ထိုင်းနိုင်ငံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
"ယိုးဒယား" ကို ဤနေရာသို့ ညွှန်းသည်။ ယိုးဒယားသီချင်းကြီး အတွက် ယိုးဒယားသီချင်းနှင့်အက တွင်ရှုပါ။
ထိုင်းနိုင်ငံ
ราชอาณาจักรไทย
ရတ်ချာအနာချက်ထိုင်း(ရာဇအာဏာစကြထိုင်း)
ထိုင်းနိုင်ငံ၏ အလံတော်
ထိုင်းနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: နိုင်ငံ ဘာသာ ဘုရင်
နိုင်ငံတော် သီချင်း: ဖလင်း ချတ် (Phleng Chat)
ထိုင်းနိုင်ငံ    ၏ တည်နေရာ
မြို့တော် ဘန်ကောက်မြို့
အကြီးဆုံးမြို့ ဘန်ကောက်မြို့
ရုံးသုံး ဘာသာစကားများ ထိုင်းဘာသာ[၁]
လူမျိုးစု ထိုင်း (၇၅%)တရုတ်(၁၄%)၊ အခြားလူမျိုး (၁၁%)
ကိုးကွယ်မှု ဗုဒ္ဓ (၉၅%)အစ္စလာမ် (၄.၆%)ခရစ်ယာန် (၀.၇၅%)
အမျိုးအစား ပါလီမန် ဒီမိုကရေစီ နှင့် အ​ခြေခံဥပ​ဒေအညီ ဘုရင်အုပ်ချုပ်မှု
အစိုးရ
• ဘုရင်
ဝသိလာလောင်ကွန်း
• ဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးပရာချွတ်ချန်အိုချာ
တည်ထောင်
• စုခိုထိုင်းတိုင်းပြည်
၁၂၃၈-၁၃၆၈
• အယုဒ္ဓယတိုင်းပြည်
၁၃၅၀
• သုန်ဘူရိတိုင်းပြည်
၁၇၆၇
• ရတနာကိုစင်တိုင်းပြည်
၆ ဧပြီ ၁၇၈၂
• အ​ခြေခံဥ​ပ​ဒေ​အညီ ဘုရင်အုပ်ချုပ်မှု
၂၄ ဇွန် ၁၉၃၂
ဧရိယာ
• စုစုပေါင်း
၅၁၃,၁၁၅ km² (၁၉၈,၁၁၅ sq mi) (အဆင့်: ၄၉)
• ရေထု (%)
၀.၄
လူဦးရေ
• ခန့်မှန်း
၆၇,၉၅၉,၀၀၀[၂] (အဆင့် - ၂၀)
• သိပ်သည်းမှု
၁၂၂/km² (၃၁၇/sq mi) (အဆင့် - ၈၅)
GDP (PPP) ခန့်မှန်း
• စုစုပေါင်း
အမေရိကန်ဒေါ်လာ ၁.၁၀၈ ထရီလီယံ[၃] (အဆင့် - ၃၄)
• Per capita
$၃,၄၀၀ (အဆင့် - ၉၂)
HDI ၀.၇၈၁
မြင့် · ၇၈
ငွေကြေး ဘတ် (THB "฿")
တယ်လီဖုန်းကုဒ် +၆၆
Internet TLD


ထိုင်းနိုင်ငံအား ရုံးသုံးအမည်အားဖြင့် ကင်းဒမ်းအော့ဖ် ထိုင်းလန်း သို့မဟုတ် ထိုင်းဘုရင့်နိုင်ငံတော် ဟု ခေါ်ကြပြီး ယခင်က ဆိုင်းယမ်း ဟု ခေါ်ဆိုခဲ့ကြသည်။ အင်ဒိုချိုင်းနားကျွန်းဆွယ် အလယ်ပိုင်း အရှေ့တောင်အာရှ ကုန်းမကြီးတွင် တည်ရှိသည်။ မြောက်ဘက်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့ နှင့် မလေးရှားနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ် နှင့် တောင်ဘက်စွန်းတွင် မြန်မာနိုင်ငံ တို့ တည်ရှိသည်။ ပင်လယ်ရေပိုင်နက် အနေနှင့် အရှေ့တောင်ဘက် ထိုင်းပင်လယ်ကွေ့တွင် ဗီယက်နမ်နိုင်ငံနှင့် လည်းကောင်း၊ အနောက်တောင်ဘက် ကပ္ပလီပင်လယ်တွင် အင်ဒိုနီးရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့နှင့် လည်းကောင်း ထိစပ်လျှက် ရှိသည်။

ထိုင်းနိုင်ငံအား ၂၀၁၄ ခုနှစ် မေလ စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် ငြိမ်းချမ်းရေး နှင့် ငြိမ်ဝပ်မှု အမျိုးသား ကောင်စီမှ အုပ်ချုပ်လျှက် ရှိသည်။[၄] ထိုင်းနိုင်ငံ၏ ဘုရင်မင်းဆက်အား မဟာဗာဂျီရာလောင်ကွန်း ဘုရင်မှ ဦးဆောင် အုပ်ချုပ်ပြီး ၂၀၁၆ ခုနှစ်မှစ၍ ရာမ ၁၀ သို့မဟုတ် ချက်ကရီမင်းဆက်၏ ဒသမမြောက် ဘုရင် အဖြစ် အုပ်ချုပ်လျှက် ရှိသည်။ ၂၀၁၆ ဒီဇင်ဘာ ၁ရက်မှ စတင် အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် ၁၉၈,၀၀၀ စတုရန်းမိုင် (၅၁၃,၀၀၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသဖြင့် ကမ္ဘာပေါ်တွင် ၅၁ ခုမြောက် အကြီးဆုံး နိုင်ငံ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ၂၀ ခုမြောက် လူဦးရေ အများဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၆၆ သန်း ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဘန်ကောက်မြို့ ဖြစ်ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်း နှင့် ယဉ်ကျေးမှု အချက်အခြာ ဌာန တစ်ခု ဖြစ်သည်။ လူဦးရေ၏ ၇၅-၉၅% အထိမှာ ထိုင်းလူမျိုးများ ဖြစ်ကြပြီး အဓိက ဒေသအလိုက် လူမျိုးအုပ်စုကြီး ၄ မျိုးရှိပြီး အလယ်ပိုင်းထိုင်း၊ အရှေ့မြောက်ထိုင်း (ခေါင်(လောင်)အီစန်)၊ မြောက်ပိုင်းထိုင်း (ခေါင်မောင်း) နှင့် တောင်ပိုင်းထိုင်းတို့ ဖြစ်ကြသည်။ တရုတ်သွေး သိသာစွာ ပါရှိသော တရုတ်ထိုင်းလူမျိုးမှာ လူဦးရေ၏ ၁၄% ရှိပြီး တရုတ်သွေး အနည်းငယ် ပါဝင်သော ထိုင်းလူမျိုးမှာ လူဦးရေ၏ ၄၀% အထိ ရှိသည်။[၅] ထိုင်းမလေး လူမျိုးမှာ လူဦးရေ၏ ၃% ရှိပြီး ကျန်ရှိသောသူများမှာ မွန်၊ ခမာ နှင့် အမျိုးမျိုးသော တောင်ကုန်းနေလူမျိုးစုများ ဖြစ်ကြသည်။ နိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ ထိုင်းဘာသာစကား ဖြစ်ပြီး အဓိက ကိုးကွယ်သည့် ဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်၍ လူဦးရေ၏ ၉၅% ခန့်မျှ ကိုးကွယ်ကြသည်။

ထိုင်းနိုင်ငံသည် ၁၉၈၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း စီးပွားရေး သိသာစွာ တိုးတက်လာခဲ့ပြီး ကုန်ထုတ်လုပ်ငန်းများ ဖွံဖြိုးသော နိုင်ငံ အသစ်တစ်ခု နှင့် အဓိက ကုန်ပစ္စည်းတင်ပို့သူ တစ်ဦး ဖြစ်လာခဲ့သည်။ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး နှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတို့မှာ စီးပွားရေးတွင် ဦးဆောင်သော ကဏ္ဍများ ဖြစ်သည်။[၆][၇] အာဆီယံနိုင်ငံ ၁၀ နိုင်ငံထဲတွင် တတိယမြောက် ဘဝ အရည်အသွေး အကောင်းဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နေပြီး ထိုင်းနိုင်ငံ၏ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းမှာ "မြင့်မားသည်" ဆိုသော အဆင့်တွင် ရှိနေသည်။ များပြားသော လူဦးရေနှင့် စီးပွားရေးတွင် ဩဇာလွှမ်းမိုးမှု တိုးတက်လာခြင်း တို့ကြောင့် ဒေသတွင်းနှင့် ကမ္ဘာပေါ်တွင် အင်အားအသင့်အတင့် ရှိသော နိုင်ငံ ဖြစ်လာသည်။[၈]

မာတိကာ

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

ဆိုင်ယမ်းဆိုသော အမည်[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံသားများက ထိုင်းနိုင်ငံကို မောင်းထိုင်း ဟု ခေါ်ကြပြီး ၁၉၄၉ ခုနှစ် မတိုင်မီ အထိ ပြင်ပကမ္ဘာမှ လူများမှ ဆိုင်ယမ်း ဟုသာ သိကြသည်။ ဆိုင်းယမ်းဆိုသော အမည်မှာ သင်္သကရိုက်ဘာသာ ဆိုင်းယာမ မှ ဆင်းသက်လာသည်ဟု ယူဆရပြီး အမည်း သို့ အညို ဟု အဓိပ္ပာယ်ရကာ ရှမ်း နှင့် ဟွမ်တို့မှာလည်း ထိုစကားလုံး၏ စာလုံးကွဲများသာ ဖြစ်ကြသည်။ ဆိုင်းယာမမှာ မူရင်းစကားလုံး မဟုတ်ဘဲ ထိုစကားလုံးကို သင်ယူထားသူများမှ ပြောင်းလဲအသုံးပြုကြခြင်း ဖြစ်နိုင်သည်။[၉] အခြားသီအိုရီ တစ်ခု အရ ၁၄ရာစု အတွင်း အယုဒ္ဓယသည် အဓိကကျ ထင်ရှားသော နေရာတစ်ခု ဖြစ်ခဲ့ပြီး တရုတ်တို့က ထိုဒေသအား ရှန် ဟု ခေါ်ဆိုကြကာ ပေါ်တူဂီတို့က ဆိုင်ယမ်းဟု ပြောင်းလဲ ခေါ်ဆိုကြခြင်း ဟု ဆိုသည်။

SPPM Mongkut Rex Siamensiumဟု ရေးထိုးထားသော မောင်းကက်ဘုရင်၏ လက်မှတ်

မောင်းကက်ဘုရင် (၁၈၅၁-၁၈၆၈) ၏ လက်မှတ်တွင် SPPM (Somdet Phra Poramenthra Maha) သို့မဟုတ် ဆိုင်ယမ်းတို့၏ ဘုရင် မောင်းကက် ဟု ရေးထိုးထားပြီး ဆိုင်ယမ်းဆိုသောအမည်ကို တရားဝင် ခေါ်ဝေါ်လာခဲ့သည်မှာ ၁၉၃၉ ခုနှစ် ဇွန်လ ၂၃ ရက် အထိ ဖြစ်ပြီး ထို့နောက်တွင် ထိုင်းလန်းဟု အမည် ပြောင်းခဲ့သည်။[၁၀] ထိုင်းလန်းအား ဆိုင်ယမ်းဟု ၁၉၄၅ ခုနှစ်မှ ၁၉၄၉ ခုနှစ် မေလ ၁၁ ရက် နေ့အထိ အမည်ပြန်ပြောင်းခဲ့ပြီး ထို့နောက်တွင် ထိုင်းလန်းဟူသော အမည်သို့ ပြန်လည် ပြောင်းလဲခဲ့ပြန်သည်။

ထိုင်းလန်းဆိုသောအမည်[ပြင်ဆင်ရန်]

ပြင်သစ်သမိုင်းပညာရှင် ဂျော့ရှ်ဆီးဒက်၏ အဆိုအရ ထိုင်း ဆိုသော အမည်မှာ ထိုင်းဘာသာစကားဖြင့် လွတ်လပ်သောသူ ဟု အဓိပ္ပာယ်ရပြီး ထိုင်းလူမျိုးများအား ထိုင်းလူ့အဖွဲ့အစည်းတွင် နေထိုင်သော လယ်ကျွန်များမှ ခွဲခြား ခေါ်ဝေါ်ခြင်းဟု ဆိုသည်။ ထင်ရှားသော ထိုင်း ပညာရှင်တစ်ဦးက ငြင်းဆိုသည်မှာ ထိုင်းဆိုသော အမည်မှာ ပြည်သူ သို့မဟုတ် လူ ဟုသာ အဓိပ္ပာယ်ရပြီး ၎င်း၏ ရှာဖွေဖော်ထုတ်ချက်အရ အချို့သော ကျေးလက်ဒေသများတွင် လူအား ပုံမှန် သုံးနေကျ ထိုင်းစကားလုံး "ခေါန်" အစား "ထိုင်း" ဟု သုံးနှုန်းကြသည်ဟု ဆိုသည်။[၁၁]

ထိုင်းလူမျိုးများမှ ၎င်းတို့၏ နိုင်ငံအား ယဉ်ကျေးသော အသုံးအနှုန်း "ပရာသက်ထိုင်း" ဟု မကြာခဏ သုံးလေ့ ရှိကြသော်လည်း အများဆုံး အသုံးပြုကြသည့် အရပ်သုံးစကားတွင်မူ "မောင်းထိုင်း" သို့မဟုတ် "ထိုင်း" ဟုသာ သုံးနှုန်းကြသည်။ မောင်းဆိုသော စကား၏ အဓိပ္ပာယ်မှာ မြို့တော်နိုင်ငံဟု အဓိပ္ပာယ်ရပြီး ဒေသ၏ အလယ်ဗဟိုရှိ မြို့တော် သို့မဟုတ် မြို့ကို ရည်ညွှန်းလေ့ ရှိကြသည်။ ရတ်ချာအာဏာချက်ထိုင်း (ထိုင်း: ราชอาณาจักรไทย၊ မြန်မာ: ရာဇအာဏာစကြာထိုင်း) သည် ထိုင်းဘုရင့်နိုင်ငံတော်ဟု အဓိပ္ပာယ်ရှိသည်။ ဗျုပ္ပတ်နှင့်ခွဲလျင် အမည်အပိုင်းများသည် - -ရတ်ချာ- (သင်္သကရိက် ရာဇ, အဓိပ္ပာယ်သည် "ဘုရင်" ဖြစ်သည်)၊ -အာဏာ- (ပါဠိ အာဏာ āṇā) နှင့် -ချတ် (သင်္သကရိက် စကြာ၊ အဓိပ္ပာယ်သည် "ဘီး" ဖြစ်သော်လည်း မင်းမူအာဏာပိုင် သင်္ကေတလည်းဖြစ်သည်) ဟု ခွဲခြားနိုင်သည်။။ အလွန်မျိုးချစ်စိတ်ဓာတ် တက်ကြွနေသော ၁၉၃၀ ခုနှစ်များတွင် ရေးခဲ့သည့် နိုင်ငံတော် သီချင်းတွင် ထိုင်းနိုင်ငံအား "ပရာသက်ထိုင်း" ဟု ရည်ညွှန်းခဲ့သည်။ နိုင်ငံတော် သီချင်း၏ ပထမဆုံး စာကြောင်းတွင် ထိုင်းနိုင်ငံသည် ထိုင်းသွေးသားများ၏ စုစည်းမှု ဖြစ်သည်ဟု ထည့်သွင်းရေးသားခဲ့သည်။

အမည်[ပြင်ဆင်ရန်]

"ထိုင်းလန်း ဘုရင့်နိုင်ငံတော် (ကင်းဒမ်းအော့ဖ် ထိုင်းလန်း) ဆိုသည်မှာ ထိုင်းနိုင်ငံ၏ တရားဝင် အမည် ဖြစ်သည်။

Official names
ခုနှစ် အမည် ထိုင်းအမည် မှတ်ချက်
၁၂၃၈–၁၄၃၈ ဆူကွန်ထိုင်း ဘုရင့်နိုင်ငံတော် อาณาจักรสุโขทัย
၁၃၅၁–၁၇၆၇ အယုဒ္ဓယ ဘုရင့်နိုင်ငံတော် อาณาจักรอยุธยา
၁၇၆၈–၁၇၈၂ သွန်ဘူရီ ဘုရင့်နိုင်ငံတော် อาณาจักรธนบุรี
၁၇၈၂–၁၉၃၉ ရတ္တနာကွန်ဆင် ဘုရင့်နိုင်ငံတော် อาณาจักรรัตนโกสินทร์ (Siam)
၁၉၃၉–၁၉၄၆ ထိုင်းလန်း ဘုရင့်နိုင်ငံတော် ราชอาณาจักรไทย
၁၉၄၆–၁၉၄၉ တော်ဝင် ဆိုင်ယမ်း ဘုရင့်နိုင်ငံတော် พระราชอาณาจักรสยาม
၁၉၄၉–ယခု ထိုင်းလန်း ဘုရင့်နိုင်ငံတော် ราชอาณาจักรไทย

သမိုင်း[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံတွင် ယခုလက်ရှိမှစ၍ ရေတွက်လျှင် လွန်ခဲ့သော နှစ်ပေါင်း ၄၀,၀၀၀ ကျော်မှစ၍ လူတို့ နေထိုင်ခဲ့သော သက်သေ အထောက်အထားများရှိပြီး မဲဟောင်ဆောင်ရှိ သမ်လော့ဒ်ကျောက်ဂူတွင် ကျောက်ခေတ် လက်မှုပစ္စည်းများကို တွေ့ရသည်။ အခြားသော အရှေ့တောင်အာရှ နိုင်ငံများကဲ့သို့ပင် ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့ များစွာ လွှမ်းမိုးမှု ရှိပြီး အေဒီ ၁ ရာစု ဖူနန်ဘုရင့်နိုင်ငံတော် မှစ၍ ခမာအင်ပိုင်ယာ ခေတ် အထိ ဖြစ်သည်။ [၁၂]ထိုင်းနိုင်ငံသည် အစောပိုင်း နှစ်များတွင် ခမာ အင်ပိုင်ယာ၏ အုပ်ချုပ်မှုအောက်တွင် ရှိပြီး ခမာအင်ပါယာတွင် ဟိန္ဒူတို့၏ ရိုးရာများ ခိုင်မာစွာ အမြစ်တွယ်နေသဖြင့် ထိုလွှမ်းမိုးမှုများကို ယနေ့တိုင် ထိုင်းတို့ကြားတွင် တွေ့ရှိနိုင်သေးသည်။

အယုဒ္ဓယရှိ ဝပ်ချိုင်ဝပ်သန်နရန်၏ အပျက်အစီးများ

ထိုင်းယဉ်ကျေးမှုတွင် အိန္ဒိယတို့၏ လွှမ်းမိုးမှု ရှိသည်မှာ အိန္ဒိယမှ လာရောက်အခြေချ နေထိုင်သူများနှင့် တိုက်ရိုက် ထိတွေ့မှုကြောင့်သာ မကပဲ အိန္ဒိယ ယဉ်ကျေးမှု ကျင့်သုံးသော ဘုရင့်နိုင်ငံများဖြစ်သည့် ဗာရာဝတီ၊ သီရီဝိဇယ နှင့် ကမ္ဘောဒီးယား တို့ကြောင့် အဓိကပါဝင်သည်။[၁၃] အီးအေဗောရပ်ဇ် ကမူ အိန္ဒိယ ဘုရင် အသောက ၏ မောရိယ အင်ပိုင်ယာ ခေတ်တွင် ဗုဒ္ဓဘာသာသည် အိန္ဒိယမှ ထိုင်းနိုင်ငံသို့ စီးဆင်း ဝင်ရောက်သည်ဟု ယုံကြည်ပြီး ခရစ်တော်ပေါ်ပြီး ၁ ရာစု အထိ ပင် ဖြစ်သည်။ [၁၃]နောက်ပိုင်းတွင် ထိုင်းနိုင်ငံသည် တောင်အိန္ဒိယမှာ ပါလာဗာမင်းဆက် နှင့် မြောက်အိန္ဒိယမှ ဂုတ်ပတား အင်ပိုင်ယာတို့၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်။

ပြင်သစ် သမိုင်းပညာရှင် ဂျော့ရှ်ဆီးဒက်၏ အဆိုအရ "ထိုင်းတို့သည် အဖအန္ဒိယ နိုင်ငံတော်၏ သမိုင်းတွင် ပထမဆုံး ပါဝင်ခဲ့သည်မှာ ၁၁ ရာစု ချန်ပါ ကျောက်ထွင်းစာများတွင် ထိုင်း ကျွန်များ သို့မဟုတ် စစ်သုံးပန့်များ အဖြစ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ၁၂ ရာစုတွင် အန်ကောဝပ် ဘုရားကျောင်းရှိ ကျောက်ဆစ်များတွင် စစ်သူရဲအုပ်စု တစ်ခုအား ဆိုင်ယမ်းဟု ဖော်ပြထားခဲ့သည်။ ထို့ပြင် မွန်ဂို တို့သည် တာလီအား ၁၂၅၃ ဇန်နဝါရီလ ၇ ရက်တွင် သိမ်းပိုက်ပြီး ၁၂၅၃ တွင် ယူနမ်အား သိမ်းသွင်းပြီးနောက် ယခင် အိန္ဒိယ လွှမ်းမိုးထားသော ဘုရင့်နိုင်ငံနေရာ၌ ထိုင်းဒေသများ ထူထောင်ရန် အခက်အခဲမရှိခဲ့ကြောင်း သိရသည်။ မီနန် မြစ်ဝှမ်းဒေသ နှင့် ဗာရာဝတီ ရှိရာဒေသတွင် ၇ ရာစု၌ မွန်လူမျိုးများ ရှိကြပြီး ၁၁ ရာစုတွင် ခမာအင်ပိုင်ယာ ဖြစ်လာသည်။ ယွမ်မင်းဆက်၏ သမိုင်းတွင် ၁၂၈၂ ၌ ဆူခိုထိုင်းတို့၏ သံရုံးရှိခဲ့ကြောင်း ဖော်ပြထားသည်။ ၁၂၈၇ တွင် ထိုင်းအကြီးအကဲ သုံးယောက်ဖြစ်သော မန်ရိုင်း၊ ငန်မောင်း နှင့် ရမ် ခန်ဟမ်း တို့သည် ခိုင်မာသော မဟာမိတ် စာချုပ်ကို လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။[၁၄]

၁၃ ရာစု ခမာ အင်ပိုင်ယာ ပြိုလဲပြီးနောက်တွင် နိုင်ငံအများအပြား ပေါ်ထွက်လာခဲ့ပြီး ထိုင်းလူမျိုးများ၊ မွန်လူမျိုးများ၊ ခမာလူမျိုးများ၊ ချန်လူမျိုးများ နှင့် မလေးလူမျိုးများမှ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပြီး ထိုင်းဒေသတဝှမ်းတွင် တွေ့ရသော ရှေးဟောင်း သုတေသန နယ်မြေများနှင့် ရှေးဟောင်း ပစ္စည်းများမှ တဆင့် သိရသည်။ ၁၂ ရာစု မတိုင်မီကမူ ပထမဆုံး ထိုင်းနိုင်ငံအား ဗုဒ္ဓဆူခိုထိုင်း နိုင်ငံတော်ဟု သတ်မှတ်ခဲ့ကြပြီး ၁၂၃၈ တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

၁၃ ရာစုနှင့် ၁၄ ရာစုနှစ်အတွင်း ခမာအင်ပိုင်ယာ၏ အာဏာ လျော့ကျလာမှုနှင့် ပျက်သုဉ်းမှုတို့ အပြီးတွင် ဆူခိုထိုင်း ဗုဒ္ဓဘာသာပြည်၊ လန်နပြည် (Lanna) နှင့် လန်ချန်ပြည် (ယခုလောနိုင်ငံ) တို့မှာ တိုးတက်ထွန်းကား လာခဲ့သည်။ သို့သော် ရာစုနှစ် တစ်ခုမျှ ကြာသောအခါတွင် ဆူခိုထိုင်းပြည်၏ အာဏာစက်ကို ၁၄ ရာစုနှစ်အလယ် ကျောက်ဖယား မြစ်အောက်ပိုင်း သို့မဟုတ် မီနမ်ဒေသတွင် ထူထောင်ခဲ့သော အယုဒ္ဓယပြည်က ဩဇာလွှမ်းမိုး လာခဲ့သည်။

ထိုင်းသံတမန်မှ ၁၆၈၈ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး အင်နိုဆန့် ၁၁ သို့ စာချွန်လွှာပေးအပ်စဉ်

အယုဒ္ဓယပြည်၏ ချဲ့ထွင်မှုသည် မီနမ်ဒေသ တဝိုက်တွင် ဗဟိုပြုခဲ့ပြီး မြောက်ပိုင်း တောင်ကြားများတွင်မူ လန်နပြည်နှင့် အခြားသော ထိုင်းမြို့ပြနိုင်ငံ အသေးစားများက အုပ်ချုပ်ခဲ့သည်။ ၁၄၃၁ ခုနှစ်တွင် အယုဒ္ဓယတို့မှ အန်းကောမြို့ကို ကျူးကျော်ဝင်ရောက်ပြီးနောက်တွင် ခမာတို့က အန်းကောကို စွန့်ခွာခဲ့ကြသည်။ [၁၅] ထိုင်းတို့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော တရုတ် နှင့် အိန္ဒိယမှ အစပြု၍ ပါရှားပြည် နှင့် အာရပ်နိုင်ငံများနှင့် ကုန်သွယ်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ အယုဒ္ဓယသည် အာရှရှိ အစည်ကားဆုံး ကုန်သွယ်ရာ နေရာ တစ်ခု ဖြစ်လာခဲ့သည်။ ဥရောပ ကုန်သည်များသည် ၁၆ ရာစု အစောပိုင်းမှ စတင်ရောက်ရှိလာခဲ့ပြီး ပထမဆုံး ရောက်ရှိလာသူမှာ ပေါ်တူဂီမြို့စား အေဖွန်ဆို ဒီ အယ်လ်ဘာကာကီ၏ သံတမန် ဖြစ်ပြီး ၁၅၁၁ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ကာ နောက်ပိုင်းတွင် ပြင်သစ်၊ ဒတ်ချ်နှင့် အင်္ဂလိပ်တို့ ရောက်ရှိလာခဲ့သည်။ ၁၇၆၅-၁၇၆၇ မြန်မာဘုရင် ကုန်းဘောင် ဆင်ဖြူရှင်မင်း နှင့် ဖြစ်သော ယိုးဒယား-မြန်မာစစ်ပွဲတွင် အယုဒ္ဓယအား မီးတင်ရှို့ ဖျက်ဆီးခြင်းခံခဲ့ရသည်။


၁၇၆၇ ခုနှစ် အယုဒ္ဓယပြည် မြန်မာတို့လက်သို့ ကျရောက်သွားသော အခါတွင် မဟာတက်ဆင် ဘုရင်သည် ထိုင်းနိုင်ငံ၏ မြို့တော်ကို သွန်ဘူရီ (Thonburi) သို့ ၁၅ နှစ်ခန့်မျှ ရွှေ့ပြောင်းခဲ့သည်။ ၁၇၈၂ ခုနှစ် ချက်ကရီ မင်းဆက် မဟာရာမ ၁ ဘုရင်လက်ထက်တွင် ဘန်ကောက်ကို မြို့တော်အဖြစ် တည်ထောင်ပြီးချိန်တွင် ယခုလက်ရှိ ရက်တနာကိုဆင် ခေတ် စတင်ခဲ့သည်။ ဗြိတိန်နီကာ စွယ်စုံကျမ်း ၏ အဆိုအရ ၁၇ ရာစုမှ ၁၉ ရာစု အထိ ထိုင်းနှင့် မြန်မာတို့၏ အုပ်ချုပ်မှု အောက်တွင် ရှိသော အချို့သော ဒေသများတွင် လူဦးရေ၏ ၄ ပုံ ၁ ပုံမှ ၃ ပုံ ၁ပုံ အထိမှာ ကျွန်များ ဖြစ်ကြသည် ဟု ဆိုသည်။[၁၆][၁၇]

၂၀ရာစု[ပြင်ဆင်ရန်]

အနောက်တိုင်း အင်အားကြီးနိုင်ငံများသို့ ဆုံးရှုံးခဲ့ရသော နယ်မြေများကို နှစ်အလိုက် ပြထားပုံ

ဥရောပမှ ဖိအားများရှိသော်လည်း ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများတွင် ကိုလိုနီ မဖြစ်ခဲ့သော တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်။ [၁၈] ထိုသို့ မဖြစ်ရသည့် အကြောင်းမှာ လွန်ခဲ့သော ၄ ရာစု အတွင်း ပါးနပ်သော ဘုရင်များမှ ပြင်သစ်နှင့် ဗြိတိသျှ အင်ပိုင်ယာတို့ကြား အားပြိုင်မှုနှင့် တင်းမာမှုများကို အခွင့်ကောင်းယူ၍ လိုအပ်သလို ကစားနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၈၉၆ ခုနှစ်တွင် ဗြိတိန် နှင့် ပြင်သစ်တို့မှ ကျောက်ဖယား တောင်ကြား တစ်ဝိုက်အား ကြားခံနယ်မြေ အဖြစ် သဘောတူညီ အာမခံချက် ပေးခဲ့ကြပြီး[၁၉] ကျန်သော အရှေ့တောင်အာရှ တဝှမ်းလုံးအား အနောက်တိုင်း အင်အားကြီး နိုင်ငံများမှ ကိုလိုနီ နယ်မြေအဖြစ် သွတ်သွင်းခဲ့ကြသည်။ သို့သော်လည်း အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုကြောင့် ၁၉ ရာစု အတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည့် အပြင် ၎င်းတို့၏ တောင်းဆိုမှုများစွာကိုလည်း လိုက်လျောခဲ့ရသည်။ အသိသာဆုံးမှာ မဲခေါင်မြစ် အရှေ့ဘက်ကမ်းရှိ နယ်မြေများစွာကို ပြင်သစ်ထံသို့ ဆုံးရှုံးခဲ့ရခြင်းနှင့် မလေးကျွန်းဆွယ်ရှိ ရှမ်းနှင့် ကရင်လူမျိုးတို့၏ ဒေသများအား အင်္ဂလိပ်တို့မှ တဆင့်ပြီး တဆင့် ဝါးမျိုသိမ်းပိုက်ခဲ့ခြင်း တို့ ဖြစ်ကြသည်။

ဗြိတိသျှ အင်ပိုင်ယာ၏ အထောက်အပံ့ကို ရရှိရန် အတွက် ချက်ကရီ မင်းဆက်မှ ပေးအပ်လိုက်ရသော လက်ဆောင်ပဏ္ဍာများတွင် တောင်ပိုင်း မလေးလူမျိုးများ အဓိက နေထိုင်သည့် ပြည်နယ် ၄ ခုအား ၁၉၀၉ ခုနှစ် အင်ဂလို-ဆိုင်ယမ်းမိစ် စာချုပ်ဖြင့် ဗြိတိသျှအင်ပိုင်ယာသို့ လွှဲပြောင်းပေးအပ်လိုက်ရခြင်းလည်း ပါဝင်သည်။ ထို ပြည်နယ် ၄ ခုမှာ ကလန်တန်၊ တဲရန်ဂါနူး၊ ကဒါ နှင့် ပါလစ် တို့ ဖြစ်ပြီး နောင်တွင် မလေးရှားနိုင်ငံ၏ မြောက်ပိုင်းပြည်နယ်များ ဖြစ်လာခဲ့သည်။

၁၉၁၇ တွင် ဆိုင်ယမ်နိုင်ငံသည် ပထမကမ္ဘာစစ် မဟာမိတ်များတွင် ဝင်ရောက်ခဲ့ပြီး ပထမကမ္ဘာစစ် အောင်နိုင်သူ တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၁၉၃၂ ခုနှစ်တွင် စစ်ဘက်နှင့် အရပ်ဘက် အရာရှိများပါဝင်သော ခါနာရတ်ဆာဒွန် အဖွဲ့၏ သွေးထွက်သံယို မဖြစ်ပွားသော တော်လှန်ရေး တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အာဏာ လွှဲပြောင်းမှု ဖြစ်ခဲ့ကာ ပရာဂျာဒီပေါက် ဘုရင်မှ ဆိုင်ယမ်း ပြည်သူတို့အား ပထမဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခွင့် ပေးအပ်လိုက်ရပြီး ရာစုနှစ်များစွာ ကျင့်သုံးခဲ့သော သက်ဦးဆံပိုင် ဘုရင်စနစ် ပြီးဆုံး ခဲ့သည်။

၁၉၃၉ ခုနှစ်တွင် နိုင်ငံ၏ အမည်အား ဆိုင်ယမ်းမှ ထိုင်းလန်း ဟု ပြောင်းလဲ ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ် အတွင်း ဂျပန်အင်ပိုင်ယာမှ ၎င်းတို့၏ တပ်များကို ထိုင်းနိုင်ငံအား ဖြတ်၍ မလေးရှား စစ်မျက်နှာသို့ ရွေ့လျားခွင့် ပြုရန် တောင်းဆိုခဲ့သည်။ ဂျပန်တို့၏ ကျူးကျော်မှုသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၈ရက်၌ အခြားသော အရှေ့တောင်အာရှ တလွှား တိုက်ခိုက်မှုများနှင့် အချိန်ကိုက်၍ စတင်ခဲ့ပြီး တော်ဝင်ထိုင်း ကြည်းတပ်မတော် နှင့် ၆ နာရီ မှ ၈ နာရီကြား တိုက်ခိုက်ခဲ့ကြသည်မှာ ပလာယက် ဖီဘွန်ဆောင်ခရမ်မှ အပစ်အခတ် ရပ်စဲရန် အမိန့်ပေးသည့် အချိန်အထိ ပင် ဖြစ်သည်။ ထို့နောက်တွင် ဂျပန်အား လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် ဂျပန် နှင့် ထိုင်းနိုင်ငံတို့ စစ်ဘက်ဆိုင်ရာ မဟာမိတ် စာချုပ်ကို လျို့ဝှက် ချုပ်ဆိုခဲ့ကာ ထိုစာချုပ်အရ တိုကျိုမှ ဗြိတိသျှနှင့် ပြင်သစ်တို့သို့ ထိုင်းမှ ဆုံးရှုံးခဲ့သော နယ်မြေများကို ပြန်လည်ရယူရန် အတွက် အကူအညီပေးမည်ဟု သဘောတူညီခဲ့သည်။[၂၀]

နောက်ဆက်တွဲအဖြစ် ထိုင်းမှ အမေရိကန်ပြည်ထောင်စု နှင့် ယူနိုက်တက်ကင်းဒမ်းတို့အား ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကြေငြာခဲ့ပြီး ဂျပန်တို့အား မဟာမိတ်တို့နှင့် တိုက်ခိုက်သော စစ်ပွဲတွင် ကူညီတိုက်ခိုက်ရန် ကတိပြုခဲ့ကာ အခြားတစ်ဖက်တွင်လည်း ဂျပန်ကို တော်လှန်ရန် ထိုင်းလွတ်လပ်ရေး လှုပ်ရှားမှုကိုလည်း ဆက်လက် လုပ်ဆောင်ခဲ့သည်။ အာရှ အလုပ်သမား ၂၀၀,၀၀၀ ခန့် နှင့် မဟာမိတ် စစ်သုံးပန့် ၆၀,၀၀၀ ကျော်တို့သည် သေမင်းတမန် ရထားလမ်းဟု အများသိရှိကြသော ရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်ခဲ့ကြသည်။[၂၀]

ယနေ့ခေတ် သမိုင်း[ပြင်ဆင်ရန်]

၁၉၃၂ ခုနှစ်မှ ၁၉၇၃ အထိ ထိုင်းနိုင်ငံ၏ သမိုင်းကြောင်းတွင် စစ်အာရှင်စနစ်ကသာ ကြီးစိုးနေခဲ့ပြီး ထိုကာလ အတွင်း အချိန်ကာလ အများအပြားတွင် စစ်အာဏာရှင်တို့ အာဏာရရှိခဲ့သည်။ ထိုကာလအတွင်း အဓိကကျသောသူများမှာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နှင့် မဟာမိတ်ဖွဲ့ခဲ့သူ လူအန်း ဖီဘွန်းဆောင်ခရမ်း (အများစုက ဖီဘွန်း ဟု သိကြသည်)၊ သာမားဆက် တက္ကသိုလ်ကို တည်ထောင်ခဲ့သူနှင့် စစ်အပြီးတွင် ဝန်ကြီးချုပ် အဖြစ် ခေတ္တ ဆောင်ရွက်ခဲ့သူ အရပ်သား နိုင်ငံရေး သမား ပရိုင်ဒီ ဖနွန်ယောင် တို့ ဖြစ်ကြသည်။

ပရီဒီအား ဖယ်ရှားပြီးနောက်တွင် စစ်အာဏာရှင်များ အစဉ်အဆက် အုပ်စိုးခဲ့ကြသည်။ ဖီဘွန်းမှ နောက်တစ်ကြိမ် အာဏာ ရယူပြီးနောက် ဆရစ် ဒါနာရာဂျာတာ နှင့် သနွန်း ကစ်တီကာချောင်း တို့မှ ဆက်လက် အုပ်ချုပ်ခဲ့ကာ ၎င်းတို့ လက်ထက်တွင် ရိုးရာ အာဏာရှင် အုပ်ချုပ်မှုအား ခေတ်မီအောင် ပြုလုပ်ခြင်း နှင့် အနောက်တိုင်း ဆန်အောင် ပြုလုပ်ခြင်းများအား အမေရိကန် လွှမ်းမိုးမှုဖြင့် လုပ်ဆောင်ခဲ့သည်။ သာမားဆက် ကျောင်းသားများ ဦးဆောင်သော ဒီမိုကရေစီ လိုလားသူ ဆန္ဒပြသူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီးနောက် သနွန်း နှုတ်ထွက်ခြင်း ဖြင့် စစ်အာဏာရှင် ခေတ် ကုန်ဆုံး ခဲ့သည်။ ဘုရင်မှ သာမားဆက် တက္ကသိုလ်၏ ဥသျှောင် ဆန်ယား ဒါမားဆက် အား ဝန်ကြီးချုပ် အဖြစ် တော်ဝင် အမိန့်ထုတ်ပြန်၍ ခန့်အပ်ခဲ့သည်။

ထိုင်းနိုင်ငံသည် အမေရိကန်နှင့် တောင်ဗီယက်နမ်တို့အား ၁၉၆၅ မှ ၁၉၇၁ ခုနှစ် ဗီယက်နမ် စစ်ပွဲအတွင်း အကူအညီ ပေးခဲ့သည်။ အမေရိကန် လေတပ်မှ အက်ဖ်-၄ ဖန်တွန် တိုက်လေယာဉ်များမှာ အူဒွန်း နှင့် အူဘွန်း လေတပ် အခြေစိုက် စခန်းများတွင် အခြေစိုက်ခဲ့ပြီး ဘီ-၅၂ ဗုံးကြဲလေယာဉ်များအား အူတာပေါင်း တွင် အခြေစိုက်ခဲ့သည်။ ထိုင်းတပ်များသည် ၁၉၆၄ ခုနှစ်မှ ၁၉၇၂ ခုနှစ်အတွင်း လောနိုင်ငံရှိ လျှို့ဝှက်စစ်ပွဲ အတွင်း အများအပြား ပါဝင် ပတ်သက်ခဲ့သည်။

၁၉၇၃ ခုနှစ်တွင် ထင်ရှားသော လူထုအုံကြွမှု တစ်ခု ဖြစ်ခဲ့ပြီး ထို့အတွက်ကြောင့် ကွန်မြူနစ် ဆန့်ကျင်သူ သနွန်း ကစ်တီကာချောင်း၏ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းခဲ့ကာ ထိုင်းနိုင်ငံရေး စနစ်ကို ပြောင်းလဲစေခဲ့သည်။ မှတ်သားလောက်စရာ အချက်မှာ ထိုင်း တက္ကသိုလ်ကျောင်းသားများ နိုင်ငံရေးတွင် လွှမ်းမိုးမှု အားကောင်းလာခြင်းပင် ဖြစ်သည်။

၁၉၈၀ ခုနှစ်၏ အချိန် အတော်များများတွင် ထိုင်းနိုင်ငံအား ဝန်ကြီးချုပ် ပရမ် တင်ဆူလန်နွန်ဒါမှ အုပ်ချုပ်ခဲ့ပြီး ၎င်းမှာ ဒီမိုကရေစီ လိုလားသူ ဖြစ်သဖြင့် ပါလီမန် နိုင်ငံရေးကို ပြန်လည် အသက်သွင်းခဲ့သည်။ ထို့နောက်တွင် ၁၉၉၁ မှ ၁၉၉၂ ခုနှစ် ခဏတာ စစ်တပ် အုပ်ချုပ်မှုမှလွဲ၍ ထိုင်းနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံ အဖြစ် ရှိခဲ့သည်။ လူအများ၏ အကြိုက်ကို လိုက်သော ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ် ဦးဆောင်သော ထိုင်းရပ်ထိုင်း ပါတီသည် ၂၀၀၁ မှ ၂၀၀၆ ခုနှစ် အထိ အုပ်ချုပ်ခဲ့သည်။ ၂၀၀၆ ခုနှစ် ထိုင်းရပ်ထိုင်း ပါတီအား ခြစားသည်ဟု စွပ်စွဲ၍ လူအမြောက်အများ ဆန္ဒပြခဲ့ကြပြီး စစ်တပ်မှ စက်တင်ဘာလတွင် အာဏာ သိမ်းခဲ့သည်။ ၂၀၀၇ ဒီဇင်ဘာလ ရွေးကောက်ပွဲမှ အရပ်သား အစိုးရ သို့ အာဏာလွှဲပြောင်းခဲ့ပြီး ၂၀၁၄ မေလတွင် အခြား စစ်အာဏာသိမ်းမှု တစ်ခုဖြင့် စစ်တပ် လက်အောက်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

သမိုင်းဆိုင်ရာ ဓာတ်ပုံများ[ပြင်ဆင်ရန်]

နိုင်ငံရေး နှင့် အစိုးရ[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၏ လက်ရှိနိုင်ငံရေးသည် စည်းမျဉ်းခံ ဘုရင်စနစ် ဘောင်အတွင်းမှ ကျင့်သုံးပြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ ဆွေစဉ်မျိုးဆက် ဆက်ခံသော ဘုရင်သည် နိုင်ငံ၏ ဉသျှောင်ဖြစ်သည်။ တရားစီရင်ရေး ကဏ္ဍသည် အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးတို့မှ ကင်းလွတ်ရမည် ဖြစ်သော်လည်း တရားသူကြီးတို့၏ ဆုံးဖြတ်ချက်များမှာ လက်ရှိဥပဒေထက် နိုင်ငံရေးနှင့် ပတ်သက်သည်ဟု သံသယရှိစရာ ဖြစ်သည်။ [၂၁]

ဘန်ကောက်မြို့ရှိ ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အဦး။ ၁၉၃၂ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြအိုးပေါ်ရှိ ဆွမ်းခွက် နှစ်ခု ပေါ်တွင် တင်ထားသည့်ပုံ

၁၉၃၂ ခုနှစ် သက်ဦးဆံပိုင် ဘုရင်စနစ်မှနေ၍ နိုင်ငံရေး စတင်ပြုပြင်ပြောင်းလဲခဲ့သည့် အချိန်မှစ၍ ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ပဋိဉာဏ် ၁၉ ခုမျှ ရှိခဲ့ပြီ ဖြစ်သည်။ .[၂၂][၂၃] ထိုကာလ တလျှောက်တွင် နိုင်ငံ၏ အစိုးရ ပုံစံသည် စစ်အာဏာရှင် အစိုးရ စနစ် မှစ၍ ရွေးကောက်တင်မြှောက်ခံ ဒီမိုကရေစီ စနစ် အထိ အမျိုးမျိုး ရှိခဲ့သော်လည်း အစိုးရအားလုံးသည် ထီးနန်းအရာ ဆက်ခံသော ဘုရင်ကို နိုင်ငံ၏ ဥသျှောင်အဖြစ် အသိအမှတ်ပြုကြသည်။[၂၄][၂၅]

၁၉၃၂ ခုနှစ် မတိုင်မီက ဆိုင်ယမ်း ဘုရင်နိုင်ငံတွင် ဥပဒေပြုလွှတ်တော် မရှိခဲ့ပဲ ဥပဒေပြုခွင့်ကို ဘုရင်အား အပ်နှင်းထားသည်။ ထိုသို့ ဖြစ်ခဲ့ခြင်းမှာ ၁၂ ရာစု ဆူခိုထိုင်း ဘုရင့်နိုင်ငံတော် ထူထောင်ခဲ့သည့် အချိန်မှ အစပြုခဲ့ပြီး ဘုရင်အား "ဓမ္မရာဇာ" သို့မဟုတ် "တရားဓမ္မနှင့် အညီ အုပ်ချုပ်သော ဘုရင်" ဟု သတ်မှတ်ခဲ့သည်။ သို့သော်လည်း ၁၉၃၂ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ပြည်သူများ နှင့် စစ်တပ် အရာရှိများ ပါဝင်သော ၎င်းတို့ဘာသာ "ခါန ရတ်ဆေးဒွန်" သို့မဟုတ် "ပြည်သူ့ပါတီ" ဟု အမည်ပေးထားသော အဖွဲ့သည် သွေးထွက်သံယိုမှု မရှိသော တော်လှန်ရေး တစ်ခုကို ဆင်နွှဲခဲ့ပြီး နှစ်ပေါင်း ၁၅၀ မျှ တစ်သွေးတစ်သံတစ်မိန့် အုပ်ချုပ်ခဲ့သော ချက်ကရီ မင်းဆက်ကို အဆုံးသတ်ခဲ့သည်။ ထိုအဖွဲ့မှ ရွေးကောက်တင်မြှောက်ထားသည့် ဥပဒေပြုလွှတ်တော် ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုံစံ ဘုရင်စနစ်ကို အကြံပြု ပြောင်းလဲခဲ့သည်။

၁၉၃၂ ပရာဂျာဒီပေါ့ ဘုရင် လက်မှတ်ရေးထိုးခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျမ်းအရ ထိုင်းနိုင်ငံ၏ ပထမဆုံး ဥပဒေပြုလွှတ်တော်ဖွဲ့စည်းခဲ့ပြီး ခန့်အပ်ထားသော ကိုယ်စားလှယ် ၇၀ ပါဝင်သည့် ပြည်သူ့လွှတ်တော် ဖြစ်လာခဲ့သည်။ ထိုလွှတ်တော်သည် ၁၉၃၂ ခုနှစ် ဇွန်လ ၂၈ ရက်တွင် အနန်တ ဆာမာခွန် ညီလာခံ ခန်းမ၌ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့သည်။ ခါနရတ်ဆေးဒွန် ပါတီမှ ပြည်သူတို့သည် ရွေးကောက်တင်မြှောက်သည့် အလွှတ်တော် အတွက် အဆင်သင့်မဖြစ်သေးဟု ဆုံးဖြတ်ခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ပြောင်းသွားခဲ့သည်။ ထိုနှစ် ဒီဇင်ဘာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သည့် အခါ၌ ရွေးကောက်ပွဲအား ၁၉၃၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် အချိန်သတ်မှတ်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်အရ လွှတ်တော်တွင် ခါနရတ်ဆေးဒွန်မှ တိုက်ရိုက်တင်မြှောက်ထားသော ကိုယ်စားလှယ် ၇၈ ဦးနှင့် ရွေးကောက်ခံ ကိုယ်စားလှယ် ၇၈ ဦးတို့ဖြင့် ဖွဲ့စည်းခဲကာ စုစုပေါင်း အမတ် ၁၅၆ ယောက် ဖြစ်လာခဲ့သည်။

၂၀၁၄ ခုနှစ် မေလမှစ၍ ထိုင်းနိုင်ငံအား ငြိမ်းချမ်းရေး နှင့် ငြိမ်ဝပ်ပိပြားရေး အမျိုးသား ကောင်စီ အမည်ရသော စစ်အစိုးရမှ အုပ်ချုပ်ခဲ့ပြီး ၎င်းတို့မှ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ တစိတ်တဒေသကို ဖျက်သိမ်းခဲ့ကာ နိုင်ငံတစ်ခုလုံးကို စစ်အုပ်ချုပ်ရေးနှင့် ညမထွက်ရ အမိန့် ကြေငြာခြင်း၊ နိုင်ငံရေးဆိုင်ရာ လူစုလူဝေး ပြုလုပ်ခြင်းများအား တားမြစ်ခြင်း၊ နိုင်ငံရေးသမားများနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများအား ဖမ်းဆီးခြင်း၊ အင်တာနက် ဆင်ဆာ ပြုလုပ်ခြင်း နှင့် မီဒီယာများကို ကန့်သတ်ချုပ်ခြယ်ခြင်း များ ပြုလုပ်ခဲ့သည်။

လက်ရှိ ထိုင်းနိုင်ငံ၏ ဘုရင်မှာ ဝသိလာလောင်ကွန်း သို့မဟုတ် ဒဿမမြောက် ရာမ မင်း ဖြစ်ပြီး ၎င်း၏ ဖခမည်းတော်ဖြစ်သူ ဘူမိဘော အဒူလျာဒက် (နဝမမြောက် ရာမမင်း) နတ်ရွာစံ ကံတော်ကုန်သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်မှ စ၍ ဘုရင်ဖြစ်လာခဲ့ကာ ဘုရင်အဖြစ် တရားဝင် ဆက်ခံမှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ စတင်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်သူတို့ထံတွင် အပ်နှင်း ထားသော်လည်း ဘုရင်မှ ထိုအခွင့်အာဏာများကို ထိုင်းအစိုးရ၏ လက်တံ ၃ ခုမှ တဆင့် ကျင့်သုံးသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဘုရင်တွင် အာဏာ မဆိုသလောက် အနည်းငယ်မျှသာ ရှိသော်လည်း ထိုင်းနိုင်ငံ၏ အာဏာမရှိသော ခေါင်းဆောင်နှင့် ပြယုဂ် အဖြစ် တည်ရှိသည်။ နိုင်ငံ၏ ဥသျှောင် အနေနှင့် ဘုရင်အား အခွင့်အာဏာ အချို့ပေးအပ်ထားပြီး အစိုးရ၏ လုပ်ဆောင်မှုများတွင် အချို့နေရာများတွင် ပါဝင်ဆောင်ရွက်ရသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဘုရင်သည် ထိုင်းတော်ဝင်တပ်မတော်၏ ခေါင်းဆောင်ဖြစ်သည်။ ဘုရင်သည် ဗုဒ္ဓဘာသာ ဖြစ်ရန် လိုအပ်ပြီး နိုင်ငံအတွင်းရှိ အခြား ယုံကြည်ကိုးကွယ်မှုများကိုလည်း ကာကွယ်ပေးမည့်သူ ဖြစ်သည်။ ဘုရင် အနေနှင့် အစဉ်အလာ ဖြစ်သော အာဏာ အချို့ရှိပြီး ၎င်းတို့တွင် ဆက်ခံမည့်သူအား ရွေးချယ်ခန့်အပ်ခြင်း၊ အသနားခံမှုများကို ခွင့်ပြုပေးခြင်းနှင့် ဥပဒေများကို အတည်ပြုပေးခြင်းများကို ပြုလုပ်ရသည်။ ဘုရင်အား ၎င်း၏ တာဝန်ထမ်းဆောင်မှုတွင် ထိုင်းပရိုင်ဗီကောင်စီမှ အကူအညီပေးသည်။

အုပ်ချုပ်ရေး ဒေသများ[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံအား ခရိုင် ၇၆ ခု ပိုင်းခြားထားပြီး ၎င်းတို့အား တည်နေရာပေါ်တွင် မူတည်၍ ခရိုင်အုပ်စု ၅ ခု အနေနှင့် စုစည်းထားသည်။ အထူးအုပ်ချုပ်ရေး ခရိုင် ၂ ခု ရှိပြီး ၎င်းတို့မှာ ဘန်ကောက် နှင့် ပတ္တရား တို့ ဖြစ်ကြသည်။ ဘန်ကောက်သည် ခရိုင်အဆင့်တွင် ရှိသဖြင့် အမြဲလိုပင် ခရိုင် အနေနှင့် ထည့်သွင်း ရေတွက်လေ့ ရှိသည်။

ခရိုင်တစ်ခုချင်းစီအား ဒိစတြိတ်များ အနေနှင့် ပိုင်းခြားထားပြီး ဒိစတြိတ်များအား ဆပ်ဒိစတြိတ်(တမ်ဘုံ) များ အဖြစ် ထပ်မံ ပိုင်းခြား ထားသည်။ ၂၀၀၆ ခုနှစ် စာရင်းအရ ဒိစတြိတ် ၈၇၇ ခုနှင့် ဘန်ကောက်တွင် ဒိစတြိတ် ၅၀ ခု ရှိသည်။ ဘန်ကောက်နှင့် ထိစပ်နေသော အချို့သော ခရိုင်များကို ဂရိတ်တား ဘန်ကောက် ဟု ခေါ်ဆိုကြသည်။ ထိုခရိုင်များတွင် နွန်တပ်ဘူရီ၊ ပသွန်ဌာနီ၊ ဆမွတ်ပရာကန်၊ နခွန်ပသွန် နှင့် ဆမွတ်ဆာခုံး တို့ ပါဝင်သည်။ ခရိုင်တစ်ခုချင်းစီ၏ မြို့တော် အမည်မှာ ခရိုင် အမည်နှင့် အတူတူ ဖြစ်သည်။ ဥပမာအားဖြင့် ချင်းမိုင်ခရိုင်၏ မြို့တော်မှာ ချင်းမိုင်မြို့ ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ခရိုင်များကို ပြထားသော ကလစ်နှိပ်ကြည့်နိုင်သည့် မြေပုံ
ချင်းရိုင်ခရိုင် ချင်းမိုင်ခရိုင် မဲဟောင်ဆောင်ခရိုင် ဖယောင်းခရိုင် လမ်ပန်ခရိုင် ပရဲခရိုင် လမ်ပွန်းခရိုင် နန်းခရိုင် အူတရာဒစ်ခရိုင် ဘွန်ကန်ခရိုင် နွန်ခိုင်းခရိုင် ဥဒုံဌာနီခရိုင် နခွန်ပနုံခရိုင် ဆကွန်နကွန်ခရိုင် ကာလာဆင်ခရိုင် မွတ်ဒါဟန်ခရိုင် လွေခရိုင် ခွန်ကန်ခရိုင် နွမ်ဘာလမ်ပူခရိုင် တာ့ခ်ခရိုင် ဆူခိုထိုင်းခရိုင် ဟစ်ဆနူလော့ခရိုင် ပိကျစ်ခရိုင် ထိုင်းဌာနီခရိုင် ကမ်ဖမ်ဖက်ခရိုင် နခွန်ဆဝမ်ခရိုင် ပက်ချဘွန်းခရိုင် ချိုင်ရပွန်းခရိုင် မဟာဆာရခမ်းခရိုင် ရွိုင်းအက်ခရိုင် ရပ်ဆိုသွန်းခရိုင် အမ်နတ်ဂျရွန်းခရိုင် အူဘွန်ရာချာဌာနီခရိုင် ဆီဆကက်ခရိုင် ရှူရန်ခရိုင် ဘူယီရမ်ခရိုင် နခွန်ရာချာဆီမား လော့ဘူးရီးခရိုင် ချိုင်နတ်ခရိုင် ဆင်းဘူရီခရိုင် ကန်ချနာဘူရီခရိုင် ဆူဖန်ဘူရီခရိုင် အန်ထောခရိုင် ဆရာဘူရီခရိုင် အယုဒ္ဓယခရိုင် နခွန်နာရုတ်ခရိုင် ပရာချင်ဘူရီခရိုင် ပထွန်ဌာနီခရိုင် နခွန်ပသွန်ခရိုင် ရာ့ချ်ဘူရီခရိုင် ဆာကဲခရိုင် ချာချုံးဆောင်ခရိုင် ချောင်ဘူရီခရိုင် ရရောင်းခရိုင် ချန်တဘူရီခရိုင် ထရာ့ခရိုင် ပက်ဘူရီခရိုင် ပရာချူဝပ်ခီရီခန်ခရိုင် ချွန်ပွန်ခရိုင် ရနောင်းခရိုင် ဆူရတ်ဌာနီခရိုင် ဖန်ငခရိုင် ဖူးခက်ခရိုင် ခရာဘီခရိုင် နခွန်ဆီသာမရတ်ခရိုင် ထရန်ခရိုင် ပတ်တလုံခရိုင် ဆတုံးခရိုင် ဆုံခလခရိုင် ပဌာနီခရိုင် ယဲလာခရိုင် နရာထီဝပ်ခရိုင် ဆမွတ်ပရာကန်ခရိုင် ဘန်ကောက်မြို့ နွန်တပ်ဘူရီခရိုင် ဆမွတ်ဆာခုံးခရိုင် ဆမွတ်ဆုံခရမ်းခရိုင်A clickable map of Thailand exhibiting its provinces.
About this image


တိုင်းဒေသကြီးများ[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံရှိ ခရိုင်များကို တိုင်းဒေသကြီးများ အနေနှင့် စီမံခန့်ခွဲသည်။ တိုင်းဒေသကြီး ၄ ခု အနေနှင့် ပိုင်းခြား ထားပြီး ၎င်းတို့မှာ ထိုင်းမြောက်ပိုင်း၊ ထိုင်းအရှေ့မြောက်ပိုင်း၊ ထိုင်းအလယ်ပိုင်း နှင့် ထိုင်းတောင်ပိုင်း တို့ ဖြစ်ကြသည်။

တိုင်းဒေသကြီး တစ်ခုစီတွင် ကွဲပြားခြားနားသော သမိုင်းနောက်ခံ၊ ယဉ်ကျေးမှု၊ ဘာသာစကား နှင့် လူမျိုးများ ရှိသည်။

တိုင်းဒေသကြီး ၄ ခု အတွင်း နေထိုင်ကြသော ဒေသခံ ထိုင်းလူမျိုးများတို့သည် ဂျာမနီ၏ အုပ်ချုပ်ရေး ဒေသများကို စီမံခန့်ခွဲပုံနှင့် ဗြိတိသျှတို့၏ စကော့တလန်နိုင်ငံဝေလနိုင်ငံ နှင့် မြောက်အိုင်ယာလန်နိုင်ငံတို့တွင် ကျင့်သုံးသော အာဏာခွဲဝေအုပ်ချုပ်သော စီမံခန့်ခွဲရေး စနစ်များကို အားကျ အတုယူကြသည်။

ထိုင်းနိုင်ငံသည် တိုင်းဒေသကြီးများ ခရိုင်များဖြင့် ခွဲခြားအုပ်ချုပ်ထားသောလည်း ဗဟိုအစိုးရမှ တိုက်ရိုက်အုပ်ချုပ်သော နိုင်ငံဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒိစတြိတ်အကြီးအကဲ နှင့် ဒိစတြိတ်စာရေး စသည်များကို ဗဟိုအစိုးရမှ တိုက်ရိုက်ခန့်အပ်သည်။ တိုင်းဒေသကြီးများတွင် စီမံခန့်ခွဲမှု ကွဲပြားခြင်း လက္ခဏာရပ် မရှိဘဲ ပထဝီ၊ စာရင်းဇယား၊ ဘူမိဗေဒ၊ ရာသီဥတု နှင့် ခရီးသွားလုပ်ငန်း သဘောအရသာ ခွဲခြားထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ တိုင်းဒေသကြီး ၄ခု

တောင်ပိုင်းတိုင်းဒေသကြီး[ပြင်ဆင်ရန်]

မလေး-မွတ်စလင်များ အဓိကရှိသော နေရာများကို ပြသထားသည် ထိုင်းတောင်ပိုင်းခရိုင်များပြ မြေပုံ

၁၅ ရာစု အတွင်းက ထိုင်းတို့သည် မလေးကျွန်းဆွယ်ကို တောင်ပိုင်းအကျဆုံး မလက္ကာဒေသ အထိ အုပ်စိုးခဲ့ကြကာ ကျွန်းဆွယ်၏ နေရာ အတော်များများကို ချုပ်ကိုင်ထားပြီး တီးမားဆက် (စင်ကာပူ) ၊ အချို့သော အက်ဒမန် ကျွန်းများ နှင့် ဂျားဗားကျွန်းပေါ်မှ ကိုလိုနီ တစ်ခုတို့ပင် ပါဝင်သည်။ သို့သော်လည်း ဗြိတိသျှတို့မှ အင်အားသုံး၍ ဆူလတန်အုပ်ချုပ်ရေးမှ ဆူဇရိန်တီ အုပ်ချုပ်ရေးသို့ ပြောင်းလဲခဲ့သဖြင့် နောက်ဆုံးတွင် ပိုင်ဆိုင်ရာ နေရာ လျော့နည်းသွားခဲ့သည်။

မလေးဆူလတန်နယ်များ၏ မြောက်ပိုင်းနယ်များမှ ထိုင်းဘုရင်အား နှစ်စဉ် ရွှေပန်းပွင့် ဆက်သလေ့ရှိပြီး ကျေးဇူးတင်သည့် အနေနှင့်လည်းကောင်း သစ္စာခံအနေနှင့် လည်းကောင်း အဓိပ္ပာယ်ရသည်။ ဗြိတိသျှတို့သည် မလေးနိုင်ငံများတွင် ဝင်ရောက်စွက်ဖက်ခဲ့ကြပြီး အင်ဂလို-ထိုင်း စာချုပ်အရ တောင်ပိုင်းမှ ဘန်ကောက် အထိ ရထားလမ်းဖောက်ရန် ကြိုးစားခဲ့သည်။ ထိုင်းတို့သည် ယခုအခါ မလေးရှား မြောက်ပိုင်း ပြည်နယ်များ ဖြစ်သော ကဒါး၊ ပါလစ်၊ ကလန်တန်၊ တဲရန်ဂနူး တို့အား အချုပ်အခြာအာဏာ စွန့်လွှတ်ခဲ့ပြီး ဗြိတိသျှတို့သို့ ပေးအပ်ခဲ့သည်။ ဆာတွန် နှင့် ပဌာနီ ပြည်နယ်တို့ကိုမူ ထိုင်းတို့က အုပ်ချုပ်ခဲ့သည်။

မလေးကျွန်းဆွယ်ရှိ ခရိုင်များကို ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်တို့မှ သိမ်းပိုက်ခဲ့ကာ ၁၉၄၂ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ မလာယန်ကွန်မြူနစ်ပါတီ (စီပီအမ်) မှ ကျူးကျော်ခဲ့သည်။ ဗီယက်နမ် နှင့် ယဉ်ကျေးမှု တော်လှန်ရေး အပြီး တရုတ်နိုင်ငံတို့၏ ထောက်ခံမှု မရှိတော့သည့် နောက်ပိုင်းတွင် စီပီအမ်သည် မလေးရှား နှင့် ထိုင်းအစိုးရ တို့နှင့် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ခဲ့သည်။ လတ်တလော မငြိမ်မသက် ဆူပူမှုများသည် ဒုတိယကမ္ဘာစစ် အပြီး ဆူကာနို၏ ထောက်ခံမှုဖြင့် စတင်ခဲ့သော ပီယူအယ်လ်အိုအဖွဲ့၏ ခွဲထွက်ရေး တိုက်ခိုက်လှုပ်ရှားမှုများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။ ထိုမငြိမ်မသက်မှုများ အတွက် ဓားစာခံဖြစ်ရသည်မှာ ဗုဒ္ဓဘာသာဝင်များ နှင့် ဘေးထိုင်နေသူ မွတ်စလင်များ ဖြစ်သည်။

နိုင်ငံခြားဆက်ဆံရေး[ပြင်ဆင်ရန်]

ဝါရှင်တန်ဒီစီမြို့ ရှိ တော်ဝင်ထိုင်းသံရုံး
နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့ ရှိ တော်ဝင်ထိုင်းသံရုံး

ထိုင်းနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး ကိစ္စရပ်များကို နိုင်ငံခြားရေးဝန်ကြီးမှ အဓိက လုပ်ဆောင်သည်။

ထိုင်းနိုင်ငံသည် နိုင်ငံတကာနှင့်သာမက ဒေသတွင်း အဖွဲ့အစည်းများတွင် အပြည့်ပါအဝ ပါဝင်လျက်ရှိသည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စု၏ နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်သော အဓိက မဟာမိတ် နှင့် အထူး ၃၀၁ အစီရင်ခံစာ ပါ ဦးစားပေး စောင့်ကြပ်ကြည့်ရှုခံရသူ စာရင်းတွင် ပါဝင်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)တွင် တက်ကြွစွာပါဝင်လျက်ရှိသည်။ အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်စင်္ကာပူဘရူနိုင်းလာအိုကမ္ဘောဒီးယားမြန်မာ နှင့် ဗီယက်နမ် နိုင်ငံတို့အကြား ဆက်ဆံရေးနီးကပ်စွာရှိပြီး ၎င်းတို့၏ နိုင်ငံခြားရေး ဝန်ကြီးများနှင့် စီးပွားရေး ဝန်ကြီးများသည် နှစ်စဉ် အစည်းအဝေး ကျင်းပလေ့ ရှိကြသည်။ ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ်ကိစ္စရပ်များ၊ နိုင်ငံရေး၊ ယဉ်ကျေးမှုကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက်လျှက်ရှိသည်။ ၂၀၀၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အာရှ-ပစိဖိတ် စီးပွားရေး ကော်ပိုရေးရှင်း အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ယခင် လက်ထောက်ဝန်ကြီးချုပ်ဖြစ်သော ဒေါက်တာ ဆူပါချိုင်း ပနစ်ပက်ဒိုင်သည် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး ညီလာခံ အဖွဲ့တွင် လက်ရှိ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ဆောင်ရွက်လျှက်ရှိသည်။ ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အရှေ့အာရှ နိုင်ငံများအစည်းအဝေး သို့ စတင်တက်ရောက်ခဲ့သည်။


မကြာသေးမှီနှစ်များတွင် ထိုင်းနိုင်ငံသည် နိုင်ငံတကာစင်မြင့်တက်တွင် ပိုမိုတက်ကြွစွာ လှုပ်ရှားပါဝင်လာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံမှ ခွဲထွက်ကာ အရှေ့တီမော လွတ်လပ်ရေးရလာသောအခါ နိုင်ငံတကာ ငြိမ်ချမ်းရေးကို ထိန်းသိမ်းရန်အတွက် ထိုင်းနိုင်ငံ၏ ပထမဦးဆုံးအကြိမ်အနေဖြင့် စစ်တပ်များ ပြည်ပသို့ထောက်ပံ့ပို့ပေးခဲ့သည်။ အဆိုပါ တပ်ဖွဲ့ဝင်များသည် ယခုအခါ ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့များအဖြစ် ဆက်လက်တည်ရှိနေသေးသည်။ နိုင်ငံတကာနှင့် ဆက်ဆံရေးတိုးမြင့်စေရန် ရည်ရွယ်ကာ ထိုင်းနိုင်ငံသည် အမေရိကန်ပြည်ထောင်စု အဖွဲ့အစည်း (Organization of American States)၊ ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (Organization for Security and Cooperation in Europe) တို့နှင့် စတင်ထိတွေ့ဆက်ဆံခဲ့သည်။ ဆက်လက်၍ အာဖဂန်နစ္စတန်နိုင်ငံ နှင့် အီရတ်နိုင်ငံပြန်လည်ထူထောင်ရေးအတွက်လည်း လုံခြုံရေးစစ်တပ်များကို စေလွှတ်ခဲ့သည်။


ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် လက်ထက်တွင် တရုတ်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စု တို့နှင့် လွတ်လပ်စွာ ကုန်သွယ်မှု စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော်လည်း သက်ဆင်သည် နိုင်ငံတကာနှင့် မပြိုင်ဆိုင်နိုင်သော ထိုင်းလုပ်ငန်းများကို ပျက်စီးစေရမည် ဆိုသဖြင့် ဝေဖန်ခြင်းခံခဲ့ရသည်။[၂၆]

သက်ဆင်မှ နိုင်ငံတကာ အကူအညီများကို ဆက်လက်မရယူတော့ဟု ကြေငြာခဲ့ပြီး အလှူရှင်နိုင်ငံများနှင့် ပူးပေါင်း၍ မဟာမဲခေါင်ဒေသအတွင်းရှိ အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်မည်ဟု ကြေငြာခဲ့သည်။[၂၇] သက်ဆင်သည် ထိုင်းအား ဒေသတွင်း ခေါင်းဆောင်နိုင်ငံ တစ်နိုင်ငံဖြစ်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ပြီး လောနိုင်ငံကဲ့သို့ ဆင်းရဲသော အိမ်နီးချင်းနိုင်ငံများတွင် ဖွံ့ဖြိုးရေး စီမံကိန်းများကို စတင် အကောင်အထည် ပေါ်ခဲ့သည်။ အငြင်းပွားဖွယ်ရာ အကောင်းဆုံး ကိစ္စမှာ မြန်မာနိုင်ငံရှိ အာဏာရှင်တို့နှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးကို ဖော်ဆောင်ခဲ့ခြင်းပင် ဖြစ်သည်။[၂၈]

ထိုင်းသည် အမေရိကန်ဦးဆောင်သော အီရတ်နိုင်ငံသို့ ကျူးကျော်မှုတွင် ပါဝင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်း ၄၂၃ ဦး ကို စေလွှတ်ခဲ့သည်။[၂၉] ၎င်းတို့သည် တပ်များကို ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် ရုပ်သိမ်းခဲ့သည်။ ထိုင်းစစ်သား ၂ ဦးမှာ သူပုန်များ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည်။

အဘီဆစ်မှာ ပြည်သူ့ဒီမိုကရေစီ မဟာမိတ် အဖွဲ့၏ ခေါင်းဆောင် ကာဆစ်ပီယွန်အား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင် နယ်စပ်အနီးရှိ ကမ္ဘောဒီးယားနိုင်ငံရှိ နှစ်ပေါင်း ၉၀၀ သက်တမ်းရှိသော ပရယ်ဗီဟီးယား ဟိန္ဒူ ဘုရားကျောင်းပျက်ကြီး၏ အနီးတွင် ထိုင်းတပ်ဖွဲ့များနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ကမ္ဘောဒီးယား အစိုးရမှ ၎င်းတို့ဘက်မှ ထိုင်းစစ်သား ၄ ဦးကို သတ်ပစ်နိုင်ခဲ့ပြီး ၁၀ ဦးကို ဖမ်းမိနိုင်ခဲ့သည်ဟု ကြေငြာခဲ့သော်လည်း ထိုင်းအစိုးရမှ ထိုင်းစစ်သား အသေအပျောက် ဒဏ်ရာရရှိမှု မရှိဟု ကြေငြာခဲ့သည်။ ကမ္ဘောဒီးယား စစ်သား ၂ ဦး နှင့် ထိုင်းစစ်သား ၃ ဦးတို့ သေဆုံးခဲံရသည်။ စစ်တပ်နှစ်ခုစလုံးမှ အခြားတစ်ဖက်မှ အရင်ပစ်ခတ်သည်ဟု အပြစ်တင်ခဲ့ပြီး အခြားတစ်ဖက် ပိုင်နက် အတွင်းသို့ ဝင်ရောက်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။[၃၀][၃၁]

စစ်ရေး[ပြင်ဆင်ရန်]

တော်ဝင်ထိုင်းကြည်းတပ်မှ ဟောင်ဝစ်ဇာ အမ် ၁၉၈ အမြောက်ကို ၂၀၁၆ ဇွန်လ ထိုင်းနိုင်ငံ လော့ဘူရီ တွင် လေ့ကျင့်ချိန်၌ ပစ်ခတ်နေစဉ်
ထိုင်းတော်ဝင်ရေတပ်မှ လေယာဉ်တင်သင်္ဘော တစ်စင်းဖြစ်သော အိတ်ချ်တီအမ်အက်စ် ချက်ကရီ နာရူဘတ်
ထိုင်းတော်ဝင်လေတပ်မှ အက်ဖ်-၁၆ ဖိုက်တင်း ဖယ်လ်ကွန်

ထိုင်းတော်ဝင်တပ်မတော်တွင် ထိုင်းနိုင်ငံတော်၏ စစ်တပ်များ ပါဝင်သည်။ ၎င်းတို့တွင် တော်ဝင်ထိုင်းကြည်းတပ်၊ တော်ဝင်ထိုင်း ရေတပ် နှင့် တော်ဝင်ထိုင်းလေတပ်တို့ ပါဝင်သည်။ ထို့အပြင် ပြည်သူ့စစ် တပ်ဖွဲ့ များလည်း ပါဝင်သည်။

ထိုင်းတပ်မတော်တွင် စုစုပေါင်း စစ်သည်အင်အား အနေနှင့် အမြဲတမ်း တာဝန်ထမ်းဆောင်သူ ၃၀၆,၀၀၀ ဦး နှင့် အရန်အင်အား ၂၄၅,၀၀၀ ဦး ရှိသည်။ [၃၂]ထိုင်းတပ်မတော်၏ အကြီးအကဲမှာ ဘုရင် ဖြစ်သော်လည်း [၃၃] ထိုရာထူးမှာ အမည်ခံမျှသာ ဖြစ်သည်။ စစ်တပ်များကို အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဦးဆောင်သော ထိုင်းကာကွယ်ရေး ဦးစီးဌာနမှ စီမံကွပ်ကဲသည်။ တော်ဝင်ထိုင်းတပ်မတော် ဌာနချုပ်မှ အမိန့်ပေး ကွပ်ကဲပြီး ၎င်းတို့ကို ထိုင်းကာကွယ်ရေးဦးစီးချုပ်မှ ဦးဆောင်သည်။[၃၄] ၂၀၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စစ်အသုံးစရိတ်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံ ရှိသည်။[၃၅]

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်မှုထမ်းရန်မှာ ထိုင်းနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။[၃၆] သို့သော်လည်း အသက် ၂၁ နှစ်ကျော်သော ယောက်ျားလေး နယ်မြေကာကွယ်ရေးကျောင်းသား အဖြစ် သင်တန်းမတက်ရသေးသူများသာ စစ်တပ်တွင် ပါဝင်ရန် ဆန္ဒပြုနိုင်သကဲ့သို့ စစ်မှုထမ်းရန် လိုသလို ဆင့်ခေါ်ချိန်တွင် ပါဝင်နိုင်သည်။ စစ်မှုထမ်းသူများ အနေနှင့် အချိန်ပြည့် လေ့ကျင့်သင်ကြားမှုကာလ ၆ လမှ ၂ နှစ် အထိ အမျိုးမျိုး ကွဲပြားပြီး ၎င်းတို့၏ ပညာရေး အခြေအနေပေါ်တွင် မူတည်ကာ ၎င်းတို့ အနေနှင့် လေ့ကျင့်ရေးသင်တန်းကို တစိတ်တပိုင်း တက်ရောက်ပြီးစီးမှု၊ စစ်မှုထမ်းရန် မဆင့်ခေါ်မီ (နှစ်စဉ် ဧပြီလ ၁ရက်) မိမိတို့ ဆန္ဒအလျောက် ဆန္ဒပြုမှု စသည့် တို့အပေါ်တွင် မူတည်သည်။

ဘွဲ့ရပြီးသော သူများ အနေနှင့် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရပါက ၁ နှစ် အချိန်ပြည့် စစ်မှုထမ်းရပြီး ဒိစတြိတ် ရုံးတွင် မိမိတို့ ဆန္ဒအလျောက် ဆန္ဒပြုပါက ၆ လ မျှ စစ်မှု ထမ်းရသည်။ ထို့အတူပင် သုံးနှစ် သင်တန်းကို တက်ရောက်ပြီးစီးမှု အပေါ်တွင် မူတည်၍ လေ့ကျင့်ရေးကာလကို လျှော့ချပေးသည်။ ၃ နှစ်အတွင်း ၁ နှစ် သင်တန်း တက်ရောက်ပြီးပါက ၁ နှစ်သာ အချိန်ပြည့် စစ်မှုထမ်းရပြီး ၂ နှစ် သင်တန်း တက်ရောက်ပြီးပါက ၆ လသာ အချိန်ပြည့် စစ်မှုထမ်းရသည်။ ၃ နှစ် နှင့် အထက် တက်ရောက်သင်ကြား ပြီးသူများ အနေနှင့် လုံးဝကင်းလွတ်ခွင့် ရရှိသည်။

ထိုင်းတပ်မတော်နေ့ကို ဇန်နဝါရီလ ၁၈ ရက်တွင် ကျင်းပပြီး အယုဒ္ဓယတိုင်းပြည်ရှိ နရဆင် ဘုရင်မှ တောင်ငူမင်းသား အား ၁၅၉၃တွင် အောင်ပွဲရသည့် နေ့ အထိမ်းအမှတ်ဖြစ်သည်။

ပထဝီဝင်[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံမြောက်ပိုင်း နန်ခရိုင် အတွင်း ထိုင်း-လော နယ်စပ်တလျှောက်တွင်ရှိသော လွမ်ပရာဘန်တောင်တန်းကို တွေ့မြင်ရစဉ်
ထိုင်းနိုင်ငံတွင် အတွေ့ရများသော ထုံးကျောက်ကျွန်းတစ်ခု
ဖီဖီကျွန်းများ

ထိုင်းနိုင်ငံ၏ အကျယ်ဝန်းမှာ ၁၉၈,၁၂၀ စတုရန်းမိုင် ( ၅၁၃,၁၂၀ စတုရန်းကီလိုမီတာ)[၁] မျှ ရှိသဖြင့် ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ၅၀ ခုမြောက် အကြီးဆုံး နိုင်ငံဖြစ်သည်။ ၎င်းသည် ယီမင်နိုင်ငံ ထက် အနည်းငယ်မျှ သေးငယ်ပြီး စပိန်နိုင်ငံထက် အနည်းငယ်မျှ ကြီးသည်။

ထိုင်းနိုင်ငံတွင် ခရိုင်အုပ်စုများနှင့် တစိတ်တဒေသ ဆက်နွယ်နေသော ထင်ရှားသော ပထဝီဝင်ဒေသကြီးများ ရှိသည်။ နိုင်ငံ၏ မြောက်ဘက်ပိုင်းမှာ ထိုင်းကုန်မြေမြင့်၏ တောင်ကုန်းထူထပ်သော ဒေသဖြစ်ပြီး အမြင့်ဆုံးနေရာမှာ သနွန်ထုံချိုင်း တောင်တန်းရှိ ဒွိုင်းအင်ထာနွန် တောင်ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်ထက် ၈,၄၁၅ပေ ( ၂,၅၆၅ မီတာ) မျှ မြင့်သည်။ အရှေ့မြောက်ဘက် အီဆန်တွင် ခရတ်ကုန်းမြေမြင့်ရှိပြီး အရှေ့ဘက်တွင် မဲခေါင်မြစ် နှင့် ထိစပ်နေသည်။ နိုင်ငံ၏ အလယ်ပိုင်းတွင် အလွန်ပြန့်ပြူးသော ကျောက်ဖယားမြစ်ဝှမ်း ရှိပြီး ထိုမြစ်မှာ ထိုင်းပင်လယ်ကွေ့ အတွင်းသို့ စီးဝင်သည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကရား ကုန်းမြေကျဉ်းရှိပြီး ၎င်းမှာ မလေးကျွန်းဆွယ် အဖြစ်ပြန်လည် ကျယ်ပြန့်သွားသည်။ နိုင်ငံရေး အရ လူဦးရေ၊ အခြေခံ အရင်းအမြစ်၊ သဘာဝ သွင်ပြင်နှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးမှု တို့ အပေါ်တွင် မူတည်၍ ပထဝီဝင်ဒေသ ၆ ခု ရှိသည်။ အမျိုးမျိုး အဖုံဖုံ ကွဲပြားခြင်းမှာ ထိုင်းနိုင်ငံ၏ ရူပသွင်ပြင်၏ ထင်ရှားသော အချက်တစ်ခု ဖြစ်သည်။.

ကျောက်ဖယားမြစ်နှင့် မဲခေါင်မြစ်တို့သည် ထိုင်းကျေးလက်ဒေသအတွက် အဖိုးမဖြစ်နိုင်သော ရေကြောင်းလမ်း ဖြစ်သည်။ သီးနှံများအား စီးပွားဖြစ်ထုတ်လုပ်ခြင်းတွင် ထိုမြစ်နှစ်ခု နှင့် ၎င်းတို့၏ မြစ်လက်တက်များကို အသုံးပြုကြသည်။ ထိုင်းပင်လယ်ကွေ့မှာ ၁၂၄,၀၀၀ စတုရန်းမိုင် (၃၂၀,၀၀၀ စတုရန်းကီလိုမီတာ) မျှ ကျယ်ဝန်းပြီး ကျောက်ဖယားမြစ်၊ မဲကလောင်မြစ်၊ ဘန်ပကောင်းမြစ် နှင့် တာပီမြစ်တို့ စီးဝင်လျှက် ရှိသည်။ တောင်ပိုင်းဒေသ နှင့် ကရားကုန်းမြေကျဉ်း ဒေသတို့တွင် ကမ်းရိုးတန်းတလျှောက် ကြည်၍ တိမ်သော ရေ ရှိသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် အထောက်အကူ ပြုသည်။ ထိုင်းပင်လယ်ကွေ့၏ အရှေ့ဘက် ကမ်းမှာ ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှု ဗဟိုဌာနဖြစ်ပြီး ဆတာဟစ်တွင် နိုင်ငံ၏ အဆင့်မြင့် ရေနက်ဆိပ်ကမ်း ရှိကာ လမ်ချဘန်တွင် အလုပ်အများဆုံး ကုန်သွယ်ရေး ဆိပ်ကမ်း ရှိသည်။

ကပ္ပလီပင်လယ်သည် အဖိုးတန်သော သဘာဝ အရင်းအမြစ် ဖြစ်ပြီး အာရှရှိ ရေပန်းစားပြီး ဇိမ်ခံနိုင်သောသော အပန်းဖြေစခန်းများ ရှိရာ ဖြစ်သည်။ ဖူးကက်၊ ခရာဘိ၊ ရနောင်း၊ ဖန်င၊ ထရန် နှင့် ၎င်းတို့၏ ကျွန်းများသည် ကပ္ပလီပင်လယ်၏ ကမ်းရိုးတန်းတလျှောက်တွင် ရှိပြီး ၂၀၀၄ ခုနှစ် ဆူနာမီ ဘေး သင့်ခဲ့သော်လည်း ကမ္ဘာတဝှမ်းလုံးရှိ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သော နေရာများ ဖြစ်သည်။

ဆူးအက်တူးမြောင်း နှင့် ပနားမားတူးမြောင်း တို့နှင့် အလားသဏ္ဍာန်တူသော ကပ္ပလီပင်လယ် နှင့် ထိုင်းပင်လယ်ကွေ့တို့ကို ဆက်စပ်ပေးမည့် ကရားတူးမြောင်း ဖောက်လုပ်မည့် ကိစ္စသည် တဖန်ပြန်၍ ပေါ်ပေါက်လာခဲ့သည်။ ထိုအကြံကို ထိုင်းနိုင်ငံရေးသမားများက အကောင်းမြင်စွာဖြင့် ကြိုဆိုကြပြီး ထိုတူးမြောင်းကို ဖောက်လုပ်ခြင်းအားဖြင့် စင်ကာပူဆိပ်ကမ်းမှ ပေးရမည့် အဖိုးအခထက် သက်သာခြင်း၊ တရုတ် အိန္ဒိယတို့နှင့် ဆက်ဆံရေး တိုးတက်စေခြင်း၊ သင်္ဘောသွားလာရမည့် အချိန်ကို လျှော့ချနိုင်ခြင်း၊ မလက်ကာ ရေလက်ကြားတွင် ပင်လယ်ဓားပြတို့၏ တိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ခြင်း တို့အပြင် ထိုင်းအစိုးရ၏ အရှေ့တောင်အာရှ သယ်ယူပို့ဆောင်ရေး ဗဟိုဌာန ဖြစ်လာစေမည့် ပေါ်လစီကို ထောက်ပံ့ခြင်းတို့ ကြောင့်ပင် ဖြစ်သည်။ ထိုတူးမြောင်းကြောင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း အပေါ်မှရသော ဝင်ငွေကို များစွာ မှီခိုနေရသော ထိုင်းတောင်ပိုင်း၏ စီးပွားရေး အခြေအနေကို တိုးတက်လာစေမည်ဟု ဆိုကြပြီး ထိုင်းအား အာရှ၏ သယ်ယူပို့ဆောင်ရေး ဗဟိုဌာန ဖြစ်လာစေမည့် အတွက် ထိုင်းစီးပွားရေး ပုံစံကို ပြောင်းပစ်နိုင်လိမ့်မည် ဟု ဆိုကြသည်။ ထိုတူးမြောင်း ဖောက်လုပ်ခြင်းမှာ ဧရာမ အင်ဂျင်နီယာ ဆိုင်ရာ စီမံကိန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ မှ ၃၀ ဘီလီယံ အထိ ကုန်ကျမည်ဟု ခန့်မှန်းရသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ကိုပန်ရာသီဥတု အမျိုးအစားအရ ထိုင်းနိုင်ငံ၏ မြေပုံ
၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ဂြိုဟ်တုမှ မြင်ရသော ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေပုံ

ထိုင်းနိုင်ငံ၏ ရာသီဥတုကို ရာသီအလိုက် ကွဲပြားခြားနားသော မုတ်သုံလေများ(အနောက်တောင် မုတ်သုံလေ နှင့် အရှေ့မြောက်မုတ်သုံလေ) မှ လွှမ်းမိုးထားသည်။[၃၇] မေလ တွင် စတင်၍ အောက်တိုဘာလတွင် ပြီးဆုံးသော အနောက်တောင် မုတ်သုံလေတွင် အိန္ဒိယ သမုဒ္ဒရာမှ ပူနွေး၍ စွတ်စိုသော လေများသည် ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်တိုက်ခတ် သဖြင့် နိုင်ငံ၏ နေရာ အနှံ့အပြားတွင် မိုးများစွာ ရွာသွန်းသည်။ [၃၇]အောက်တိုဘာလတွင် စတင်၍ ဖေဖော်ဝါရီလတွင် ပြီးဆုံးသော အရှေ့မြောက်မုတ်သုံလေကြောင့် တရုတ်နိုင်ငံတွင်းမှ အေးမြပြီး ခြောက်သွေ့သော လေများသည် ထိုင်းနိုင်ငံ နေရာ အနှံ့အပြားသို့ ဝင်ရောက်တိုက်ခတ်သည်။[၃၇] ထိုင်းနိုင်ငံ တောင်ပိုင်းတွင်မူ အရှေ့မြောက် မုတ်သုံလေကြောင့် ဒေသ၏ အရှေ့ပိုင်း ကမ်းရိုးတန်းဒေသတွင် သမမျှတသော ရာသီဥတုရှိပြီး မိုးများစွာ ရွာသွန်းသည်။[၃၇] ထိုင်းနိုင်ငံ ၏ နေရာ အတော်များများသည် အပူပိုင်း ခြောက်သွေ့ စိုစွတ် ရာသီဥတု သို့မဟုတ် ဆာဗားနား ရာသီဥတု ရှိပြီး ကိုပန်ရာသီဥတု အမျိုးအစားအရ အပူပိုင်း ဆာဗားနား ရာသီဥတု ရှိသည်။[၃၈] အရှေ့ပိုင်း၏ တောင်ဘက် နှင့် အရှေ့ဘက် အစွန်းတွင် အပူပိုင်း မုတ်သုံ ရာသီဥတု ရှိသည်။

ထိုင်းနိုင်ငံတွင် ရာသီ ၃ ခု ရှိသည်။ [၃၇] ပထမ တစ်ခုမှာ မိုးရာသီ သို့မဟုတ် အနောက်တောင် မုတ်သုံ ရာသီ (မေလ အလယ်မှ အောက်တိုဘာ လလယ်အထိ) ဖြစ်ပြီး နိုင်ငံနေရာ အတော်များများတွင် ကျရောက်သည်။[၃၇] မိုးရာသီတွင် မိုးအများအပြား ရွာသွန်းပြီး ဩဂုတ်လ နှင့် စက်တင်ဘာလ သည် တစ်နှစ်ပတ်လုံးတွင် အစိုစွတ်ဆုံး အချိန် ဖြစ်သည်။[၃၇] ထို့ အတွက်ကြောင့် မကြာခဏ ဆိုသလိုပင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လေ့ ရှိသည်။[၃၇]အနောက်တောင် မုတ်သုံလေကြောင့် ဖြစ်ပွားသော မိုးရွာမှု အပြင့် အီကွေတာရပ်ဝန်းဇုံ (Intertropical Convergence Zone) နှင့် အပူပိုင်း ဆိုက်ကလုံး မုန်တိုင်းများကြောင့်လည်း မိုးရာသီတွင် မိုးများစွာ ရွာသွန်းလေ့ ရှိသည်။ သို့သော်လည်း ဇွန်လမှ ဇူလိုင်လ အစောပိုင်း အထိ ခြောက်သွေ့သော အချိန်ပိုင်း ၁ ပတ် မှ ၂ ပတ် အထိ ဖြစ်ပေါ်လေ့ ရှိသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အီကွေတာ ရပ်ဝန်းဇုံသည် တရုတ်နိုင်ငံ တောင်ပိုင်းသို့ ထိုကာလ အတွင်း ရွေ့လျားသွားသောကြောင့် ဖြစ်သည်။[၃၇] ဆောင်းရာသီ သို့မဟုတ် အရှေ့မြောက်မုတ်သုံ ရာသီဥတုသည် အောက်တိုဘာ လလယ်ပိုင်းမှ ဖေဖော်ဝါရီ လ လယ်ပိုင်း အထိ ဖြစ်သည်။ [၃၇] ထိုင်းနိုင်ငံ ဒေသ အတော်များများသည် ထိုရာသီ အတွင်း ခြောက်သွေ့သော ရာသီဥတုနှင့် အလွန်နိမ့်သော အပူချိန်များကို ခံစားရလေ့ ရှိသည်။ [၃၇] ခြွင်းချက်မှာ ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသများ ဖြစ်ပြီး ထိုနေရာများတွင်မူ မိုးများစွာ ရွာကျလေ့ ရှိပြီး အထူးသဖြင့် အောက်တိုဘာလ မှ နိုဝင်ဘာလ အတွင်း ဖြစ်သည်။[၃၇] နွေရာသီ သို့မဟုတ် မုတ်သုံအကြို ရာသီဥတုသည် ဖေဖော်ဝါရီ လလယ်ပိုင်းမှ မေလ အလယ်အပိုင်း အထိဖြစ်ပြီး ပူနွေးသော ရာသီဥတု ရှိသည်။ [၃၇]

ကုန်းတွင်းပိုင်း သဘာဝရှိသော ထိုင်းနိုင်ငံ၏ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း နှင့် အရှေ့ပိုင်းတို့မှာ ပူနွေးသော ရာသီဥတုကို အချိန်ကာလ ကြာမြင့်စွာ ခံစားရသည်။[၃၇] တစ်နှစ်တာကာလ၏ အပူဆုံး အချိန်ဖြစ်သော မတ်လ မှ မေလ အတွင်းတွင် အပူချိန်သည် ၄၀° ဆဲလ်စီးယပ်စ် (၁၀၄° ဖာရင်ဟိုက်) နှင့် အထက် မြင့်တက်လေ့ ရှိပြီး ကမ်းရိုးတန်းဒေသများမှာပူ ပင်လယ်ပြင်မှ တိုက်ခတ်သော လေညင်းကြောင့် နေ့လည်ပိုင်းတွင် အပူချိန် သင့်တင့်မျှတသည်။ [၃၇] ဆန့်ကျင့်ဘက် အနေနှင့် တရုတ်ပြည်မှ လေအေးများ တိုက်ခတ်ခြင်းကြောင့် အေးမြသော အပူချိန် ဖြစ်ပေါ်တတ်ပြီး အချို့သော နေရာများ (အထူးသဖြင့် မြောက်ပိုင်း နှင့် အရှေ့မြောက်ပိုင်းတွင် ၀° ဆဲလ်စီးယပ်စ် ( ၃၂° ဖာရင်ဟိုက်) အထိ ကျဆင်းလေ့ ရှိသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပိုမို သမသော ရာသီဥတု ရှိပြီး ပင်လယ်၏ လွှမ်းမိုးမှုကြောင့် နေ့တိုင်းပြောင်းလဲမှုနှင့် ရာသီ အလိုက်ပြောင်းလဲမှု မျာစွာ မရှိပေ။[၃၇]

နိုင်ငံ၏ နေရာအတော်များများတွင် နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၄၇ လက်မ မှ ၆၃ လက်မအတွင်း (၁၂၀၀ မှ ၁၆၀၀ မီလီမီတာ) အတွင်း ရရှိသည်။ [၃၇] သို့သော်လည်း တောင်ကုန်းများ၏ လေတင်အရပ်တွင် တည်ရှိသော အနောက်ဘက် ကမ်းရိုးတန်းရှိ ရနောင်း ခရိုင်နှင့် အရှေ့ဘက် ကမ်းရိုးတန်းရှိ ထရတ်ခရိုင်တို့တွင် နှစ်စဉ် မိုးရေချိန် ၁၈၀ လက်မ (၄၅၀၀ မီလီမီတာ အထိ) ရရှိကြသည်။ [၃၇] အခြောက်သွေ့ဆုံး ဒေသများမှာ လေကွယ်အရပ်များဖြစ်သော အလယ်ပိုင်း တောင်ကြားဒေသ နှင့် ထိုင်းတောင်ပိုင်း၏ မြောက်ဘက်ဆုံး အပိုင်းတို့တွင် နှစ်စဉ်ပျမ်းမျှ မိုးရေချိန် ၄၇ လက်မ (၁၂၀၀ မီလီမီတာ) အောက် ရရှိသည်။ [၃၇] ထိုင်းနိုင်ငံ၏ ဒေသအတော်များများ (မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း နှင့် အရှေ့ပိုင်း) တို့တွင် အရှေ့မြောက်မုတ်သုံလေ တိုက်ခိုက်ချိန်တွင် ခြောက်သွေ့သော ရာသီဥတု ရှိပြီး အနောက်တောင်မုတ်သုံလေ တိုက်ခတ်ချိန်တွင် မိုးများစွာ ရွာသွန်းသည်။ [၃၇] ထိုင်းနိုင်ငံတောင်ပိုင်းတွင်မူ အရှေ့မြောက် နှင့် အနောက်တောင် မုတ်သုံ ရာသီဥတု နှစ်ခုစလုံးတွင် မိုးများစွာ ရွာသွန်းပြီး အနောက်ဘက် ကမ်းရိုးတန်းတွင် မိုးအများဆုံးလ မှာ စက်တင်ဘာ ဖြစ်ပြီး အရှေ့ဘက်ကမ်းရိုးတန်းတွင် မိုးအများဆုံးလမှာ နိုဝင်ဘာလမှ ဇန်နဝါရီလ အထိ ဖြစ်သည်။ [၃၇]

သဘာဝ ပတ်ဝန်းကျင်[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်မှု ညွှန်းကိန်း (အီးပီအိုင်) တွင် အလယ်အလတ် အဆင့်တွင်သာ ရှိသော်လည်း တိုးတက်မှုများ ရှိသည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ အတွင်း အဆင့် ၉၁ ရှိသည်။ အာရှပစိဖိတ် ဒေသ အတွင်းတွင်လည်း အလယ်အလတ် အဆင့်တွင်သာ ရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံ တရုတ်နိုင်ငံတို့ထက် ပို၍ အဆင့်မြင့်သည်။ အီးပီအိုင် ကို ၂၀၀၁ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံချင်း အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ဖွံ့ဖြိုးမှုပန်းတိုင် အား အကောင်အထည်ဖော်ခြင်းကို မည်မျှဆောင်ရွက်နိုင်သည် ဆိုခြင်းကို တိုင်းတာသည့် ညွှန်းကိန်း ဖြစ်သည်။ ထိုင်းနိုင်ငံအနေနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များတွင် အဆိုးရွားဆုံး ဆောင်ရွက်မှုများမှာ လေထု၏ အရည်အသွေး (၁၆၇မှတ်)၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၏ သဘာဝပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှု (၁၀၆မှတ်) နှင့် ရာသီဥတုနှင့် စွမ်းအင် ကဏ္ဍ (၉၃) မှတ် တို့ ဖြစ်ပြီး နောက်ဆုံး အချက်မှာ ကီလိုဝပ်နာရီ အလိုက် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု များပြားခြင်းကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အကောင်းဆုံး ဆောင်ရွက်မှုများမှာ ရေအရင်းအမြစ် စီမံခန့်ခွဲမှု (၆၆မှတ်) ဖြစ်ပြီး ထိုကဏ္ဍတွင် အနာဂတ်၌လည်း ဆက်လက်၍ အဓိက တိုးတက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး အညစ်အကြေးစီမံခန့်ခွဲမှု (၆၈) တို့ ဖြစ်ကြသည်။[၃၉][၄၀]

သားရိုင်းတိရစ္ဆာန်များ[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံရှိ ဆင်ရိုင်းကောင်ရေမှာ ၂၀၀၀-၃၀၀၀ ခန့်သို့ ကျဆင်းခဲ့သည်။[၄၁]

ဆင်သည် ထိုင်းနိုင်ငံ၏ နိုင်ငံတော် အထိမ်းအမှတ် ဖြစ်သည်။ ၁၈၅၀ တွင် ထိုင်းနိုင်ငံ၌ ဆင်ယဉ် ကောင်ရေ ၁၀၀,၀၀၀ အထိ ရှိခဲ့သော်လည်း ထိုင်းနိုင်ငံရှိ ဆင်ကောင်ရေမှာ ၂၀၀၀ ခန့်အထိ ကျဆင်းခဲ့သည်။ [၄၁] သားသတ်သမားများသည် ဆင်များအား ဆင်စွယ်၊ အသား နှင့် အရေခွံ တို့ အတွက် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ဆင်ပေါက်များကို ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း အတွက် နှင့် ခိုင်းစေရန် ဖမ်းဆီးကြလေ့ ရှိသော်လည်း ခိုင်းစေခြင်းမှာ ၁၉၈၉ ခုနှစ် အစိုးရမှ သစ်ထုတ်လုပ်ရေးကို ပိတ်ပင်လိုက်သည့် အချိန်မှစ၍ ကျဆင်းခဲ့သည်။ ယခုအခါ ဖမ်းဆီးထားသော ဆင်ကောင်ရေသည် ဆင်ရိုင်းကောင်ရေ ထက်ပိုများပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားတက်ကြွသူများမှ ဖမ်းဆီးထားသော ဆင်များမှာ ကောင်းမွန်စွာ ဆက်ဆံခြင်း မခံရဟု ပြောဆိုကြသည်။[၄၂]

ထိန်းသိမ်းစောင့်ရှောက်ထားသော သတ္တဝါမျိုးစိတ်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းသည် အဓိက ပြဿနာ တစ်ခု အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ မုဆိုးများက ကျားများ၊ ကျားသစ်များ နှင့် အခြား ကြောင်မျိုးရင်းဝင် တိရစ္ဆာန်ကြီးများအား ၎င်းတို့၏ အဖိုးတန်သော သားရေ အတွက် အမဲလိုက်ခြင်းကြောင့် ကောင်ရေ လျော့နည်းလာနေသည်။ သတ္တဝါအများအပြား (ကျားများ၊ ဝက်ဝံများ၊ မိကျောင်းများ နှင့် တောကြီးမြွေဟောက် များ) တို့အား စားကောင်းသောက်ဖွယ်ဟု ယူဆသော ၎င်းတို့၏ အသား နှင့် ကျန်းမာရေးနှင့် ပတ်သက်သော အစွမ်းသတ္တိရှိသည် ဟူသော ယူဆချက်များကြောင့် ဖမ်းဆီးခြင်း မွေးမြူခြင်းများ ပြုလုပ်ကြသည်။ ထိုသို့ ရောင်းချခြင်းမှာ တရားမဝင်သော်လည်း ဘန်ကောက်၏ ကျော်ကြားသော ညဈေးတစ်ခု ဖြစ်သည့် ချတ်တူချတ် သည် မျိုးသုဉ်းရန် စိုးရိမ်ရသော သတ္တဝါ မျိုးစိတ်များကို ရောင်းချခြင်း အတွက် လူသိများဆဲ ဖြစ်သည်။ [၄၃]

တောကောင်များအား အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးမြူကြသည့် အလေ့အထကြောင့် အချို့သော မျိုးစိတ်များအား ခြိမ်းခြောက်လျှက် ရှိသည်။ တိရစ္ဆာန် အကောင်ပေါက်ကလေးများအား ဖမ်းဆီးရောင်းချခြင်း အတွက် ၎င်းတို့၏ မိခင်အား သတ်ဖြတ်ရန် မကြာခဏဆိုသလိုပင် လိုအပ်လေ့ ရှိသည်။ ဖမ်းဆီးခြင်း ခံရပြီး ၎င်းတို့၏ သဘာဝ နေထိုင်ရာ ပတ်ဝန်းကျင်မှ ကွာဝေးသွားသည့် အခါတွင် အိမ်မွေးတိရစ္ဆာန် တောကောင်များသည် သေဆုံးခြင်း နှင့် ဆက်လက်မျိုးမပွားနိုင်ခြင်းတို့ ဖြစ်လေ့ ရှိကြသည်။ ထိုဒဏ်ကို ခံရသော သတ္တဝါများမှာ ဟိမဝန္တာ ဝက်ဝံပသျှူးဝက်ဝံ၊ လားမျောက်လွှဲကျော် နှင့် မျောက်လွှဲကျော်ကြား နှင့် ဘင်တူယောင်း တို့ ဖြစ်ကြသည်။ [၄၄]

ပညာရေး[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံရှိ မူလတန်း ကျောင်းသားများ

၂၀၁၄ ခုနှစ်တွင် စာတတ်မြောက်မှုနှုန်းမှာ ၉၃.၅% ဖြစ်သည်။ [၄၅] ပညာရေးမှာ စနစ်တကျ ဖွင့်လှစ်ထားသော မူကြိုကျောင်း၊ မူလတန်းကျောင်း၊ အထက်တန်း အငယ်တန်းကျောင်း နှင့် အထက်တန်း အကြီးတန်းကျောင်း၊ များစွာသော သက်မွေးဝမ်းကျောင်း ကောလိပ်များနှင့် တက္ကသိုလ်များမှ တဆင့် သင်ကြားပေးသည်။ ပုဂ္ဂလိက ပညာရေး ကဏ္ဍမှာလည်း ကောင်းစွာဖွံ့ဖြိုးပြီး အစိုးရမှ အများပြည်သူဆိုင်ရာကျောင်းများဖြင့် မထောက်ပံ့ပေးနိုင်သော ပညာရေး အတွက် ကောင်းစွာ အထောက်အကူပေးသည်။ ပညာရေးမှာ အသက် ၁၄ နှစ် အပါအဝင် ၁၄ နှစ်အထိ မသင်မနေရဖြစ်ပြီး အစိုးရမှ အသက် ၁၇ နှစ် အထိ အခမဲ့ပညာသင်ကြားခွင့် ပေးထားသည်။

ထိုင်းနိုင်ငံ၏ ရှေးအကျဆုံး တက္ကသိုလ်ဖြစ်သော ၁၉၁၇ တွင် ဖွင့်လှစ်ခဲ့သည့် ချူလာလောင်ကွန်းတက္ကသိုလ်

သင်ကြားရေးမှာ ကျောင်းသား အခြေပြုသင်ကြားရေး စနစ်ထက် အလွတ်ကျက်သင်ကြားရေး စနစ်ပေါ်တွင် များစွာ မှီခိုနေသည်။ မူလတန်းနှင့် အထက်တန်းများအတွက် စိတ်ချယုံကြည်ရသော သင်ရိုးညွှန်းတမ်းမှာ အလွန်လျင်မြန်စွာ ပြောင်းလဲတတ်သဖြင့် ကျောင်းများနှင့် ဆရာများမှာ ၎င်းတို့သင်နေရသော သင်ကြားမှုများအတွက် မသေချာ မရေရာသော အခြေအနေနှင့် အမြဲရင်ဆိုင်ရပြီး ဖတ်စာအုပ်များကို ရေးသားထုတ်ဝေသည့် စာရေးဆရာများနှင့် ထုတ်ဝေသူများမှာလည်း ထိုသို့ပြောင်းလဲမှုများနှင့် အလျင်မီအောင် စာအုပ်အသစ်ကို လျင်မြန်စွာ မရေးသား မထုတ်ဝေနိုင်ကြပေ။ တက္ကသိုလ်ဝင်ခွင့် ဆိုင်ရာပြဿနာများ အနေနှင့် နှစ်ပေါင်းများစွာတိုင်အောင် ပြင်းထန်သော အပြောင်းအလဲများ ဖြစ်ပေါ်လေ့ ရှိသည်။ သို့သော်လည်း ထိုင်းနိုင်ငံ၏ ပညာရေးမှာ ၂၀၀၁ ခုနှစ်မှစ၍ အလွန်ပင် ပြောင်းလဲတိုးတက်လာခဲ့သည်ကို တွေ့မြင်နိုင်သည်။ ယနေ့ခေတ်မျိုးဆက် ကျောင်းသားအများစုမှာ ကွန်ပျူတာကို သုံးတတ်ကြသည်။ ထိုင်းနိုင်ငံမှာ တကမ္ဘာလုံးရှိ နိုင်ငံ ၅၆ ခုအား အင်္ဂလိပ်စာ တတ်မြောက်မှု အဆင့်သတ်မှတ်ရာ၌ အဆင့် ၅၄ ရပြီး အာရှတွင် ဒုတိယမြောက် အနိမ့်ဆုံး အဆင့် ဖြစ်သည်။ [၄၆]

လူနည်းစုလူမျိုးများ နေထိုင်ရာ ဒေသရှိ ကျောင်းသားများမှာ စံသတ်မှတ်ထားသော နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် စာမေးပွဲများတွင် အမြဲပင် ရမှတ်နည်းလေ့ ရှိသည်။ [၄၇] [၄၈] [၄၉] ထိုသို့ဖြစ်ရခြင်းမှာ ပညာရေးဆိုင်ရာ အရင်းအမြစ်များအား ခွဲဝေချထားပေးမှု မညီမျှခြင်း၊ ဆရာများအား လေ့ကျင့်ပေးမှု အားနည်းခြင်း၊ ဆင်းရဲမွဲတေမှုနှင့် စာမေးပွဲစစ်ရာတွင် သုံးသော ထိုင်းစာ တတ်ကျွမ်းမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။[၄၇] [၅၀] [၅၁]

၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံးရှိ ထိုင်းကျောင်းသား ၇၂,၇၈၀ ဦးကို အိုင်ကျူစမ်းသပ် စာမေးပွဲ စစ်ဆေးခဲ့သည်။ ပျမ်းမျှ အိုင်ကျူအမှတ်မှာ ၉၈.၅၉ ဖြစ်သဖြင့် ယခင် စစ်ဆေးမှုထက် ပိုမြင့်လာသည်ကို တွေ့ရသည်။ နိုင်ငံတစ်နိုင်ငံလုံး အနေနှင့် အိုင်ကျူအဆင့်မှာ မညီမမျှ ဖြစ်နေပြီး တောင်ပိုင်းဒေသဖြစ်သော နရာထီဝပ်ခရိုင်တွင် အနိမ့်ဆုံး ပျမ်းမျှ ၈၈.၀၇ မှတ် ရှိသည်ကို တွေ့ရှိရပြီး အမြင့်ဆုံး ပျမ်းမျှအနေနှင့် နွန်တပ်ဘူရီခရိုင်တွင် ၁၀၈.၉၁ မှတ် ရှိသည်ကို တွေ့ရသည်။ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနမှ အိုင်အိုဒင်းချို့တဲ့မှု ကွာခြားချက် အပေါ်တွင် အပြစ်တင်ခဲ့ပြီး အနောက်နိုင်ငံများတွင် ကျင့်သုံးသည့် နည်းလမ်းအတိုင်း စားပွဲတင်ဆားတွင် အိုင်အိုဒင်း ထည့်သွင်းရန် အဆင့်ဆင့် ချမှတ်ဆောင်ရွက်ခဲ့သည်။[၅၂]

၂၀၁၃ ခုနှစ်တွင် သတင်းအချက် နှင့် ဆက်သွယ်ရေးနည်းပညာ ဝန်ကြီးဌာနမှ ကျောင်း ၂၇,၂၃၁ ကျောင်းတွင် စာသင်ခန်းအတွင်း၌ အလွန် လျင်မြန်သော အင်တာနက် အသုံးပြုခွင့်ရမည်ဟု ကြေငြာခဲ့သည်။

သိပ္ပံနှင့် နည်းပညာ[ပြင်ဆင်ရန်]

အမျိုးသား သိပ္ပံနှင့်နည်းပညာ ဖွံဖြိုးတိုးတက်ရေး အေဂျင်စီသည် သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ သုတေသနလုပ်ငန်းများကို ထောက်ပံ့ပေးပြီး ထိုင်းနိုင်ငံ၏ စီးပွားရေးတွင် အသုံးချနိုင်ရန် အတွက် ကူညီပံ့ပိုးပေးသော ထိုင်းနိုင်ငံအစိုးရ၏ အေဂျင်စီ တစ်ခု ဖြစ်သည်။

ဆင်ခရိုထရွန် အလင်း သုတေသန ဌာနသည် ရူပဗေဒ၊ ဓာတုဗေဒ၊ အသုံးပြုပစ္စည်းသိပ္ပံ နှင့် ဇီဝသိပ္ပံ ဘာသာရပ်များ အတွက် ဆင်ခရိုထရွန် အလင်း နည်းပညာ ရင်းမြစ်ဖြစ်သည်။ ဘန်ကောက်မြို့ အရှေ့မြောက်ဘက် မိုင် ၁၉၀ (၃၀၀ ကီလိုမီတာ) ခန့် အကွာ နခွန် ရာချာဆီးမားရှိ ဆူရာနရီး နည်းပညာ တက္ကသိုလ်တွင် တည်ရှိသည်။ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ငွေကြေးထောက်ပံ့ပေးထားသော ထို ဌာနသည် အရှေ့တောင်အာရှရှိ ဆင်ခရိုထရွန် အကြီးစားများ ရှိရာ နေရာ ဖြစ်သည်။ ယခင်က ဂျပန်နိုင်ငံတွင် ဆောတက် (SORTEC) ဆင်ခရိုထရွန် အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နောက်တွင် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာခဲ့ကာ ၁.၂ GeV အထိ အသုံးပြုနိုင်ရန် အဆင့်မြင့်ခဲ့သည်။ ထိုဌာနမှ အသုံးပြုသူများအား ပုံမှန် အစီအစဉ် ဖြင့် ဆင်ခရိုထရွန်အလင်းများကို ပံ့ပိုးပေးသည်။

အင်တာနက်[ပြင်ဆင်ရန်]

ဘန်ကောက်မြို့တွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်သည့် ဝိုင်ဖိုင် ဟော့စပေါ့ ၂၃,၀၀၀ ရှိသည်။ [၅၃] ထိုင်းနိုင်ငံရှိ အင်တာနက်တွင် တစက္ကန့်လျှင် ၁၀ ဂစ်ဂါဘစ် အထိ ရသော ဖိုင်ဘာအော့ပတစ်လိုင်းများကိုလည်း ငှားရမ်း အသုံးပြုနိုင်ပြီး ကေအိုင်အာရ်ဇက်ကဲ့သို့သော အင်တာနက်ကုမ္ပဏီများမှ အိမ်သုံး အင်တာနက် အတွက် ဝန်ဆောင်မှု ပေးကြသည်။

အစိုးရမှ အင်တာနက်ကို ဆင်ဆာ ပြုလုပ်ထားပြီး အချို့သော ဝက်ဘ်ဆိုက်ဒ်များကို ဝင်ရောက်ခွင့်မပြုပေ။ [၅၄] ထိုကိစ္စရပ်အတွက် တာဝန်ရှိသော အဖွဲ့အစည်းများမှာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ထိုင်းဆက်သွယ်ရေး အာဏာပိုင်အဖွဲ့၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဝန်ကြီးဌာန တို့ ဖြစ်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံသည် ကမ္ဘာတွင် ထွန်းသစ်စ ဈေးကွက်တစ်ခု ဖြစ်ပြီး စက်မှုလက်မှုလုပ်ငန်း အသွင်သို့ အသစ်ပြောင်းလဲပြီး နိုင်ငံတစ်ခုလည်း ဖြစ်သည်။ ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း ကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ထိုင်းနိုင်ငံ၏ ၂၀၁၃ ခုနှစ် ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၆၇၃ ဘီလီယံ မျှ ရှိသည်။ [၅၅] ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ဒုတိယ အကြီးဆုံးသော စီးပွားရေး ရှိသော နိုင်ငံ ဖြစ်သည်။ ကြွယ်ဝမှု ပျံ့နှံ့ခြင်းတွင် အရှေ့တော်ငအာရှတွင် အလယ်အလတ်နေရာတွင်ရှိပြီး စင်ကာပူ၊ ဘရူနိုင်းနှင့် မလေးရှားတို့ပြီးလျှင် စတုတ္ထမြောက် အချမ်းသာဆုံး နိုင်ငံ ဖြစ်သည်။

ထိုင်းနိုင်ငံသည် အိမ်နီးချင်း ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သော လောနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ တို့၏ ကျောက်ဆူးစီးပွားရေး အဖြစ် တည်ရှိသည်။ ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့ (NESDB) ၏ စာရင်းဇယားအရ ၂၀၁၄ ခုနှစ် တတိယ ၃ လပတ်တွင် အလုပ်လက်မဲ့နှုန်း ၀.၈၄% မျှသာ ရှိသည်။ [၅၆]

လတ်တလော စီးပွားရေးသမိုင်း[ပြင်ဆင်ရန်]

ဘီတီအက်စ် ကောင်းကင်ရထားသည် ထိုင်းနိုင်ငံ၏ စီးပွားရေးရပ်ကွက်တစ်ခုဖြစ်သော ဆသွန် ကို ဖြတ်သန်းသွားစဉ်။ ဘန်ကောက်သည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေး အချက်အခြာ ဌာနတစ်ခု ဖြစ်သည်။
ဘန်ကောက်ရှိ မဟာနခွန် မိုးမျှော်တိုက်

ထိုင်းနိုင်ငံသည် ၁၉၈၅ မှ ၁၉၉၆ အတွင်း ကမ္ဘာပေါ်တွင် အမြင့်မားဆုံး စီးပွားရေး တိုးတက်နှုန်း ရှိခဲ့ပြီး ပျမ်းမျှ အနေနှင့် တွက်ကြည့်မည် ဆိုပါက တစ်နှစ်လျှင် ၁၂.၄% ခန့် ရှိသည်။ ၁၉၉၇ ခုနှစ်တွင် ထိုင်းဘတ်ငွေ အပေါ်တွင် ဖိအားများလာခဲ့ပြီး ထိုနှစ်တွင် စီးပွားရေးမှာ ၁.၉% မျှ ကျဆင်းခဲ့ပြီး နောက်ဆက်တွဲအနေနှင့် စီးပွားရေးကပ် ဆိုက်ခဲ့ကာ ငွေကြေးကဏ္ဍ၏ အားနည်းမှုများ ပေါ်ထွက်လာခဲ့ပြီး ဝန်ကြီးချုပ် ချာဗလစ် ယောင်ချိုင်ယု အစိုးရ အား ထိုင်းငွေကြေးကို ဈေးကွက်တွင်း လွတ်လပ်စွာ ဈေးနှုန်းတက်ကျခွင့် ပေးရန်အတွက် ဖိအားပေးခံခဲ့ရသည်။ ဝန်ကြီးချုပ် ချာဗလစ် ယောင်ချိုင်ယု နှင့် ၎င်း၏ အစိုးရ အဖွဲ့အနေနှင့် စီးပွားပျက်ကပ်အား တုံ့ပြန်ရာတွင် နှေးကွေးသည်ဟု စွပ်စွဲတိုက်ခိုက်ခံခဲ့ရပြီး ဝန်ကြီးချုပ်အား ဖိအားပေး နှုတ်ထွက်စေခဲ့သည်။ ၁၉၇၈ ခုနှစ်မှ ၁၉၉၇ ခုနှစ် အတွင်း ထိုင်းဘတ်ငွေ ၂၅ ဘတ်လျှင် အမေရိကန် ၁ ဒေါ်လာ နှုန်းဖြင့် တည်ငြိမ်နေခဲ့သည်။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းဘတ်သည် ဈေးအနိမ့်ဆုံး ထိုင်းဘတ်ငွေ ၅၆ ဘတ်လျှင် အမေရိကန် တစ်ဒေါ်လာသို့ ကျဆင်းခဲ့ပြီး ထိုနှစ်တွင် စီးပွားရေး ၁၀.၈% မျှ ကျဆင်းခဲ့ကာ အာရှ စီးပွားပျက်ကပ် ကို ဖြစ်ပေါ်စေခဲ့သည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးမှာ ၁၉၉၉ ခုနှစ်တွင် ပြန်လည် တိုးတက်လာခဲ့ကာ ၂၀၀၀ ခုနှစ်တွင် ၄.၂ မှ ၄.၄% အထိ တိုးတက်လာခဲ့သည်။ အထူးသဖြင့် ပို့ကုန် များပြားခြင်းကြောင့် ဖြစ်သည်။ ၂၀၀၁ ခုနှစ် ကမ္ဘာ့စီးပွားရေး အားနည်းလာခြင်း အခြေအနေကြောင့် တိုးတက်မှုနှုန်း ၂.၂% အထိ ကျဆင်းခဲ့သော်လည်း နောင်နှစ်များတွင် အာရှ၏ ဖွံ့ဖြိုးမှုမြင့်မားခြင်း၊ ဈေးကျသော ထိုင်းဘတ်ကြောင့် ပို့ကုန် တင်ပို့ရန် အားဖြစ်စေခြင်း၊ နိုင်ငံတွင်း အချို့သော ဧရာမ စီမံကိန်းကြီးများကြောင့် ပြည်တွင်းသုံးစွဲမှု မြင့်တက်လာခြင်း နှင့် ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ် ၏ သက်ဆင်နောမစ် ဟုခေါ်သော ပံ့ပိုးမှုများကြောင့် စီးပွားရေး ပြန်လည်တိုးတက် လာခဲ့သည်။ ၂၀၀၂၊ ၂၀၀၃ နှင့် ၂၀၀၄ ခုနှစ်တို့တွင် နှစ်စဉ် တိုးတက်မှုနှုန်းမှာ ၅% မှ ၇% အထိ ရှိသည်။

၂၀၀၅၊ ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်တို့တွင် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၄-၅% ခန့်တွင် ဝဲနေခဲ့သည်။ အမေရိကန်ဒေါ်လာ ခိုင်မာမှုကျဆင်းလာခြင်းနှင့် ထိုင်းငွေကြေး ပိုမိုခိုင်မာလာခြင်းတို့ကြောင့် ၂၀၀၈ ခုနှစ် မတ်လတွင် ဒေါ်လာငွေလဲနှုန်းသည် တစ်ဒေါ်လာတွင် ၃၃ ဘတ် အထိ ရောက်ရှိလာခဲ့သည်။ သက်ဆင်နောမစ်သည် ဝေဖန်မှုများ ခံခဲ့ရသော်လည်း တရားဝင် စာရင်းဇယားများအရ ထိုင်းနိုင်ငံ အီဆန်ဒေသ၏ လူတစ်ဦးချင်း ဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၁,၄၇၅ အထိ ၂ ဆကျော်မျှ တိုးတက်လာပြီး တစ်ချိန်တည်းတွင်ပင် ဘန်ကောက်ဧရိယာရှိ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၇,၉၀၀ မှ ၁၃,၀၀၀ အထိ မြင့်တက်လာခဲ့သည်။[၅၇]

၂၀၁၀ ခုနှစ် အဓိက ဆန္ဒပြမှုများကြောင့် ဖြစ်ပေါ်လာသည့် မငြိမ်သက်မှုများနှင့်အတူ ထိုင်းနိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုနှုန်းမှာ ယခင် အရပ်သားအစိုးရ လက်အောက် ၅-၇% မှ ၄-၅% အထိ ကျဆင်းလာခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများနှင့် စားသုံးသူများ၏ ယုံကြည်မှု ကျဆင်းရခြင်း၏ အဓိက အကြောင်းရင်းမှာ နိုင်ငံရေး မရေရာမှုများကြောင့် ဖြစ်သည်။ အိုင်အမ်အက်ဖ်မှ ထိုင်း၏ စီးပွားရေးသည် ၂၀၁၁ ခုနှစ် အနိမ့်ဆုံး ဂျီဒီပီ တိုးတက်မှုနှုန်း ၀.၁% မှ ၂၀၁၂ တွင် ၅.၅% သို့လည်းကောင်း ၂၀၁၃ တွင် ၇.၅ ရာခိုင်နှုန်းသို့လည်းကောင်း တိုးတက်လာနိုင်သည်ဟု ထိုင်းနိုင်ငံတော်ဘဏ်၏ ငွေကြေးပေါ်လစီများနှင့် ယခင် ယင်လပ် ရှင်နာဝပ် အစိုးရ၏ ငွေကြေးနှိုးဆွမှု အားထုတ်ချက်များပေါ်မူတည်၍ ခန့်မှန်းခဲ့သည်။[၅၈]

၂၀၁၄ ခုနှစ် မေလ ၂၂ ရက် စစ်တပ် အာဏာသိမ်းမှု အပြီးတွင် အေအက်ဖ်ပီ ကမ္ဘာလုံးဆိုင်ရာ သတင်းအေဂျင်စီမှ ဆောင်းပါးတစ်ပုဒ်အရ နိုင်ငံသည် စီးပွားရေးကျဆင်းမှု ဖြစ်ရန် တည်းတည်းသာ လိုတော့သည်ဟု ဖော်ပြထားသည်။ ထိုဆောင်းပါးအရ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အဖမ်းအဆီးများကို စိုးရိမ်၍ ထိုင်းနိုင်ငံမှ ထွက်ခွာသွားကြသော ကမ္ဘောဒီးယားနိုင်ငံသား ၁၈၀,၀၀၀ ဦး ခန့် အပေါ်တွင် ဦးတည်ရေးသားထားပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီမှ မတ်လ အထိ ၃ လပတ်အတွင်း ထိုင်းစီးပွားရေးသည် ၂.၁% မျှ ကျဆင်းသွားသည့် သတင်းအချက်အလက်ဖြင့် အဆုံးသတ်ထားသည်။[၅၉]

ပြည်ပပို့ကုန်နှင့် ကုန်ထုတ်လုပ်ငန်း[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၏ ပို့ကုန်များကို အပိုင်းအလိုက် ပြပုံ

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ပို့ကုန်အပေါ်တွင် များစွာ မူတည်နေပြီး ပို့ကုန်များသည် စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၃ပုံ၂ပုံမျှ ရှိသည်။ ထိုင်းနိုင်ငံသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံမျှ တန်ဖိုးရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို တင်ပို့ရောင်းချလျှက် ရှိသည်။ အဓိကပို့ကုန်များတွင် ဆန်၊ အဝတ်အထည်နှင့် ဖိနပ်၊ ရေထွက်ပစ္စည်းများ၊ ရာဘာ၊ ကျောက်မျက်ရတနား၊ မော်တော်ကား၊ ကွန်ပျူတာ နှင့် လျှပ်စစ် လူသုံးကုန်ပစ္စည်းများ ပါဝင်သည်။[၁]

အဓိက လုပ်ငန်းများတွင် လျှပ်စစ် လူသုံးကုန်ပစ္စည်းများ၊ ပစ္စည်းအစိတ်အပိုင်းများ၊ ကွန်ပျူတာ ပစ္စည်းအစိတ်အပိုင်းများနှင့် ယာဉ်များ ပါဝင်သည်။ ၁၉၉၇-၁၉၉၈ အာရှ ငွေကြေးဂယက်မှ ပြန်လည် အဖတ်ဆည်ရာတွင် အခြားသော အချက်များနှင့် အတူ ပို့ကုန်သည် အဓိကနေရာမှ ပါဝင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ မော်တော်ကား ထုတ်လုပ်မှုလုပ်ငန်းသည် အရှေ့တောင်အာရှတွင် အကြီးဆုံး ဖြစ်ပြီး ကမ္ဘာပေါ်တွင် နဝမမြောက် အကြီးဆုံး ဖြစ်သည်။ [၆၀][၆၁][၆၂] ထိုင်းနိုင်ငံ၏ ကားလုပ်ငန်းမှ နှစ်စဉ် ကားစင်းရေ ၁.၅ သန်းခန့် ထုတ်လုပ်ပြီး အများစုမှာ လုပ်ငန်းသုံး ကားများ ဖြစ်သည်။ [၆၂]

ထိုင်းနိုင်ငံတွင် တပ်ဆင်တည်ဆောက်သော ကားအများစုမှာ နိုင်ငံခြား ထုတ်လုပ်သူများမှ တီထွင်ပြီး လိုင်စင်ယူ လုပ်ကိုင်ကြခြင်း ဖြစ်ကာ အထူးသဖြင့် ဂျပန် နှင့် ကိုရီးယားနိုင်ငံများမှ ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ကားလုပ်ငန်းသည် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုဇုန် အား အခွင့်ကောင်းယူ၍ ၎င်းတို့၏ ကုန်ပစ္စည်းများအတွက် ဈေးကွက်ကို ရှာဖွေကြသည်။ ဂျပန် ကုမ္ပဏီ ၅ ခု၊ အမေရိကန် ကုမ္ပဏီ ၂ ခု နှင့် အိန္ဒိယမှ တာတာ အစရှိသော ထုတ်လုပ်သူ ၈ ဦးသည် ထိုင်းနိုင်ငံအတွင်း အမိုးဖွင့် ကုန်တင်ယာဉ်များကို ထုတ်လုပ်ကြသည်။ [၆၃] ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံ ပြီးလျှင် ဒုတိယမြောက် အမိုးဖွင့် ကုန်တင်ယာဉ် အသုံးအများဆုံး နိုင်ငံ ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း ယာဉ်အသစ် ရောင်းချမှု၏ ၄၂% မှာ အမိုးဖွင့်ကားများ ဖြစ်သည်။[၆၃]

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း[ပြင်ဆင်ရန်]

ဘန်ကောက်မြို့ရှိ ဝပ်ဖရာကောင်း ဘုရား
ဝပ်ဖရာကောင်းဘုရားရှိ ဒဏ္ဍာရီလာ ကိန္နရာ ရုပ်ထု
ထိုင်းနိုင်ငံပိုင် ထိုင်းလေကြောင်းလိုင်းမှ အဲယားဘတ်စ် A380

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ စီးပွားရေး၏ ၆% မျှ ရှိသည်။ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသွား အဖွဲ့၏ စာရင်းဇယားအရ ၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှ၌ လာရောက်လည်ပတ်သူ အများဆုံး နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဂျီဒီပီ ဘတ်ငွေ ၁၂ ထရီလီယံ တွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရသော ငွေ ၉ ရာခိုင်နှုန်း (ဘတ်ငွေ ၁ ထရီလီယံ ) (၂၀၁၃ ခုနှစ်) မှ ၁၆ ရာခိုင်နှုန်း အထိ ရှိသည်။[၆၄]ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ သွယ်ဝိုက်၍ ရရှိသော ငွေကိုပါ ထည့်သွင်းရေတွက်မည် ဆိုပါက ထိုင်းနိုင်ငံ ဂျီဒီပီ၏ ၂၀.၂ ရာခိုင်နှုန်း (ဘတ်ငွေ ၂.၄ ထရီလီယံ) အထိ ရှိသည်။ [၆၅]

ထိုင်းနိုင်ငံ ကမ္ဘာလှည့် ခရီးသွား အာဏာပိုင် အဖွဲ့က "အံဩဖွယ်ရာ ထိုင်းနိုင်ငံ" ဟူသော ကြွေးကြော်သံကို အသုံးပြု၍ ထိုင်းနိုင်ငံအား နိုင်ငံတကာတွင် ကြေငြာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် "ထိုင်းဆန်မှုကို ရှာဖွေပါ" ဟူသော ကမ်ပိန်းဖြင့် ထပ်မံအားဖြည့် ခဲ့သည်။[၆၆]

အာရှမှ ကမ္ဘာလှည့် ခရီးသွားများသည် ထိုင်းနိုင်ငံအား ဘန်ကောက်မြို့သို့ သွားရောက်ရန်နှင့် ၎င်း၏ ပတ်ဝန်းကျင်ရှိ သမိုင်း၊ သဘာဝနှင့် ယဉ်ကျေးမှု မြင်ကွင်းများကို ကြည့်ရှု လေ့လာရန် အတွက် သွားရောက်ကြသည်။ အနောက်နိုင်ငံများမှ ကမ္ဘာလှည့် ခရီးသွားများမှာမူ ဘန်ကောက်မြို့နှင့် ပတ်ဝန်းကျင်ကို လည်ပတ်ရန် အတွက်သာ မကဘဲ တောင်ပိုင်းရှိ ကမ်းခြေများ နှင့် ကျွန်းများသို့ သွားရောက် အပန်းဖြေရန် အတွက်ပါ လာရောက်ကြသည်။ မြောက်ပိုင်းမှာမူ တောတွင်း လမ်းလျှောက်ခြင်း နှင့် စွန့်စား ခရီးသွားခြင်း အတွက် သွားရောက်ရန် နေရာ ဖြစ်ပြီး အမျိုးမျိုးသော တိုင်းရင်းသား လူမျိုးများ နှင့် တောအုပ် ထူထပ်သော တောင်ကုန်းများကြောင့် ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်မှုနည်းသော နေရာမှာ အရှေ့တောင်ပိုင်းရှိ အီဆန် ဒေသ ဖြစ်သည်။ နိုင်ငံခြား ခရီးသွားများ အဆင်ပြေစေရန် အတွက် ထိုင်း အစိုးရမှ ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ကို တည်ထောင်ထားပြီး အဓိက ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ရာ နေရာများတွင် ရဲစခန်းများ ဖွင့်လှစ်ပေးကာ ထိုရဲတပ်ဖွဲ့အတွက် သီးခြား အရေးပေါ် ဖုန်းနံပါတ်လည်း ထားရှိပေးထားသည်။[၆၇]

ခရီးသွားလုပ်ငန်း ပြပွဲရှိ ထိုင်းနိုင်ငံ၏ "အံဩဖွယ်ရာ ထိုင်းနိုင်ငံ" ပြခန်း

ထိုင်းနိုင်ငံ၏ ဆွဲဆောင်မှုများတွင် ရေငုပ်ခြင်း၊ သဲသောင်ကမ်းခြေများ၊ ရာပေါင်းများစွာသော အပူပိုင်း ကျွန်းများ၊ ညဘက် လည်ပတ်စရာနေရာများ၊ ရှေးဟောင်းသုတေသန နယ်မြေများ၊ ပြတိုက်များ၊ တောင်တန်းဒေသ လူမျိုးစုများ၊ သစ်ပင်ပန်းမန် နှင့် ကျေးငှက်သာရကာများ၊ နန်းတော်များ၊ ဗုဒ္ဓဘာသာ ဘုရားပုထိုးများ နှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ များ တို့ ပါဝင်သည်။ ကမ္ဘာလှည့် ခရီးသွား အများအပြားမှာ ထိုင်းနိုင်ငံတွင် နေထိုင်စဉ် အတွင်း သင်တန်းများ တက်ရောက်လေ့ ရှိကြသည်။ ရေပန်းစားသော သင်တန်းများမှာ ထိုင်းအစားအစာ ချက်ပြုတ်နည်း သင်တန်း ၊ ဗုဒ္ဓဘာသာ သင်တန်း နှင့် ရိုးရာ ထိုင်း အနှိပ်ပညာ သင်တန်း တို့ ဖြစ်ကြသည်။ ထိုင်းနိုင်ငံ၏ အမျိုးသား ပွဲတော်များတွင် ထိုင်းနှစ်သစ်ကူး ဆုန်ခရန် သင်္ကြန်ပွဲတော် မှ စ၍ လွိုင်ခရာသောင်ခေါ် မီးမျှောပွဲအထိ ပါဝင်သည်။ ထိုင်းနိုင်ငံ ဒေသ အလိုက်တွင်လည်း ရိုးရာ ပွဲတော်များ ရှိသည်။ ထင်ရှားသော ပွဲတော်များမှာ ဆူရင်ဒေသရှိ ဆင်ပွဲတော်၊ ယာဆိုသုန် ဒေသရှိ ဒုံးပျံပွဲတော် နှင့် ဒန်ဆိုင်းရှိ ပီးကသွန်ခေါ် သရဲပွဲတော် တို့ ဖြစ်ကြသည်။ ထိုင်းရိုးရာ ဟင်းလျာများသည် လတ်ဆတ်သော ပရဆေးပင်များနှင့် ဟင်းခပ်အမွေးအကြိုင်များကို အသုံးပြုမှုကြောင့် ကမ္ဘာအနှံ့တွင် ကျော်ကြားသည်။

ဘန်ကောက်ရှိ ကုန်တိုက်ကြီးများတွင် နိုင်ငံတကာနှင့် ဒေသခံ အမှတ်တံဆိပ် အမျိုးမျိုးတို့ကို ဝယ်ယူရရှိနိုင်သည်။ မြို့တော်၏ မြောက်ဘက်တွင် ဘီတီအက်စ် ခေါ် မိုးပျံရထားနှင့် မြေအောက်ရထားတို့ဖြင့် သွားရောက်နိုင်သော ချပ်တူချပ် စနေတနင်္ဂနွေ ဈေးရှိသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဈေးပင် ဖြစ်နိုင်ပြီး အိမ်သုံး ပစ္စည်းမှ စ၍ အသက်ရှင်သော (တစ်ခါတရံ မျိုးသုဉ်းလုနီးဖြစ်သော) တိရစ္ဆာန်များ ကို ဝယ်ယူရရှိနိုင်သည်။ [၆၈] ပရာတူနမ်ဈေးတွင် အဝတ်အထည် နှင့် ပတ်သက်သော ကုန်ပစ္စည်းများကို ရောင်းချသည်။ ဆီလုံ ရပ်ကွက်နှင့် ခေါက်ဆန်လမ်းရှိ ညဈေးများမှာ ကမ္ဘာလှည့်ခရီးသွားများ အတွက် ရည်ရွယ် ဖွင့်လှစ်ထားပြီး တီရှပ်၊ လက်မှုပစ္စည်းများ၊ နာရီ အတု နှင့် နေကာမျက်မှန် များ စသည်တို့ကို ရောင်းချသည်။ ဘန်ကောက်မြို့ ပတ်ဝန်းကျင်တွင် ဒမ်မနန် ဆာဒူဝပ် ကဲ့သို့သော ရေပေါ်ဈေးများကို တွေ့ရှိနိုင်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ သို့ လည်ပတ်ရာတွင် မြို့ဟောင်းအတွင်းရှိ ရာချာဒါမနမ် လမ်းမပေါ်တွင် တည်ခင်းသော တနင်္ဂနွေ လမ်းလျှောက် ညနေ လမ်းဘေးစျေး သည် ဈေးဝယ်ရန် အတွက် ရည်ညွှန်းကြသော နေရာ ဖြစ်သည်။ ထိုဈေးမှ ဒေသခံများ နှင့် နိုင်ငံခြားသားများကို ဆွဲဆောင်မှု ပေးနိုင်သည်။ ချင်းမိုင် ညဈေးမှာ ကမ္ဘာလှည့် ခရီးသွားများအတွက် ဦးတည်ရောင်းချသော ဈေးဖြစ်ပြီး မြို့ရိုးဟောင်းနေရာ၏ အရှေ့ဘက်ရှိ တိုက်အချို့မှစ၍ မြစ် အထိ ဖြန့်ကျက် တည်ရှိသည်။


ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်သော အယုဒ္ဓယ သမိုင်းဝင် ဥယျာဉ်မှ ဗုဒ္ဓ၏ ဦးခေါင်းတော် ဝပ် မဟာသပ်

ပြည့်တန်ဆာ လုပ်ငန်းနှင့် လိင်မှုဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာလည်း ထိုင်းနိုင်ငံစီးပွားရေး၏ တရားဝင် မကြေငြာသော်လည်း လူအများသိကြသည့် အစိတ်အပိုင်း ဖြစ်သည်။ ထိုင်းနိုင်ငံအား ပြည်ပရှိ အထူးအဆန်း အနေနှင့် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်သည့် ကမ်ပိန်းလည်း ရှိခဲ့သည်။[၆၉] ယဉ်ကျေးမှုဆိုင်ရာ ပတ်ဝန်းကျင်သည် ဆင်းရဲမွဲတေမှုနှင့် ပေါင်းစပ်လိုက်ပြီး ငွေကြေးဖြင့် မြူဆွယ်မှုများ ရှိလာသည့် အခါတွင် ပြည်တန့်ဆာလုပ်ငန်း နှင့် လိင်မှုဆိုင်ရာ ခရီးသွားလုပ်ငန်းတို့သည် ထိုင်းနိုင်ငံတွင် ဖွံ့ဖြိုးလာခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ထုတ်ဝေသော ခန့်မှန်းမှု တစ်ခု အရ နှစ်စဉ် ထိုလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ အထိ သို့မဟုတ် ထိုင်း စီးပွားရေး၏ ၃% အထိ ရှိသည်ဟု ခန့်မှန်း ထားသည်။ [၇၀] ချူလာလောင်ကောင်း တက္ကသိုလ်မှ ထိုင်းနိုင်ငံ၏ တရားမဝင် စီးပွားရေး အပေါ်တွင် ပြုလုပ်ခဲ့သော သုတေသန တစ်ခု အရ ၁၉၉၃ မှ ၁၉၉၅ ခုနှစ် အတွင်း ပြည့်တန်ဆာလုပ်ငန်းသည် ထိုင်းနိုင်ငံ ဂျီဒီပီ၏ ၂.၇% ခန့် ရှိမည်ဟု ခန့်မှန်းခဲ့သည်။[၇၁] ကမ္ဘာလှည့်ခရီးသွားတို့၏ သုံးစွဲငွေ အနည်းဆုံး ၁၀% သည် လိင်မှုဆိုင်ရာ ဖျော်ဖြေရေး လုပ်ငန်းတွင် အသုံးပြုမည်ဟု ခန့်မှန်းရသည်။[၇၂]

ထိုင်းနိုင်ငံသည် လိင်ပြောင်းလဲရန် အတွက် ခွဲစိပ်ကုသရာတွင် ထိပ်တန်းမှ ရှိသော နိုင်ငံဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းဇယားအရ ထိုင်းနိုင်ငံ၏ ဆေးကုသမှုဆိုင်ရာ ခရီးသွားလုပ်ငန်းသည် နှစ်စဉ် ခရီးသည် ၂.၅ သန်းကို ဆွဲဆောင်နိုင်သည် ဟု သိရသည်။ [၇၃] ၁၉၈၅ မှ ၁၉၉၀ အတွင်း နိုင်ငံခြားမှ နပုလ္လိင် ၅% လျှင် လိင်ပြောင်းလဲရန် ခွဲစိတ်ကုသမှု အတွက် ထိုင်းနိုင်ငံသို့ လာရောက်ကြသည်။ ၂၀၁၀ မှ ၂၀၁၂ အတွင်းတွင် နိုင်ငံခြားမှ နပုလ္လိင် ၉၀% ကျော် လိင်ပြောင်းလဲရန် အတွက် ခွဲစိတ်ကုသမှု ခံယူရန် ထိုင်းနိုင်ငံသို့ လာရောက်ကြသည် ဟု သိရသည်။ [၇၄]

စိုက်ပျိုးမွေးမြူရေး လုပ်ငန်း[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်ခဲ့သည်။ ထိုင်းအလုပ်သမားထု၏ ၄၉% သည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် လုပ်ကိုင်လျှက် ရှိကြသည်။[၇၅]

ထိုင်းနိုင်ငံရှိ အလုပ်သမားထု၏ ၄၉% သည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် လုပ်ကိုင်လျှက် ရှိကြသည်။ [၇၅] ၁၉၈၀ ခုနှစ်က ၇၀% မျှ လုပ်ကိုင်ကြသော်လည်း ယခု လျော့ကျသွားခြင်း ဖြစ်သည်။ ဆန်သည် ထိုင်းနိုင်ငံ၏ အရေးပါသော သီးနှံဖြစ်ပြီး ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်ခဲ့ကာ လတ်တလောတွင်မှ အိန္ဒိယနိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံတို့ နောက်သို့ ရောက်ခဲ့သည်။ [၇၆] ထိုင်းနိုင်ငံသည် မဟာမဲခေါင်ဒေသခွဲ အတွင်း စိုက်ပျိုးနိုင်သော မြေ အများဆုံး ရှိသည့် နိုင်ငံဖြစ်ပြီး ၂၇.၂၅% ရှိသည်။ [၇၇] စိုက်ပျိုးနိုင်သော မြေများထဲမှ ၅၅ % ကို ဆန်စိုက်ပျိုးရန် အတွက် အသုံးချထားသည်။ [၇၈]

စိုက်ပျိုးမွေးမြူရေး ကဏ္ဍသည် လုပ်အားကို အဓိက အသုံးချသော အလုပ် အဖြစ်မှ စက်မှုအားကို အသုံးချပြီး ပိုမို၍ ပြိုင်ဆိုင်မှု ပြင်းထန်သော ကဏ္ဍ အဖြစ် ပြောင်းလဲလျှက် ရှိသည်။ [၇၅]၁၉၆၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း စိုက်ပျိုးမွေးမြူရေး ကဏ္ဍသည် တစ်နှစ်လျှင် ၄.၁% တိုးတက်လျှက်ရှိပြီး ၁၉၈၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်ကြားတွင် ၂.၂% မျှ ဆက်လက်တိုးတက်လျှက် ရှိသည်။[၇၅] စိုက်ပျိုးမွေးမြူရေးမှ ဂျီဒီပီတွင် ပါဝင်မှုနှုန်း ကျဆင်းလျှက်ရှိပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများကို တင်ပို့ရောင်းချခြင်းမှာ မြင့်တက်လျှက် ရှိသည်။

စွမ်းအင်[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၇၅% မှာ သဘာဝဓာတ်ငွေ့ကို အသုံးချ ထားသည်။[၇၉] ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ၂၀% ကို ထပ်မံထုတ်လုပ်ပေးပြီး ကျန်ရှိနေသော အပိုင်းအတွက် ဇီဝလောင်စာ၊ ရေအားလျှပ်စစ် နှင့် ဇီဝဓာတ်ငွေ့ တို့မှ ဖြည့်စွမ်းပေးသည်။[၇၉]

ထိုင်းနိုင်ငံသည် ပြည်တွင်း သုံးစွဲနေသော ရေနံ၏ ၃ ပုံ ၁ပုံခန့်ကို ထုတ်လုပ်သည်။ အရှေ့တောင်အာရှ အတွင်း ဒုတိယမြောက် ရေနံတင်သွင်းမှု အများဆုံး နိုင်ငံ ဖြစ်သည်။ ထိုင်းနိုင်ငံသည် သဘာဝဓာတ်ငွေ့ များပြားစွာ ထုတ်လုပ်သော နိုင်ငံဖြစ်ပြီး အရင်းအမြစ် အနေနှင့် ၁၀ ထရီလီယံ ကုဗပေခန့် ရှိသည်။ အင်ဒိုနီးရှားပြီးလျှင် အရှေ့တောင်အာရှတွင် ဒုတိယမြောက် အများဆုံး ကျောက်မီးသွေး ထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် လိုအပ်သော ကျောက်မီးသွေးကို တင်သွင်းရသည်။

လူဦးရေပျံနှံ့ နေထိုင်မှု[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ လူဦးရေ ၆၈,၈၆၃,၅၁၄ ဦးမျှ ရှိသည်။ ထိုင်းနိုင်ငံ၏ လူဦးရေမှာ ကျေးလက်နေထိုင်သူ အများဆုံး ဖြစ်ပြီး ဆန်စပါးစိုက်ပျိုးရာ ဒေသများဖြစ်သော အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်း နှင့် မြောက်ပိုင်းဒေသများတွင် စုစည်းလျှက် ရှိသည်။ ထိုင်းနိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ မြို့ပြနေလူဦးရေ ၄၅.၇% မျှ ရှိပြီး အများစုမှာ ဘန်ကောက် မက်ထရိုပိုလစ်တန်ဒေသတွင် စုစည်းလျှက် ရှိသည်။

အစိုးရမှ ကြီးမှူးပြုလုပ်သော မိသားစု စီမံကိန်း အစီအစဉ်အရ ၁၉၆၀ တွင် လူဦးရေတိုးနှုန်း ၃.၁% မျှ ရှိသော်လည်း ယနေ့တွင် ၀.၄% မျှသာ ရှိတော့သည်။ ၁၉၇၀ တွင် အိမ်ထောင်စု တစ်ခုလျှင် လူဦးရေ ၅.၇ ဦးမျှ ပျမ်းမျှ နေထိုင်ကြသော်လည်း ၂၀၁၀ ခုနှစ် လူဦးရေ စာရင်းအရ အိမ်ထောင်စု တစ်ခု၏ ပျမ်းမျှ အရွယ်အစားမှာ ၃.၂ ဦးမျှသာ ရှိတော့သည်။

လူမျိုးများ[ပြင်ဆင်ရန်]

ဝပ် ဖရာ မဟာသက်၏ ဟဲဖာခွန်သက်ပွဲတော်အတွင်း စီတန်းလှည့်လည်နေပုံ

၂၀၁၀ ခုနှစ်တွင် ထိုင်းနိုင်ငံသားများသည် ထိုင်းလူဦးရေ၏ ၉၅.၉% မျှ ရှိသည်။ ကျန်ရှိနေသာ ၄.၁% တွင် မြန်မာ ၂.၀% ၊ အခြား ၁.၃% နှင့် မသိရှိသော လူမျိုး ၀.၉% မျှ ရှိသည်။[၁]

၂၀၁၁ ခုနှစ် ထိုင်းအစိုးရမှ ကုလသမဂ္ဂ လူမျိုးအပေါ်မူတည်၍ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် နှင့် ပတ်သက်သော ကော်မတီသို့ ပေးပို့သော အစီရင်ခံစာအရ ထိုင်းနိုင်ငံတွင် လူမျိုးပေါင်း ၆၂ မျိုးအား တရားဝင် အသိအမှတ်ပြုထားသည်။ မဟီဒေါ တက္ကသိုလ်၏ ၁၉၉၇ ခုနှစ် "ထိုင်းနိုင်ငံ လူမျိုးဘာသာစကားဆိုင်ရာ မြေပုံ" ပါ အချက်အလက်အရ[၈၀] ဗဟိုထိုင်းလူမျိုး သန်း ၂၀ နှင့် ခိုရတ်ထိုင်းလူမျိုး ၆၅၀,၀၀၀ ဦး တို့ ပူးပေါင်း၍ နိုင်ငံ၏ လူဦးရေ ၆၀,၅၄၄,၃၉၇ ဦးတွင်[၈၁] ခန့်မှန်းခြေ ထိုင်းလူမျိုး ၂၀,၆၅၀,၀၀၀ ဦး (၃၄.၁ ရာခိုင်နှုန်း) မျှ ရှိသည်။

၂၀၁၁ ခုနှစ် ထိုင်းနိုင်ငံ အစီရင်ခံစာတွင် တောင်တန်းဒေသနေ ပြည်သူများ ("တောင်တန်းလူမျိုးစုများ") နှင့် အရှေ့မြောက်ဒေသရှိ လူမျိုးစုများကို ဖော်ပြထားပြီး မဟီဒေါ တက္ကသိုလ်၏ လူမျိုးဘာသာစကား ဆိုင်ရာ မြေပုံ ပါ အချက်အလက်များကို အဓိက မှီငြမ်းထားသည်။[၈၀] ထို့အတွက်ကြောင့် အရှေ့မြောက်ဒေသရှိ လူဦးရေ ၃.၂၈၈ သန်းကို အမျိုးအစားခွဲခြား၍ မရပေ။ အခြား လူဦးရေနှင့် လူမျိုးစုပေါင်း ၁၉၉၇ ခန့်တွင် လူဦးရေ အနည်းငယ်သာ ရှိသည်။ ကြီးစဉ်ငယ်လိုက် စီပါက (က) လာအိုလူမျိုး ၁၅,၀၈၀,၀၀၀ (၂၄.၉ ရာခိုင်နှုန်း) တွင် ထိုင်းလာအို ၁၄ သန်း နှင့် အခြား လူနည်းစု လာအိုလူမျိုးများ ဖြစ်ကြသော ထိုင်းလွေလူမျိုး (၄ သိန်းမှ ၅ သိန်းခန့်) ၊ လာအိုလုံ လူမျိုး(၃၅၀,၀၀၀) ၊ လာအို ဝရမ်/ကလန် (၂၀၀,၀၀၀)၊ လာအိုခရမ် (၉၀,၀၀၀) ၊ လာအိုငေါ (၃၀,၀၀၀) နှင့် လာအိုတီ (၁၀,၀၀၀) ဦး (ခ) ခွန်မောင်း ၆ သန်း (၉.၉ ရာခိုင်နှုန်း မြောက်ထိုင်း ဟုလည်းခေါ်သည်)၊ (ဂ) ပက်ထိုင်း ၄.၅ သန်း (၇.၅ ရာခိုင်နှုန်း ၊ တောင်ထိုင်းဟုလည်း ခေါ်သည်)၊ (ဃ) ခမာလျူ ၁.၄သန်း (၂.၃ ရာခိုင်နှုန်း၊ မြောက်ခမာဟုလည်း ခေါ်သည်။) (င) မလေးလူမျိုး ၉၀၀,၀၀၀ (၁.၅ ရာခိုင်နှုန်း) ၊ (စ) ငေါလူမျိုး ၅၀၀,၀၀၀ (၀.၈ ရာခိုင်နှုန်း) ၊ (ဆ) ဖူထိုင်း ၄၇၀,၀၀၀ (ဇ)ကိုင်/ကွေ ၄၀၀,၀၀၀ (ဆွေဟုလည်း ခေါ်သည်) (၀.၇ ရာခိုင်နှုန်း) နှင့် (ဈ) ကရင် ၃၅၀,၀၀၀ ဦး (၀.၆ ရာခိုင်နှုန်း တို့ဖြစ်ကာ [၈၂] တရုတ်မှ ဆင်းသက်သည်မှာ ထင်ရှားသော ထိုင်းတရုတ်လူမျိုး မှာ လူဦးရေ၏ ၁၄% ရှိပြီး [၈၃]တရုတ်သွေးစပ်သော ထိုင်းလူမျိုးမှာ လူဦးရေ၏ ၄၀% [၅] ရှိသည်။ ထိုင်းမလေးလူမျိုးမှာ လူဦးရေ၏ ၃% မျှ ရှိပြီး ကျန်ရှိနေသော သူများမှာ မွန်လူမျိုး၊ ခမာလူမျိုးနှင့် အမျိုးမျိုးသော တောင်တန်းလူမျိုးစုများ ဖြစ်ကြသည်။ နိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ ထိုင်းဘာသာစကား ဖြစ်ပြီး အဓိက ကိုးကွယ်သည့် ဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်ကာ လူဦးရေ၏ ၉၅% ခန့် ကိုးကွယ်ကြသည်။

အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော မြန်မာနိုင်ငံ၊ လောနိုင်ငံ နှင့် ကမ္ဘောဒီးယား နိုင်ငံတို့အပြင် နီပေါနှင့် အိန္ဒိယနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူများပြားလာသဖြင့် ၂၀၀၉ ခုနှစ်တွင် နိုင်ငံသားမဟုတ်သော လူဦးရေမှာ ၃.၅ သန်း အထိ မြင့်တက်လာခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၂ သန်းမျှသာ ရှိကာ ၂၀၀၀ ခုနှစ်တွင် ၁.၃ သန်းသာ ရှိသည်။ [၈၄] ဗြိတိသျှလူမျိုး ၄၁,၀၀၀ ခန့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသည်။[၈၅]

လူဦးရေ အများဆုံး မြို့များ[ပြင်ဆင်ရန်]

ဘာသာစကားများ[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၏ လူဦးရေ
ခုနှစ် လူဦးရေ ±%
၁၉၁၀ ၈၁၃၁၂၄၇ —    
၁၉၁၉ ၉၂၀၇၃၅၅ +13.2%
၁၉၂၉ ၁၁၅၀၆၂၀၇ +25.0%
၁၉၃၇ ၁၄၄၆၄၁၀၅ +25.7%
၁၉၄၇ ၁၇၄၄၂၆၈၉ +20.6%
၁၉၆၀ ၂၆၂၅၇၉၁၆ +50.5%
၁၉၇၀ ၃၄၃၉၇၃၇၁ +31.0%
၁၉၈၀ ၄၄၈၂၄၅၄၀ +30.3%
၁၉၉၀ ၅၄၅၄၈၅၃၀ +21.7%
၂၀၀၀ ၆၀၉၁၆၄၄၁ +11.7%
၂၀၁၀ ၆၅၉၂၆၂၆၁ +8.2%
Source: [၁] National Statistical Office of Thailand

ထိုင်းနိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ ထိုင်းဘာသာစကား ဖြစ်သည်။ ထိုင်းဘာသာစကားသည် တိုင်း-ကဒိုင်း ဘာသာစကားဖြစ်ပြီး လောဘာသာစကား၊ မြန်မာနိုင်ငံမှ ရှမ်းဘာသာစကား၊ နှင့် တရုတ်နယ်စပ်တောင်ပိုင်းရှိ ဟိုင်နန်ပြည်နယ် နှင့် ယူနန်ပြည်နယ်တို့တွင် အသုံးပြုသော လူနည်းစု အသုံးပြုကြသည့် ဘာသာစကားများနှင့် နီးစပ်စွာ ဆင်တူသည်။ ပညာသင်ကြားရေး နှင့် အစိုးရ လုပ်ငန်းများတွင် အသုံးပြုသော အဓိက ဘာသာစကားဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ပြောဆိုကြသည်။ စံနှုန်းအနေနှင့် အလယ်ပိုင်း ထိုင်းလူမျိုးတို့ အသုံးပြုသော ဒေသသုံး ဘာသာစကား ကို အသုံးပြုကြပြီး ထိုင်း အက္ခရာကို အသုံးပြု ရေးသားကြသည်။ ထိုင်းအက္ခရာသည် အဘူဂီဒါ အရေးအသားအမျိုးအစား ဖြစ်ပြီး ခမာအက္ခရာမှ ဆင့်ကဲပြောင်းလဲလာသည်။ ၂၀၁၁ ခုနှစ် ထိုင်းအစိုးရမှ ကုလသမဂ္ဂ လူမျိုးအပေါ်မူတည်၍ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် နှင့် ပတ်သက်သော ကော်မတီသို့ ပေးပို့သော အစီရင်ခံစာအရ ဘာသာစကား ၆၂ မျိုးကို တရားဝင် အသိအမှတ် ပြုထားသည်။ ထိုအစီရင်ခံစာတွင် လူမျိုးဘာသာစကား ဆိုင်ရာ ပုံစံကို အခြေခံထားပြီး ထိုင်းနိုင်ငံ တရားရေး ဝန်ကြီးဌာန၊ အခွင့်အရေးနှင့် လွတ်လပ်မှု မြှင့်တင်ရေး ဌာနတွင် ရရှိနိုင်သည်။ [၈၂]တောင်ထိုင်း ဘာသာစကားကို တောင်ပိုင်းခရိုင်များတွင် ပြောဆိုကြပြီး မြောက်ထိုင်းဘာသာစကားကို ယခင် သီးခြားနိုင်ငံဖြစ်သည့် လန်နနိုင်ငံတော်၏ အစိတ်အပိုင်း ဖြစ်ခဲ့သော ခရိုင်များတွင် ပြောဆိုကြသည်။ နိုင်ငံတော် လူဦးရေ စာရင်းတွင်မူ ထိုင်းတော်ဝင်အစိုးရ၏ ၂၀၁၁ ခုနှစ် အစီရင်ခံစာတွင် ပါဝင်သော ဘာသာစကား ၆၂ မျိုးလုံးကို အသိအမှတ်ပြုမထားဘဲ ထိုင်းဘာသာကွဲ ၄ မျိုးကိုသာ ဖော်ပြထားပြီး ထိုင်းတိုင်းဒေသကြီးများ ခွဲခြားမှုနှင့် တိုက်ဆိုက်နေသည်။

ထိုင်းနိုင်ငံရှိ အသုံးအများဆုံး လူနည်းစု ဘာသာစကားမှာမှာ အရှေ့မြောက် ခရိုင်များတွင် ပြောဆိုကြသော အီဆန်ဘာသာစကား၏ လောဒေသသုံး ဘာသာစကားဖြစ်သည်။ ထိုင်းဒေသသုံး ဘာသာစကားဟု တခါတရံ ယူဆကြသော်လည်း အမှန်တကယ်တွင်မူ လောဒေသသုံး ဘာသာစကာဖြစ်ပြီး ထိုဘာသာစကားကို ပြောဆိုကြသော ဒေသမှာ သမိုင်းကြောင်းအရ လောဘုရင့်နိုင်ငံဖြစ်သော လန်ဆန်နိုင်ငံ၏ တစိတ်တဒေသ ဖြစ်ခဲ့သည်။ တောင်ဘက်စွန်းပိုင်းတွင်မူ မလေး မွတ်စလင်များက ကလန်တန်-ပဌာနီ ဘာသာစကားကို အဓိက အသုံးပြုကြသည်။ ထိုင်းတရုတ်လူမျိုးများသည် တရုတ်စကား မျိုးစုံကို ပြောဆိုကြပြီး တီယိုချူး ဒေသသုံးဘာသာစကားကို အများဆုံး အသုံးပြုကြသည်။

လူမျိုးစု ဘာသာစကားမျိုးစုံကိုလည်း ပြောဆိုကြပြီး ၎င်းတို့တွင် အော်စထရိုအေးရှားတစ် ဘာသာစကားများ ဖြစ်သော မွန်၊ခမာ၊ ဗီယက်၊ မလာဘရီ နှင့် အော်ရန်အက်စလီ ၊ အော်စထရိုနီးရှန်း ဘာသာစကားများ ဖြစ်ကြသော ချန် နှင့် မိုကန်၊ တရုတ်-တိဘက်ဘာသာစကားများ ဖြစ်ကြသော လာဝါ၊အခါ နှင့် ကရင်၊ အခြား တိုင်း ဘာသာစကားများ ဖြစ်ကြသော တိုင်းယို၊ ဖူထိုင်း နှင့် ဆယက် တို့ ဖြစ်ကြသည်။ မုံဘာသာစကားမှာ မုံ-မျန် ဘာသာစကားများတွင် ပါဝင်ပြီး ယခုအခါ ၎င်းဘာသာ သီးခြား ဘာသာစကား မိသားစု အဖြစ် အသိအမှတ်ပြုကြသည်။

အင်္ဂလိပ်ဘာသာစကားသည် ကျောင်းများတွင် မသင်မနေရ ဘာသာစကား ဖြစ်သော်လည်း ကျွမ်းကျင်စွာ ပြောတတ်သူ နည်းပါးပြီး အထူးသဖြင့် မြို့ကြီးများ၏ ပြင်ပတွင် ပြောတတ်သူ အလွန်နည်းပါးသည်။

ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၏ ကိုးကွယ်ယုံကြည်မှု၊ ၂၀၁၀ [၁][၈၆]
ဘာသာတရား ရာခိုင်နှုန်း
ဗုဒ္ဓဘာသာ
  
93.2%
အစ္စလာမ်ဘာသာ
  
4.9%
ခရစ်ယာန်ဘာသာ
  
0.9%
ဟိန္ဒူဘာသာ
  
0.1%
ဘာသာမဲ့
  
0.3%

ထိုင်းနိုင်ငံ၏ အဓိက ကိုးကွယ်သော ဘာသာတရားမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်ပြီး ၎င်းသည် ထိုင်း လူမျိုးသွင်ပြင်လက္ခဏာနှင့် ယဉ်ကျေးမှု၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာကိုးကွယ်မှု၌ အထွန်းကားဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အဖြစ်ပါဝင်သည်။ ၂၀၀၀ ခုနှစ် လူဦးရေစာရင်းအရ နိုင်ငံလူဦးရေ၏ ၉၄.၆ ရာခိုင်နှုန်းသည် ထေရဝါဒ ဗုဒ္ဓဘာသာ အဖြစ် ခံယူကြသည်။ အစ္စလာမ်ဘာသာသည် ထိုင်းနိုင်ငံတွင် ဒုတိယမြောက် ကိုးကွယ်မှု အများဆုံး ဘာသာဖြစ်ပြီး လူဦးရေ၏ ၄.၉% မျှ ကိုးကွယ်ကြသည်။[၁][၈၆]

အစ္စလာမ်ဘာသာကိုးကွယ်မှုသည် တောင်ဘက်အစွန်ဆုံး ခရိုင်များဖြစ်ကြသော ပဌာနီ၊ ယဲလာ၊ ဆတုံး၊ နရာထီဝပ်ခရိုင်တို့တွင် စုစည်းနေကြပြီး ဆုံခလ နှင့် ချွန်ပွန်းခရိုင်တို့တွင် တစိတ်တဒေသ တွေ့ရှိရသည်။ ခရစ်ယာန်ဘာသာကိုးကွယ်သူများမှာ လူဦးရေ၏ ၀.၉% မျှ ရှိပြီး ကျန်ရှိနေသောသူများမှာ ဆစ်ခ်ဘာသာ နှင့် ဟိန္ဒူဘာသာတို့ကို ကိုးကွယ်ကြကာ မြို့ကြီးများတွင် အများဆုံး တွေ့ရသည်။ အနည်းငယ်မျှသာ ရှိသော်လည်း သမိုင်းကြောင်းအရ အရေးပါသော ရဟူဒီဘာသာ ကိုးကွယ်သူများလည်း ရှိပြီး ၁၇ ရာစုကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာကို အများအပြား ကိုးကွယ်ကြသည်။

ထိုင်းယဉ်ကျေးမှုအား အိန္ဒိယ၊ လော၊မြန်မာ၊ ကမ္ဘောဒီးယား နှင့် တရုတ်တို့မှ လွှမ်းမိုးမှု များစွာ ရှိသည်။

ထိုင်းတို့၏ ရိုးရာတွင် အိန္ဒိယ၊ တရုတ်၊ ကမ္ဘောဒီးယား နှင့် အခြား အရှေ့တောင်အာရှ ဒေသတို့မှ လွှမ်းမိုးမှုများ ပါဝင်လျှက် ရှိသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံတော် ဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်ပြီး ခေတ်သစ် ထိုင်းအမျိုးသားရေး လက္ခဏာ၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။ ထိုင်းဗုဒ္ဓဘာသာသည် အချိန်ကာလ ကြာမြင့်စွာ ဆင့်ကဲပြောင်းလဲလာခဲ့ပြီး ဟိန္ဒူဘာသာ နှင့် အန်နီမစ်ဆင် တို့မှ ဆင်းသက်လာသော ယုံကြည်မှုများ ပါဝင်နေသကဲ့သို့ ဘိုးဘေးဘီဘင် ရှိခိုးမှု လည်း ပါဝင်သည်။ ထိုင်းနိုင်ငံ၏ ပြက္ခဒိန်မှာ ဗုဒ္ဓပြက္ခဒိန်၏ အရှေ့တိုင်း ဗားရှင်းကို အခြေခံပြီး ဂျော်ဂျီယံ ပြက္ခဒိန်ထက် ၅၄၃ နှစ်မျှ စောသည်။ ၂၀၁၅ ခုနှစ်သည် ထိုင်းပြက္ခဒိန်တွင် ၂၅၅၈ ခုနှစ် ဖြစ်သည်။

အများအားဖြင့် အသိအမှတ်ပြုခြင်း မခံရသော လူမျိုးစုများစွာတို့သည် ထိုင်းနိုင်ငံတွင် နေထိုင်ကြသည်။ ထိုလူမျိုးစုထဲမှ အချို့မှာ မြန်မာ၊ လော၊ ကမ္ဘောဒီးယား နှင့် မလေးရှားတို့သို့ ပြောင်းရွှေ့နေထိုင်ကြပြီး ရိုးရာ ဒေသခံ ယဉ်ကျေးမှု၊ ထိုင်းအမျိုးသား ယဉ်ကျေးမှုနှင့် နိုင်ငံတကာ ယဉ်ကျေးမှု လွှမ်းမိုးခြင်းများကြားတွင် ညှိနှိုင်းနေထိုင်လျှက် ရှိကြသည်။ နိုင်ငံပြင်ပရောက် တရုတ်များမှာလည်း ထိုင်းလူ့အဖွဲ့အစည်း၏ အဓိက အစိတ်အပိုင်း ဖြစ်ပြီး အဓိကအားဖြင့် ဘန်ကောက်မြို့တွင်း နှင့် ပတ်ဝန်းကျင်တွင် ရှိကြသည်။ ၎င်းတို့ အနေနှင့် ထိုင်းလူ့အဖွဲ့အစည်းအတွင်းသို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ခြင်းကြောင့် စီးပွားရေးနှင့် နိုင်ငံရေး တို့တွင် နေရာယူနိုင်ခဲ့ကြသည်။ ထိုင်းတရုတ်လူမျိုးတို့၏ စီးပွားရေး လုပ်ငန်းများသည် မိသားစုနှင့် ယဉ်ကျေးမှု အဆက်အနွယ်များ တူညီကြသော ဝါးကွန်ယက် ဟု ခေါ်သည့် အရှေ့တောင်အာရှတွင် လုပ်ကိုင်သော နိုင်ငံပြင်ပရောက် တရုတ်တို့၏ စီးပွားရေး ကွန်ယက်၏ အစိတ်အပိုင်းအဖြစ် ကြီးပွားတိုးတက်လာခဲ့သည်။[၈၇]

ထိုင်းဖျော်ဖြေပွဲများတွင် ခွန် ဇာတ်မှာ စတိုင်အကျဆုံး ဖြစ်သည်။

ထိုင်းတို့၏ ရိုးရာနှုတ်ဆက်မှု ဝိုင်း တွင် လူနှစ်ယောက် တွေ့ဆုံရာတွင် အငယ်မှ စတင် နှုတ်ဆက်လေ့ ရှိကြသည်။ အချင်းချင်း လက်ဆုပ်ကိုင်၍ လက်ချောင်းကို အပေါ်ထောင်ကာ ဦးခေါင်းကို ညွှတ်၍ လက်ထိပ်များကို ထိကြပြီး ယောက်ျားလေး ဖြစ်ပါက ဆဝါဒီခပ်ဟု နှုတ်ဆက်၍ မိန်းကလေးဖြစ်ပါက ဆဝါဒီခါ ဟု ရေရွတ်ကြသည်။ အသက်ကြီးသူမှ ထိုအတိုင်းပင် တုံ့ပြန်ကြသည်။ လူမှု အဆင့်အတန်း နှင့် အစိုးရ အဖွဲ့အတွင်း ရာထူး အစရှိသည်တို့ပေါ်မူတည်၍လည်း မည်သူက ဝိုင်း စတင်ပြုလုပ်မည်ဆိုသည်ကို ဆုံးဖြတ်သည်။ ဥပမာအားဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးထက် အသက်ကြီးသူဖြစ်သော်လည်း တွေ့ဆုံသည့် အခါတွင် လာရောက်လည်ပတ်သူမှ စတင်၍ အရိုအသေပေးလေ့ရှိသည်။ ကလေးများ အနေဖြင့် ကျောင်းသွားရန် အိမ်မှထွက်ခွာမည်ဆိုပါက မိဘများအား ဝိုင်းပြုလုပ်၍ လေးစားသမှုကို ပြသရန် သင်ကြားထားကြသည်။ ဝိုင်းသည် အခြားသူအား လေးစားမှုအား ပြသသည့် လက္ခဏာ ဖြစ်ပြီး အိန္ဒိယ နှင့် နီပေါတို့မှ နာမဆတေး နှင့် အလားသဏ္ဌန်တူသည်။

အခြားသော အာရှယဉ်ကျေးမှုများ ကဲ့သို့ပင် ဘိုးဘေးဘီဘင်များအား လေးစားခြင်းသည် ထိုင်းတို့၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။ ထိုင်းတို့သည် ဧည့်ဝတ်ကျေပွန်ပြီး ရက်ရောသော လူမျိုးများ ဖြစ်သော်လည်း လူမှုအဆင့်အတန်းနှင့် ပတ်သက်၍လည်း စိတ်ခံစားမှု ပြင်းထန်သည်။ ထိုင်းယဉ်ကျေးမှုတွင် အသက်ကြီးခြင်းသည် အဓိကဖြစ်သည်။ အသက်ကြီးသူများမှ မိသားစု ဆုံးဖြတ်ချက်များ နှင့် အခမ်းအနားများတွင် အဓိက အရေးပါလေ့ ရှိသည်။ အစ်ကိုကြီး အစ်မကြီးများမှ ညီညီမများပေါ်တွင် တာဝန်ရှိသည်ဟု ခံယူကြသည်။

ထိုင်းတို့တွင် ရိုင်းသည်ဟု ယူဆသော အပြုအမူမှာ တစ်စုံတစ်ဦး၏ ဦးခေါင်းကို ထိခြင်းနှင့် ခြေထောက်ဖြင့် ညွှန်ပြခြင်းတို့ ဖြစ်ပြီး ခေါင်းသည် အမြင့်မြတ်ဆုံး နေရာဟု ယူဆကြကာ ခြေထောက်ကို အဆင့်နိမ့်သည်ဟု ယူဆကြသည်။

ဟင်းလျာများ[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၏ ဟင်းလျာများတွင် ချို၊ချဉ်၊စပ်၊ငံ၊ခါး ဟူသော အရသာ ငါးမျိုး ရောနှောပါဝင်နေသည်။ ထိုင်းဟင်းလျာများ၏ အဓိကပါဝင်သော ပစ္စည်းများမှာ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ သံပရာရည်၊ စပါးလင်၊ နံနံပင်၊ ဂျင်းတက်၊ ထန်းလျက် နှင့် ငံပြာရည် တို့ ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အဓိက အစားအစာမှာ ထမင်း ဖြစ်ပြီး အထူးဖြင့် ဟွမ်မာလီ ထမင်းဟု ခေါ်သော စံပယ်ဆန် ဖြစ်ကာ အစားအစာအားလုံး နီးပါး၏ အစိတ်အပိုင်း ဖြစ်သည်။ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့ခဲ့သော နိုင်ငံဖြစ်ပြီး ထိုင်းများသည် လူတစ်ယောက်လျှင် တစ်နှစ် ဆန် အိတ် ၁၀၀ ခန့် စားသုံးလေ့ ရှိသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ရှိသော အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသန တက္ကသိုလ် (အိုင်အာရ်အာရ်အိုင်) တွင် ထိုင်းနိုင်ငံမှ ဆန်စပါးမျိုးစိတ်ပေါင်း ၅,၀၀၀ ကျော်အား သိမ်းဆည်းထားသည်။ ထိုင်းဘုရင်သည် အိုင်အာရ်အာရ်အိုင်၏ တရားဝင် နာယက ဖြစ်သည်။ [၈၈]

မီဒီယာ[ပြင်ဆင်ရန်]

လတ်တလောတွင် ထိုင်းလူ့အဖွဲ့အစည်း၌ ဘာသာစကားမျိုးစုံဖြင့် ရရှိနိုင်သော သတင်းစာများ နှင့် မီဒီယာများ၏ လွှမ်းမိုးမှု ရှိသည်။ လက်ရှိ ထုတ်ဝေဖြန့်ချီနေသော အင်္ဂလိပ် သတင်းစာအချို့နှင့် အမျိုးမျိုးသော ထိုင်းနှင့် တရုတ်ဘာသာ သတင်းစာများ ရှိသည်။ ထိုင်းနိုင်ငံရှိ ရေပန်းစားသော မဂ္ဂဇင်းများသည် အင်္ဂလိပ်ဘာသာ သတင်းခေါင်းစီးများကို စတိုင်ထုတ် ဖော်ပြလေ့ ရှိကြသည်။ ဘန်ကောက်ရှိ စီးပွားရေး လုပ်ငန်းကြီးများသည် အင်္ဂလိပ်ဘာသာ နှင့် လုပ်ကိုင်ဆောင်ရွက်ကြသည့်အပြင် အခြားဘာသာများဖြင့်လည်း လုပ်ကိုင်ဆောင်ရွက်ကြသည်။

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးဆုံး သတင်းစာ ဈေးကွက်ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေသော သတင်းစာအရေအတွက် ခန့်မှန်းခြေ ၁၃ သန်းခန့် ရှိသည်။ ဘန်ကောက်မြို့ အပြင်ဘက် နိုင်ငံအပေါ်ပိုင်းတွင်ပင် မီဒီယာ ဖွံ့ဖြိုးမှု ရှိသည်။ ဥပမာအားဖြင့် ထိုင်းအများပြည်သူဆိုင်ရာ ဆက်သွယ်ရေးဌာန၏ ၂၀၀၃-၂၀၀၄ မီဒီယာလမ်းညွှန်စာအုပ် အရ ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသ အီဆန်ရှိ ခရိုင် ၁၉ ခုတွင် သတင်းစာ ၁၁၆ စောင် နှင့် အခြား ရေဒီယို၊ ရုပ်မြင်သံကြားနှင့် ကေဘယ်လ် ချန်နယ်များ ရှိသည်။ ထို့နောက်တွင် ဘွန်ကန်ခရိုင်ကို ထပ်မံထည့်သွင်းလိုက်သည့်အခါ ခရိုင် ၂၀ ခု ဖြစ်သွားသည်။ ၂၀၁၄ ခုနှစ် မေလ ၂၂ ၇က် စစ်အာဏာသိမ်းမှု အပြီးတွင် မီဒီယာများ နှင့် ဖော်ထုတ်ပြသခွင့် မျိုးစုံတို့အား တင်းကြပ်စွာ တားမြစ်မှု ဖြစ်ပေါ်လာခဲ့သည်။

အတိုင်းအတာစနစ်[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံသည် ယေဘုယျအားဖြင့် မက်ထရစ်စနစ်ကို အသုံးပြုပြီး မြေနေရာနှင့် ပတ်သက်လျှင် ရိုးရာ အတိုင်းအတာစနစ်ကို အသုံးပြုကြကာ အဆောက်အဦးများတွင် သုံးကြသော သစ် နှင့် ရေပိုက်ပစ္စည်းများ အတွက် ဗြိတိသျှစနစ်ကို မကြာခဏအသုံးပြုလေ့ ရှိကြသည်။ နှစ်များကို ဘီအီး (ဗုဒ္ဓနှစ်) ဟု ခေါင်းစဉ်တပ်လေ့ ရှိပြီး ပညာရေး၊ အစိုးရ ရုံး လုပ်ငန်း၊ အစိုးရ လုပ်ငန်း၊ စာချုပ်ပေါ် နှင့် သတင်းစာခေါင်းစီးများတွင် ဖော်ပြလေ့ ရှိကြသည်။ ဘဏ်လုပ်ငန်း တွင် အနောက်တိုင်းနှစ်ကို စံနှုန်း အဖြစ် အသုံးပြုပြီး စီးပွားရေးလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများတွင်လည်း အသုံးပြုမှု မြင့်တက်လာသည်။[၈၉]

အားကစား[ပြင်ဆင်ရန်]

မြွေထိုင်းသည် ထိုင်းနိုင်ငံ၏ အထိမ်းအမှတ် အာကစားနည်း ဖြစ်သည်။

မြွေထိုင်းသည် ကစ်ဘောက်ဆင် အားကစားနည်း၏ ထိုင်းပုံစံ ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အထိမ်းအမှတ် အားကာစားနည်းလည်း ဖြစ်သည်။ ထိုကစားနည်းတွင် ကစားဝိုင်းအတွင်း ခြေထောက်၊လက်သီး၊ ဒူး နှင့် တံတောင်တို့ကို အသုံးပြုပြီး အနောက်တိုင်း လက်ဝှေ့တွင် အသုံးပြုသော လက်အိတ်ကို ဝတ်ဆင်ကြသည်။ ထို့အတွက်ကြောင့် ထိုင်းတို့သည် အိုလံပစ် လက်ဝှေ့အားကစားတွင် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။

ယနေ့ခေတ် ထိုင်းလူ့အဖွဲ့အစည်းတွင် ဘောလုံး အားကစားသည် လူစိတ်ဝင်စားသော အာကစားစာရင်း၌ မြွေထိုင်းကို ကျော်တက်သွားခဲ့သည်။ ထိုင်းအမျိုးသား ဘောလုံးအသင်းသည် အေအက်ဖ်စီ အာရှဖလားတွင် ခြောက်ကြိမ် ပါဝင်ကစားခဲ့ပြီး ၁၉၇၂ ခုနှစ် တွင် ဆီမီးဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့သည်။ ထိုင်းနိုင်ငံသည် အာရှဖလားကို ၁၉၇၂ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် ၂ ကြိမ် လက်ခံကျင်းပခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံ၊မလေးရှားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံတို့နှင့် ပူးတွဲအိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုင်းလူမျိုးများ အနေနှင့် ၎င်းတို့စိတ်ကြိုက် အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးအသင်းအား ရုပ်မြင်သံကြားရှေ့တွင် အားပေးနေခြင်း နှင့် လမ်းမပေါ်တွင် အသင်းဝတ်စုံ ဝတ်၍ လျှောက်သွားနေခြင်းတို့မှာ အထူးအဆန်း မဟုတ်ပေ။ ယခင်က ပျော်ရွှင်စွာ ကစားခဲ့ကြပြီး တစ်ချိန်က အပြိုင်အဆိုင်ကစားခဲ့ကြသော ကစားနည်းမှာ စွန်လွှတ်ခြင်း ဖြစ်သည်။

ရာဇမင်္ဂလ အားကစားရုံ

ဘော်လီဘောသည် လူကြိုက်များသော ကစားနည်းအဖြစ် အလျင်အမြန် တိုးတက်လျှက် ရှိသည်။ ထိုင်း အမျိုးသမီးအသင်းသည် ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ကမ္ဘာ့ဂရင်းပရီ အာရှ ချန်ပီယံ ပြိုင်ပွဲ တို့တွင် ပါဝင်ဆင်နွှဲခဲ့သည်။ အာရှ ချန်ပီယံ အဖြစ် ၂ ခါ ဆွတ်ခူးရရှိခဲ့ပြီး အာရှဖလား တစ်ကြိမ် ရရှိခဲ့သည်။ အမျိုးသမီး ဘော်လီဘောအသင်း အောင်မြင်သည်နှင့် အမျှ အမျိုးသားအသင်းသည်လည်း တိုးတက်မှုများ ရှိနေခဲ့သည်။

ခြင်းလုံး ကစားခြင်းသည် ထိုင်းနိုင်ငံတွင် အခြေပြုသော ကစားနည်း ဖြစ်ပြီး ကစားသမားများ အနေနှင့် ကြိမ်ခြင်းလုံးကို ခြေထောက်၊ ဒူး၊ ရင်ဘတ် နှင့် ခေါင်းတို့ဖြင့်သာ ထိခွင့် ရှိသည်။ ပိုက်ကျော်ခြင်း သည်လည်း ခြင်းလုံး ကစားနည်းပင် ဖြစ်ပြီး ဘော်လီဘောနှင့် ဆင်တူသည်။ ကစားသမားများ အနေနှင့် ဘောလုံးကို ပိုက်ပေါ်မှ ကျော်၍ ပြိုင်ဘက်၏ အခြမ်းရှိ မြေကြီးကို ထိစေရန် အားစိုက် ကြိုးပမ်းရသည်။ အခြား အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ရေပန်းစားသော ကစားနည်း ဖြစ်သည်။ ပိုက်ကျော်ခြင်းနှင့် ဆင်တူပြီး ခြေထောက်ဖြင့်သာ ထိရသော ကစားနည်းကို ဘူကာဘော ဟု ခေါ်သည်။

စနူကာ ကစားနည်းသည်လည်း လတ်တလောနှစ်များတွင် ထိုင်းနိုင်ငံ၌ လူကြိုက်များ ရေပန်းစားလာခဲ့ပြီး ထိုင်းစနူကာ ကစားသမား ဂျိမ်းစ် ဝပ်တနာ၏ ၁၉၉၀ ခုနှစ်များ အတွင်း အောင်မြင်မှုကြောင့် ကစားနည်း အပေါ် စိတ်ဝင်စားမှု တိုးပွားလာစေခဲ့သည်။ [၉၀] ထိုင်းနိုင်ငံမှ မွေးထုတ်ပေးခဲ့သော အခြားထင်ရှားသော ကစားသမားများမှာ ရာချာရိုသင်း ရိုသာယပ်၊ နော့ပွန် ဆိမ်ခန်း နှင့် ဒီချာဝတ် ပွန်ဂျိမ် တို့ ဖြစ်ကြသည်။[၉၁]

ထိုင်းအမျိုးသား ရက်ဂ်ဘီသမဂ္ဂသည် ကမ္ဘာပေါ်တွင် အဆင့် ၆၁ ဖြစ်လာပြီးနောက် ရက်ဂ်ဘီ အားကစားသည်လည်း တိုးတက် လာခဲ့သည်။ [၉၂] ထိုင်းနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ၈၀ ဝယ်လ်သာဝိတ်တန်း ရက်ဂ်ဘီပြိုင်ပွဲကို ၂၀၀၅ ခုနှစ်တွင် ပထမဆုံး အကြိမ် အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။ [၉၃]ထိုင်းနိုင်ငံ ရက်ဂ်ဘီ သမဂ္ဂမှ ပြည်တွင်းတွင် ကျင်းပသော ပြိုင်ပွဲများတွင် တက္ကသိုလ်များ နှင့် အခြား အဖွဲ့အစည်းများ ပါဝင်ကြပြီး ၎င်းတို့တွင် ချူလာလောင်ကောင်း တက္ကသိုလ်၊ မဟာဆာရာခမ်းတက္ကသိုလ်၊ ကာဆဲဆပ်တက္ကသိုလ်၊ ဆုံခလမင်းသားတက္ကသိုလ်၊ သာမာဆပ် တက္ကသိုလ်၊ ရန်းဆစ်တက္ကသိုလ်၊ ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းကြည်းတပ်၊ ထိုင်းရေတပ်၊ တော်ဝင်ထိုင်းလေတပ် တို့ ပါဝင်သည်။ ထိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ဒေသခံ အားကစား အသင်းများမှာ ဘန်ကောက်ဗြိတိသျှ ကလပ်၊ တောင်ပိုင်းသား အားကစားကလပ် (ဘန်ကောက်) နှင့် တော်ဝင်ဘန်ကောက် အားကစားကလပ်တို့ ဖြစ်ကြသည်။

ထိုင်းနိုင်ငံသည် ဂေါက်သီး အားကစားနည်းအတွက် လူကြိုက်များ သွားရောက်ရာ နေရာဖြစ်သဖြင့် အာရှ၏ ဂေါက်သီးမြို့တော်ဟုလည်း ခေါ်ကြသည်။ [၉၄] ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ တောင်အာဖရိက နှင့် အနောက်နိုင်ငံများမှ ဂေါက်သီးရိုက် အားကစားသမား အများအပြားကို ဆွဲဆောင်နိုင်သဖြင့် ထိုင်းနိုင်ငံသို့ နှစ်စဉ် လာရောက်ကစားလေ့ ရှိကြသည်။[၉၅] ဂေါက်သီးရိုက် ကစားနည်းမှာ အလယ်အလတ်တန်းစား နှင့် ရွှေ့ပြောင်းနေထိုင်သူများ အကြားတွင် အထူးသဖြင့် ရေပန်းစားလာခဲ့ပြီး တစ်နိုင်ငံလုံးတွင် ကမ္ဘာ့အဆင့်မီ ဂေါက်ကွင်း ၂၀၀ ကျော်ရှိသည်။ အမာတာ စပရင်း ကန်းထရီး ကလပ်၊ အယ်လ်ပိုင်း ဂေါက်သီးနှင့် အားကစား ကလပ်၊ ထိုင်း ကန်းထရီး ကလပ် နှင့် ဘလက်မောင်းတိန်း ဂေါက်ကလပ် တို့မှာ ပီဂျီအေ နှင့် အယ်လ်ပီဂျီအေ ပြိုင်ပွဲများကို လက်ခံကျင်းပေးလေ့ ရှိသည်။

ဘတ်စကက်ဘော ကစားနည်းမှာလည်း အထူးသဖြင့် ကြေးစားအာကစား ကလပ် အဆင့်တွင် တိုးတက်လာခဲ့သည်။ ချန်ထိုင်းလန်း ဆလမ်မာ အသင်းမှ ၂၀၁၁ ခုနှစ် အာဆီယံ ဘတ်စကက်ဘောလိဂ် ချန်ပီယံပွဲတွင် အနိုင်ရခဲ့သည်။ [၉၆] ထိုင်းနိုင်ငံ အမျိုးသား ဘတ်စကက်ဘော အသင်းအတွက် အအောင်မြင်ခဲ့ဆုံး နှစ်မှာမူ ၁၉၆၆ ခုနှစ် အာရှအားကစားပွဲတွင် ငွေတံဆိပ်ရခဲ့ခြင်း ဖြစ်သည်။[၉၇]

နိုင်ငံအတွင်း အားကစား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာသဖြင့် အခြားသော အားကစားနည်းများမှာလည်း တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့သည်။ ပြီးခဲ့သော နွေရာသီ အိုလံပစ် အားကစားပွဲ ၂ ခုတွင် အလေးမ နှင့် တိုက်ကွမ်ဒို အားကစားများတွင် အောင်မြင်မှုများ ရခဲ့သဖြင့် ထိုင်းနိုင်ငံအတွက် ဆုတံဆိပ်ရနိုင်သော အားကစားနည်းမှာ လက်ဝှေ့ တစ်မျိုးတည်း မဟုတ်တော့ကြောင်း ပြသနိုင်ခဲ့သည်။

အားကစားရုံများ[ပြင်ဆင်ရန်]

သာမာဆပ် အားကစားရုံသည် ဘန်ကောက်ရှိ ဘက်စုံ အားကစားရုံ ဖြစ်သည်။ လက်ရှိတွင် ဘောလုံးပြိုင်ပွဲများ အတွက်သာ အများအားဖြင့် အသုံးပြုကြသည်။ ပရိသတ် ၂၅,၀၀၀ ဦး ဆံ့သည်။ သာမာဆပ် တက္ကသိုလ်၏ ရန်းဆစ်နယ်မြေတွင် တယ်ရှိသည်။ ၁၉၉၈ ခုနှစ် အာရှ အားကစားပြိုင်ပွဲ အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်မြို့ ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အအုံကို တည်ဆောက်ခဲ့သော ခရစ်စတီးယားနီ နှင့် နေးလ်ဆင် ကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ရာဇမင်္ဂလ အားကစားရုံသည် ထိုင်းနိုင်ငံတွင် အကြီးဆုံးသော အားကစားကွင်း ဖြစ်ပြီး ပရိတ်သတ် ၆၅,၀၀၀ ဦး ဝင်ဆံ့သည်။ ဘန်ကောက်မြို့ ဘန်ကာပိ တွင် တည်ရှိသည်။ ၁၉၉၈ ခုနှစ် အာရှ အားကစားပြိုင်ပွဲအတွက် ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းအမျိုးသားဘောလုံးအသင်း၏ အိမ်ကွင်း ဖြစ်သည်။

လူသိများသော လုမ္ဗနီ လက်ဝှေ့ကစားကွင်းသည် ၁၉၅၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက် တွင် ၎င်း၏ နောက်ဆုံး မြွေထိုင်း ပြိုင်ပွဲကို လက်ခံကျင်းပခဲ့သည်။ တော်ဝင်ထိုင်းကြည်းတပ်မှ စီမံခန့်ခွဲသော ထိုကစားကွင်းသည် ၁၉၅၆ ခုနှစ် မတ်လ ၁၅ ရက်တွင် မြွေထိုင်း ပြိုင်ပွဲကို ကျင်းပပြီးနောက် တရားဝင် အားကစားရုံ အဖြစ် ရွေးချယ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရမ်အင်ထရာလမ်းသို့ ပြောင်းရွှေ့ခဲ့ပြီး နေရာအသစ်တွင် ပရိသတ် ၃,၅၀၀ အထိ ကြည့်ရှုနိုင်သောကြောင့် ဖြစ်သည်။ နိုင်ငံခြားသားများ အနေနှင့် ပွဲကြည့်ရန် ဘတ် ၁,၀၀၀ မှ ၂,၀၀၀ အထိ ပေးရပြီး ထိုင်ခုံနေရာပေါ်တွင် မူတည်၍ ဈေးကွာသွားသည်။ [၉၈]

နိုင်ငံတကာ အဆင့်သတ်မှတ်ချက်များ[ပြင်ဆင်ရန်]

အဖွဲ့အစည်း စစ်တမ်း အဆင့်
ဟယ်ရီတေ့ချ် ဖောင်ဒေးရှင်း စီးပွားရေး လွတ်လပ်မှု ညွှန်းကိန်း ၁၇၉ တွင် ၆၀
အေ.တီ.ကီယာနီ / နိုင်ငံခြားရေးရာပေါ်လစီ မဂ္ဂဇင်း ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုနေရာ ညွှန်းကိန်း ၂၀၁၁[၉၉] ၅၀ တွင် ၇
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ သတင်းစာ လွတ်လပ်မှု ညွှန်းကိန်း ၁၈၀ တွင် ၁၃၀
အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ ခြစားမှု ညွှန်းကိန်း ၁၇၉ တွင် ၈၀
ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် လူထုဖွံ့ဖြိုးရေး ညွှန်းကိန်း ၁၈၇ တွင် ၈၉
ကမ္ဘာ့စီးပွားရေးဖိုရမ် ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်နိုင်မှု အဆင့် (၂၀၀၈) ၁၃၄ တွင် ၃၄[၁၀၀]
ကမ္ဘာ့ ရွှေကောင်စီ ရွှေအရံထားရှိမှု (၂၀၁၀) ၁၁၁တွင် ၂၄
အိတ်ချ်အက်စ်ဘီစီ အင်တာနေရှင်နယ် နိုင်ငံခြားသား ကျွမ်းကျင်ဝန်ထမ်း မေးမြန်းမှု စစ်တမ်း (၂၀၁၂) ၃၀ တွင် ၂[၁၀၁]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ရည်ညွှန်းချက်များ[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ Thailand, The World Factbook.
  2. World Population Prospects: The 2015 Revision, Key Findings and Advance Tables။ United Nations Department of Economic and Social Affairs/Population Division။ 10 January 2016 တွင် ပြန်စစ်ပြီး။
  3. Thailand။ International Monetary Fund။ 16 April 2016 တွင် ပြန်စစ်ပြီး။
  4. "Thailand's Junta Chief Chosen as Prime Minister"၊ Thailand News.Net၊ 21 August 2014။ 21 August 2014 တွင် ပြန်စစ်ပြီး 
  5. ၅.၀ ၅.၁ Theraphan Luangthongkum (2007). "The Position of Non-Thai Languages in Thailand". ISEAS Publishing. 
  6. Thailand and the World Bank, World Bank on Thailand country overview.
  7. The Guardian, Country profile: Thailand, 25 April 2009.
  8. Jonathan H. Ping Middle Power Statecraft (p 104)
  9. Charles Eliot (1921). The Project Gutenberg EBook of Hinduism and Buddhism, An Historical Sketch, Vol. 3 (of 3) [EBook #16847]. London: Routledge & Kegan Paul Ltd., Ch. xxxvii 1; citing in turn Footnote 189: The name is found on Champan inscriptions of 1050 CE and according to Gerini appears in Ptolemy's Samarade = Sâmaraṭṭha. See Gerini, Ptolemy, p. 170. But Samarade is near Bangkok and there can hardly have been Thais there in Ptolemy's time; and Footnote 190: So too in Central Asia Kustana appears to be a learned distortion of the name Khotan, made to give it a meaning in Sanskrit.. 
  10. Thailand (Siam) History, CSMngt-Thai. Archived ၂၄ ဧပြီ ၂၀၁၅ at the Wayback Machine
  11. จิตร ภูมิศักดิ์ 1976: "ความเป็นมาของคำสยาม ไทย ลาวและขอม และลักษณะทางสังคม ของชื่อชนชาติ" (Jid Phumisak 1976: "Coming Into Existence for the Siamese Words for Thai, Laotian and Khmer and Societal Characteristics for Nation-names")
  12. Thailand. History. Encyclopædia Britannica
  13. ၁၃.၀ ၁၃.၁ Some Aspects of Asian History and Culture by Upendra Thakur p.157
  14. Cœdès 1968, pp. 190–191,194–195.
  15. "Science news: What happened at Angkor Wat". The Washington Post. 13 April 2010.
  16. Slave-owning societies. Encyclopædia Britannica.
  17. Slavery in Nineteenth-Century Northern Thailand. Kyoto Review of South East Asia.
  18. "King, country and the coup"၊ The Indian Express၊ 22 September 2006။ 3 November 2011 တွင် ပြန်စစ်ပြီး 
  19. Declaration between Great Britain and France with regard of the Kingdom of Siam and other matters London. January 15, 1896. Treaty Series. No. 5
  20. ၂၀.၀ ၂၀.၁ Werner Gruhl, Imperial Japan's World War Two, 1931–1945, Transaction Publishers, 2007 ISBN 978-0-7658-0352-8
  21. http://asiapacific.anu.edu.au/newmandala/2014/05/17/thailands-juristocracy/
  22. Bangkok Post: Section 44 is necessary: NCPO. This list contains 2 errors: it states that the 6th constitution was promulgated in 1912 (rather than 1952), and it states that the 11th constitution was promulgated in 1976 (rather than 1974).
  23. Thanet Aphornsuvan, The Search for Order: Constitutions and Human Rights in Thai Political History။ (152 KB), 2001 Symposium: Constitutions and Human Rights in a Global Age: An Asia Pacific perspective
  24. "A list of previous coups in Thailand"၊ 19 September 2006။ 25 April 2010 တွင် ပြန်စစ်ပြီး 
  25. "Raw Data: List of Recent Coups in Thailand's History"၊ Fox News Channel၊ 19 September 2006။ 25 April 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 6 July 2008။ 
  26. FTA Watch Group website။ Ftawatch.org။ 25 April 2010 တွင် ပြန်စစ်ပြီး။
  27. John D. Ciorciari (10 March 2004)။ Thaksin's Chance for Leading Role in the RegionThe Straits Times
  28. 'Thaksin to face charges over Burma telecom deal. ICT News, 2 August 2007
  29. Thailand sends troops to bolster US occupation of Iraq။ 28 January 2015 တွင် ပြန်စစ်ပြီး။
  30. The Telegraph, Troops from Thailand and Cambodia fight on border, 3 April 2009
  31. Bloomberg, Thai, Cambodian Border Fighting Stops, Thailand Says, 3 April 2009
  32. Thailand Military Strength။ 15 December 2014 တွင် ပြန်စစ်ပြီး။
  33. Chapter 2 of the 2007 Constitution of Thailand
  34. John Pike (27 April 2005)။ Ministry of Defense။ GlobalSecurity.org။ 25 April 2010 တွင် ပြန်စစ်ပြီး။
  35. SIPRI Military Expenditure Database – Thailand Archived 3 May 2012 at the Wayback Machine.. SIPRI, 2012. Retrieved 3 May 2012.
  36. Chapter 4 of the 2007 Constitution of Thailand
  37. ၃၇.၀၀ ၃၇.၀၁ ၃၇.၀၂ ၃၇.၀၃ ၃၇.၀၄ ၃၇.၀၅ ၃၇.၀၆ ၃၇.၀၇ ၃၇.၀၈ ၃၇.၀၉ ၃၇.၁၀ ၃၇.၁၁ ၃၇.၁၂ ၃၇.၁၃ ၃၇.၁၄ ၃၇.၁၅ ၃၇.၁၆ ၃၇.၁၇ ၃၇.၁၈ ၃၇.၁၉ ၃၇.၂၀ The Climate of Thailand။ Thai Meteorological Department။ 18 August 2016 တွင် ပြန်စစ်ပြီး။
  38. Dr. Susan L. Woodward (1997–2014)။ Tropical SavannasBiomes of the World။ S. L. Woodward။ 23 February 2014 တွင် ပြန်စစ်ပြီး။
  39. 2016 Report။ Yale University။ 17 December 2016 တွင် ပြန်စစ်ပြီး။
  40. EPI (2016): Thailand
  41. ၄၁.၀ ၄၁.၁ Thailand's Elephants။ 3 March 2015 တွင် ပြန်စစ်ပြီး။
  42. Jennifer Hile (6 October 2002)။ Activists Denounce Thailand's Elephant "Crushing" Ritual။ National Geographic Today။ 7 June 2007 တွင် ပြန်စစ်ပြီး။
  43. Teena Amrit Gill (18 February 1997)။ Endangered Animals on Restaurant Menus။ Albion Monitor/News။ Archived from the original on 16 May 2007။ 7 June 2007 တွင် ပြန်စစ်ပြီး။
  44. Thai Forests: Dept. National Parks, Wildlife & Plants။ Thai Society for the Conservation of Wild Animals။
  45. BTI 2014 | Thailand country Report Archived 27 July 2014 at the Wayback Machine.
  46. Thai university applicants scored an average 28.34% in English in recent university entrance exams.In a recent IMD World Competitiveness Report, Thailand was ranked 54th out of 56 countries globally for English proficiency, the second-lowest in Asia. Singapore was third, Malaysia 28th, and Korea 46th: The Sorry State of Thai Education – Part 4: Dismal English-language education, Reuters & The Korea Herald, 23 March 2012.
  47. ၄၇.၀ ၄၇.၁ Draper, John (2012), "Revisiting English in Thailand", Asian EFL Journal (Asian EFL Journal) 14 (4): 9–38, ISSN 1738-1460 
  48. OECD (2013), Structural Policy Country Notes: Thailand, OECD 
  49. "Thai students drop in world maths and science study"၊ The Nation၊ 12 December 2012။ 
  50. "Solving Isaan's education problem"၊ The Isaan Record၊ 12 December 2011။ 
  51. "PISA Thailand regional breakdown shows inequalities between Bangkok and Upper North with the rest of Thailand"၊ The Isaan Record၊ 21 February 2014။ 
  52. MOPH reports low IQ among Thai youth : National News Bureau of Thailand။ Thainews.prd.go.th (8 July 2011)။ Archived from the original on 8 July 2011။ 3 November 2011 တွင် ပြန်စစ်ပြီး။
  53. Bangkok's free internet: 23,000 hotspots | Bangkok Post: learning. Bangkok Post (2 May 2012). Retrieved 16 April 2013.
  54. "Thailand’s Massive Internet Censorship", Asian Correspondent.com, Hybrid News Limited, 22 July 2010
  55. GDP (Purchasing Power Parity)။ US CIA။ 4 January 2015 တွင် ပြန်စစ်ပြီး။
  56. "NESDB: Thailand facing unemployment problem"၊ Pattaya Mail၊ 25 November 2014။ 4 January 2015 တွင် ပြန်စစ်ပြီး 
  57. Aidan Jones။ "Thai northeast vows poll payback to Shinawatra clan"၊ 31 January 2014။ 8 February 2014 တွင် ပြန်စစ်ပြီး 
  58. Phisanu Phromchanya (24 February 2012)။ Thailand Economy To Rebound Strongly In 2012,The Wall Street Journal။ 26 April 2012 တွင် ပြန်စစ်ပြီး။
  59. "Cambodian exodus from Thailand jumps to nearly 180,000"၊ 17 June 2014။ 17 June 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 17 June 2014။ 
  60. Santivimolnat, Santan (18 August 2012). "2-million milestone edges nearer". Bangkok Post. The Post Publishing. 
  61. Languepin၊ Olivier။ "Thailand poised to Surpass Car Production target"၊ Thailand Business News၊ 3 January 2013။ 20 January 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 15 January 2013။ 
  62. ၆၂.၀ ၆၂.၁ Production Statistics။ OICA (International Organization of Motor Vehicle Manufacturers)။ Archived from the original on 6 November 2013။ 26 November 2012 တွင် ပြန်စစ်ပြီး။
  63. ၆၃.၀ ၆၃.၁ "Thailand's love affair with the pickup truck"၊ Nikkei Asian Review၊ 27 November 2014။ 4 January 2015 တွင် ပြန်စစ်ပြီး 
  64. "Government moves to head off tourist fears"၊ Bangkok Post၊ 2015-08-24။ 24 August 2015 တွင် ပြန်စစ်ပြီး 
  65. (2014) Travel and Tourism, Economic Impact 2014: Thailand, 2014, London: World Travel & Tourism Council. Retrieved on 10 March 2015. 
  66. "History"၊ TATnews.org၊ 2015။ 7 May 2015 တွင် ပြန်စစ်ပြီး 
  67. Tourist Police in Thailand Archived 3 July 2008 at the Wayback Machine.. Amazing-Thailand.com. Retrieved on 16 September 2010.
  68. IUCN – Home. Cms.iucn.org (24 April 2008). Retrieved on 16 September 2010.
  69. Ocha, Witchayanee. "Transsexual emergence: gender variant identities in Thailand." Culture, Health & Sexuality14.5 (2012): 563–75. Web.
  70. Pasuk Phongpaichit Thailand's illegal economy and public policy. Seminar paper delivered at the Centre of Southeast Asian Studies, Kyoto University, Nov 1999
  71. Paradise Revealed။ 29 January 2015 တွင် ပြန်စစ်ပြီး။
  72. Finch, Steve. "Thailand top destination for medical tourists." CMAJ : Canadian Medical Association Journal. Canadian Medical Association, 07 Jan. 2014. Web. 1 Mar. 2017.
  73. Chokrungvaranont, Prayuth, Gennaro Selvaggi, Sirachai Jindarak, Apichai Angspatt, Pornthep Pungrasmi, Poonpismai Suwajo, and Preecha Tiewtranon. "The Development of Sex Reassignment Surgery in Thailand: A Social Perspective." The Scientific World Journal. Hindawi Publishing Corporation, 2014. Web. 23 Mar. 2017.
  74. ၇၅.၀ ၇၅.၁ ၇၅.၂ ၇၅.၃ Henri Leturque and Steve Wiggins 2010. Thailand's progress in agriculture: Transition and sustained productivity growth. London: Overseas Development Institute
  75. International Grains Council. "Grain Market Report (GMR444)", London, 14 May 2014. Retrieved 13 June 2014.
  76. CIA World Factbook – Greater Mekong Subregion။ Cia.gov။ 3 November 2011 တွင် ပြန်စစ်ပြီး။
  77. Rice Around The World. Thailand။ Irri.org။ Archived from the original on 27 March 2008။ 25 April 2010 တွင် ပြန်စစ်ပြီး။
  78. ၇၉.၀ ၇၉.၁ International Index of Energy Security Risk။ Institute for 21st Century Energy (2013)။ 14 September 2014 တွင် ပြန်စစ်ပြီး။
  79. ၈၀.၀ ၈၀.၁ (2004) Ethnolinguistic Maps of Thailand (in Thai). Office of the National Culture Commission. Retrieved on 8 October 2016. 
  80. World Bank Group. (n.d.). Population, total [Thailand]. Washington, DC: Author. http://data.worldbank.org/indicator/SP.POP.TOTL?locations=TH
  81. ၈၂.၀ ၈၂.၁ (28 July 2011) International Convention on the Elimination of All Forms of Racial Discrimination; Reports submitted by States parties under article 9 of the Convention: Thailand (in English with appended Thai government translation). United Nations Committee on the Elimination of Racial Discrimination. Retrieved on 8 October 2016. 
  82. Barbara A. West (2009), Encyclopedia of the Peoples of Asia and Oceania, Facts on File, p. 794, ISBN 1-4381-1913-5 
  83. Thailand: Burmese migrant children missing out on education. IRIN Asia. 15 June 2009. Archived 27 February 2012 at the Wayback Machine.
  84. "Hard lessons in expat paradise"၊ BBC News၊ 14 December 2006။ 1 March 2015 တွင် ပြန်စစ်ပြီး 
  85. ၈၆.၀ ၈၆.၁ US Department of State, Thailand။ State.gov။ 25 April 2010 တွင် ပြန်စစ်ပြီး။
  86. Murray L Weidenbaum (1 January 1996). The Bamboo Network: How Expatriate Chinese Entrepreneurs are Creating a New Economic Superpower in Asia. Martin Kessler Books, Free Press, 4–8. ISBN 978-0-684-82289-1. 
  87. Cooperation of IRRI and Thailand။ Archived from the original on 30 June 2005။ (38.7 KB)
  88. Weights and measures in Thailand။ Cockatoo.com (17 December 1923)။ 25 April 2010 တွင် ပြန်စစ်ပြီး။
  89. Hodgson၊ Guy။ "Snooker: A storm coming in from the East: Thailand doesn't boast many world-beating sportsmen. But over the next fortnight James Wattana might just become one"၊ 18 April 1993။ 25 January 2015 တွင် ပြန်စစ်ပြီး 
  90. South East Asians proving high earners on the tables (11 January 2014)။ 25 January 2015 တွင် ပြန်စစ်ပြီး။
  91. International Rugby Board – THAILAND။ International Rugby Board။ Archived from the original on 28 September 2011။ 25 April 2010 တွင် ပြန်စစ်ပြီး။
  92. The Nation Archived 25 April 2011 at the Wayback Machine., 19 July 2005
  93. Golf in Thailand by။ Golfasia.com။ 25 April 2010 တွင် ပြန်စစ်ပြီး။
  94. Chawadee Nualkhair။ "Thailand woos foreign golfers with sun, sand traps"၊ 10 July 2009။ 25 April 2010 တွင် ပြန်စစ်ပြီး 
  95. Chang Thailand Slammers – AirAsia ASEAN Basketball League။ aseanbasketballleague.com။ 2 June 2012 တွင် ပြန်စစ်ပြီး။
  96. Thailand Basketball။ best-basketball-tips.com။ 2 June 2012 တွင် ပြန်စစ်ပြီး။
  97. "End of an era for Muay Thai at Lumpini"၊ 6 February 2014။ 6 February 2014 တွင် ပြန်စစ်ပြီး 
  98. Global Services Location Index – A.T. Kearney (3 December 2013)။ Archived from the original on 3 December 2013။
  99. Global Competitiveness Report 2008–2009 (PDF)။ World Economic Forum။ weforum.org (2008)။ Archived from the original on 24 March 2009။ 12 September 2008 တွင် ပြန်စစ်ပြီး။
  100. Expat Explorer Survey 2012Expat။ HSBC Group။ Archived from the original on 21 October 2012။ 24 October 2012 တွင် ပြန်စစ်ပြီး။