ခေတ်ဦးပုဂံပြည်

ဝီကီပီးဒီးယား မှ
Early Kingdom of Bagan
ခေတ်ဦးပုဂံပြည်
ပုဂံပြည်၏ တည်နေရာ
လက်ရှိအခြေအနေမြို့ပြနိုင်ငံ
မြို့တော်အရိမဒ္ဒနာသီရိပစ္စယာတမ္ပဝတီပုဂံ
ကိုးကွယ်မှုဗုဒ္ဓဘာသာနတ်ကိုးကွယ်မှုဟိန္ဒူဘာသာ
အစိုးရဘုရင်စနစ်
တည်ထောင်
• တည်ထောင်
၁၀၇
• သီရိပစ္စယာ
၃၄၄–၅၁၆
• တမ္ပဝတီ
၅၁၆–၈၄၆
• သက္ကရာဇ်ဖြို
၆၄၀

ခေတ်ဦးပုဂံပြည်သည် ၁၁ ရာစုအလယ်ပိုင်း ပုဂံပြည်ကိုမချဲ့ထွင်မီ ခရစ်နှစ် ပထမထောင်စုနှစ်တွင် တည်ရှိခဲ့သော နိုင်ငံဖြစ်သည်။ မြန်မာရာဇဝင်ကျမ်းများအရ ပုဂံမင်းဆက် ၅၅ ဆက်ရှိပြီး အေဒီ ၂ ရာစု၌ပင် ပုဂံပြည်ကို တည်ထောင်ခဲ့ကြသည်ဟုဆိုကြသည်။

ရေဒီယိုကာဗွန်တိုင်းတာမှုများအရ ပုဂံဒေသတွင် အစောဆုံးလူသားအခြေချနေထိုင်မှုမှာ ၇ ရာစုအလယ်ပိုင်း၌သာ စတင်ကြောင်းဖော်ပြသည်။ သုတေသနလောကတွင် အများလက်ခံထားသည်မှာ ပုဂံပြည်ကို အေဒီ ၉ ရာစုအလယ်ပိုင်း၌သာ စတင်တည်ထောင်ခဲ့သည် ဟူ၍ဖြစ်သည်။

ရာဇဝင်[ပြင်ဆင်ရန်]

မဟာရာဇဝင်ကြီး၏ ဖော်ပြချက်အရ ပုဂံပြည်ကို ပွင့်တော်မူပြီးသော ဘုရားများလက်ထက်က အောက်ပါအတိုင်းခေါ်ဆိုခဲ့ကြသည်။[၁]

ပထမပုဂံမင်းဆက်[ပြင်ဆင်ရန်]

အေဒီ ၁၀၇ (မြန်မာသက္ကရာဇ် ၂၉) ၌ သမုဒ္ဒရာဇ်မင်းသည် မျက်မှောက်ခေတ် ညောင်ဦးမြို့အနီး၌ အရိမဒ္ဒနာမြို့တည်၍ ရွာပေါင်း ၁၉ ရွာကိုစုစည်း၍ ပုဂံပြည်အဖြစ်တည်ထောင်ခဲ့သည်။ ထိုရွာ ၁၉ ရွာတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ညောင်ဦး
  2. နဂါးစိုး
  3. နဂါးကျစ်
  4. မန်ကျည်းကျီ
  5. ထူတည်
  6. ကျောက်စကား
  7. ဘုတ်သဲတိမ်
  8. ညောင်ဝန်း
  9. အနုရာဓ
  10. တဆောင်ကွန်း
  11. ရွာမုံ
  12. ကြင်လို
  13. ကုက္ကို
  14. တောင်ပ
  15. မြေခဲတွင်း
  16. သရက်ရ
  17. စဉ့်ကူး
  18. ယုန်လွှတ်
  19. ရွာစိုက်[၂]

သမုဒ္ဒရာဇ်မင်းလွန်လေသော် ပျူစောထီးနန်းတက်သည်။ သူ၏နန်းသက်အတွင်း၌ ဓမ္မသတ်စည်းမျဉ်းပေါ်ပေါက်လာခဲ့သည်။ [၃] ပထမပုဂံမင်းဆက်သည် ပိုက်သေဉ်လည်မင်းအထိဖြစ်ရာ အေဒီ ၄ ရာစုတွင် သေဉ်လည်ကြောင်မင်းမှ သီရိပစ္စယာသို့နန်းရွှေ့ခဲ့သည်။ အောက်ပါတို့မှာ ပထမပုဂံမင်းဆက်စာရင်းဖြစ်သည်။

အမည် ဇာတာတော်ပုံရာဇဝင်အရ နန်းသက် မဟာရာဇဝင်ကြီးမဟာရာဇဝင်သစ်နှင့် မှန်နန်းရာဇဝင်အရ နန်းသက် အရှေ့လူနှင့်တော်စပ်မှု
သမုဒ္ဒရာဇ် ၈၀–၁၂၅ ၁၀၇–၁၅၂ သရေခေတ္တရာ၏ သုပညာနာဂရဆိန္နမင်း၏ တူ
ရသေ့ကြောင် ၁၂၅–၁၄၀ ၁၅၂–၁၆၇ အိမ်စောင့်
ပျူစောထီး ၁၄၀–၂၂၂ ၁၆၇–၂၄၂ သမုဒ္ဒရာဇ်၏ သားမက်
ထီးမင်းယဉ် ၂၂၂–၂၄၉ ၂၄၂–၂၉၉ သား
ယဉ်မင်းပိုက် ၂၄၉–၃၃၄ ၂၉၉–၃၂၄ သား
ပိုက်သေဉ်လည် ၃၃၄–၃၇၁ ၃၂၄–၃၄၄ သား

ဒုတိယပုဂံမင်းဆက်[ပြင်ဆင်ရန်]

အေဒီ ၃၄၄ ၌နန်းတက်ခဲ့သော သေဉ်လည်ကြောင်မင်းသည် သီရိပစ္စယာမြို့တည်၍ နန်းရွှေ့တော်မူခဲ့သည်။ ဒုတိယပုဂံမင်းဆက်သည် ၃၄၄ ခုနှစ်မှ ၅၁၆ အထိဖြစ်သည်။ ၄၃၉ ခုနှစ်၌ ရက္ခမံ၊ မုက္ခမံသူရဲ ဟူသောအမတ်သုံးဦးတို့ နန်းလုခဲ့ကြရာ မုက္ခမံအမတ်သည် သုံးလအုပ်ချုပ်နိုင်ခဲ့သည်။ ထို့နောက်သူရဲက မုက္ခမံကိုနန်းချ၍ မင်းပြုခဲ့သည်။[၄]

အမည် ဇာတာတော်ပုံရာဇဝင်အရ နန်းသက် မဟာရာဇဝင်ကြီးမဟာရာဇဝင်သစ်နှင့် မှန်နန်းရာဇဝင်အရ နန်းသက် အရှေ့လူနှင့်တော်စပ်မှု
သေဉ်လည်ကြောင် ၃၇၁–၄၁၅ ၃၄၄–၃၈၇ သား
ကြောင်တူရစ် ၄၁၅–၄၄၀ ၃၈၇–၄၁၂ သား
သည်းထန် ၄၄၀–၄၇၇ ၄၁၂–၄၃၉ သား
သူရဲ ၄၇၇–၄၉၂ ၄၃၉–၄၉၄ ဆက်ခံသူ
သာရမွန်ဖျား ၄၉၂–၅၁၄ ၄၉၄–၅၁၆ သည်းထန်မင်း၏ မြေး

တတိယပုဂံမင်းဆက်[ပြင်ဆင်ရန်]

သက္ကရာဇ် ၅၁၆ ၌နန်းတက်ခဲ့သော သိုက်တိုင်မင်းသည် သီရိပစ္စယာမြို့ကိုပစ်ပြီး တမ္ပဝတီမြို့တည်၍ နန်းရွှေ့ခဲ့ပြန်သည်။ တတိယပုဂံမင်းဆက်သည် ၅၁၆ မှ ၈၄၆ ခုနှစ်အထိဖြစ်သည်။[၅] ထိုကာလတွင် အရေးပါသောမင်းမှာ ပုပ္ပါးစောရဟန်းဖြစ်သည်။ ခရစ်နှစ် ၆၄၀ (မြန်မာသက္ကရာဇ် ၅၆၂) တွင် သက္ကရာဇ်ဖြိုကိန်းနှင့်ကြုံရာ ၅၆၂ မှ အနှစ် ၅၆၀ ဖြို၍ ၂ နှစ်အကြွင်းထားခဲ့သောကြောင့်ဖြစ်သည်။

အမည် ဇာတာတော်ပုံရာဇဝင်အရ နန်းသက် မဟာရာဇဝင်ကြီးမဟာရာဇဝင်သစ်နှင့် မှန်နန်းရာဇဝင်အရ နန်းသက် အရှေ့လူနှင့်တော်စပ်မှု
သိုက်တိုင် ၅၁၄–၅၂၁ ၅၁၆–၅၂၃ သား
သေဉ်လည်ကြောင်ငယ် ၅၂၁–၅၃၀ ၅၂၃–၅၃၂ သား
သေဉ်လည်ပိုက် ၅၃၀–၅၃၅ ၅၃၂–၅၄၇ ညီ
ခန်းလောင်း ၅၃၅–၅၄၅ ၅၄၇–၅၅၇ ညီ
ခန်းလတ် ၅၄၅–၅၅၇ ၅၅၇–၅၆၉ ညီ
ထွန်တိုက် ၅၅၇–၅၇၀ ၅၆၉–၅၈၂ သား
ထွန်ပစ် ၅၇၀–၅၈၆ ၅၈၂–၅၉၈ သား
ထွန်ချစ် ၅၈၆–၆၁၃ ၅၉၈–၆၁၃ သား
ပုပ္ပါးစောရဟန်း ၆၁၃–၆၄၀ ၆၁၃–၆၄၀ ဆက်ခံသူ
ရွှေအုန်းသီး ၆၄၀–၆၅၂ ၆၄၀–၆၅၂ သားမက်
ပိတ်သုံ ၆၅၂–၆၆၀ ၆၅၂–၆၆၀ ညီ
ပိတ်တောင်း ၆၆၀–၇၁၀ ၆၆၀–၇၁၀ သား
စောခွေး ၇၁၀–၇၁၆ ၇၁၀–၇၁၆ ညီ
မြင်းကျွေး ၇၁၆–၇၂၆ ၇၁၆–၇၂၆ ဆက်ခံသူ
သိန်းခဲ ၇၂၆–၇၃၄ ၇၂၆–၇၃၄ တင်မြှောက်ခံရသူ
သိန်းခွန် ၇၃၄–၇၄၄ ၇၃၄–၇၄၄ သား
ရွှေလောင်း ၇၄၄–၇၅၃ ၇၄၄–၇၅၃ သား
ထွန်တွင်း ၇၅၃–၇၆၂ ၇၅၃–၇၆၂ သား
ရွှေမှောက် ၇၆၂–၇၈၅ ၇၆၂–၇၈၅ သား
ထွန်လတ် ၇၈၅–၈၀၂ ၇၈၅–၈၀၂ ညီ
စောခင်နှစ် ၈၀၂–၈၂၉ ၈၀၂–၈၂၉ သား
ခဲလူး ၈၂၉–၈၄၆ ၈၂၉–၈၄၆ သား

ဆက်စပ်[ပြင်ဆင်ရန်]

ရင်းမြစ်များ[ပြင်ဆင်ရန်]

  1. မဟာရာဇဝင် အတွဲ (၁) ၂၀၀၆: ၁၃၆
  2. မဟာရာဇဝင် အတွဲ (၁) ၂၀၀၆: ၁၃၃–၁၃၄
  3. မဟာရာဇဝင် အတွဲ (၁) ၂၀၀၆: ၁၃၅–၁၃၈
  4. မဟာရာဇဝင် အတွဲ (၁) ၂၀၀၆: ၁၃၉–၁၄၁
  5. မဟာရာဇဝင် အတွဲ (၁) ၂၀၀၆: ၁၄၃–၁၄၆