လူမျိုးစုလွှတ်တော်

ဝီကီပီးဒီးယား မှ
Chamber of Nationalities
လူမျိုးစုလွှတ်တော်
Lumyozu Hluttaw
အမျိုးအစား
အမျိုးအစားပြည်ထောင်စုလွှတ်တော် (၁၉၄၇)
သမိုင်းကြောင်း
တည်ထောင်ခြင်း၁၉၄၈ (၁၉၄၈)
ဖျက်သိမ်းခြင်း၁၉၆၂ (၁၉၆၂)
ယခင်မြန်မာ့ဥပဒေပြုလွှတ်တော်
ဆက်ခံပြည်သူ့လွှတ်တော် (၁၉၇၄-၁၉၈၈)
အမတ်ဦးရေ၁၂၅
ရွေးကောက်ပွဲများ
နောက်ဆုံး ရွေးကောက်ပွဲ
၁၉၆၀
ဆွေးနွေးရာနေရာ
အတွင်းဝန်ရုံးရန်ကုန်မြို့

လူမျိုးစုလွှတ်တော် (အင်္ဂလိပ်: Chamber of Nationalities) သည် ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်အထက်လွှတ်တော် ဖြစ်ပြီး ၁၉၄၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ လူမျိုးစုလွှတ်တော်သည် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား လူမျိုးစုများအား ပြည်ထောင်စုအုပ်ချုပ်ရေးတွင် ပါဝင်နိုင်စေရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လူမျိုးစုလွှတ်တော်တွင် အမတ်နေရာ ၁၂၅ နေရာပါဝင်ပြီး ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ ရှမ်းပြည်နယ်အတွက် ၂၅ နေရာ၊ ကချင်ပြည်နယ်အတွက် ၁၂ နေရာ၊ ချင်းဝိသေသတိုင်း (ယခု ချင်းပြည်နယ်) အတွက် ၈ နေရာ၊ ကရင်နီပြည်နယ် (ယခု ကယားပြည်နယ်) အတွက် ၃ နေရာ၊ ကရင်လူမျိုးများအတွက် ၂၄ နေရာနှင့် အင်္ဂလိပ်-မြန်မာကပြားများ အတွက် ၄ နေရာအပါအဝင် အခြားနယ်မြေများ (တိုင်းများအပါအဝင်) အတွက် ၅၃ နေရာ တို့ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း မှ အာဏာသိမ်းပြီးနောက် လူမျိုးစုလွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။

လူမျိုးစုလွှတ်တော် ဥက္ကဋ္ဌများ[ပြင်ဆင်ရန်]

  1. စဝ်ရွှေသိုက် (၁၉၅၂-၁၉၆၀)[၁]
  2. စဝ်ခွန်ကြည် (၁၉၆၀-၁၉၆၂)

ကိုးကား[ပြင်ဆင်ရန်]

  1. Houtman၊ Gustaaf (1990)။ Traditions of Buddhist Practice in Burma။ School of Oriental and African Studies, London University။ p. 275။