ပေးထားသည်။

ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင်လည်း တည်းခိုနိုင်ရန် စီစဉ်ထားကြောင်း၊ ကျွန်းပေါ်တွင် အိမ်တစ်လုံးကို တစ်နေ့လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ငှားရမ်း နေထိုင်နိုင်သည်။

ပထမအကြိမ် ခရီးစဉ်ကို နိုဝင်ဘာလမှ စတင်ပြုလုပ်ခဲ့၍ သာမန်ခရီးသည် အနည်းငယ်ကိုသာ လက်မှတ် ရောင်းပေးခဲ့ပြီး ခရီးသည် ၄၀၀ ကျော်အနက် အများစုမှာ ဌာနဆိုင်ရာ ဝန်ထမ်း၊ အနုပညာရှင်၊ လုပ်ငန်းရှင်၊ စာနယ်ဇင်းသမားတို့ ဖြစ်သည်။ လက်မှတ်ဝယ်ယူမှုကို ကန့်သတ်ထားခြင်း မရှိပေ။ နိုင်ငံသား စိစစ်ရေးကတ် ပြသနိုင်သူကို ရန်ကုန်မြို့လယ်ရှိ ရန်ကုန်တိုင်း အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးတွင် လက်မှတ်များ ရောင်းချပေးသည်။

ရန်ကုန်မြို့ သာကေတဆိပ်ကမ်းမှ စတင် ထွက်ခွာ၍ ခရီးစဉ်အတွက် တစ်ဦးလျှင် သင်္ဘောလက်မှတ်ခ ကျပ် သုံးသောင်းခွဲ ကျသည်။ ထိုလက်မှတ်မှာ ရိုးရိုးတန်း လက်မှတ်ဖြစ်ပြီး သီးသန့်အခန်း ယူလိုသူများ အတွက်လည်း စီစဉ်ပေးထားသည်။ ၄ ယောက်ခန်းအတွက် တစ်ဦးလျှင် ကျပ် လေးသောင်း၊ ၂ ယောက်ခန်းအတွက် တစ်ဦးလျှင် ကျပ် ငါးသောင်း ကုန်ကျသည်။

ကျွန်းပေါ်တွင် ကန့်သတ်နယ်မြေများ ရှိသည်ဟု သိရသည်။ ဓာတ်ပုံမရိုက်ရသည့် ကန့်သတ်နယ်မြေများ ရှိသော်လည်း ဓာတ်ပုံပြိုင်ပွဲတခု စီစဉ်ထားသည်။ ၇ မိုင် ရဲစခန်း(ဂျယ်ရီကျွန်း)၊ ရွှေရင်စို့တောင်၊ အရှေ့ဘက် လိပ်သောင်၊ အနောက်ဘက် လိပ်သောင်၊ ကြွက်ကျွန်း စသော နေရာများသို့သာ သွားရောက် လေ့လာ နိုင်ပေသည်။

ကိုကိုးကျွန်းတွင် အမှတ် ၂၈ ရေတပ် အခြေစိုက်စခန်း ရှိသည်။ စခန်းတွင် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၂၀၀ ခန့် နေထိုင်ကြသည်။ ကျွန်းပေါ်တွင် လူနေအိမ်ခြေ ၂၀၀ ကျော် ရှိပြီး စုစုပေါင်း လူဦးရေ တစ်ထောင်ဝန်းကျင်သာ ရှိပေသည်။


ကိုးကား[ပြင်ဆင်ရန်]