အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော | |
---|---|
အင်းလေးကန် ဇီဝအဝန်းနယ်မြေ | |
IUCN category V (protected landscape/seascape) | |
ဘေးမဲ့တော ဝင်ပေါက် ဆိုင်းဘုတ် | |
တည်နေရာ | ရှမ်းပြည်နယ်၏ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များအတွင်း။ |
အနီးဆုံး မြို့ | ညောင်ရွှေမြို့ |
ကိုဩဒိနိတ် | 20°08′N 96°34′E / 20.13°N 96.56°Eကိုဩဒိနိတ်: 20°08′N 96°34′E / 20.13°N 96.56°E |
ဧရိယာ | ၂၀၆.၀၇ sq mi (၅၃၃.၇ km2)[၁] |
ဖွဲ့စည်း | ၁၉၈၅ ခုနှစ် |
အုပ်ချုပ်ရေး | သစ်တောဦးစီးဌာန |
အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ဒေသတွင် တည်ရှိသည်။ ဆောင်းခိုငှက်များနှင့် သူတို့နေထိုင်ကျတ်စားရာ နေရာများကို ထိန်းသိမ်းရန်သည် ဘေးမဲ့တော တည်ထောင်ရသည့်ရည်ရွယ်ချက်တစ်ခု ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဇီဝအဝန်းနယ်မြေ (Bioshpere Reserve) အဖြစ် ယူနက်စကို၊ လူသားနှင့်ဇီဝအဝန်းနယ်မြေအစီအစဉ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကော်မတီ (UNESCO Man and the Biosphere Reserve Programme, International Coordinating Council) မှ (၂၇)ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုသတ်မှတ်ခဲ့သည်။
တည်နေရာ
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ်၂၀°၁၃'၊ အရှေ့လောင်ဂျီတွဒ် ၉၆°၅၆'၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်များအတွင်း တည်ရှိသည်။ ၁၉၈၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အကျယ်အဝန်းမှာ ၆၄၀.၉၁ စတုရန်းကီလိုမီတာ (၂၄၇.၄၆ စတုရန်းမိုင်) ရှိသည်။
သဘာဝအရင်းအမြစ်များ
[ပြင်ဆင်ရန်]အဓိကအရင်းအမြစ်မှာ ဆောင်းခိုငှက်များနှင့် ဒေသတွင်းငှက်များ နေထိုင်ကျတ်စားကြခြင်း ဖြစ်ပြီး ၁၇၅မျိုးသော မျိုးစိတ်များ ကျတ်စားနေထိုင်ကြသည်ဟု သိရသည်။
ခြိမ်းခြောက်နေသောအန္တရာယ်များ
[ပြင်ဆင်ရန်]ဓာတုဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများ မလျော်ညီစွာသုံးစွဲမှုများကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည်။ ခရီးသွားလုပ်ငန်း တိုးတက်ကြီးထွားလာသည်နှင့်အညီ သဘာဝပတ်ဝန်ကျင်အား ဂရုစိုက်မှုမရှိသောကြောင့် ပျက်စီးညစ်နွမ်းမှုများ ဖြစ်ပေါ်နေသည်။ ဇုံအတွင်းထုတ်ပြန်ထားသော စည်းကမ်းများကို ဒေသခံတံငါသည်များသည် လေးစားလိုက်နာခြင်းမရှိကြချေ။ အဓိကမှာ စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲလာခဲ့ပြီး ဆင်ခြေလျှောမှ မြေများ တရွေ့ရွေ့ ရေထဲသို့အနည်ထိုင်ခြင်းဖြစ်သည်။ ဤရလဒ်များအဖြစ် ရေတိမ်လာပြီး ရေထုညစ်ညမ်းလာခဲ့သည်။
ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ
[ပြင်ဆင်ရန်]ရန်ကုန်တက္ကသိုလ်နှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း တို့မှ ပူပေါင်းပြီး နှုံးများနှင့် ပိုးသတ်ဆေးများအသုံးပြုခြင်းကို လေ့လာခဲ့ကြသည်။
ခရီးသွားလာရေးလုပ်ငန်းများ
[ပြင်ဆင်ရန်]လမ်းပမ်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]- ရန်ကုန်-ဟဲဟိုး လေယဉ်ဖြင့် - ၁ နာရီ
- ဟဲဟိုး-ညောင်ရွှေ ကားဖြင့် - ၁၉ မိုင်
ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ
[ပြင်ဆင်ရန်]- ကမ္ဘာပေါ်တွင် ထင်ရှားသည့် ပင်လယ်ရေမျက်နှာပြင် အထက် (၂၉၅၀)ပေတွင် ထူးခြားသော ရေတိမ်ဒေသဂေဟစနစ် (Wetland Ecosystem) ကို လေ့လာနိုင်ခြင်း၊
- ရှမ်းကုန်းမြေမြင့်၏ တောင်ပေါ်ဒေသရှုခင်းများ လေ့လာခံစားနိုင်ခြင်း၊ ငှက်မျိုးစုံလင်စွာ လေ့လာကြည့်ရှုနိုင်ခြင်း၊
သုတေသနပြုလုပ်နိုင်ခြင်း၊
- အခြားနိုင်ငံဒေသများ၌ မတွေ့ရှိနိုင်သော ငါးမျိုးများ၏ နေထိုင်ကျက်စားမှုကို လေ့လာနိုင်ခြင်း၊
- အင်းသားတို့၏ ရိုးရာကျွန်းမျှောများကို အသုံးပြု၍ ရေပေါ်စိုက်ခင်းများ တည်ထောင်စိုက်ပျိုးမှုစနစ်ကို လေ့လာနိုင်ခြင်း၊
- တိုင်းရင်းသားများ၏ ခြေဖြင့်လှော်ခတ်သည့် ထူးခြားသော ဓလေ့ကို လေ့လာနိုင်ခြင်း၊
- ရေလယ်ဖောင်တော်ဦး ဘုရားကို ဖူးမြော်ကြည်ညိုနိုင်ခြင်း၊
- ရေပေါ်ဈေးကို လေ့လာနိုင်ခြင်း။
ကိုးကား
[ပြင်ဆင်ရန်]- ↑ World Database on Protected Areas (2019)။ Inlay Lake Wildlife Sanctuary။
- ↑ ၂.၀ ၂.၁ အင်းလေးကန် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန။ ၅ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
- Report: Myanmar Protected Area (2011)