မကွေးတိုင်းဒေသကြီး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မကွေးတိုင်းဒေသကြီး
တိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး နယ်နမိတ်အဝင်
မကွေးတိုင်းဒေသကြီး နယ်နမိတ်အဝင်
မကွေးတိုင်းဒေသကြီး၏ အလံတော်
အလံတော်
မကွေးတိုင်းဒေသကြီး၏ တံဆိပ်တုံး
စည်းတံဆိပ်
မြန်မာနိုင်ငံအတွင်း မကွေးတိုင်းဒေသကြီး တည်နေရာ
မြန်မာနိုင်ငံအတွင်း မကွေးတိုင်းဒေသကြီး တည်နေရာ
ကိုဩဒိနိတ်: 20°15′N 94°45′E / 20.250°N 94.750°E / 20.250; 94.750ကိုဩဒိနိတ်: 20°15′N 94°45′E / 20.250°N 94.750°E / 20.250; 94.750
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးအလယ်ပိုင်း
မြို့တော်မကွေးမြို့
အစိုးရ
 • ​ဝန်ကြီးချုပ်ဦးတင့်လွင်
 • အစိုးရအဖွဲ့မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့
 • ဥပဒေပြုလွှတ်တော်မကွေးတိုင်းဒေသကြီး လွှတ်တော်
 • တရားလွှတ်တော်မကွေးတိုင်းဒေသကြီး တရားလွှတ်တော်
ဧရိယာ
 • စုစုပေါင်း၄၄၈၂၀.၆ စတုရန်းကီလိုမီတာ (၁၇၃၀၅.၃ စတုရန်းမိုင်)
ဧရိယာအဆင့်စတုတ္ထ
လူဦးရေ (၂၀၁၄)[၁]
 • စုစုပေါင်း၃,၉၁၇,၀၅၅
 • အဆင့်သတ္တမ
 • သိပ်သည်းမှု၈၇/km (၂၃၀/sq mi)
Demographics
 • လူမျိုးစုများဗမာချင်းရခိုင်ရှမ်းကရင်
 • ကိုးကွယ်မှုဗုဒ္ဓ ၉၈.၈%
ခရစ်ယာန် ၀.၇%
အစ္စလာမ် ၀.၃%
ဟိန္ဒူ ၀.၁%
animism ၀.၁%
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
HDI (၂၀၁၇)၀.၅၆၀[၂]
အလယ်အလတ် · ဆဋ္ဌမ

မကွေးတိုင်းဒေသကြီး (အင်္ဂလိပ်: Magway Region သို့မဟုတ် Magwe Region၊ ယခင် အမည် - မကွေးတိုင်း)သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အလယ်ပိုင်းရှိ အုပ်ချုပ်ရေး နယ်မြေ တစ်ခု ဖြစ်သည်။ မကွေးတိုင်းဒေသကြီးသည်မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး ခုနစ်ခုအနက် ဒုတိယအကြီးဆုံးဖြစ်ကာ ၄၄,၈၂၀ စတုရန်း ကီလိုမီတာ (၁၇,၃၀၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြို့တော်မှာ မကွေးမြို့ ဖြစ်သည်။ ပခုက္ကူမြို့သည် တိုင်းဒေသကြီး၏ အကြီးဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်သည်။ မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီတံတား (ပခုက္ကူ) သည် မြန်မာပြည်တွင် အရှည်ဆုံး တံတား ဖြစ်သည်။

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အလယ်ပိုင်း ၊ မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၅၀ မိနစ် နှင့် ၂၂ ဒီဂရီ ၄၇ မိနစ်ကြား ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၇ မိနစ် နှင့် ၉၅ ဒီဂရီ ၅၅ မိနစ် ကြားတွင် တည်ရှိပြီး ပဲခူးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မကွေးတိုင်းဒေသကြီးသည် ၁၇,၃၀၅ စတုရန်းမိုင်ကျယ်ဝန်းသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာဘုရင်များလက်ထက်က ယခုမကွေးတိုင်းဒေသကြီးကို ပုခန်းနယ်စား၊ရေနံချောင်းနယ်စားနှင့်မင်းဘူးနယ်စားဟူ၍ နယ်စားမင်းများခန့်ထားအုပ်ချုပ်စေခဲ့သည်။

ကိုလိုနီခေတ်- ဗြိတိသျှအစိုးရလက်ထက်(၁၈၉၆)တွင် ပြည်နယ်(၂)ခုအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ မင်းဘူးပြည်နယ်နှင့် ပခုက္ကူပြည်နယ်တို့ဖြစ်သည်။ မင်းဘူးပြည်နယ်ကို မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့ဖြင့်ဖွဲ့စည်းထားပြီး မြို့တော်မှာ ရေနံချောင်းမြို့ဖြစ်သည်။ ပခုက္ကူပြည်နယ်ကို ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင်တို့ဖြင့်ဖွဲ့စည်းထားပြီး မြို့တော်မှာ ပခုက္ကူမြို့ဖြစ်သည်။

၁၉၀၆ခုနှစ်တွင် ပခုက္ကူပြည်နယ်ကို မြောက်ပိုင်းချင်းတောင်တန်း၊ကာရိုတောင်တန်း၊လူရှိုင်းတောင်တန်း၊ကချာနှင့်ဂျိန်းတိယတောင်တန်း၊အက္ကပတ်တောင်တန်း၊မဏိပူရတောင်တန်းတို့ဖြင့်တိုးချဲ့ဖွဲ့စည်း၍ ပခုက္ကူတောင်တန်းဒေသများပြည်နယ်အဖြစ် အမည်ပြောင်းလဲသတ်မှတ်လိုက်သည်။ ပြည်နယ်မြို့တော်မှာပခုက္ကူမြို့ဖြစ်သည်။၁၉၃၆ခုနှစ်တွင် ပခုက္ကူပြည်နယ်၌ အိန္ဒိယနိုင်ငံ၏ပြည်နယ်အဖြစ်ပူပေါင်းရေးနှင့်ဗမာပြည်မနဲ့ပူးပေါင်းရေး တွဲရေး၊ခွဲရေးမဲခွဲရာ အိန္ဒိယနိုင်ငံနှင့်တွဲရန်ဘက်က မဲအသာစီးရခဲ့သော်လည်းပခုက္ကူခရိုင်နှင့်ချင်းတောင်တန်းမှခေါင်းဆောင်များက ဗမာပြည်မနဲ့သာတွဲရန်တောင်းဆိုသဖြင့် ပခုက္ကူခရိုင်နှင့်ချင်းတောင်တန်းများကို ဗြိတိသျှဗမာပြည်၏အစိတ်အပိုင်းများအဖြစ် ၁၉၃၇ခုနှစ်တွင်ပါဝင်ဖွဲ့စည်းလိုက်သည်။သို့သော်လူရှိုင်းတောင်တန်းဒေသမှချင်းခေါင်းဆောင်များကမူ အိန္ဒိယနိုင်ငံနှင့်သာပူးပေါင်းရန်ဆုံးဖြတ်ခဲ့သဖြင့်နောင်အခါ မီဇိုရမ်ပြည်နယ် ဟူ၍ဖြစ်လာခဲ့သည်။ကချာ၊ဂျိန်းတိယ၊မဏိပူရနှင့်အက္ကပတ်အပါအဝင် ကျန်ဒေသများမှာမူ အိန္ဒိယနိုင်ငံ၏အစိတ်အပိုင်းများသာဖြစ်လာခဲ့သည်။ ပခုက္ကူပြည်နယ်ကို ပခုက္ကူခရိုင်၊ဖလမ်းခရိုင်နှ င့် ကန်ပက်လက်ခရိုင်တို့ဖြင့် ပြန်လည်ဖွဲ့စည်းသည်။

၁၉၃၈ခုနှစ်တွင် မင်းဘူးခရိုင်တွင်ပါဝင်သော တောင်တွင်းကြီးစီရင်စုနှင့်ရေနံချောင်းစီရင်စုတို့ကို မကွေးခရိုင်အဖြစ်ဖွဲ့စည်းလိုက်ပြီး မင်းဘူးပြည်နယ်ကို ခရိုင်(၃)ခုဖြင့်ပြောင်းလဲဖွဲ့စည်းလိုက်သည်။ ဗြိတိသျှအစိုးရမှအမိန့်ဒီဂရီထုတ်ပြန်ပြီး မကွေးတိုင်းဟုအမည်ပြောင်းလဲသတ်မှတ်သည်။ တိုင်းမြို့တော်မှာမူ ရေနံချောင်းမြို့အဖြစ်သာ ဆက်လက်တည်ရှိသည်။

လွတ်လပ်ရေးခေတ်- ၁၉၄၉ခုနှစ်တွင် ပခုက္ကူပြည်နယ်မှ ဖလမ်းခရိုင်ကိုရခိုင်တောင်တန်းဒေသမှပလက်ဝမြို့နှင့်တွဲဖက်၍ ချင်းဝိသေသတိုင်းအဖြစ်ပြောင်းလဲဖွဲ့စည်းရာ ပခုက္ကူပြည်နယ်ကို ပခုက္ကူခရိုင်နှင့်ကန်ပက်လက်ခရိုင်(၂)ခုဖြင့်သာ ပြန်လည်ဖွဲ့စည်းသည်။၂၂.၃.၁၉၄၉တွင် မတူပီမြို့ကိုကန်ပက်လက်ခရိုင်၌ တည်ထောင်လိုက်သောအခါ ပခုက္ကူပြည်နယ်တွင် မြို့နယ်(၁၁)ခု ပါဝင်လာခဲ့သည်။

၁၉၅၅ခုနှစ်တွင်ချောက်မြို့ကို နောင်အခါ မန္တလေးတိုင်းတွင်ပါဝင်လာမည့် မိတ္ထီလာပြည်နယ်၊မြင်းခြံခရိုင်၊ညောင်ဦးစီရင်စုမှ မကွေးတိုင်း၊မကွေးခရိုင်၊ရေနံချောင်းစီရင်စုလက်အောက်သို့ပြောင်းရွှေ့လိုက်သည်။ ၁၉၅၈ခုနှစ်တွင် ကန်ပက်လက်ခရိုင်ရုံးများကို မင်းတပ်မြို့သို့ ပြောင်းရွှေ့လိုက်ပြီး မင်းတပ်ခရိုင်အဖြစ်အမည်ပြောင်းလဲသတ်မှတ်သည်။ ယင်းနှစ်တွင်ပင်သရက်ခရိုင်မှ မြေဲထဲမြို့ကို အောင်လံမြို့ဟုအမည်ပြောင်းလဲသတ်မှတ်လိုက်သည်။

၁၉၇၄ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအရ နိုင်ငံတဝန်းရှိ ခရိုင်များနှင့်စီရင်စုများအားလုံးကို ဖျက်သိမ်းလိုက်သည်။မင်းတပ်မြို့ကန်ပက်လက်မြို့နှင့်မတူပီမြို့တို့ကို ချင်းဝိသေသတိုင်းကိုပြောင်းလဲဖွဲ့စည်းသော ချင်းပြည်နယ်အတွင်းထည့်သွင်းဖွဲ့စည်းလိုက်သည်။ ပခုက္ကူပြည်နယ်ကိုဖျက်သိမ်းပြီး ပခုက္ကူခရိုင်အတွင်းမှ မြို့နယ်(၈)ခုကို မကွေးတိုင်းအတွင်းထည့်သွင်းဖွဲ့စည်းလိုက်သည်။ရေနံချောင်းမြို့မှ တိုင်းရုံးများကို မကွေးမြို့သို့ပြောင်းရွှေ့စေသည်။ နဝတအစိုးရလက်ထက်တွင် မကွေးတိုင်းကို ပခုက္ကူခရိုင်၊မကွေးခရိုင်၊မင်းဘူးခရိုင်နှင့်သရက်ခရိုင်ဟူ၍ခရိုင်(၄)ခု၊မြို့နယ်(၂၅)ခုဖြင့်ပြန်လည်ဖွဲ့စည်းလိုက်သည်။ထိုအချိန်မှစ၍ မကွေးခရိုင်ရုံးများသည် ရေနံချောင်းမြို့မှ မကွေးမြို့သို့ ပြောင်းရွှေ့သွားသည်။ တိုင်းမြို့တော်မှာမကွေးမြို့ဖြစ်သည်။

၁၉၉၈ခုနှစ်တွင် နအဖအစိုးရမှ ဂန့်ဂေါမြို့နယ်၊ဆောမြို့နယ်နှင့်ထီးလင်းမြို့နယ်တို့ကို ပခုက္ကူခရိုင်မှဆွဲထုတ်၍ ဂန့်ဂေါခရိုင်အဖြစ်ဖွဲ့စည်းလိုက်သောအခါ မကွေးတိုင်းတွင်ခရိုင်(၅)ခုဖြစ်လာခဲ့သည်။၂၀၀၆ခုနှစ်တွင် မြန်မာနိုင်ငံရှိအခြားတိုင်းမြို့များကဲ့သို့ မကွေးမြို့ရှိတိုင်းရုံးများကို တိုင်းအတွင်းရှိအခြားမြို့တစ်ခုသို့ပြောင်းရွှေ့ရန်စီစဉ်ခဲ့သော်လည်း အကောင်အထည်မဖော်ဖြစ်ခဲ့ပေ။၂၀၁၀ခုနှစ်တွင် (၂၀၀၈)ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေအရ မကွေးတိုင်းဟူသောအမည်ကို မကွေးတိုင်းဒေသကြီးဟူ၍အမည်ပြောင်းလဲသတ်မှတ်လိုက်သည်။

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်များဖြစ်ပြီး အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက် ရေဝေကြောဖြစ်သည်။ မင်းဘူးမြို့သည် လွင်ပြင်ဒေသဖြစ်သည်။ ဧရာဝတီမြစ်သည် တိုင်း၏အလယ်ဗဟိုကိုဖြတ်၍ မြောက်မှတောင်သို့စီးဆင်းသည်။ ဧရာဝတီမြစ်သို့ အရှေ့ဘက်ခြမ်းမှ စီးဝင်သော ချောင်းကြီးများမှာ ပင်းချောင်းယင်းချောင်းဒေါင်း‌နေချောင်း တို့ဖြစ်ကြပြီး၊ အနောက်ဘက်မှ စီးဝင်ကြသော မြစ်ချောင်းများမှာ ချင်းတွင်းမြစ်စလင်းချောင်းမုန်းချောင်းမန်းချောင်းမင်းတုန်းချောင်းတို့ဖြစ်ကြသည်။

ရာသီဥတု[ပြင်ဆင်ရန်]

မြန်မာပြည်အလယ်ပိုင်း ချိုင့်ဝှမ်းဒေသဖြစ်၍၊ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိသည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

မြို့​တော်[ပြင်ဆင်ရန်]

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။ပခုက္ကူမြို့အောင်လံမြို့ရေနံချောင်းမြို့တောင်တွင်းကြီးမြို့ချောက်မြို့ များမှာ အဓိကအရေးပါသောမြို့များ ဖြစ်ကြသည်။

မကွေးတိုင်းမြေပုံ

အုပ်ချုပ်​ရေး[ပြင်ဆင်ရန်]

၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းအစိုးရရုံးသည် မ​ကွေးမြို့တွင်တည်ရှိသည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် မ​ကွေးတိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။

ဥပဒေပြုရေး[ပြင်ဆင်ရန်]

၂၀၁၁ခုနှစ်မှစတင်ကာ တိုင်း​ဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။

တရားစီရင်ရေး[ပြင်ဆင်ရန်]

မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်း​ဒေသကြီးတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၅)ရုံး၊ မြို့နယ်တရားရုံး (၂၅)ရုံးရှိသည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ[ပြင်ဆင်ရန်]

မကွေးတိုင်းဒေသကြီးကို ခရိုင် ၅ ခရိုင်နှင့် မြို့နယ်ပေါင်း ၂၅ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး မြို့ပေါင်း ၃၂ မြို့၊ ရပ်ကွက်ပေါင်း ၁၉၉ ခု၊ ကျေးရွာအုပ်စုပေါင်း ၁၅၃၈ အုပ်စု နှင့် ကျေးရွာပေါင်း ၄၇၈၈ ရွာ ပါဝင်သည်။[၃]

ခရိုင်များ[ပြင်ဆင်ရန်]

မ​ကွေးတိုင်း၏ ခရိုင်များ

မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၅)ခု ရှိသည်။

  1. မကွေးခရိုင်
  2. မင်းဘူးခရိုင်
  3. ပခုက္ကူခရိုင်
  4. သရက်ခရိုင်
  5. ဂန့်ဂေါခရိုင်

မြို့နယ်များ[ပြင်ဆင်ရန်]

  • မကွေးခရိုင် (၆) မြို့နယ်
  1. မကွေးမြို့နယ်
  2. နတ်မောက်မြို့နယ်
  3. မြို့သစ်မြို့နယ်
  4. ချောက်မြို့နယ်
  5. ရေနံချောင်းမြို့နယ်
  6. တောင်တွင်းကြီးမြို့နယ်
  • မင်းဘူးခရိုင် (၅) မြို့နယ်
  1. မင်းဘူး(စကု)မြို့နယ်
  2. ပွင့်ဖြူမြို့နယ်
  3. စလင်းမြို့နယ်
  4. ငဖဲမြို့နယ်
  5. စေတုတ္တရာမြို့နယ်
  • ပခုက္ကူခရိုင် (၅) မြို့နယ်
  1. ပခုက္ကူမြို့နယ်
  2. ဆိပ်ဖြူမြို့နယ်
  3. ရေစကြိုမြို့နယ်
  4. မြိုင်မြို့နယ်
  5. ပေါက်မြို့နယ်
  • ဂန့်ဂေါခရိုင် (၃) မြို့နယ်
  1. ဂန့်ဂေါမြို့နယ်
  2. ထီးလင်းမြို့နယ်
  3. ဆောမြို့နယ်
  • သရက်ခရိုင် (၆) မြို့နယ်
  1. သရက်မြို့နယ်
  2. အောင်လံမြို့နယ်
  3. ဆင်ပေါင်ဝဲမြို့နယ်
  4. မင်းတုန်းမြို့နယ်
  5. မင်းလှမြို့နယ် (အထက်မင်းလှ)
  6. ကံမမြို့နယ်


အခြားထင်ရှားသောမြို့နှင့် ရွာကြီးများ[ပြင်ဆင်ရန်]

  • အိုင်းမ
  • အိုင်ကြီး
  • အုန်းတွဲ
  • ချောင်းနက်
  • ဂွေးချို
  • ကုက္ကိုကုန်း(တိုက်နယ်)
  • ကမျင်းကန်
  • ကန်
  • ကျောင်းတော်ရာ
  • ကျောက်ထု
  • ကျော
  • ကြေးနီ
  • ကျွန်းချောင်း
  • လမ်းရွာ
  • လယ်ကိုင်း
  • လက်ပံတံခါး
  • လင်းကတော
  • မလွန်
  • မဲဇလီ
  • မိကျောင်းရဲ
  • မင်းတဲကြီး
  • မင်းရွာ
  • မိုးနတ်ကုန်း
  • မြင်ကွန်း
  • မြစ်ခြေ
  • နဂါးအိုင်
  • ညံကန်
  • ညောင်လှ
  • ပဒါန်း
  • ပခန်းကြီး
  • ပြလို့
  • ပျော်ဘွယ်
  • ပြရည်
  • စပါးတန်း
  • စလေ
  • ဆတ်သွား
  • ဆည်တော်
  • ရှမ်းတပ်ကြီး
  • ရွှေပန်းတော
  • ဆင်ဖြူကျွန်မြို့
  • တိုင်တား
  • တက်ပုအောင်း
  • သမ္ဗူလ
  • ဝက်မစွပ်
  • ဝက္ကသေး (စံပြကျေးရွာ)
  • ယော
  • ရေမျက်နီ
  • ရေနံချပ်
  • ရေနံမ
  • ရေနံ့သာ
  • ရွာမွန်
  • ကိုးပင် (ဆင်ပေါင်ဝဲ လမ်းဆုံ)

လူဦး​ရေ[ပြင်ဆင်ရန်]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၁၉၇၃ ၂၆၃၄၇၅၇—    
၁၉၈၃ ၃၂၄၃၁၁၆+23.1%
၂၀၁၄ ၃၉၁၇၀၅၅+20.8%
Source: ၂၀၁၄ သန်းခေါင်စာရင်း[၁]

၂၀၁၄ သန်းခေါင်စာရင်းအရ မကွေးတိုင်းဒေသကြီးတွင် လူဦးရေ ၃.၉သန်း နေထိုင်ကြသည်။ မကွေးတိုင်းတွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၇၆ဦးဖြစ်သည်။ မကွေးတိုင်းတွင် လူ၁၀၀လျှင် ၈၅ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။

မြို့နေလူဦးရေ[ပြင်ဆင်ရန်]

၂၀၁၉ခုနှစ်ခန့်မှန်းလူဦးရေစာရင်းအရ ပခုက္ကူမြို့သည် တိုင်းဒေသကြီး၏ မြို့နေလူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး ငဖဲမြို့သည် မြို့နေလူဦးရေအနည်းပါးဆုံးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသကြီးရှိ မြို့နယ်များ၏ မြို့နေလူဦးရေစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၂၀၁၉ အဆင့် မြို့ ၁၉၈၃ သန်းခေါင်စာရင်း ၂၀၁၄ သန်းခေါင်စာရင်း (၂၀၁၉ခန့်မှန်း) ခရိုင်
၁။ ပခုက္ကူမြို့ ၉၀,၇၈၃ ၁၀၇,၅၅၇ ပခုက္ကူခရိုင်
၂။ မကွေးမြို့ ၇၂,၃၈၈ ၈၄,၇၅၄ မကွေးခရိုင်
၃။ ချောက်မြို့ ၆၇,၈၄၅ ၅၄,၁၃၈ မကွေးခရိုင်
၄။ အောင်လံမြို့ ၄၃,၂၂၃ ၅၂,၈၆၅ သရက်ခရိုင်
၅။ ရေနံချောင်းမြို့ ၉၀,၈၄၅ ၄၉,၅၈၈ မကွေးခရိုင်
၆။ တောင်တွင်းကြီးမြို့ ၅၂,၃၃၅ ၄၇,၅၂၇ မကွေးခရိုင်
၇။ မင်းဘူးမြို့ ၃၂,၉၉၄ ၄၂,၈၀၉ မင်းဘူးခရိုင်
၈။ ရေစကြိုမြို့ ၂၃,၃၂၉ ၂၃,၆၀၃ ပခုက္ကူခရိုင်
၉။ စလင်းမြို့ ၁၂,၁၅၈ ၂၀,၄၀၁ မင်းဘူးခရိုင်
၁၀။ သရက်မြို့ ၄၆,၃၆၁ ၂၀,၂၇၈ သရက်ခရိုင်
၁၁။ နတ်မောက်မြို့ ၁၄,၇၃၇ ၁၄,၄၁၂ မကွေးခရိုင်
၁၂။ မင်းလှမြို့ ၁၂,၅၁၀ ၁၂,၄၄၉ သရက်ခရိုင်
၁၃။ ဂန့်ဂေါမြို့ ၁၃,၉၅၅ ၁၁,၉၅၅ ဂန့်ဂေါခရိုင်
၁၄။ ဆောမြို့ ၇,၀၇၈ ၉,၇၀၆ ဂန့်ဂေါခရိုင်
၁၅။ ဆိပ်ဖြူမြို့ ၉,၀၈၁ ၉,၁၇၄ ပခုက္ကူခရိုင်
၁၆။ မြို့သစ်မြို့ ၈,၀၈၀ ၉,၀၈၉ မကွေးခရိုင်
၁၇။ မြိုင်မြို့ ၇,၇၀၆ ၈,၂၉၄ ပခုက္ကူခရိုင်
၁၈။ ပေါက်မြို့ ၇,၂၈၆ ၇,၈၂၀ ပခုက္ကူခရိုင်
၁၉။ ပွင့်ဖြူမြို့ ၅,၃၅၀ ၆,၄၇၆ မင်းဘူးခရိုင်
၂၀။ မင်းတုန်းမြို့ ၅,၀၉၈ ၅,၄၀၅ သရက်ခရိုင်
၂၁။ ကံမမြို့ ၅,၂၀၂ ၅,၁၂၉ သရက်ခရိုင်
၂၂။ ဆင်ပေါင်ဝဲမြို့ ၅,၀၈၉ ၅,၀၂၅ သရက်ခရိုင်
၂၃။ စေတုတ္တရာမြို့ ၆,၅၁၄ ၄,၉၇၁ မင်းဘူးခရိုင်
၂၄။ ထီးလင်းမြို့ ၄,၃၄၈ ၄,၆၇၉ ဂန့်ဂေါခရိုင်
၂၅။ ငဖဲမြို့ ၆,၅၁၄ ၄,၁၃၈ သရက်ခရိုင်

ပညာ​ရေး[ပြင်ဆင်ရန်]

  1. မကွေးတက္ကသိုလ်
  2. မကွေးဆေးတက္ကသိုလ်
  3. မကွေးပြည်သူ့ကျန်းမာရေးတက္ကသိုလ်
  4. နည်းပညာတက္ကသိုလ်(မကွေး)
  5. ကွန်ပျူတာတက္ကသိုလ်(မကွေး)
  6. မကွေးပညာရေးကောလိပ်
  7. ပခုက္ကူတက္ကသိုလ်
  8. ပခုက္ကူပညာရေးဒီဂရီကောလိပ်
  9. နည်းပညာတက္ကသိုလ်(ပခုက္ကူ)
  10. ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)
  11. ရေနံချောင်းတက္ကသိုလ်
  12. အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)
  13. အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)
  14. အစိုးရစက်မှုလက်မှုသိပ္ပံ (ချောက်)
  15. အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်)
  16. အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ)
  17. အစိုးရစက်မှုလက်မှုသိပ္ပံ (ပခုက္ကူ)

စီးပွား​ရေး[ပြင်ဆင်ရန်]

တွင်းထွက်များ[ပြင်ဆင်ရန်]

မကွေးတိုင်းဒေသကြီး ရေနံချောင်းနှင့် ချောက်မြို့နယ်တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ထွက်ရှိသည်။

  1. ချောက်ရေနံမြေ
  2. ရေနံချောင်းရေနံမြေ
  3. ထောက်ရှာပင်ရေနံမြေ
  4. မင်းဘူးရေနံမြေ
  5. မန်းရေနံမြေ
  6. ကျောက်ခွက်လက်ပံတိုရေနံမြေ

ဒေသထွက်ကုန်များ[ပြင်ဆင်ရန်]

မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ဆန်စပါး၊ ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုးမျိုး ဆင်ဖြူကျွန်းအာလူး

စက်မှုလုပ်ငန်းများ[ပြင်ဆင်ရန်]

  1. ပခုက္ကူ စက်မှုဇုံ
  2. ရေနံချောင်း စက်မှုဇုံ
  3. ချောက် ရေနံချက်စက်ရုံ
  4. မန်းသံပုရာကန် ရေနံချက်စက်ရုံ
  5. မန်း ရေနံမြေသဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ
  6. ကျွန်းချောင်း ဓာတ်မြေဩဇာစက်ရုံ
  7. စလေ ဓာတ်မြေဩဇာစက်ရုံ
  8. သရက်ဘိလပ်မြေစက်ရုံ
  9. ပခုက္ကူ ဗာဂျီးနီးယားဆေးပေါင်းစက်ရုံ
  10. ပွင့်ဖြူ ချည်မျှင်စက်ရုံ
  11. မကွေး ဆပ်ပြာစက်ရုံ

စိတ်ဝင်စားဖွယ်နေရာများ[ပြင်ဆင်ရန်]

ငါးမျက်နှာစေတီနှင့် ငါမျက်နှာကန် ဆင်ဖြူကျွန်းမြို့ ဆုတောင်းပြည့်ဘုရား ဆင်ဖြူကျွန်းမြို့

  • စွန်တောင် (ချွန်းတောင်) (ရခိုင်ရိုးမတောင်တန်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ ၆၅၂၇ ပေရှိသည်။)

ထင်ရှားသောတံတားကြီးများ[ပြင်ဆင်ရန်]

  1. အနော်ရထာတံတား (ချောက်-ဆိပ်ဖြူ)
  2. မကွေးတံတား (မကွေး-မင်းဘူး)
  3. ပခုက္ကူတံတား (ပခုက္ကူ-ပုဂံ)
  4. မုန်းချောင်းတံတား (ပွင့်ဖြူ-ရှောက်တော)
  5. မန်းချောင်းတံတား (စကု)
  6. ယင်းချောင်းတံတား (မကွေး)
  7. ပင်းချောင်းတံတား (ရေနံချောင်း)
  8. နွယ်တံမယ်တံတား(ဆင်ဖြူကျွန်းမြို့)
  9. ဒေါင်းနေတံတား (ရေနံချောင်း)
  10. ဆားပွက်ချောင်းတံတား (မင်းဘူး)
  11. မုန်းချောင်းတံတား (မဲဇလီ)

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့[ပြင်ဆင်ရန်]

မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများ နေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရသည်။ ထို့ပြင် ပခုက္ကူတောင်တန်းဒေသ၏ ထီးလင်း၊ ဂန့်ဂေါ၊ ဆော စသည့် မြို့ ၃ မြို့သည် ဗမာမျိုးနွယ်စုတွင်ပါဝင်သော ယောလူမျိုးများ နေထိုင်ရာ အရပ်ဖြစ်ပြီး ယောဒေသ ဟု ခေါ်တွင်သည်။ ဆင်ဖြူကျွန်းဒေသကျပင်းမြို့ဟောင်းရှိပျူခေတ် ရှေးဟောင်းအမွေအနှစ် မြေအိုးဆေးရိုးများတွေ့ရသည် စံမြန်မာစကားနှင့် အသံထွက် အနည်းငယ်ကွဲလွဲသည်။ ထိုယောဒေသမှထွက်သော ယောလုံချည်ကို ကိုလိုနီခေတ်က မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံအဖြစ် ဝတ်ဆင်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Census Report။ The 2014 Myanmar Population and Housing Census။ 2။ Naypyitaw: Ministry of Immigration and Population။ May 2015။ p. 17။
  2. Sub-national HDI - Area Database - Global Data Lab (in en)။
  3. မကွေးတိုင်းဒေသကြီး နောက်ခံသမိုင်း
  4. D.P.S. MYANMAR GUIDE MAP. 2000.